Posts

Showing posts from September, 2013

စောမွန်လှ အလွမ်း

Image
ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကနေအိမ်ကို ပြန်ရန်တော့ ကင်မရာထဲက မဲန်မိုရီစတစ်ကို ထုတ်ပြီး card reader ထဲထည့်ကာ ကွန်ပျုတာနဲ့ချိတ်လိုက်ပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့ ပုံတိုင်းလို လိုက စိမ်းစို မှိုင်းဝေနေတဲ့ရှမ်းပြည်ရဲ့ အလှကို ဖော်ပြနေတာမို့ ကျေနပ်စရာရယ်ပါ.. ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးကို ရောက်ခဲ့ပြီး စောမွန်လှမွေးဖွားခဲ့တဲ့ အိမ်တော်ရာဟောင်း နေရာကိုလည်း ဒုတိယအကြိမ် ရောက်ခဲ့ပြန်ပါတယ်။ ပထမအကြိမ်ရောက်ပြီး နောက်ပိုင်းမှာလည်း စောမွန်လှအကြောင်း စာရေးဖြစ်ခဲ့သလို ခု ဒုတိယအကြိမ် ရောက်ပြန်တော့လည်း စောမွန်လှနဲ့ပတ်သက်ပြီး စာရေးချင်စိတ်က တားဆီးမရဖြစ်လာတာမို့ ရေးမိရပြန်ပါတယ်။ စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။ ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီးတုန်းဖြစ်ပါတယ်။ ချောမောလှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါ

မင်းကွန်းဆရာတော်ကြီး၏ မေတ္တာပို့

Image
လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကြောက်တတ်မကြောက်တတ်၊  နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ မြင်အပ်-မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ဝေးနေ-နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ဘဝဇတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ သာဓု သာဓု သာဓု .....               

ပြောင်မြောက်သော အဆိုအမိန့် များ

Image
♣♣ ပြောင်မြောက်သော အဆိုအမိန့် များ ♣♣ •••••••••••••••••••••••••••••••••••••• ♣ ဘိုးဘွားမိဘ သြ၀ါဒ လုံးဝပယ်တဲ့ခေတ်၊ ♣ အပြောချိုသာ သဘောမှာ တမာခါးတဲ့ခေတ်၊ ♣ တစ်အူတုံဆင်း ကိုယ်မွေးချင်း မာန်သွင်းကြတဲ့ခေတ်၊ ♣ ကိုယ်ရှိကိုယ်စား မငှားငြား တရားပျက်တဲ့ခေတ်၊ ♣ အကုသိုလ်၌ လွန်ပျော်ပိုက် စရိုက်ဆိုးတဲ့ခေတ်၊ ♣ မာနရှေ့ထား ပြောစကား ခေါင်ဖျားရောက်တဲ့ခေတ်၊ ♣ လူနေချုံကြား စိတ်ဘုံဖျှား ၀ါကြွားကြတဲ့ခေတ်၊ ♣ အမှန်လုပ်လျှင် မကြိုက်ချင် ပြင်ပြင်မုန်းတဲ့ခေတ်၊ ♣ အမှားလုပ်မှ သဘောကျ ကြုံရဤသည့်ခေတ်၊ ♣ လက်နက်အားကိုး လူမိုက်မျိုး ကြီးစိုးကြတဲ့ခေတ်၊ ♣ လက်နက်ချင်းဆိုင် အားချင်းပြိုင် အနိုင်လုတဲ့ခေတ်၊ ♣ သတ္တဝါသေကြောင်း လက်နက်ရောင်း မကောင်းမှူ့ ပွားတဲ့ခေတ်၊ ♣ ပေါက်လွတ်ပဲစား ဝင့်ဝါကြွား စကားဖောတဲ့ခေတ်၊

မကောင်းမှု အကျိုးပေးချိန် ရောက်လျှင်

Image
ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်မောဂ္ဂလာန် တွေ့မြင်ခဲ့ရသော မြွေပြိတ္တာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။ အရှင်မဟာမောဂ္ဂလာန်နှင့်  အရှင်လက္ခဏတို့သည် ရာဇဂြိုဟ်မြို့တော်သို့ ဆွမ်းခံဝင်ရန် ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာကြရာ အရှင်မောဂ္ဂလာန်သည် မြွေပြိတ္တာတစ်ကောင်ကို မြင်သဖြင့် ပြုံးမိ၏။ မြွေပြိတ္တာ၏ ဦးခေါင်းမှာ လူကဲ့သို့ပင်ဖြစ်၍ ကျန်သမျှကား မြွေကဲ့သို့ဖြစ်၏။ နှစ်ဆယ့်ငါးယူဇနာမျှ ရှည်လျား၏။ ဦးခေါင်းမှာ တောက်လောင်သောမီးသည် အမြီးထိရောက်၏။ အမြီးမှာ တောက်လောင်သောမီးသည် ဦးခေါင်းထိရောက်၏။ အရှင်လက္ခဏသည် ပြုံးရခြင်း၏အကြောင်းကို မေးလေရာ အရှင်မဟာမောဂ္ဂလာန်က ထိုနေရာမှာ

ဆိုင်ကယ်ကို စိတ်နာလွန်းလို့

Image
ငယ်စဉ်ကလေးဘ၀ မြစ်ကြီးနားမှာတုန်းက ကြုံခဲ့ရတဲ့ ဟာသလေးတစ်ခုပါ။ ၈၈ အရေးအခင်းမတိုင်မီအချိန်ထိတော့ မြစ်ကြီးနားမှာ လူတိုင်း စက်ဘီးပဲ စီးကြပါတယ်။ ၈၈ နောက်ပိုင်း စီးပွားရေးတွေ ပွင့်လန်းလာတော့ ငွေကြေးတတ်နိုင်သူတွေက ဆိုင်ကယ်ဝယ်စီးလာကြတယ်။ အဲဒီတုန်းက ဟွန်ဒါဆူပါကပ်ဆိုင်ကယ်တွေ အရမ်းခေတ်စားခဲ့တာပေါ့ဗျာ။ အဲဒီအချိန် ဖားကန့်ရတနာမြေကလ ည်း အရမ်းခေတ်ထလာပါတယ်။ ဖားကန့်ဟာ ဆင်းရဲသားဘ၀ကနေ သူဌေးဘ၀ နေ့ချင်းညချင်းပြောင်းလဲစေတဲ့ ထွက်ရပ်လမ်းကြီးတစ်ခုပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ အရမ်းရိုးအပြီး ဆင်းရဲတဲ့ တောသား ကျောက်တူးသမား ကိုဂွတို (အမည်လွှဲ) တစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကျောက်အောင်ရာကနေ သူဌေးလေးဘ၀ရောက်ရှိသွားပါတယ်။ ဒီတော့ သူလည်း စတိုင်၊ မလိုင်ထုတ်ဖို့ မနှေးအမြန် ဆိုင်ကယ်တစ်စီးသွားဝယ်ပါတော့တယ်။ ကိုဂွတိုဟာ အတန်းပညာ (၃)တန်းသာတတ်ပြီး စိတ်အလွန်မြန်သူတစ်ယောက်ပါ။ ဘာပဲလုပ်လုပ် သိပ်မစဉ်းစားပဲ တဇွတ်ထိုးလုပ်တတ်တယ်။ ဆိုင်ကယ်အသစ်လေးသာ ၀ယ်လာတာ ဘယ်လိုစီးရမယ်ဆိုတာလည်း လုံးဝသိတာမဟုတ်ဘူး။ ဒါနဲ့ သူငယ်ချင်း ၀င်းကြိုင်ကို ဆိုင်ကယ်မောင်းသင်ပေးဖို့ အကူအညီတောင်းတယ်။ ၀င်းကြိုင်က ရှေ့ကမောင်း၊ ကိုဂွတိုက နောက်ကခွစီြး

ဖခင်ဖြစ်သူက မင်းက လူတော်တစ်ယောက်ပဲ

Image
တစ်ခါက ဖခင်ဖြစ်သူက တောင်ကြားတစ်ခုထဲကို ဘာစကားတစ်ခွန်းမှ မပြောပဲခေါ်သွားခဲ့ပါတယ် ။ သားဖြစ်သူကလည်း ဖခင်က ဘာမှ မပြောတော့ ဖခင်နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့ပါတယ် ။ လမ်းမှာ ကျောက်ခဲတွေ အရမ်းများတဲ့အတွက် တောင်ကြားခလယ်ခေါင်လောက် အရောက်မှာ သားဖြစ်သူက ကျောက်ခဲတစ်ခဲနဲ့ တိုက်မိပြီး နာကြင်စွာနဲ့ အားလို အော်လိုက်ပါတယ် ။ အဲလိုအော်လိုက်တဲ့အသံက တောင်တွေနဲ့ ရိုက်ခတ်ပြီး အား ဆိုတဲ့ ပဲ့တင်သံကို

တကယ့်အဖြေမှန်က ရိုးရှင်းပါတယ် ( ကဗျာ )

Image
သူ သင့်ကို ချစ်သေးလား မချစ်တော့ဘူးလားဆိုတာကို အချိန်ကုန်ခံပြီး ဘယ်တော့မှမစဉ်းစားပါနဲ့ ... ဖြေမှာမဟုတ်တဲ့သူတစ်ယောက်ကိုလဲ အပင်ပန်းခံပြီး ဘယ်တော့မှမမေးနေပါနဲ့ ... တကယ့်အဖြေမှန်က ရိုးရှင်းပါတယ်.. သူ သင့်ကိုတွေ့ ချင်ရင် မတွေ့ တွေ့ အောင်လိုက်ရှာလိမ့်မယ်.. သူ သင့်အသံကြားချင်ရင် သင့်ဖုန်းကိုဆက်လိမ့်မယ်.. သူ သင့်ကိုမြင်ချင်ရင် သင်ရှိရာကိုလာလိမ့်မယ်.. သူ သင့်ကိုချစ်သေးတယ်ဆိုရင် သင့်လက်ကိုနောက်တစ်ကြိမ် ပြန်လည်ဖမ်းဆုပ်ထားပါလိမ့်မယ်.... အဖြေက အဲဒီလောက်ရိုးရှင်းပါတယ်.. သင်သာ ထပ်ပြီးရှုပ်ထွေးမနေမိပါစေနဲ့ .. သင်ဘယ်လောက်ပဲခေါ်နေနေ သင့်ခေါ်သံကိုမကြားချင်တဲ့သူဟာ နားစုံပိတ်ထားဦးမှာပါပဲ.. သင်ဘယ်လောက်ပဲလက်ကမ်းနေနေ သင်လက်ကိုမတွဲနိုင်တဲ့သူဟာ မျက်လုံးစုံမှိတ်ထားဦးမှာပါပဲ.. သင်ဘယ်လောက်ပဲစောင့်စားနေနေ သင်ရှိရာကိုမလာချင်တဲ့သူဟာ ဆက်လက်ပြီး သင့်ကို ကျောခိုင်းနေဦးမှာပဲမဟုတ်လား... ဘယ်တော့မှမမေ့ပါနဲ့ ... သင့်ကိုတကယ်ချစ်နိုင်သူဟာ သင့်လက်ကို ဘယ်တော့မှလွှတ်ချထားခဲ့မှာမဟုတ်သလို အကြောင်းကြောင်းကြောင့်လွှတ်ချခဲ့ရတယ်ဆိုရင်လဲ သင့်လက်ကိုနောက်တကြိမ် ပြန်လည်ဆုပ်ကိုင်ထားဖို့  ဘယ်သောအခါမှ ၀န်လေးနေမှာမဟုတ်ဘူ

မိန်းကလေးတွေ ကြွေသွားမယ့် စကားလုံးများ

Image
မိန်းကလေးတွေ ကြွေသွားမယ့် စကားလုံးများ (၁)ကောင်လေး။ ။ ကျွန်တော် လမ်း မေးလို့ရမလား? ကောင်မလေး။ ။ ဘယ်သွားမလို့လဲ...။ ကောင်လေး။ ။ မင်းရဲ့ ရင်ထဲ ကို...။ ... (၂) ကောင်လေး။ ။ နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်။ ကောင်မလေး။ ။ ဘာဖြစ်လို့ညောင်းရမှာလဲ...။ ကောင်လေး။ ။ နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။ (၃) ကောင်လေး က ကောင်မလေးရဲ့ အင်္ကျီ အနောက်က တံဆိပ်ကို လှန်ကြည့်တော့ ကောင်မလေး။ ။ နင် ဘာလုပ်တာလဲ။ ကောင်လေး။ ။ နင် က Made in Heaven များဖြစ်မလားလို့ ...။ (၄) ကောင်လေး။ ။ နင် ငါ့ကို ပိုက်ဆံ ၅၀ လောက်ချေးပါလား။ ကောင်မလေး။ ။ ဘာလုပ်မလို့တုန်း..။ ကောင်လေး။ ။ ငါ ဒီနေ့ ကမ္ဘာမှာအလှဆုံး ကောင်မလေးကို တွေ့ပြီလို့ အမေ့ကို  ဖုန်းဆက်ပြောမလို့ ။ (၅) ကောင်လေး။ ။ ဒီနေ့ မိုးက သည်းလိုက်တာ...။ ကောင်မလေး။ ။ ဟုတ်တယ်နော်...။ ကောင်လေး။ ။ မိုးနတ်မင်းကြီး နင့်ကိုမြင်ပြီး သွားရည်ကျတာပဲဖြစ်လိမ့်မယ်။ (၆) ကောင်လေး။ ။ ငါ့ကို ယုံကြည်ပေးပါ။နင့်ကို ကမ္ဘာပေါ်မှာ ဒုတိယ ကံအကောင်းဆုံးလူဖြစ်အောင်

လက်မထပ်ခင် အတူနေထိုင်မှု

Image
လက်မထပ်ခင် အတူနေထိုင်မှု ခေတ်မီပွင့်လင်းလာတဲ့ လူမှုအဖွဲ့အစည်းမှာ လက်မထပ်ခင် အတူနေတာတွေ များလာတဲ့အပေါ် လူတွေရဲ့ ကွဲပြားတဲ့ အမြင်တွေကို စုစည်းထားတာပါ။  ဒီအစီအစဉ်မှာ မကြားဝံ မနာသာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ စကားလုံးတွေ ပါဝင်နိုင်တယ်ဆိုတာကို ကြိုတင် အသိပေးအပ်ပါတယ်။  မြန်မာ မီဒီယာတွေကြားမှာ သိပ်ပြောလေ့ပြောထ မရှိတဲ့ အကြောင်းအရာတခုကို တင်ဆက်ပေးမှာပါ။  အဲဒါကတော့ လူငယ်အတွဲတွေ လက်မထပ်ပဲ အတူနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လင်းလက်ကြယ် စင်ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။  မြန်မာလူငယ်တွေက ဒီကိစ္စအပေါ် ဘယ်လိုမြင်ကြပါသလဲ?  လူငယ်တွေကြားမှာ ဒီကိစ္စတွေ ဘယ်ကြောင့် ခေတ်စားလာတာလဲ? လူငယ်တွေအကြားမှာ လက်မထပ် သေးပဲ လင်မယားလို အတူနေတဲ့ ကိစ္စတွကို လူငယ်တွေက ဘယ်လို စဉ်းစားနေကြပါသလဲ?  ဒီအကြောင်းတွေကို လင်းလက်ကြယ်စင်က တင်ဆက်ထားပေးပါတယ်။  ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်တယ် ဆိုရင်တော့ လင်းလက်ကြယ်စင်ရဲ့ Facebook စာမျက်နှာ www.facebook.com/llksradi o မှာ ၀င်ရောက်ဆွေးနွေးနိုင်သလို @www.soundcloud.com/llksradio မှာလည်း Download လုပ်ပြီး Smart Phones တွေကနေ နားဆင်နိုင်ပါတယ်။ 

အချိုမှုန့် ဆိုတာ ဘာလဲ

Image
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.? ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

may go to painstaking

Image
While other artists may go to painstaking lengths to hunt down their subjects, Win Khaing can’t be bothered to take so much trouble. He simply invites female models to the forecourt bathing place of his home and asks them to take a shower. Irrawaddynews

မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့် မစားသင့်

Image
မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့် မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့် မစားသင့်) အချို့သော လူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။ အချို့ကျတော့ အဆီကျ စေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာ ထချိန်မှာ မှီဝဲ တတ်ကြပါတယ်။ အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့ အခါ မှ စားသင့်တဲ့ သွားရည်စာ တစ်မျိုး ဖြစ်ပါတယ်။ နိုင်ငံတကာမှ ဆေးပညာရှင် သုတေသန အဖွဲ့များက အမျိုးမျိုး အဖြေထုတ် ကြပါတယ်။ တွေ့ရှိချက် ၁။ ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန် ငှက်ပျောသီး စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ် မြင့်တက် လာပြီး သွေးလည်ပတ်မှု နှုန်းကို  မြန်ဆန် စေပါတယ်။ အကျိုးဆက် အားဖြင့် heart attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ် တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။ တွေ့ရှိချက် ၂။ ငှက်ပျော်သီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိ ပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန် ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျော်သီး စားသုံးလိုက်ပြီး နေ့လည်၊ ညနေ တွေမှာ သာမန် အစားအသောက်များ စားသုံးတဲ့အခါ ကယ်လိုရီဓာတ် လွန်ကွ

ကမ္ဘာ့အကြီးဆုံး ပုလဲ

Image
Pearl of Lao Tzu ခေါ် Pearl of Allah ကို ၁၉၃၄ခုနှစ် မေလ ၇ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ Palawanကျွန်း ပင်လယ်အနီးနားမှာ တွေ့ရှိခဲ့တယ်။ အဲဒီတုန်းက ကလေးတစ်သိုက်ဟာ ပင်လယ်ရေအောက်မှာ ရေသတ္တဝါတွေကို ရှာဖွေနေခဲ့တယ်။ ကေ လးတွေကမ်းပေါ်ပြန်တက်ချိန် တစ်ယောက်လျော့နေခဲ့လို့ လူတွေဟာ ကလေးကို  ရေအောက်မှာလိုက်လံရှာဖွေခဲ့ကြတယ်။ ကလေးငယ်ကိုရှာတွေ့မိချိန် ကလေးငယ်ဟာ Tridacninaeလို့ခေါ်တဲ့ ကမာကြီးတစ်ကောင်ကြားမှာ  ခြေထောက်ညှပ်ပြီး သေဆုံးနေခဲ့ပါပြီ။ လူတွေက ကြီးမားတဲ့

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကား

Image
နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။ “သမီး... မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူ ဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။ ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့

ယောက်ျားတွေဘာကြောင့်လိမ်ပြောကြတာလဲ ?

Image
တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး.. မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

Image
  ကောင်မလေး တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။ သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြေ

တစေ့တစောင်း သွေး အကြောင်း (သင့်ရင်မှဖြစ်သောသွေးအကြောင်း)

Image
ဒီဘလော့လေးကို ကျနော်တင်မလို့ဆိုပြီး လုပ်ထားတာ ၂ နှစ်ကျော်ပြီ ကျနော်အကိုတ၀မ်းကွဲ ဂျပန်မှာနေနေတုန်းက အွန်းလိုင်း ဘလော့တစ်ခုမှာ(မြန်မာချစ်သူဆိုက်မှာ) သူ့ကလေး အကြောင်းမေးလို့ ကျနော်တွေ့ခဲ့ရက ဒီဘလော့တင်ဖို့လုပ်ခဲ့တာပါ အခု သူသာ မြန်မာပြည်ပြန်ရောက်လို့ အဲဒီအကြောင်း ဘီယာဆိုင်မှာတောင်ပြောခဲ့ကြပေမယ့် မတင်ဖြစ်ခဲ့တာခုတော့ တင်လိုက်ပါပြီဗျာ ကျနော်တို့လူတွေမှာအစောဆုံးပေါ်ခဲ့တာ အိုသွေးပေါ့ဗျာ သူက ကံဆိုးတဲ့သွေး လူတိုင်းကိုသာ သူ့သွေး ပေးလှူနိုင်ပြီးတော့ သူကတော့ သူနဲ့မျိုးတူကိုသာ လက်ခံတဲ့ တစ်ယူသန်တစ်ဇောက်ကန်းသွေးပေါ့

ကျွန်တော်နှင့် သူမ (၂)

Image
ကျွန်တော်နှင့် သူမ (၂) နှုတ်ဆက်တာခြင်း တူပေမယ့် အနည်းဆုံးတော့ ဆုံဆည်းခြင်းအတွက်လား ခွဲခွာမှုအတွက်လား ဆိုတာကိုတော့ ငါတို့ သိခွင့်ရှိသင့်တာပေါ့…..။ ။ BLACK DREAM သူ ကွန်ပျူတာဖန်သားပြင်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်မှာ အချိန်အားဖြင့် အတော်ပင်ကြာ မြင့်ခဲ့ပြီဖြစ် ပါတယ်။  သူသည် ကွန်ပျူတာမျက်နှာပြင်အား အကြောင်းမဲ့ စူးစိုက်ကြည့်နေခြင်းတော့ မဟုတ်ပေ…။ အဖြစ် အပျက် တစ်စုံတစ်ခုအား မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေခဲ့ခြင်းဖြစ်သည်။ အတိအကျပြောရလျှင်တော့ ရုတ်တရက်ပေါ်ပေါက်လာမည့် တစ်စုံတစ်ယောက်ထံမှ  တုန့်ပြန်မှုတစ်ခု အားစောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။ သူ့ကွန်ပျူတာ၏ Desktop တစ်ခုလုံးသည်  အခြားသူများ၏ Desktop များနှင့်မတူ ထူးခြားစွာရှင်းလင်း အေး စက် နေလေသည်။  ထိုရှင်းလင်းမှုသည်လျှင် သူ့စိတ်ထဲတွင် ငွေ့ရည်ဖွဲ့နေသောမိမိကိုယ်ကိုလှည့်စားခြင်း အတွက်

ရလဒ်. (ကဗျာ)

ရလဒ် . .. ဒဏ် ရာအနာတရနဲ့ ဘ၀မှာရခဲ့တဲ့ ဒဏ်ရာကို ဘယ်အရာနဲံ ဖြောက်မလဲ ... ခံစာချက်သက်သက်မဟုတ်ဘူး နော် ရင်နှင့်ရင်း ခဲ့တာ ခဏတာမဟုတ်ဘူး အမြတ်တနိုးနဲ့ မြတ်နိုးခဲ့တဲ့ အချစ်ကို ဘာကြောင့် သူစွန့်ပြစ်တာလဲ ချစ်ချင်းတစ်ဝက်နဲ့အလွမ်းတစ်ဝက်ကို ငါဝေမျှခံစားရမှာလား မဖြစ်ချင်ပါဘူး ....သူ့အပြုံးနဲ့ငါ့ဘ၀ကို အဆုံးရှုံးခံရမှာတန်လား ဘယ်သူပြောပြော..ငါ့ ရင်မှာ နှစ်မျောခဲ့တဲ့ အချစ်ကို တော့ ငါမစွန့်လွတ်နိုင်ဘူး သူ့အတွက်ရှင်သန်ခဲ့ တဲ့ နှလုံးသား သူ့ အမုန်းဓားသွားမှာ အသက်ပါမယ်ဆိုရင်လဲ ကျေနပ်မှုအပြည့်နဲ့ ပေးဆပ် .ငါ့အချစ်ဆိုတာကို မြေပုံမှာမှတ်တိုင်စိုက်ခဲ့မယ် .. ချစ်သူ ....ပန်းတစ်ပွင့် ရဲ့အလှအပကို ငါမခံ စားဘူး သူဘ၀ရဲ့ရသကိုဘဲငါခံစားမယ်.. ဒါပေမဲ့ မျက်လုံဖွင့်ပြီးအိမ်မက်မက်သူအဖြစ်.ငါ့ကို လူတွေမြင်လေ့မယ်... မြင်ပါစေ ...ပေးဆပ်ချင်မရှိရင် ဘ၀မှာဘာမှမရနိုင်ဘူးတဲ့ ..ဒါပေမဲ့  ပေးဆပ်ပေမဲ့ မရခဲ့ တာ ငါ့လေ..နေရောင်ဖြန်ပေမဲ့ မလန်းတဲ့ ပန်းမှာ..ဘာအတွက်နဲ့  နှင်းစက်တို့ အငွေ့ပြန်တာလဲ ..မြေပြင်နဲ့ ကောင်းကင် ပြောင်ပြန်လှန်လို့ရရင် မင်းကို ငါ့ရင်ခွင် အောက်မှာထားချင်တယ် .

လမ်းခွဲကြစို့ ( က ဗျာ )

လမ်းခွဲကြစို့ မဖြစ်နိုင်မှန်းသိရက် ရှေ့ဆက်မတိုးချင်နဲ့။ မင်းလျှောက်မဲ့လမ်းနဲ့ ငါ့ရဲ့လမ်းက တခြားစီမို့ မင်းနဲ့ ငါ့ရဲ့ အနာဂတ်ကို Sorry ပြောလို့ လမ်းခွဲစို့ ... နေနဲ့လ ကို ပေါင်းစည်းပေးဖို့ ကြိုးစားသူလို မရူးမိုက်ချင်နဲ့ .... မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ နပိုလီယန်ရဲ့ စကားကိုလဲ ပုံသေ မှတ်ယူမနေနဲ့ .... သတ္တိမရှိတဲ့ ယောက်ျားလို့ မင်း သတ်မှတ်သွားပါစေ ငါ ပြုံးလို့နေလိုက်မယ် ... မင်းအတွက် နစ်နာမဲ့အရာ ဘာဆိုဘာမှ မလိုလားတာ ငါ့ရင်ထဲက စေတနာ . . . ဇာတ်လမ်းထဲကလို မင်းမုန်းတယ်ပြောလို့ လှည့်ထွက်သွားပါ..... ဖလန်းဖလန်းထနေတဲ့မင်းနဲ့ ဂွမ်းပြီး မလန်းတဲ့ ငါ့ဘ၀က ရေလည် မမိုက်တာကို မင်းလဲ သိနေတာပဲလေ......... ဒါကြောင့် တစ်ခါမှမနိုးထဘူးသေးတဲ့ ကြေကွဲမှုနဲ့ လွမ်းဆွတ်မှုကို အသက်သွင်းဖို့ မင်းနဲ့ငါနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်လို့ လမ်းခွဲလိုက်ကြပါစို့ ............. လင်းရန်

ကျေနပ်နေပါ့မယ် မရယ် (ကဗျာ)

ကျေနပ်နေပါ့မယ် မရယ် မ သိရဲ့ လား ကျွန်တော် ငိုနေတာမဟုတ်ဘူး မ မျက်ရည်စီးကျနေတာပါ စိတ်ချပါ မ စိတ်အနှောင့် အယှက်မဖြစ်စေရဘူး အားလုံးလည်းသိကြတဲ့ မရဲ့ချစ်သူ ကျွန်တော် မဟုတ်ခဲ့ဘူး လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ ကျွန်တော် အချစ်ကိုယူသွားတာလည်း မပေါ့ ကျွန်တော် လက်ကိုကဗျာရေးစေတာ လည်း မပေါ့ ကျွန်တော် မမုန်းရက်တာလည်း မပေါ့ ကျွန်တော် နှလုံးသားကိုခွဲစေတာလည်း မပေါ့ ကျွန်တော် မျှော်လင့်ချက်ကိုပျက်စီးပစ်တာလည်း မပေါ့ ကျွန်တော် အချစ်ကိုဆော့ ကစားသွားတာလည်း မပေါ့ ကျွန်တော်ရဲ့ ယုံကြည်မူကိုဖျက်စီးပစ်တာလည်း မပေါ့ အရာရာဖျက်ဆီးပစ်တဲ့ မကို ချစ်နေအောင်စွဲဆောင်ပေးတာလည်း မပဲပေါ့ဗျာ                                                                                                                             အသစ်မြင်လို့ အဟောင်းပစ် မပျော်မယ်ဆို ကျွန်တော့်ဝေဒနာ ရင်ဝယ်မျိုသိပ်ကာ ကျွန်တော်ထက်သာတယ်ဆို ရင်တွေခါးနေတာတောင် သေလုမျောပါး အနာတရနဲ့  ကျေနပ် နေပ့ါမယ် မရယ်။ ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ။                                        ဇေမင်း

နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ

Image
နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ   ဒီမနက် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုပြောစရာရှိသည်။ သတင်းကောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာ သည်နှင့်အမျှ အမျိုးသားရေးကြွေးကြော်သံများ၊ မျိုးချစ်လက်ခမောင်းခတ်သံများနှင့် သာသနာ့အရေးနှိုးဆော်သံများ ဆတက် ထမ်းပိုး လှိုင်လှိုင်ကြီး ကြားရတော့မည်ဆိုသည့် သတင်းဖြစ်သည်။ သတင်းဆိုးကတော့ ထိုကြွေးကြော်မည့်ပုဂ္ဂိုလ်အ များစုသည် လူလိမ်များဖြစ်သည်ဆို သည့်အချက်ဖြစ်ပါသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီကို အကူးအပြောင်းကာလမှာ ရေပန်းမစားသည့် နိုင်ငံရေး သမားများက မျိုးချစ်ဝါဒနှင့် လူများစုဘာသာရေးကို အာဏာရရှိရေးအတွက်မည်သို့အသုံးချလေ့ရှိသလဲဆိုတာကို ဒီနေ့ဆွေးနွေးကြပါစို့။ အာဏာရှင်စနစ်က ရုန်းထွက်လာသည့် နိုင်ငံတိုင်းမှာ အဖိနှိပ်ခံခဲ့ရသည့် ပြည်သူလူထုက

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ

Image
  အသားအ ရေဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှုများလာကြောင်း Ama-ra International Company Limited မှ သိရသည်။ မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အ သားညိုသူများပြားကြသည့်အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင် မှုအသစ်အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင် မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။ ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်း အသားဖြူစေခြင်း

အိမ်ရှင်လင်မယားမှ အိမ်ဖော်မလေးအား သုံးပွင့်ဆိုင် အဓမ္မကျင့်မှု ပြုလုပ်

Image
အိမ်ရှင်လင်မယားမှ အိမ်ဖော်မလေးအား သုံးပွင့်ဆိုင် အဓမ္မကျင့်မှု ပြုလုပ် အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီးတစ်ဦး အား အိမ်ရှင်လင်မယားနှစ်ဦးက သုံးပွင့်ဆိုင် လိင် ဆက်ဆံမှု အတင်းအကျပ်ပြုလုပ်ခဲ့ကြောင်း ကာ ယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ မတရားပြုကျင့်ခံရသူ အိမ်ဖော်အမျိုး သမီးသည် အိမ်ရှင်လင်မယား၏ အတင်းအကျပ် လိင်ဆက်ဆံမှုကို (၄) လတာ တုန်လှုပ် ခြောက် ခြားစွာ ခံစားခဲ့ရသည်။ လင်မယားနှစ်ဦးအနေနှင့် အဆိုပါအိမ်ဖော်ကို လိင်ဆက်ဆံ၍ အားရ ကျေနပ် ပြီးချိန်တွင် လမ်းဘေး တစ်နေရာတွင် ပစ်ထားခဲ့ ကြသည်။ အိမ်ဖော်အမျိုးသမီးကို ပစ်ထားခဲ့သည့် နေရာသည် Nebong Tebal ရှိ Taman Cenderawasih နေရာတွင် ဖြစ်သည်။ အိမ်ဖော်

Facebook ဆိုတာ

Image
Facebook ဆိုတာ ထမင်းစားနေသည် .... Post at ချောင်းသာဘာညာကွိကွ .... Post စာမကျက်ချင်ဖူးကွာ ........ Post လွမ်းလိုက်တာ ....... Post at ဟိုရှော့ ပင်းမော ဟိုစားသောက်ဆိုင် ... Post လှလား .... Post at မိုင်ဆွိဟုမ်း .... Post ဒါလေးစားကြပါဦးလား ... Post မွမွ ... Post တင်းလာပြီေ-ာ ပဲကွာ ... ဟိုဒင်းပဲထင်တယ်ကွာ .... Post

" မ " အတွက်(ဖွန်ကိစ္စ)

Image
ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။ အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့ ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ  တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့ နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့ ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ် မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက  ဖြတ်သွားတုန်း ပုဆိုးကို ဗွက်စင်သွားတာပဲ  ရှိပါသေးတယ် မမရယ်။ နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။ ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့ သွားလေးတွေကို မြင်ယောင်တယ်။  ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့ သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျနော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့ ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျနော် အာလူးတစ်လုံး ချန်ထားမိတယ်... မမနဲ့ နီးဖို့ ကျနော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို

မစ်စတာဘင်းက ပေးသာ သင်ခန်းစာ

Image
  မစ်စတာဘင်း ခေါ် Rowan Atkinson ဟာ လန်ဒန် အောက်စဖို့ (Queen's College) ကနေ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် ပြီး မာစတာဘွဲ့ နဲ့ အောင်မြင်ထားပါတယ်။ အောက်စဖို့ တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့အချို့ကိုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ အချိန်ပိုင်း လက်တွေ့ဆရာတောင် လုပ်ခဲ့ပါသေးတယ်။ သို့ပေမယ့် သူဟာ လူတွေကိုဖျော်ဖြေရတဲ့ လူရွှင်တောင်ဘဝမှာ ပဲ ပျော်မွေ့ သူ ဖြစ်ပါတယ်။ သင်ခန်းစာ ဒီလိုပါပဲ။ လက်ရှိ မြန်မာပြည်မှာပေါ့။ ကိုယ်က တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုကို ရထားတယ်။ သို့ပေမယ့် ယင်းပညာရပ်ကို စိတ်မဝင်စားဘူး ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ လမ်းကြောင်းကို ရဲရဲဆုံးဖြတ်လို့ ပြောင်းနိုင် ပါတယ်။ သို့ပေမယ့် လေထဲမှာ တိုက်ဆောက်သလို စိတ်ကူးနဲ့တော့ မရ ပါဘူး။ စိတ်ဓာတ်လည်း ခိုင်မာသလို လက်တွေ့မှာလည်း တကယ် လုပ်နိုင် ကြောင်း ခိုင်မာတဲ့ စီမံကိန်းတော့

အတုယူ အားကျဖွယ် ကောင်းသည့် အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး၏ လူမှုဝန်ထမ်း စိတ်ထား

Image
အဘူဒါဘီ မြို့တွင် မကြုံစဖူး အံ့သြ မှင်တက်ဖွယ် ကောင်းသော မြင်ကွင်း တစ်ခုကို ၎င်းမြို့ရှိ ပြည်သူများက မြင်တွေ့ ခဲ့ရသည်။ ထိုကဲ့သို့သော မြင်ကွင်း မျိုးကို နောက်ထပ် တွေ့မြင်ရမည့် အလားအလာ ရှိနိုင်ဖွယ် မရှိ တော့ကြောင်း အဘူဒါဘီ မြို့ရှိ ပြည်သူများက ပြောကြားထားသည်။ အဆိုပါ မြင်ကွင်းမှာ အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး တစ်ဦးဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) လက်နက်ကိုင် တပ်ဖွဲ့၏ ဒုတိယ စစ်သေနာ ပတိချုပ် လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရှိတ်ခ်မိုဟာမက် ဘင်ဇာယစ်ဒ် အယ်လ်နာယန်က မာန်မာနကို နှိမ့်ချ၍ ပြည်သူ များအပေါ် ကြီးမားသော ချစ်ခြင်းမေတ္တာ

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ

Image
နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့  နမော တဿ (၃)ခေါက်၊ သရဏဂုံ (၃)ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့ “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ” စသဖြင့် မတ္တာသုတ်လာ မေတ္တာလေးကို အစအဆုံး တစ်ခေါက်လောက် စေတနာပါပါလေးနဲ့ အရုံပြုပြီး လုပ်ကြည့်တာမျိုးလေးတွေပေါ့။ ဒီလို ကုသိုလ်မျိုးလေးကို မနက်အိပ်ရာထတစ်ကြိမ် ညအိပ်ရာဝင်

လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ

Image
လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ ၁) ကို ယ်အလေးချိန်ထိန်းသိမ်းရေးတွင် အထောက်အကူဖြစ်ခြင်း ၂) လူတိုင်းမှ အလွယ်တကူလုပ်ဆောင်နိုင်ခြင်း ၃) မည်သည့် အထူးအထောက်အကူကိရိယာမျှ မလိုအပ်ခြင်း ၄) ကိုယ်လက်လှုပ်ရှားလုပ်ဆောင်မှုအတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ခြင်း ၅) စိတ်ကျရောဂါနှင့် စိုးရိမ်ကြောင့်ကျမှု လက္ခဏာများကို လျှော့ချပေးနိုင်ခြင်း ၆) ဒဏ်သက်ရောက်မှုနည်းသော လေ့ကျင့်ခန်းဖြစ်ခြင်း ၇) ဆိုးကျိုးပြုကိုလက်စထရော (Low-density Lipoprotein cholesterol) ပမာဏလျှော့ချပေးနိုင်ခြင်း ၈) အကျိုးပြုကိုလက်စထရော (High-density Lipoprotein cholesterol) ပမာဏတိုးမြင့်စေခြင်း ၉) သွေးဖိအားလျော့နည်းစေခြင်း ၁၀) အချို့သောကင်ဆာအမျိုးအစားများ၏ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးခြင်း ၁၁) ဆီးချိုရောဂါဖြစ်ပွားနိုင်ချေလျှော့ချပေးခြင်းနှင့် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြုပေးခြင်း ၁၂) စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်စေခြင်း ၁၃) အရိုးများသန်မာစေရန် ကူညီထိန်းသိမ်းပေးခြင်း ၁၄) နှလုံးထိခိုက်မှုဖြစ်ပွားနိုင်ချေ လျှော့ချပေးခြင်း ၁၅) ထိခိုက်ဒဏ်ရာရရှိနိုင်ချေ နည်းပါးခြင်း ၁၆) စိတ်ဖိစီးမှုလျော့နည်းကျဆင်းစေခြင်း ၁၇) နှလုံးရောဂ

ကသိကအောင့်နိယာမများ

Image
၁) ညီမျှခြင်းနိယာမ ဇနီးဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း အပြင်သွားဖို့ အသင့်ဖြစ်ပြီဆိုတဲ့ အချိန်ဟာ ခင်ပွန်းဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း ဖုန်းပြန်ဆက်ပါ့မယ်ဆိုတဲ့ အချိန်နဲ့ညီတယ်... ၂) တန်းစီခြင်းနိယာမ စီနေတဲ့ အတန်းကနေပြောင်းလိုက်တဲ့အခါ သင်အရင်စီနေတဲ့အတန်းက အခုစီနေတဲ့အတန်းထက် ပိုမြန်မြန်ရှေ့ကိုရွေ့သွားလိမ့်မယ်... ၃) တယ်လီဖုန်းနိယာမ သင်ဖုန်းနံပတ်မှားဆက်မိတဲ့အခါ ဖုန်းမအားတာမျိုးကိုဘယ်တော့မှ မကြုံရဘူး... ၄) စက်ပြင်နိယာမ သင်လက်တွေမှာ ဆီချေးတွေပေသွားပြီဆိုရင် သင့်နှာခေါင်းစယားလာလိမ့်မယ်... ၅) အလုပ်ရုံနိယာမ ပြုတ်ကျသွားတဲ့ ကိရိယာတန်ဆာပလာတိုင်းဟာ လက်လှမ်းမမီဆုံးနေရာကို လိမ့်သွားလိမ့်မယ်.... ၆) ရေချိုးခန်းနိယာမ

မိန်းကလေးစကား

Image
မိန်းကလေးစကား ♀ ကောင်းပြီလေ ဒီစကားကို မိန်းကလေးတွေက အငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက် သုံးပါတယ်... ဒီလိုပြောနေပြီဆိုရင် သူတို့ကိုယ်သူတို့ မှန်တယ်လို့ ယူဆထားပြီး သင့်ပါးစပ်ပိတ်ဖို့လိုပြီလို့ ပြောလိုက်တာပါပဲ... သူ့ရဲ့ "ကောင်းပြီလေ" ဆိုတဲ့စကားဟာ ဘယ်လိုပုံပေါက်နေလဲဆိုတာကိုတော့ ဘယ်တော့မှ သွားမပြောပါနဲ့... ဒီလိုဆိုရင် ဒါနဲ့ပတ်သက်လို့ နောက်ထပ်ဆက်ပြီး ငြင်းနေရလိမ့်မယ်.. ♀ ငါးမိနစ် ဒါက နာရီဝက်ကိုဆိုလိုတာပါ... ဒါဟာ သင်ဘောလုံးပွဲကြည့်နေတုန်း အမှိုက်သွားသွန်ခိုင်းရင် ပြန်ပြောလိုက်တဲ့ "ငါးမိနစ်" နဲ့ ညီပါတယ်.. ဒါကြောင့် ဒီအချိန်ဟာ အပြန်အလှန်အားဖြင့် ညီမျှတဲ့သဘောရှိနေပါတယ်... ♀ ဘာမှမဖြစ်ဘူး ဒီအဓိပ္ပာယ်ကတော့ တစ်ခုခုဖြစ်နေပြီဆိုတဲ့ သဘောပါ... ဒီစကားကြားရင် သင်သတိထားနေသင့်ပါတယ်... ဘာမှမဖြစ်ဘူးဆိုတာကို အမျိုးသမီးတွေက သင့်ကို ဘယ်ပြန်ညာပြန်.. ဇောက်ထိုးမိုးမျှော်.. နေရာလပ်မကျန်အောင် သမ ချင်နေတဲ့အခါမျိုးမှာ ပြောတတ်ပါတယ်... "ဘာမှမဖြစ်ဘူး" ဆိုတာဟာ "ငါးမိနစ်" လောက်ကြာပြီး "ကောင်းပြီလေ" နဲ့အဆုံးသတ်တဲ့ အငြင်းပွားစကားများမှုတစ်ခုကို ဖော်ညွှန်းနေတ

ချစ်သောညီမလေးသိပါစေ

Image
 ချစ်သောညီမလေးသိပါစေ လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်စည်းတော့  မကျော်စေနဲ့ ပေါ့ ............. ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ် မရိုင်းစေနဲ့ ပေါ့ ............ ပိုင်ဆိုင်ထားတဲ့  အလှ လူတကာ မြင်အောင်ပြချင်နေရင်တော့  မိန်းကလေးတွေရဲ့ တန်ဖိုး ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ... ခုခေတ်ကြီးမှာပေါ့ ကွယ်............. သနပ်ခါးကို ဘယ်ညာလိမ်း ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး မိန်းကလေးတွေရဲ့ အလှ ပေါ်အောင်ပြမှ........... ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ် လွှင့်ပစ်နိုင်ပါစေ..... စကပ်တို ပေါင်ခွဲ ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့  ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင် မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်.............. စောင့်ထိန်းရမဲ့  သိက္ခာ.. လိုက်နာရမဲ့ ကျင့်ဝတ် ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်

သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား

Image
  ဆောင်းပါး UNFPA လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။ သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ့ နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနိ

အမြန် ဝိတ်ကျစေမည့် အစား ၁၀ မျိုး

Image
  အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုးခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်း စေရန်ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။ ဂျုံ ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျစေတဲ့ အပြင် အစာခြေ စနစ် ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။ ဥမျိုးမျိုး ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရော ဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပန်းသီး ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး

အချိုမှုန့် ဆိုတာ ဘာလဲ

Image
အချိုမှုန့် ဆိုတာ ဘာလဲ ........ ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.? ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ (၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။ (၂) အစာ အလွန်အကျွံ စာ

တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ

Image
ဆရာရှင့် သမီး Mevalon 28 ကို ၂ နှစ်လောက် သောက်ခဲ့ပါတယ်။ အရင်လက ၅ ရက်နေ့မှာ ရာသီစလာ ပါတယ်။ အဲဒီနောက် ဆေးမသောက်ဘဲ ဖြတ်လိုက်ပါတယ်။ အမျိုးသားကလည်း နိုင်ငံခြားထွက်သွားလို့ပါ။ အခု ၉ ရက်နေ့ စက်တင်ဘာလအထိ ရာသီမလာလို့ပါဆရာ။ တားဆေးတွေသောက်ပြီး ဖြတ်လိုက်ရင် မလာဘဲဖြစ်တတ်ပါသလား။ ဘာဆေးသောက်ရပါမလဲဆရာ။ မလာတာက ဘယ်နှစ်လလောက် မလာဘဲ နေပါသလဲဆရာ။ • Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။ • Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ • Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။ • ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။ • တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ • ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂

လန်းကြပါစေ ပန်းတွေ သဏ္ဌာန်ပမာ ချမ်းမြ ကာလေ စမ်းရေလျှံဖြာ

Image
နှစ်စဉ် နိုဝင်ဘာ ၂ဝ ရက်ဟာ ကမ္ဘာ့ ကလေး သူငယ်များနေ့ (Universal Children's Day) ဖြစ်သလို ၁၉၈၉ ခုနှစ် ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ သဘောတူ စာချုပ်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု လိုက် တဲ့ နေ့လည်း ဖြစ်ပါသည်။ ကမ္ဘာ့ ပြက္ခဒိန် ပေါ်မှာ ဒီလို အထိမ်း အမှတ် နေ့ တစ်နေ့ ဖြစ်ပေါ် လာအောင် ကလေးသူငယ် အသက်ပေါင်း များစွာ စတေး ခဲ့ရသည်။ ဒီနေ့ရဲ့ မူလဘူတ အစကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ဝ လောက်က စစ်ဘေး ဒဏ်ခံရတဲ့ အပြစ်မဲ့ ကလေးသူငယ် တွေကို အကြောင်း ပြုပြီး စခဲ့သည်။ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အပြီး ၁၉၂၄ ခုနှစ်မှာ နိုင်ငံပေါင်းချုပ် အသင်း ကြီး (၁၉၁၉-၁၉၄၆)က ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဂျီနီဗာ ကြေညာချက်ကို ချမှတ် ခဲ့သည်။ ဒီကြေ ညာချက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တ ပိုင်းဆိုင်ရာ၊ ဘာ သာရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက် ခွင့်၊ နေမကောင်း သည့်အခါ၊ မသန် စွမ်း ဖြစ်သွားသည့် အခါ ဒါမှမဟုတ် မိဘမဲ့ ဖြစ်သွားသည့် အခါ အထူး ဂရုပြု စောင့်ရှောက် ခံရခွင့်၊ ဘေးဒုက္ခ ကျရောက် ချိန်မှာ ကယ်ဆယ် ခံရခွင့်၊ စီးပွားရေး အမြတ်ထုတ်မှု များမှ လွတ်လပ်ခွင့်နှင့် လူမှုရေး ဆိုင်ရာအသိ စိတ်ဓာတ် တွေနဲ့ ကြီးပြင်း လာခွင့် စသည့် အချက်တွေ ပါဝင်

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာ့လူငယ်များ ဖတ်သင့်သည်ဟု ထင်ပါတယ်ရှင်....)

Image
ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။ အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရ

Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?

Image
မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လို လုပ်ရင် ရမလဲလို့ပါရှင့်။ အကယ် လို့များ နှုတ်ခမ်းသားတွေ  သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။  Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။ အောက် အဆုံး နေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။ ကလေးမွေးဘူးရင်၊ အတင်း ဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။ လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျို မဟုတ်တော့တာကို သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ ချုပ်ပေးရတတ်တယ်။ အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေး နှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁) အပေါ်ပိုင်းတွေက Clitoris အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစား မငယ်ရင် Glans clitoridis မ-အစိခေါင်းကို ဖုံးအုပ် နေပြီး Fold ခေါက်ထားသလိုမျိုး ရှိနေမယ်။ အပေါ်ကနေ မိုး

ရင်သား ထွားပြီး လှနေချင်သူများ ဖတ်ဖို့ ဗဟုသုတ

Image
အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။ ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက

ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား

Image
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့  ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။ ပုံထဲမှာ ကျောကို ဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက် နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန် ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာ လဲလျောင်း နေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ ကလေးမလေး ကတော့ ထိုင်ဝမ်သူလေးပါ။ ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ် အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက် အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။ တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခု ကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်း ရထားသလိုလိုရှိနေေ

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်ရန် စဉ်းစားရမည့် ၁၀ ချက်

Image
အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်ရန် စဉ်းစားရမည့် ၁၀ ချက် စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။ ၁။ ပိုမို ပျော်ရွှင်စေမှာလား ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။ ၂။ အချိန်တန်ပြီလား ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လ

ပြုစုပျိုးထောင်တတ်ပါစေ

Image
ပြုစုပျိုးထောင်တတ်ပါစေ ....... သူငယ်ချင်းတွေ ဟာနောင်အခါမှာမိဘနေရာ ကိုရောက်ရမှာဧကန်အမှန်ဖြစ်ပါတယ်...... ဒါကြောင့်ကလေးတွေကိုဘယ်လိုပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုသိစေချင်လို့လမ်းညွှန် မှုလေးတွေကိုကျွန်တော်တင်ပြလိုက်ပါတ ယ်............ 1။ သရော်လှောင်ပြောင်မှုများကို ခံယူကြီးပြင်းလာရသောကလေးသည် သူရဲဘောကြောင်သူဖြစ်လာတတ်သည်။ 2။ ဝေဖန်ပြစ်တင်မှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပြစ်တင်တတ်သူ၊ ရှုတ်ချတတ်သူ ဖြစ်လာရန်အလားအလာရှိသည်။ 3။ မယုံသင်္ကာမှုများအကြားကြီးပြင်းလာရသောကလေးသည် ကောက်ကျစ်စဉ်းလဲသူဖြစ်လာတတ်သည်။ 4။ မိမိအား ဆန့်ကျင်ဘက်ပြုခြင်းကိုခံယူကြီးပြင်းလာရသောကလေးသည် ရန်လိုသူဖြစ်လာတတ်သည်။ 5။ ကြင်နာမှု၊ ယုယမှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပေါ်မေတ္တာထားရန်နားလည်သူဖြစ်လာတတ်သည်။ 6။ အားပေးထောက်ခံမှုများကိရရှိပြီးကြီးပြင်းလာရသောကလေးသည်

ပူပင် ရှုပ်ထွေးမှုတွေ ကင်းပါစေ.

Image
ပူပင် ရှုပ်ထွေးမှုတွေ ကင်းပါစေ. ....... တိတ်ဆိတ်ခြင်းကို ရွေးပါ တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကိုသင်ရွေးလိမ့်မယ်။  အစကတည်းက လူတိုင်းဟာ သင့်ကိုနား လည်သူတွေ မဟုတ်ဘူး။ဒါကြောင့်  လောကကြီးကို ကိုယ့်ဒုက္ခတွေ  ကြော်ညာစရာမလိုဘူးလို့ သင်ထင်တယ်။ တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။ တည်ငြိမ်ခြင်းကို ရွေးပါ လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်

အမျိုးသမီးများ မုဒိန်းကျင့်ခံရမှုမှ ကင်းဝေးစေဖို့ မှတ်စရာများ

Image
မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ  ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီကအကြမ်းဖက်မှုဖြစ်စေနိုင်တဲ့..  အချက်အလက်   တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်း ဖြစ်ပါတယ်… (၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ပုံစံတွေ ကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေးထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ် တတ်ကြပါ တယ်။ (၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ် လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ် အစား တွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။ (၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့ မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမ

MTV မှာ ချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များ လူပြောများနေပြီ

Image
မိုင်လေဆိုင်းရပ်စ်ကသူ့ရဲ့သီချင်းရုပ်သံတပုဒ်မှာ အဝတ်အစားမပါတဲ့အခန်းတချို့ထည့်ထားတာကြောင့် ထင်ရှားကျော်ကြားကြယ်ပွင့်များသတင်းတွေထဲ ထိပ်တန်းရောက်နေပါတယ်။ဖျော်ဖြေရေးသတင်းများထဲမှာ ဒီကနေ့တော့ သူ့ပုံ သူ့သတင်းတွေချည်းပါပဲ။ သုံးမိနစ်ကျော်ကြာတဲ့သူ့သီချင်းသရုပ်ဖော်မှုမှာ အဝတ်မဲ့ပြကွက်တချို့ ထည့်ထားတဲ့အတွက် အငြင်းပွား ဖွယ် ဖြစ်နေပါတယ်။ ထောက်ခံသူတချို့ ရှိပေမယ့် မကြိုက်တဲ့သူအများအပြားက အွန်လိုင်းသတင်းတွေမှာ မှတ်ချက်တွေလိုက်ရေး ရှုတ်ချနေကြတာပါ။ အင်္ဂါနေ့က ဧရာဝတီဘလော့မှာ တခြားအဆိုတော်တယောက်အကြောင်း ရေးခဲ့ပြီးပါပြီ။ တရက်တာ

အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက်

Image
ဒီဇာတ်လမ်းလေးက သင့်ရဲ့မျက်ရည်ကို  ချွေယူသွားပါလိမ့်မယ်..။ အရင်က တင်ဖူးပါတယ်..။ ဖတ်ကြည့်ကြပါ..။ အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။ ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ