Posts

Showing posts from September 6, 2013

ဆန့်ကျင်ဖက်ရဲ့ အလှတရား

Image
“စိတ်”...ဆိုတာ ပြောင်းလဲတတ်တယ် တဲ့ မတည်မြဲဘူး.. အမြဲတန်းပြောင်းလဲနေတဲ့အရာတဲ့..။ တချို့လူတွေ ဟာ ကိုယ်ဖြစ်ချင်တဲ့ အရာကို မဖြစ် ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်နဲ့ လုပ်တတ်ကြတယ်..(ဖြစ်အောင်အ ထိလဲစိတ်မပြောင်းတတ်ကြဘူး) ။ တချို့လူတွေကတော့ ရည်မှန်းထားတာကတစ်မျိုး... လက်တွေ့ရည်မှန်းတာနဲ့ မကိုက်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး မူလရည်မှန်းချက် မူလစိတ်ကနေ အခြေအနေကို လိုက်ပြီးတော့ ပြောင်းသွားတတ်ကြတယ်။ (လက်ရှိအခြေအနေရဲ့ ဦးဆောင်ရာနောက်ကို စိတ်ဓာတ်တွေ ယိုင်ပါသွားတတ်တယ်) ဥပမာ။ ။ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်မယ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ မထင်မှတ်ပဲ စာမေးပွဲ ကျသွားတဲ့အခါ ပါတ်ဝန်ကျင်ရဲ့ရိုက်ခတ်မှုနဲ

မြန်မာအလှမယ်တို့၏ နိုင်ငံတကာတစ်ကျော့ပြန်

Image
နိုင်ငံတကာအဆင့် အလှမယ် ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့သော မြန်မာနိုင်ငံတွင် ‘Miss International’ ဟူသော စကားလုံးသည် ပြီးခဲ့သည့်နှစ်ကမှစ၍ လူပြောများ ရေပန်းစားပြီး စိတ်ဝင်စားစရာ စကားလုံးတစ်လုံး ဖြစ်လာခဲ့ကာ ယခုအချိန်သည် နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာ့အလှမယ်များ သွားရောက် ယှဉ်ပြိုင်လာချိန်၊ ယှဉ်ပြိုင်ရန်တာစူနေချိန် ဖြစ်သည်။ နိုင်ငံတကာနှင့် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်မှုအရပ်ရပ် အပြောင်းအလဲ ရှိလာချိန်တွင် ဖြစ်ထွန်းလာသော ပြောင်းလဲမှုတစ်ခုပင်။ ယင်းလူပြောများလာသော စကားလုံးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ကျင်းပခဲ့သော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု၍ နန်းခင်ဇေယျာ သွားရောက် ယှဉ်ပြိုင်ခြင်းမှ အစပြုခဲ့သည်။ ပြင်ဆင်ချိန်နည်း၊ အတွေ့ အကြုံနည်း အနေအထားရှိ နိုင်ငံမှသွားသော်ငြား ပွဲဦးထွက်လည်းဖြစ်၊ မြန်မာဆိုသော အသိစိတ်ဓာတ်ဖြင့် အားပေးမှုများကြောင့် Miss Internet ဆုကိုရရှိခဲ့ပြီး People Choice Award, Ambassador Beauty ခေါင်းစဉ်ဆုများလည်း ရရှိခဲ့သည်။ ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင်

အားရင် ဖတ်ကြည့်ပေးပါ

Image
၁။ မေ့ပစ်သင့်တဲ့ အရာတွေကို မေ့ပစ်သင့်တယ်။ ၂။ မမြင်ချင်ယောင်ဆောင်သင့်တဲ့ အရာတွေကို မမြင်ချင်ယောင်ဆောင်ရတယ်။ ၃။ မချစ်သင့်တဲ့လူကို မချစ်သင့်ပါဘူး။ ၄။ မုန်းသင့်တဲ့အရာကို မမုန်းပဲ သဘောထားကြီးစွာနဲ့ ခွင့်လွတ်ပေးပါ။ ၅။ ကိုယ့်ကိုအလေးအနက်မထားတဲ့လူကို ကိုယ်က အရမ်းအလေးအနက်မထားပဲ လျှစ်လျှူပြန်ရှုထားနိုင်အောင် နေပါ။ ၆။ ကိုယ်က စကားတစ်ခွန်းကို လေးနက်စွာနဲ့ ပြောတာကို အလေးအနက် နားမထောင်တတ်တဲ့လူကို နောက် မပြောမိအောင် နေပါ။ ၇။ ကိုယ့်ချစ်သူလုပ်နေတဲ့ အကြောင်းအရာအားလုံးကို လိုက်ပြီး သိချင်မနေပဲ တစ်ချို့ကို

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

Image
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်.... ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ.... ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်.... ၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ

မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား

Image
နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။ အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။ မေး။ ညီမလေးမင်္ဂလာပါဗျာ NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့် မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာသာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူး NTM။ နန်းနန်းအနေနဲ့ ပထမဆုံးပြောချင်တာ နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူးဆိုတာပါ။ ပြီးတော့ အဲဒီဥပဒေထဲက အချက်တွေကိုလည်း အများကြီးမဖတ်ဖူးပါဘူး။ ဒါပေမယ့် အဲလိုမျိုးကန့် သတ်မှုတွေရှိနေတာမျိုးကြီးတွေ မနှစ်သက်ပါဘူး။ လူကိုလူလို့ ပဲမြင်ပါတယ်။ ဥူးဝီရသူကိုလည်း သံဃာတစ်ပါးအနေနဲ့ ရှုမြင်ဖို့ နန်းနန်းနည်းနည်းတွေဝေမိပါတယ်။ ဘုရားရှင်ရဲ့ သားတော်တစ်ပါးကို ဝေဖန်ဖို့ လည်း နန်

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်

Image
*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။* ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။ ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်

မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမီးများ အများဆုံးပါဝင်

Image
မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ် ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။ ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ် တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။ ''ဒီနှစ်လာရောက်ဆေးဖြတ် သူတွေမှာလူငယ်တွေပိုများတယ်။ နောက်ပိုင်းမိန်းကလေးတွေပါ ပါ

မြို့ပတ်အထူးတွဲပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာသတင်း

Image
မြို့ပတ်ရထားအထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြား သိရသော်လည်း တရားဝင်တိုင်ကြားမှု များမရှိသေး ဟု မြန်မာ့မီးရထားမှ ရန် ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။ ''ကျွန်တော်တို့အနေနဲ့ကတော့ သူ တို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင်တယ်။ သိပ်ကြီးလွန်လွန် ကဲကဲ ဖြစ်လာ ရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။ မြို့ပတ်အထူးတွဲများပေါ်၌ ရထား ရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက် မှတ်သိမ်းဝန်ထမ်းများပါရှိကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။ ''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက် ပါ အရာရှိက ဆက်လက်ပြောသည်။ ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ

Image
အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ (၁)ဂျုံ မှုန့်အကြမ်း အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ (၂)ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သေ

ကျွန်မတို့လို မိန်းကလေးများ သတိထားစေချင်

Image
တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွားတတ်ကြ ပါသည်။ ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွားတတ်ပါသည်။ အဲဒီအချိန်မှာ ပြန်ပြင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။ သို့သော် သဘာဝတရားမို့ မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။ အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည် အထိ အဆိပ်ပြင်းပါသည်။ ယခုအခါ အလွန်တိုးတက်သဖြင့် လိင်စိတ်ကို ပြင်းထန် ထကြွစေသည့် ကော်ဖီမစ်ဖြစ်စေ ပီကေဖြစ်စေ

ရန်သူလို့ သဘောမထားပါနဲ့ (ဆရာတော်ဦးဇောတိက)

Image
“ ရန်သူလို့ သဘောမထားပါနဲ့ ” တစ်ယောက်ကိုတစ်ယောက် ရန်သူလို့ သဘောထားရင် ပြဿနာဖြေရှင်းရတာ အင်မတန် ခက်သွားတယ်။ ရန်သူလို့ သဘောမထားပါနဲ့။ တစ်ဖက်သားကို ရန်သူလို့သဘောထားရင် သူ့ရဲ့အဆိုးဆုံးတွေကိုပဲ ရှာဖွေပြီး ကြည့်တော့မှာနော်။ အကောင်းကို မကြည့်တော့ဘူး။ နဲနဲလောက်ဆိုးတာကို အကြီးကြီးဖြစ်အောင် လုပ်တော့မယ်။ နဲနဲလောက်မှားတာကို အကြီးအကျယ်အမှားကြီးဖြစ်အောင် လုပ်တော့မယ်။ မတော်တဆ ပြောမှားဆိုမှားလေး တစ်ခွန်းဖြစ်သွားတာကို ဒါငါ့ကို တမင်တကာ စောင်းတာ၊ မြောင်းတာ၊ ချိတ်တာ၊ ရန်လုပ်တာလို့ ထင်တော့မှာပဲနော်။ အပြစ်ကိုရှာရင် အပြစ်တွေ့မှာပဲ။ အပြစ်မတွေ့နိုင်တဲ့သူရယ်လို့ အင်မတန်ရှားတယ်။ တစ်ဖက်သားက မတော်တဆမှားတာမျိုး၊ အကျင့်ပါနေလို့ မှားတာမျိုးကို တမင်တကာ အပြစ်မရှာသင့်ဘူး။ ကိုယ်ကနဂိုထဲကရန်သူလို့ သဘောထားလိုက်ရင်တော့ အဲသလို သေးသေးလေးတွေကအစ အကုန်အပြစ်မြင်တော့တာပဲနော်။ ကောင်းတာလေးတွေရှိပါတယ်။ ကောင်းကွက်ကို မမြင်ဟန်ဆောင်ပြီးတော့

ရင်ခွင်တစ်ယောက်တစ်ခြမ်း

Image
ရင်ခွင်တစ်ယောက်တစ်ခြမ်း ကမ်းစပ်ကို လှိုင်းလေးတွေ လာလာပုတ်နေတာကို ငေးကြည့်ရင်း.. ကျွန်တော်လေ တစ်စုံတစ်ယောက်ကို စောင့်နေတယ်.. ကျွန်တော် စောင့်နေတဲ့သူက ဘယ်သူမှန်းလဲ သေချာမသိပေမယ့် သိနေတဲ့ ခံစားချက်ကတော့ ... တစ်ဒိတ်ဒိတ်နဲ့ ခုန်နေတဲ့ ရင်ခွင်ထဲက အသံတစ်စုံပါပဲ.. ဟိုးးးးးးးးးးး အဝေးကြီးက ခြေသံလေးတစ်ခု ..တဖြည်းဖြည်းနဲ့ နီးလာသလို စိတ်ရဲ့အလျဉ်မှာ သူလာနေပြီဆိုတဲ့ အသိနဲ့ ကျွန်တော် တုန်ရီ လှိုက်မောစွာ .. ခေါင်းလေးကို အသာငဲ့ သူလာရာလမ်းဆီ တိတ်တိတ်လေး ခိုးမျှော်ကြည့်မိတယ်.. ပထမဆုံး မြင်လိုက်ရတာက ..အနီရဲရဲ ဖိနပ်တစ်စုံ .. တာရာမင်းဝေ ရေးသလို...အစိမ်းရောင် ကြက်ခြေခတ်လေးတော့ ခတ်မထားပါဘူး ဒါပေမယ့် ... ရိုးရိုးလေးနဲ့ အရမ်းကို လှတဲ့ ခြေတစ်စုံမှာ အနီရောင် အကွပ်လေးနဲ့ ဒေါက်မြင့် ဖိနပ်လေးတစ်စုံက ... ကျွန်တော့်ရင်ကိုခုန်စေတယ် … သူလာနေပြီ... အနားမှာ တိတ်တဆိတ်လာထိုင်ပြီး ...မောင်လို့ ခေါ်လိုက်တဲ့ အခိုက်မှာ.. ကျွန်တော် ကမ္ဘာတစ်ခြမ်း နေမထွက်ပဲ လင်းလက်သွားခဲ့တယ်.. ဘယ်ကနေ ဘယ်လိုနှုတ်ဖျားက ထွက်ကျသွားသလဲ မသိပေမယ့် ''ခက်'' ဆိုတဲ့ အသံလေးတစ်ခု ကျွန်တော်နှုတ်ခမ်းက ထွက်သွားတယ်ဆိုတာေ

သူနဲ့သူမပာာ ကပွဲခန်းမတစ်ခုမှာဆုံတွေ့ခဲ့ကြတယ်

Image
သူနဲ့သူမပာာ ကပွဲခန်းမတစ်ခုမှာဆုံတွေ့ခဲ့ ကြတယ် … ကောင်လေးက ကောင်မလေးကိုအရမ်းစိတ်ဝင်စားမိတယ် .. သူမပာာ ရိုးရှင်းတဲ့အလှနဲ့ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပဲသူ့မျက် လုံးထဲမှာတော့ … သူက သူမကိုအရမ်းချစ်မိတယ် … နောက်ဆုံးတော့ ကပွဲပြီးတဲ့အခါ သူမကို သူနဲ့အတူတူကော်ဖီသောက်ဖို့ သူဖိတ်ခေါ်မိတယ် … ကောင်မလေးက ပထမတော့ ကြောင်သွားပေမယ့် နောက်ဆုံးတော့ သူ့တောင်းဆိုချက်ကိုလိုက်လျောခဲ့တယ် … သူတို့ နှစ်ယောက်ကော်ဖီဆိုင်တစ်ခုကို အတူတူသွားကြတယ် … ကော်ဖီမှာသောက်ကြတယ် … ဒါပေမယ့် သူတို့နှစ်ယောက်လုံးပြောစရာ စကားက စပြီးရှာလို့မရဘူးဖြစ်နေတယ် … ကောင်မလေးကလည်း ဘာပြောရမှန်းမသိ ကောင်လေးကလည်း အရမ်းစိတ်လှုပ်ရှားနေတော့ ဘာပြောရမှန်းမသိနဲ့ပေါ့ … ကောင်မလေးကတော့ စိတ်ထဲမှာဒီလိုထိုင်နေမယ့်အ စား အိမ်ပြန်တာကမှပိုကောင်းသေးတ ယ်လို့စိတ်ထဲမှာစဉ်းစားနေမိ တယ် … အဲ့ချိန်မှာရုတ်တရက် စားပွဲထိုးက ကောင်လေးနားရောက်လာတော့ ကောင်လေးက စားပွဲထိုးကို

သူ့ဘ၀ကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်

Image
ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကား အနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်… ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်… သူ့ဘ၀ကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး… ဒါနဲ့သူ သူချစ်တဲ့သူကို ဖုန်းကနေတဆင့် ပုံပြင်တစ်ပုဒ်ပြောပြလိုက်တယ်… ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကိုဆိုလိုတာလဲဆိုတာကို သိလိုက်တယ်… ဒါပေမဲ့ သူဒီလိုဖြစ်ရပ်မျိုးကို ချက်ချင်းလက်မခံနိုင်ဘူး… ကောင်လေးက ကောင်မလေးကိုပြောလိုက်တယ်… သူ့ကို ၁၂ နာရီ အချိန်ပေးပါ… ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”   မိုးတဖြေးဖြေးလင်းလာပြီ… အရှေ့ဘက်ကနေ လင်းရောင်ခြည်ကို ၀ိုးတိုးဝါးတာမြင်နေရပြီ… ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှပပဖြစ်အောင် ပြင်ဆင်လိုက်တယ်… အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်… သူ့မှာ လက်မှိုင်ကျစရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်… အဲဒီ အချိန်မှာဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေးဆက်လာတာပါ… “ငါတညလုံး စဉ်းစာ

ကြီးပွါးကြောင်း (7) ရပ်

Image
ကြီးပွါးကြောင်း (7) ရပ် (၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။ (၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။ (၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ

အမျိုးသမီးများသို့

Image
အမျိုးသမီးများသို့ လက်မထပ်ရသေးငြား တအားမကြွားဝါနှင့် ဖူးစာဖောက်ပြား လွဲမှားခဲ့သော် အရှက်ရလိမ့် လက်မထပ်ရသေးငြား တအားမလိုက်လျောနှင့် ညားဖို့ကြောင်းကံ မလှပြန်သော် ကိုယ်ကျိုးနည်းလိမ့် လက်မထပ်ရသေးငြား အခွင့်အရေး များမပေးနှင့် ဝေးဖို့ကံသင့် ဖန်ခဲ့လေသော် အကျိုးနည်းလိမ့် လက်မထပ်ရသေးငြား မည်သို့မည်ပုံ ယုံအောင်လှည့်ဖျား အတည်ယူမည် ဘယ်သို့ယူမည် ကြည်ဖြူပါဟု သွေးသားအမှု

အချစ်နှင့် လက်ထပ်ခြင်း

Image
အချစ်နှင့် လက်ထပ်ခြင်း (ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်ရှင်) ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။ … “အချစ်ဆိုတာ ဘာလဲဗျ” ဆရာက ပြန်ဖြေပါတယ်။ “မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်” ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။ ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။ အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေ မိတယ်။ ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။ ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတ

ငါးဖယ်ချဉ် (ခ) ပုစွန်ချဉ် လုပ်နည်း

Image
အိသက်သားအကြီးက ပုစွန်ချဉ်အရမ်းကြိုက်ပါတယ်။ ပုံမှန်ပုစွန်ချဉ် လန်ဒန်အိမ်မှာ လုပ်စားဖြစ်တယ်။ ဒါကို လန်ဒန်လာလည်သွားတဲ့ သူ့အဘွား ဒေါ်သဲသဲလှုပ်များက ပုစွန်ချဉ်ပါပို့တဲ့ ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ၀ါးခယ်မကပါ။ ပုစွန်ချဉ် နာမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက ၀ါးခယ်မက ပုစွန်ချဉ်ဒိုင်ကို ရှယ်အော်ဒါမှာ ချဉ်ပြီးပြီးခြင်း ရန်ကုန်ကိုပို့ခိုင်းပါတယ်။ ကျွန်မတို့ ဓနုဖြူဆိုင်(လှည်းတန်း - အင်းစိန်) ဆိုင်မှာလည်း အဲဒီပုစွန်ချဉ်ပဲသုံးတာပါ။ (ဒါကကြော်ငြာ) တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျွန်မမေမေက ကျန်တဲ့ သူပို့ချင်သောပစ္စည်းများနဲ့ မနက် ၁၂ နာရီမကျော်ခင် နြှ က ပို့ရင် ဒီကို ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တစ်ခါပို့ရင် ၈ ပိဿာပို့ပါတယ်။ လမ်းမှာ ချဉ်ခိုင်းလိုက်တာပေါ့။ တစ်ခါတစ်ရံ မချဉ်သေးဘဲ

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ( ၇ ) ဆင့်

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ( ၇ ) ဆင့် အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *ဒါကတော့ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။ အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းကကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။ အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေနည်းနည်းစလာပြီ။ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့ပြီးသွားတာလေးတွေပါပဲ။ အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *ဒီအဆင့်မှာကတစ်ယောက်နဲ့တစ်ယောက်အကျင့်စရိုက်လေးတွေကို

ထိုင်းမှ ရွှေ့ပြောင်းလုပ်သားတွေ

Image
ထိုင်းမှ ရွှေ့ပြောင်းလုပ်သားတွေ ယာယီနိုင်ငံကူးလက်မှတ်(၄)နှစ်သက်တမ်းပြည့်သူကို ပြည်တော်ပြန်(၃)နှစ်နေပြီးမှ ထိုင်းကိုပြန်လာ အလုပ်လုပ်ခွင့်ဥပဒေထုတ်တာ ခုတော့ ထိုင်းအစိုးရက ပြန်ပြင်ပေးတဲ့အနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နယ်စပ်ကနေ အထွက်ပြ (၁)ရက်တည်းမြန်မာဘက်မှာနေ နောက်နေ့ပြန်လာ အဲသလိုလေးလုပ်ပေးလိုက်တယ်တဲ့...။ အဲသလိုဖြစ်ဖို့ ထိုင်းအစိုးရဖက်က သက်ဆိုင်ရာနဲ့ မြန်မာဖက်ကဝါးဆိုင်ရာတွေ  ဆွေးနွေးသဘောတူကြတယ်လို့ သိရတယ်..။ ရီစရာကောင်းတာတခုက ထိုင်းမှာရွှေ့ပြောင်းလုပ်သား ဒီပုံစံနဲ့ မြန်မာလူမျိုးတင်ရှိတာမဟုတ် ..လာအိုနဲ့ ကမ်ပူခြားလည်းရှိပါတယ်...ဒါပေမယ့် လာအိုနဲ့ ကမ်ပူခြားက ထိုင်းအစိုးရနဲ့ ဘာမှသဘောတူချက်တွေ

ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ

Image
ဘယ်လိုလူမျိုးကိုချစ်သင့်ပါ သလဲ … မင်းကို စိတ်ပူတတ်တဲ့လူမျိုးကိုချစ် ပါ… မင်းကို စိတ်ပူစေတဲ့လူမျိုးကိုမချစ် မိပါစေနဲ့… မင်းကို ပျော့ညံ့တဲ့ တဖက်ဝန်ခံရဲတဲ့သူကိုချစ်ပါ… ကိုယ့်ကိုယ်ကိုတော်တဲ့ကောင်းတဲ့ တဖက်ကိုဘဲ ပြနေတဲ့သူမျိုးကိုမချစ်မိပါ စေနဲ့… မင်းကို လက်တွဲမဲ့ သူကိုချစ်ပါ… နောက်ကျောကိုဘဲ အမြဲမြင်နေရမဲ့သူကို မချစ်မိပါစေနဲ့… မင်းကို လက်တွေ့ကျကျပြောနိုင်တဲ့သူကိုချစ်ပါ… လက်တွေ့မကျ အပြောကောင်းတဲ့သူကို မချစ်မိပါစေနဲ့… မင်းရဲ့နာမည် အစစ်အမှန်သိတဲ့သူကိုချစ်ပါ… ဘေဘီလို့ဘဲ ခေါ်ဖို့သိတဲ့သူကိုမချစ်မိပါ စေနဲ့…

Sex Coffee နှင့် Lady Coffee အကြောင်း ဗဟုသုတ အနေနဲ့ သိထားစေချင်တယ်

Image
Sex Coffee (XS-X0020-D) ဒါကိုတော့ ကြောညာသူတွေက Superior Brazilian coffee ဘရာဇီးကော်ဖီ အပြင်းစားလို့ နာမည်ပေးထားပါတယ်။ Fast thawing tea powder အပြော့စားလက်ဖက်ရည်လို့လဲ စာထဲမှာ ရေးထားပါတယ်။ အထဲမှာပါတာတွေကတော့ (၁) သကြားအဖြူမှုံ နဲ့ (၂) အမျိုးသမီးများစိတ်ကို တွန်းအားပြောင်းစေနိုင်တဲ့ ဓါတ်လည်း ပါတယ်လို့ ဆိုပါတယ်။ ဒါကိုသောက်လိုက်တဲ့ မိန်းကလေး၊ အမျိုးသမီးဟာ ဖြေးဖြေးချင်း ဒါတွေဖြစ်လာမယ်။ • Polypnoea အသက်ရှူမြန်လာမယ်၊ • Vagina itches မိန်မကိုယ်ယားယံလာမယ်၊ • Breast inflates ရင်သားထွားလာမယ်၊ • Cloudy water jet stream အင်္ဂါစိုစွပ်လာမယ်၊ • Sexual intercourse anxiously with the opposite sex ဆန့်ကျင်ဘက် လိင်ရှိသူနဲ့ အတူနေချင် စိတ်တွေ ပြင်းပြလာမယ်။ • Spends together with own sexual partner သူ့အဖေါ်နဲ့ အတူတူ အကြာကြီး ချစ်စခန်းဖွင့် နေလိမ့်မယ်။ သတိပေးချက်လည်းရေးထားပါတယ်။  ၁။ ဒါဟာ အကြင်လင်မယားတွေသာ သုံးရမှာဖြစ်တယ်။ ဒီလိုသာမသုံးရင် ဥပဒေနဲ့ မညီတာတွေဖြစ် လာစေနိုင် တယ်။ ၂။ အမျိုးသမီး (ကြီး) တွေမှာ ဗဂျိုင်းနား ခြောက်နေတာနဲ့ လိင်စိတ် ရှိသင့်တာထက် နည်းနေတာဆိုရင် သုံးနိုင်တယ်။ ဥပမာ သွေ

ကျွန်တော် မသိခဲ့သော သူတစ်ယောက် အကြောင်း

Image
  ဘ၀က တစ်ယောက်တည်း နေလာတာကြာတော့ အနေသားကျလာသည်... တကယ်တော့ ကျွန်တော် နေတဲ့ အခန်းက ပြုတင်းပေါက်မရှိတဲ့ ခပ်မှောင်မှောင် မြေအောက်ထက် က အခန်းငယ် တစ်ခုပါ ... လေအ၀င် အထွက် သိပ်မကောင်း သလို လူအ၀င်အထွက်လည်း ကျွန်တော်မှ လွဲ၍ မရှိသလောက်ပါပဲ... ဘေးအခန်းမှ သူနှင့်လည်း သိပ်မရင်းနှီးလှတော့ တွေ့ရင် နှုတ်ဆက်တာ ထက် သိပ်မပိုခဲ့ပါ... ကျွန်တော့် အခန်းထဲမှာ စာကြည့်စားပွဲ တစ်လုံး အိပ်ရာ နှင့် ဂစ်တာတစ်လုံးက လွဲ၍ တိုလီမုတ်စများသာ ဟိုနားတစ်စု ဒီနားတစ်စု ဖြစ်နေတတ်သည်။ အင်္ကျံအ၀တ်အစား ကျွန်တော်မှာ သိပ်မရှိပါ ။ ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်း နှစ်ထည် လောက်နှင့် နှစ်သက်တဲ့ T-Shirt လေးငါးထည်လောက်သာ လှည့်ပြီး ကျွန်တော် ၀တ်တတ်သည်။ မိသားစု နှင့် ခွဲနေတာကြာလာတော့ သူတို့နှင့် အဆက်အသွယ် သိပ်မရှိလှပါ ။ တခါတလေ အမေ့ကို ဖုန်းခေါ်တာကလွဲလို့ တခြား ဘယ်သူနှင့်မှ ကျွန်တော် စကားမပြောဖြစ်ပါ ။ အမေနှင့်ဖုန်းပြောရင်လည်း အဖေနေကောင်းလား အကိုနှင့် အမကော ဘယ်လိုလည်း .ကျန်းမာရေး ဂရုစိုက်နော် နှင့်

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ

Image
ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။ ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ် ဆိုက် ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ် မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို