Posts

Showing posts from June 21, 2017

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ

Image
ကြိုတင်စိတ်မော လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အ ဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။ လက်မထပ်ခင် ဆေးစစ်ခြင်း လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ

မိမိကိုယ်ကိုယ်တိုး တက်စေဖို့ အိုင်ဒီယာ ၁၀ မျိုး

၁ . “ခဏကျမှ” ဆိုတာကနေ “ခုချက်ချင်း ” လို့ပြောင်းလိုက်ပါ ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ စောင့်နေ အုန်းမယ်ဆိုယင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ ၂ . အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ယင် ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် အဆိုတော် “ ကို အငဲ တို့ ကိုလေးဖြူ ”တို့ လည်း အမေဝမ်းကမွေးလာတာနဲ့ တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူး လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ သူတစ်ပါးလုပ်နိုင်ယင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ၃. “စမ်းလျောက် ကြည့်ပါ ” ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် ) တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် အယင်ပုံ စံ အတိုင်းပဲ လုပ်နေမယ် ဆိုယင် အကျိုးအမြတ် က လည်း နှကိုယ် အတိုင်း ပဲ ဖြစ်နေပါလိမ့်မယ် ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် ဆိုယင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ် ၄ . နမူနာ ရှာပြီး “ သူ့ဦးနှောက် ကိုဖောက်လာ ပါ