Posts

Showing posts from July 9, 2014

'လူငယ်နှင့် ဝိပဿ နာ (ရဝေနွယ်အင်းမ)'

Image
ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ ? ဒီမေးခွန်းရဲ့အဖြေကို မခြေင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို  အရင်ပြောပြရအောင်ပါ။ မဟာဓနသူဌေးသားရဲ့ ၀တ္ထုလေးပါ။ မြတ်စွာဘုရားလက်ထက်တော်က ကုဋေရှစ်ဆယ်ချမ်းသာတဲ့  သူဌေးသားတစ်ယောက်ရှိပါတယ်။ သူဌေးသားရဲ့ မိဘတွေက သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက် စားမကုန်ဘူးဆိုပြီး ပညာမသင်စေဘဲထားကာ၊ သီချင်းဆိုတာ၊ တီးမှုတ်တာလောက်ပဲ သင်စေပါတယ်။ အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋှေရှစ်ဆယ်ချမ်းသာတဲ့ ပညာမတတ်တဲ့ သူဌေးသမီးတစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့ နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြ ရောပဲဆိုပါတော့။ သူဌေးဆိုတော့ ဘုရင့်ဆီကို နေ့စဉ် အခစားဝင်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့ အရက်သမားတွေက

ခန္တီပါရမီ

Image
ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။ လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။ “ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၆) ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။ “ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊

ကိုယ်ချင်းစာနာ လူ့သိက္ခာ

Image
လူမျိုးတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိကြပါသည်။ နိုင်ငံ့ ဂုဏ်သိက္ခာ၊ လူမျိုး ဂုဏ်သိက္ခာ၊ မိဘ ဆွေမျိုး ဂုဏ်သိက္ခာ။ ဒါကြောင့် ''ကြက်မှာ အရိုး၊ လူမှာ အမျိုး''ဟု ဆိုကြ၏။ လူတိုင်း မျိုးရိုး သိဖို့ လိုသည်။ စောင့်ထိန်းဖို့ လိုပါသည်။ မျိုးရိုး ဂုဏ်သိက္ခာ မကျအောင်၊ မညှိုးအောင်လည်း ကျင့်ကြံ နေထိုင် သင့်ပါသည်။ ထို့အပြင် မိမိကြောင့် သူတစ်ပါး ကိုလည်း မထိပါး စေပါနှင့်။ ကိုယ်ချင်းစာ တရား ထားပါ။ စာ နာပါ။ ကူညီပါ။ စောင့်ရှောက်ပါ။ မုဒိတာပွားပါ။ မိမိ၏စာနာမှုကင်းသော စကား တစ်ခွန်းကြောင့် အသက် သေနိုင် သလို အရှက် တွေလည်း ရရှိ နိုင်ပါသည်။ အရာရာ တိုင်းတွင် ဆင်ခြင်တုံ တရားဖြင့် ပြောဆို ဆက်ဆံ