Posts

Showing posts from September 7, 2013

"ထေရ၀ါဒ ဗုဒ္ဓဘာသာ" မှ "သော့ ငါးချောင်း "

Image
"ထေရ၀ါဒ ဗုဒ္ဓဘာသာ" မှ "သော့ ငါးချောင်း " အရက်သောက်ရင် ဘာဖြစ်??? စိတ်ရင်းအတိုင်းမရှိတော့ဘူး... လိမ်ရင် ဘာဖြစ်??? အမှန်ပျောက်ကွယ်တယ်...တရားမကျတော့ဘူး... ဆဲရင်ကော...??? နားခါးတယ်...အနည်းဆုံးး မနှစ်မျို့ဘူးဗျာ...ဟုတ်တယ်ဟုတ်... မိန်းမလိုက်စားရင် ရော??? AIDS...ကာလသား...ဟိုပိုး ဒီပိုး.. အကြီးပူရ...အငယ်ပူရ...အထွေးပူရ...အလတ်ပူရ...အပူများတယ်... သူများအသတ် သတ် ရင်??? ထောင်ကျ...ရှောင်ရတိမ်းရ...လန့်ရကြောက်ရ ခိုးရင်ကော??? သူခိုးပေါ့ဗျာ...ရှင်းနေတာပဲ... ဒါတွေက ကောင်းလား.. အိမ်ရှေ့စံ မင်းစား သိဒ္ဓတ္ထ ဘ၀ မှ ဖြစ်မြောက်သွားတဲ့ ဂေါတမဗုဒ္ဓ မြတ်စွာဘုရား မိန့်ကြားခဲ့တာ...ပါ... ရှင်းပါတယ်...အပေါ်က အချင်ငါးချက်ဟာ ငါးပါးသီလ တဲ့...အဲဒီဟာတွေကို ခါးမှာဝတ်ထားပါတဲ့ ပုဆိုးလို မြဲမြံ ပါစေတဲ့...ကျွတ်ကျရင် မကောင်းဘူးလေ...ရှက်တဲ့ လူတွေလည်း ရှက်ကြပါတယ်...လွပ်လပ်တယ်ဆိုပြီးတော့ မ၀တ်ကြတော့တဲ့ လူတွေလည်း ရှိပါတယ်...စကပ် အတိုလေးတွေ ၀တ်သလိုပေါ့...နှစ်ဦးနှစ်ဖက်ကောင်း ဆိုတာ

မိမိ ကုန်ပစ္စည်းအတွက် ဖောက်သည် ရှာရန် အရိုးရှင်းဆုံး နည်းလမ်း ၄ခု

Image
အချို့ အချို့ သော စီးပွားရေးလုပ်ငန်းများဟာ Customer မရှိတော့ ပုံမှန် မလည်ပတ်နိုင် ပါဘူး။ ဆိုလိုတာက Customer မရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီတော့ မိမိကုန်ပစ္စည်းအတွက် Customer ရှာဖွေနိုင်မယ့် နည်းလမ်း ယေဘုယျ နည်းလမ်း ၄ ခုကို ဖော်ပြ လိုက်ရ ပါတယ်။   1. Advertising ကြော်ငြာရပါမယ်။ ကြော်ငြာမယ်ဆိုရင် သိထားရမှာက ငွေကြေး ခပ်များများကုန်မှ Customer သိမယ် ဆိုတဲ့ အချက်မဟုတ်ပါဘူး။ Type of Customer , Location of Customer နဲ့ Number of Customer ကို သေချာ စစ်ဆေးလို့ အသင့်တော်ဆုံးနေရာမှာ Advertise လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဘောလုံးကွင်း

တတိယလိင် မြန်မာမယ်

Image
ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က  ဖြောင့်စင်းသော ပေါင်တံအလှကို  ပေါ်လွင်စေသည်။  ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။ သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။ သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။ သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့်

မွေးစားမှာလား ဆွဲစားမှာလား

Image
လုပ်ငန်းများ လုပ်ကိုင်ရာတွင် အယူအဆ နှစ်မျိုးရှိသည်။ ပထမ အယူ အဆကတော့ မိမိဝန်ထမ်း များကို လုပ်ငန်းတွင် အသုံးတည့် စေရန် အတွက် လေ့ကျင့်သင်ကြား ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိသည့် ဝန်ထမ်းကို အသုံးတည့်အောင်ပြုလုပ် ပြီးမှ လုပ်ငန်းခွင်တွင် အသုံးချခြင်း ဖြစ်သည်။ မွေးစားသည့် သဘော ဖြစ်သည်။ လုပ်ငန်းအတွက် သေချာ သည့်သဘောဟု ယူဆကြသည်။ လုပ်ငန်းရှင် များကလည်း လက်ခံ ကြသည်။ လက်တွေ့တွင်လည်း ကျင့်သုံး နေကြသည်။ ဥပမာ အားဖြင့် Whirlpool Coroporation အနေဖြင့် ၂၀ဝ၀ ခုနှစ်တွင် လက်တွေ့ အသုံးချ လာသော နည်းလမ်း တစ်ခုလည်း ဖြစ်သည်။ ကုမ္ပဏီသည် ဝန်ထမ်း ပေါင်း ၄၀ဝ ကျော်ကိုခေါ်ယူသည်။ ဌာနပေါင်းစုံ အတွက် ခေါ်ယူခြင်း ဖြစ်သည်။ ပြီးတော့ လိုအပ်သည့် ဌာနအတွက် လိုအပ်သော သင်တန်း

သာမန် စိတ်ထားထက် မြင့်မြတ်သော ပရဟိတ စိတ်ဓာတ်

Image
ကျွန်တော် အိမ်ရှေ့ မှဖြတ်ကာ နေ့ တိုင်းသွား နေသည်မို့ ထိုလူငယ်လေးအား သတိထား မိနေသည်။ သို့ သော် သူ့ ပုံစံကိုမြင်ရတော့ သဘောမကျမိ။ ဘောင်းဘီကြပ်ကြပ် ရှပ်အင်္ကျီ လက်တိုကြပ်ကြပ် ကလေးနှင့် ဆံပင်ကိုလည်း ငယ်ထိပ်ပေါ်တွင် အ၀ါရောင်ကို ဆိုးထား သေးသည်။ သို့သော် ခောတ်ကာလအရ ပြောရမည် ဆိုလျှင်တော့ သူ့ ခောတ်နှင့်သူ စတိုင်ကျသည်ဟုတော့ ဆိုရမည်။ ထူးခြားချက် တစ်ခုက သူနှင့်လမ်းမှာတွေ့ သော သူ့ မိတ်ဆွေ သူငယ်ချင်းများကိုတော့ ပြုံးပြုံးရွှင်ရွှင် ဖေါ်ဖေါ်ရွေရွေနှင့် ဖက်လဲတကင်း နှုတ်ဆက် တတ်သည်။ တခါတရံ အလွန်ရင်းနှီးသူဆိုလျှင် လက်ဆွဲပြီး နှုတ်ဆက်တာကို တွေ့ ရသည်။ တစ်ရက်မနက်ပိုင်း ကျွန်တော်အမြဲထိုင်နေကျ အင်တာနက်ဆိုင်တွင် ဆိုင်ပိုင်ရှင် ဦးလေးကြီးနှင့် စကားပြောနေသော ထိုလူငယ်လေးကို တွေ့ လိုက်ရသည်။ " ဘယ်လိုလည်း ငါ့တူလေး မနက်ဖြန် sunday off ပဲလား " " အဟဲ ဦးလေးကလည်းသိရဲ့ သားနဲ့ 

ဖြစ်ချင်တဲ့စိတ် လုပ်ချင်တဲ့စိတ် တစ်ခုတည်းသာ ရှိပါစေ

Image
လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။  အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင်ထဲမှာ အလုပ်လုပ်နေသော ကျောင်းနေအရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။ ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ စိုးသောကြောင် သူဟာ ဘူတာရုံမှာ နေပါတယ်။ အဝတ်အစားဆိုလျှင်လည်း ဝယ်ပြီးမဝတ်ပါဘူး။ လမ်းဘေးမှာ သူများတွေ ပစ်ထားသော အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ အစားအသောက်ဆိုလျှင်လည်း ချို့ချို့တည့်တည့် စားပြီး ပိုက်ဆံကို စုဆောင်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက်မှာ သူ၏ အသက်ဟာ ၉၀ ရှိပါပြီ။ တရုတ်နိုင်ငံမှ တန်ဂျင်ရိုဟ ဆိုတဲ့ အလယ်တန်းကျောင်းကို သွားခဲ့ပါတယ်။ ထို့နောက် သူဟာ အခုလိုပြောပါတယ်။ " ကျွန်တော်

မိတ်ကပ် လိမ်းမထားသော်လည်း ကြည့်ကောင်းစေမည့် နည်းလမ်းများ

Image
  မိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာ အသားအရေ ကြည်လင်ပြီး ကြည့်ကောင်း   နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပကြည့်ကောင်း စေဖို့ အောက်ပါ နည်းလမ်းများကို လိုက်နာ သင့်ပါတယ်။ ကိုယ်တွင်းမှ အားဖြည့်ပါ အသားအရေ တင်းရင်းလှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရှိသင့်ပါ။ ပြီးရင် ရေကို တစ်နေ့ ၅ - ၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အ ရေးကြောင်း မထင်ဖို့နဲ့ မျက်ကွင်းမညိုဖို့ ကာကွယ်ပေးပါတယ်။ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ အသားအရေ ထိန်းသိမ်းတာဟာ မိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့် အဓိကသော့ချက် ဖြစ်ပါတယ်။ မျက်နှာ အသားအရေ လှပကြည့်ကောင်းစေဖို့ အ ခြေခံ အသားအရေ ထိန်းသိမ်းနည်းဖြစ် တဲ့ မျက်နှာကို

Sperm comes from သုက်ရည် ဘယ်ကလာသလဲ

Image
ယောက်ျား သုက်ရည်ဟာ ဘယ်ကလာသလဲ။ အများကတော့ သုက်ရည်ထွက်ပြီးရင် ဒူးတွေချောင် အားတွေ ကုန်လို့ သုက်ကို ရိုးတွင်းချည်ဆီကလာတယ်လို့ ပြောကြတယ်။ အဲ့ဒါမှန်ပါသလား။ (မာစတာ ဘေးရှင်း) လုပ်လို့ သုက်လွှတ်ခြင်းနှင့် သဘာဝဆက်ဆံလို့ သုတ်လွှတ်ခြင်း နှစ်ချက်တွင် နှစ်ခုလုံးက သင့်လျှော်ပါသလား။ (မာစတာဘေးရှင်း) လုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသလား။ တစ်ရက်ကို သုတ်ဘယ်နှစ်ခါလွှတ်ရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါသလဲ။ မည်သည့် အသက်အပိုင်းအခြား ရောက်လျှင် သုတ်လွှတ်ခြင်းကို ရပ်ဆိုင်းသင့်ပါသလဲ။ သုက်လွှတ်နည်းခြင်း၊ များခြင်း၊ လုံးလုံး မလွှတ်ခြင်း မည်သည့် အချက်သည် ကျန်းမာရေးနှင့် သင့်တော်ပါသလဲ။ ကျန်းမာရေးနှင့် သင့်တော်အောင် ဘယ်လို

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း

Image
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ  ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို  မေးတာပါ၊ရင်ဖွင့်တာပါရှင့်။  ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမအရမ်းချစ်တဲ့  ချစ်သူတယောက် ရှိပါတယ်။  ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူမနေဘူးပါဘူး။ ချစ်သူရှိတယ်ဆိုတာကလည်းသူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့  အကျင့် ဖြစ်သွားခဲ့ပါတယ်။  ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁နှစ်လောက်ထိ  လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ လုပ်ပါတယ်။မလုပ်ရင်လည်းကျမတကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ  အပြစ်ရှိလားရှင့်။ အခု  ကျမပြောချင်တာက ကျမရဲ့  သားအိမ်လို့ထင်ရတဲ့ဘယ်ဘက်ဆီးခုံအထက်နားကတခါတခါဆိုရင် အရမ်းနာပါတယ်။ဆိုင်ကယ်စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။  နောက်ပြီးလိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း

ကွယ်လွန်သွားသော ဟစ်တလာ၏ သက်တော်စောင့်

Image
ဂျာမန် နာဇီ ခေါင်ဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာရဲ့ နောက်ဆုံးနေ့တွေနဲ့ ပတ်သက်ပြီး မျက်မြင်သက် သေ ထွက်ဆိုခဲ့သူ နောက်ဆုံး လက်ကျန် တစ်ဦးဖြစ်တဲ့ ဟစ်တလာရဲ့ သက်တော်စောင့်လုပ်ခဲ့သူ အသက် ၉၆ နှစ် အရွယ် ရောဟူမစ်ရှ် တစ်ယောက် ဒီကနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ ဟစ်တလာရဲ့ သက်တော်စောင့်တပ်မှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်း ခဲ့သူ ဖြစ်ပြီး များသော အားဖြင့်တော့ တယ်လီးဖုန်း ဆက်သွယ်ပြောကြားရသူ အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ မစ္စတာ မစ်ရှ်ဟာ ဟစ်တလာရဲ့ ဌာနချုပ်မှာ ၅ နှစ်ကြာ တာဝန်ပေးခြင်း ခံခဲ့ရသူ ဖြစ်ပြီး ဟစ်တလာ သူ့ ကိုယ်သူ သတ်မသေခင် အသက်ရှင်ရက် နောက် ဆုံး တွေ့ခဲ့ ရ သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ စစ်ပွဲတွေပြီးတော့ မစ္စတာ မစ်ရှ်ဟာ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုမှာ ၉ နှစ်ကြာ အကျဉ်းကျ ခံခဲ့ပါတယ်။ သူဟာ မသေခင်အချိန်အထိကို ဟစ်တလာအပေါ် သစ္စာစောင့်သိခဲ့သူ ဖြစ်ပြီး ဟစ်တ လာ့ကို အင်မတန် အားကျစရာကောင်းတဲ့ အကြီးအကဲလို့ သူက ခေါ်ဝေါ်ခဲ့ပါတယ်။ BBC

အလုပ်မှာ ပျော်စေရန် နည်းလမ်း

Image
အလုပ်မှာ ပျော်စေရန် နည်းလမ်း ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ  ပျော်ရွှင်မှုများ ပျောက် ဆုံး  နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ 1. Surround yourself with people who love their work တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။ 2. Work to improve your strengths and talents Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်

သစ်သားနှင့် သံချောင်း

Image
စာရေးတယ်ဆိုတာ ခက်တော့အခက်သား။ ရေးဦးမှပဲလို့ တွေးနေပေမယ့် ရေးစရာအကြောင်းက မည်မည်ရရ ရှိချင်မှရှိတတ်တာကိုး။ မအားလို့ မရေးတော့ဘူး ဆိုခါမှ ရေးစရာကုန်ကြမ်းလေးက ရလာရင်တော့လည်း အချိန်မရတဲ့ကြားထဲကပဲ ရေးဖြစ်သွားတတ်တာမျိုး ဖြစ်သည်။ ဒီရက်ပိုင်းတွေ အချိန်ရလှသည် မဟုတ်ပါ။ သို့သော်လည်း ရေးစရာ အတွေးလေးက ရလာပြန်တော့လည်း  ရေးဖြစ်သွားသည် ဆိုပါတော့။ ခေတ်ပြောင်းစနစ်ပြောင်းဆိုတော့ အရပ်ဘက်လှုပ်ရှားမှုတွေက ပေါမှပေါဖြစ်သည်။ ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေ ပေါလှသည်။ ကောင်းပါသည်။ ဒီလိုဖြစ်သင့်တာ ကြာပါပြီ။ တစ်နေ့ကလည်းအခမ်းအနားတစ်ခုကို  ရောက်ဖြစ်သည်။ ဟောပြောပွဲဆိုဆို၊ တွေ့ဆုံပွဲဆိုဆို သက်ကြီးစကား သက်ငယ်ကြားတော့ ဖြစ်သည်ပေါ့။ အနည်းဆုံးတော့ စင်ပေါ်တက်သူတွေက ကိုယ့်အထုပ်ကို  ဖြေပြတတ်ကြသည်ဖြစ်ရာ သူတို့အထုပ်ကို ကြည့်ခွင့်ရသည်ဟု  အောက်မေ့ပါသည်။ အခုနောက်ပိုင်း ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ အဲသလိုသဘောမျိုးနှင့် ကြည့်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် တရားပွဲပင်ဖြစ်စေ အကုန်လုံးကို မှန်လှပါဟု လုပ်ချင်မှလုပ်တော့သည်။ မရှင်းတာကို မရှင်းသလို ထားမိ လာသည်။ မကြိုက်သည်ကို မကြိုက်ပါဟု ကိုယ့်ကိုယ်ကိုယ်  ပြောဖြစ်လာသည်။ တစ်ခုတော

စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ

Image
လူငယ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ ပညာရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာ တင်ပြသွားပါမယ်။ အဲဒီလိုတင်ပြရာမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းအား မြှင့်တင်ဖို့အတွက် အခရာဖြစ်တဲ့ မိဘတွေရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီခေတ်မှာ လူငယ်တော်တော်များများက စာသိပ်မဖတ်ကြဘူး။ ဂိမ်းဆော့တယ်၊ ဖေ့ဘုတ်စ်သုံးတယ်၊ အင်တာနက်မှာ အချိန်ဖြုန်းတယ်ဆိုပြီး စာရေးသူနဲ့ သိတဲ့သူအချို့က သူတို့သား သမီးတွေကို စာကောင်း စာမွန်တွေ ဖတ်စေချင်ကြတယ်။ အဲဒီလိုစာဖတ်တယ် ဆိုတာ စာဖတ်ချင်စိတ် ရှိမှရတာ။ အဲဒီလို စာဖတ်ချင်စိတ်ရှိအောင်လည်း ကိုယ့်ဝန်းကျင်မှာ စာဖတ်နိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဆိုလိုတာက စာအုပ်စာကောင်းမရှိတဲ့ အိမ်မှာ ကိုယ့်ကလေးတွေကို စာဖတ်ပါလို့ချည်း ပြောနေလို့ မရဘူး။ သူတို့လက်လှမ်းမမီတဲ့ နေရာတိုင်းမှာ စာအုပ်စာကောင်းတွေ

မြောက်အရပ်မှ မဟာအိမ်နီးချင်း

Image
တရုတ်အကြောင်းကို မြန်မာတို့ သိသလိုလိုနှင့် တကယ်မသိခြင်းသည် နိုင်ငံကို အကျိုးယုတ်စေ သည်သာမက အန္တရာယ်လည်းကြီးသည်။ မြန်မာနှင့်တရုတ်အကြောင်း မသွားမီ တရုတ်၏ လက်ရှိအခြေအနေကို လေ့လာကြည့်ကြပါစို့။ တရုတ်စွာလာခြင်း တရုတ်သည် ၁၉၇၉ တွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး စကတည်းက အရှိန်မြန်စွာ တိုးတက်ကာ ၁၉၉၀ ခန့်တွင် အားလုံးသတိထားမိလာသည့် အခြေအနေသို့ ဆိုက်သည်။ ထိုအခါ တရုတ်နဂါးကြီး နိုးလာပြီဟု ကြောက်ကြပြီး အင်အားကြီးထွားလာခြင်းကို အိမ်နီးချင်းတို့ ကြောက်ရွံ့မည် စိုးသဖြင့် တရုတ်သည် “Rise” “မြင့်တက်ခြင်း” ဟုပင် မသုံးဘဲ “Peaceful Development” “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း” ဟု ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ဘဲ တိုးတက်ခြင်းဟု တမင်သုံးစွဲခဲ့သည်။ နိုင်ငံတကာ အရေးများတွင်လည်း မျက်စိစပါးမွှေး အစူးမခံရစေရန် တက်ထောင်မောင်းနင်း သိပ်မလုပ်ဘဲ ခပ်လျှိုလျှိုနေခဲ့သည်။ သို့သော် ၂၀၀၈ ဘေဂျင်းအိုလံပစ်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပအပြီးတွင် တရုတ်သည် ခေါင်းမော့ရင်ကော့လာသည်။ ယခင်ကထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလာကာ

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

Image
မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး  ဖြစ်တတ်ကြပါတယ်။ (၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထား ကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော် ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။ (၂) ဝသည်ဟု ထင်မြင်နေခြင်း မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို   ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင်  ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀

ဗုဒ္ဓဘာသာနှင့်အမျိုးသမီးများအခွင့်အရေး

Image
တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ  မေးပါလို့ ဆိုလိုက်တဲ့အခါ  မေးတတ်တဲ့  မေးခွန်းတစ်ခုက “တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊  တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..“ ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက ”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊  ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ  မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…”တဲ့။ မှန်ပါတယ်။  ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့်