Posts

Showing posts from December 30, 2013

မေ့ရဲ့ မမ

သူတို့စိတ်ထဲသူတို့ကိုယ်သူတို့လုံလှပြီပေါ့ဗျာ. . .ရယ်ရတယ်ဗျာ. . ကိုယ်ရံတော်တပ်တွေလိုက်လို့ပြေးနေတဲ့အနော့်ကို ထောက်လှမ်းရေးကဆိုပြီး ပြန်ထောင်သေးတယ် . . .အနော်က အင်ကြင်းပင်ကမွေးတာပါ (အဲလိုထင်တာပဲလေ. . .အဲဒီအပင်တစ်ခုခုဆို အနော်ကနေလို့မရဘူးဗျ). . .ဘာလို့လည်းဆိုတော့ အနော်နေမကောင်းဘူးဆို အနော့်သစ်ပင်ကအနော့်ဆီအမြဲလာတယ်. . .အနော်က သစ်ပင်စကားနတ်စကားတက်တယ်လေ. . .သူတို့ချုပ်ထားတဲ့ အသက်ကျော်သွားတည်းကပေါ့. . .အဲဒါတောင်သူတို့တွေက အနော့်ကို လုပ်စားချင်သေးတယ်. . . ဦးသန်းရွှေညီလူတွေက အနော်ကို အင်တာနက်ထဲကမေးတယ် အနော်ထောက်လှမ်းရေးထဲဝင်ထားတယ်ဆိုတာဟုတ်လားတဲ့(မဟုတ်ပါဘူးဗျာ). . .အနော်ပါတ်ပြေးနေတာသူတို့သိတာပဲ. . .အနော်က သူတို့ကိုအကုန်မပြောပြဘူးဗျ(မရိုးသားတာသိနေလို့လေ). . .အခုတော့ သန်းကျော်ဋေးကိစ္စအနော်သည်းမခံနိုင်လို့ဗျာ. . .အနော့်အမေကိုသာလုပ်တယ်ဆိုရင် အနော်လူသတ်မိမှာ. . .ပြောပြတာပါ. . .အနော်အမေ ဘယ်သူလဲဆိုတာ မမဂျူးတော့ သိမယ်ထင်တာပဲ. . .အနော် မစိုးကြီးဓါတ်ပုံကြည့်ပြီး ငိုရတာ . . .(အိပ်ယာထဲလဲတော့တာပဲ ဒီဇင်ဘာတစ်လလုံးပေါ့)တစ်ခါတုန်းက ပုခက်ထဲက ကလေးလေးရဲ့ အဖေကိုလုယူခဲ့တာသူမဟုတ်တဲ့အတိုင်း အနော့်သူငယ်ချင

ကျက်သရေရှိတဲ့ Count Down ဖြစ်စေလို

Image
အော် ဘာလိုလိုနဲ့ ခရစ်နှစ်ရဲ့ တစ်နှစ်တောင် ကူးပြန်ပေါ့။ ကူးတော့မပေါ့။ ဒီဇင်ဘာရဲ့ နောက်ဆုံးပတ်ကိုတောင် ရောက်လာပြီကိုး ဒီတော့ကား တစ်နှစ်ကူးတော့ ဘာဖြစ်လဲ။ ဘာမှမဖြစ်ပေါင် ထုံးစံအတိုင်း အရှေ့အရပ်က နေထွက်လို့ အနောက်အရပ်က နေ၀င်ခဲ့တာပါပဲလား။ သို့ပေမယ့်ပေါ့လေ အနောက်နိုင်ငံများမှာတော့ နှစ်သစ်ကူးကို ဟိုးချိန်တည်းက ကျင်းပခဲ့ဆိုပဲ။ ဒီလိုဆို သင်းတို့ပဲလား။ “ကျွန်မတို့မလည်း ပြောမဆုံးပေါင် တောသုံးတောင်ပါတော်” လို့ပင် အော်ရမလို။ ကျွန်မတို့ မြန်မာများမှာလည်း မြန်မာနှစ်သစ်ကူးပွဲတော် သမယရှိပါရဲ့။ တန်ခူးလ သင်္ကြန်တ ကူးပြောင်းတဲ့ ပွဲ၊ တစ်နှစ်ကနေ တစ်နှစ်ကို ကူးပြောင်းတဲ့ပွဲပေပေါ့။ သင်းတို့လို တစ်ရက်တည်းတောင် ကျင်းပတာ မဟုတ်။ တစ်ခါတစ်ရံ (၄) ရက်လောက်ကို ပက်ပက်စက်စက် ကျင်းပ ပစ်လိုက်တာ။ ကဲ မှတ်ကရာ။ ရှိစေတော့ ရှိစေတော့။ ပြောရင်လည်း ကြွားရာကျမယ်။ ဒီတော့ သူများနိုင်ငံရဲ့ အစဉ်အလာ နှစ်သစ်ခါသမယမှာ ခုများ ဒို့နိုင်ငံက မြန်မာလူမျိုးစစ်စစ်တွေ ဘာလုပ်လာကြသလဲ။ ဘယ်လို အတုယူလာကြသလဲ။ Count Down တဲ့ နှစ်သစ်စောင့်တယ်ဆိုပဲ။ ကျွန်မ မမမေလည်း စိတ်ဝင်တစားနဲ့ ၀င်ပြီး ဆင်နွှဲဖို့

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်းသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေကာ လူကိုပါ ပိုကျန်းမာစေနိုင်

Image
တစ်ဦးကို တစ်ဦး ပွေ့ဖက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းများ သည်စိတ်အား ကိုဖြစ်စေကာ အကျိုး  ဆက်အဖြစ် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများ လျော့နည်းပြီး ကိုယ် ခံစွမ်းအားပိုကောင်းလာ၍ ကူးစက် ရောဂါများမှအစ နာတာရှည် ရောဂါ များဖြစ်သော နှလုံးရောဂါ၊ ကင်ဆာ ရောဂါများအထိ အကာအကွယ် ပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရသည်။   တစ်နေ့ကို ဆယ်စက္ကန့်လောက် ဖြစ်စေ ပွေ့ဖက်ရုံဖြင့် သွေးဖိအားကို ကျဆင်းစေပြီး၊  ထိုသို့ ပွေ့ဖက်ပြီး နောက်တွင် လူကို သက်သောင့်သက် သာကြည်မြချမ်း မြေ့နေစေသော  အောက်စီတိုစင် ဟော်မုန်းများဦး နှောက်မှ ထွက်ရှိနှုန်းများ လာပြီး လူက ကိုယ်စိတ် ပေါ့ပါးချမ်းမြနေမည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင်လူ ကိုစိတ်ဖိစီး မှုဖြစ်စေသော  ကော်တီ ဇုန်းဓာတ်များကား သွေးထဲတွင် နည်းပါး သွားမည်ဖြစ်သည်။ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်း ဟာလူရဲ့ဇီဝဓာတု လုပ်ငန်းတွေ ပိုအားကောင်းလာ အောင်အားပေးနိုင်