Posts

Showing posts from October 2, 2013

တန်ဖိုးရှိသော စာစုလေး

Image
ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီး အခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။ ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။ “ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?” “မရခဲ့ပါဘူး” "ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"“ကျနော် ငယ်ငယ်

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)

Image
တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လို ဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေ အပေါင်းအသင်းတွေ ပြောတာကိုပဲ ဟုတ်နိုးနိုးနဲ့ လက်ခံနေရတာ များပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များက အမျိုးသား သန်းပေါင်းများစွာ (အာရှ၊ ဥရောပ၊ အမေရိကနဲ့ အာဖရိကပါမကျန်) အပေါ်ကို လေ့လာတွေ့ရှိ အတည်ပြုထားတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဆိုင်ရာ တွေ့ရှိချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူပြောတာမှ မယုံပါနဲ့။ သိပ္ပံနည်းကျတဲ့ လက်တွေ့ဆေးပညာစမ်းသပ်မှုတွေကို ဖတ်ကြည့်ပြီး အမှန်သိနိုင်ကြပါစေ။ (အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများဟာ မည်သည့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊

အမျိုးသမီးတွေ ဆန္ဒပြီးပြည့်တယ် ဆိုတာ…

Image
ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေ ချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါ တယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရ ဟပြီး ၀ါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန် အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။ အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့ လက်ဆုပ်လက်ကိုင် ပြစရာ

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ

Image
စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။ ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။ သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။ ကျွန်တော် ထပ်ပြောပါ့မယ်။ အဲဒါလည်း တစ်စက်ကလေးမှ အားငယ်စရာ မလိုပါဘူးခင်ဗျား။ ယောက်ျားတွေက ဣတ္ထိယတို့ရဲ့ ကိုယ်ခန္ဓာကို စွဲလန်း မက်မောရာမှာ ဘာကို မက်တာလဲ၊ ဘယ်နားလေးကို စွဲတာလဲဆိုတဲ

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

Image
မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။ (၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း   ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။   (၂) ဝသည်ဟု ထင်မြင်နေခြင်း မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။   (၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိ

အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း

Image
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေးဦးမှာတစ်ဦးဟာ ကာမကျူးလွန်မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။ ဒါဟာ အာရှတိုက်နိုင်ငံ (၆)နိုင်ငံက လူတစ်သောင်းကျော်ကို စစ်တမ်းကောက်ယူခြင်းကနေထွက် ပေါ်လာတာဖြစ်ပြီး အာရှတိုက်မှာ ဖြစ်ပွားနေတဲ့ လိင်ဆိုင်ရာ အကြမ်း ဖက်မှုတွေရဲ့ အဓိကနောက်ခံကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေထဲက တစ်ဝက်လောက်ဟာ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်ခဲ့တယ်

အမြင်မှန်မှ အမှန်မြင်မည်

Image
ယခုရက်ပိုင်း ဂျာနယ်တစ်စောင်မှာပါတဲ့ သတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြို့လေးမှာ အတော်ဂယက်ထသွားတယ် ခင်ဗျ။ ''ရိုးရာအယူအဆကြောင့်'' ''မာတင်္ဂမျိုး ရိုးကြောင့်'' တောင်းရမ်း စားသောက်နေရတဲ့ သူများနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာကျော် ပုဂံရွှေစည်းခုံ ဘုရားအနီးမှာ ရှိတဲ့အကြောင်း၊ မျက်ခမ်းစပ်ရောဂါ၊ အနာကြီးရောဂါ ဖြစ်ပွားနေသူတွေလည်းရှိပြီး ဆေးရုံ၊ ဆေးပေးခန်းများလည်း လိုအပ်နေတဲ့ အကြောင်းရေးသားထားတဲ့ သတင်းတစ်ပုဒ် အတွက်ကြောင့်ပါ။ ဒီသတင်းစာမျက်နှာကို ဒေသခံတစ်ဦးက ဓာတ်ပုံရိုက်ပြီး facebook တင်လိုက်တော့ သတင်းအပေါ် ပြစ်တင်ဝေဖန်သူတွေ၊ မခံမရပ်နိုင်ဖြစ်သူတွေ ချက်ချင်းတက်လာကြတယ်။ ကျွန်တော့်ဆီလည်း ဖုန်းနဲ့တစ်မျိုး၊ လူကိုယ်တိုင်တစ်သွယ် ရေးသားပေးဖို့ ပြောဆိုတဲ့သူတွေတောင် ရှိလာတယ်ခင်ဗျ။ သတင်းရေးသူက ဖွံ့ဖြိုးမှုနည်းတဲ့ နေရာဒေသပဲဆိုပြီး စေတနာနဲ့ ဖော်ထုတ်ပေးလိုက်တာ ဖြစ်နိုင်ပေမယ့် လက်ရှိအခြေအနေတွေနဲ့ တခြားစီဖြစ်နေပါတယ်။ မင်္ဂလာသာစည်ဆိုတာ ညောင်ဦး ရွှေစည်းခုံ ဘုရားခြေတော်ရင်းက ရပ်ကွက်တစ်ခုပါ။ ဆေးရုံ ဆေးပေးခန်း ဆိုတာလည်း ပုဂံညောင်ဦးမြို့မှာတော့

ဦးတေဇ အစီအစဉ်နဲ့ ထရုန်လူပုကလေးတဦး ရန်ကုန်ရောက်ရှိ

Image
ထရုန်အမျိုးသား လူပုကလေး ဦးဒါဝိတ် (ဓာတ်ပုံ – ထူးဖော်ဒေးရှင်း facebook မှ) ဦးတေဇ ထူထောင်ထားတဲ့ ထူးဖောင်ဒေးရှင်းရဲ့ စီစဉ်မှုနဲ့ ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်း ဝေးလံခေါင်ဖျား ဒေသမှာနေတဲ့ ထရုန်အမျိုးသား လူပုကလေး ဦးဒါဝိတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။ ကချင်ပြည်နယ်က လူပုလေးတယောက်ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဦးတေဇက ဘာကြောင့် ရန်ကုန်အထိ ခေါ်လာရသလဲ ဆိုတာကို တိတိကျကျ မသိရပေမယ့်လည်း စောင့်ကြည့်လေ့လာသူ တချို့ကတော့ တောင်ပေါ် အပန်းဖြေစခန်းတခု တည်ထောင်ဖို့ သူမျှော်လင့်နေတဲ့ မြောက်ပိုင်း ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးစားနေတာလို့ ယူဆကြပါတယ်။ ထရုန်လူမျိုးတွေဟာ အရှေ့တောင်အာရှမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ အရပ် ၄ ပေ မပြည့်တဲ့ ပစ်ဂမီ ခေါ် လူပု မျိုးနွယ်စုဝင်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထရုန်လူမျိုး အရေအတွက် နည်းပါး လာနေပြီး

ကလေးတို့ရဲ့ အနာဂတ်မှာ စိတ်ဒဏ်ရာ အနာတရ ကင်းပစေဖို့

Image
ကလေးတယောက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ မထိခိုက် မနာကျင်ရဘဲနဲ့ လုံလုံခြုံခြုံ ကြီးပြင်းဖို့ ဆိုတာ သိပ်ကိုမှ အရေးကြီးလှ ပါတယ်။ ကလေး ဆိုတာမျိုးဟာ ခြောက်လိုက်ရင် ကြောက်တတ်၊  ချော့လိုက်ရင် ပျော့တတ်သူများ ဖြစ်တာမို့  ကမ္ဘာ့နေရာများ၊ နိုင်ငံများမှာ ကလေးတို့ကို စိတ်ပိုင်း၊ ရုပ်ပိုင်း အနိုင်ကျင့်မှုတွေ သိပ်ကိုမှ များပြားလှပါတယ်။ တခြား တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အနိုင်ကျင့်လာရင် ဘယ်လို ကာကွယ်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာကို ကျောင်းတွေက သင်ပေးကြတာမျိုး၊ မိဘတွေက ပြောဆိုဆုံးမ ထားတာမျိုး ရှိပါတယ်။ ကျမတို့ ဆီမှာတော့ ဒီလို ကိစ္စမျိုးကို ကျောင်းတွေက သင်ပေးတာမျိုး အင်မတန်နည်းလှသေး သလို၊ မိဘများကလည်း အရေးတကြီး ကိစ္စတခု အနေနဲ့ ကလေးများကို သတိပေး သင်ကြားပေး ထားတာမျိုး မရှိပါဘူး။ ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။ အထူးသဖြင့် ကလေးတို့ရဲ့ လိင်ပိုင်း ဆိုင်ရာကို ထိခိုက်စော်ကား ခံရမှုကိစ္စမ

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

Image
ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမြင်ကွင်း  (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ) ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။ “တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ အချိန်မှာ ကိုယ်တိုင်က ဥပဒေကို လေးစား လိုက်နာသူ ဖြစ်ချင်တာကြောင့် ဧည့်စာရင်း တိုင်ဖြစ်ခဲ့တာပါ။ အံ့သြစရာ ကောင်းတာက ဧည့်စာရင်းတိုင်ရတဲ့ ကိစ္စဟာ တကျောင်း တဂါထာ၊ တရွာ တစ်ပုဒ်ဆန်း ဖြစ်နေတာပါပဲ။ တချို့နေရာတွေမှာ အိမ်ငှား စာချုပ်ကိုကြည့်ပြီး ၆ လ ငှားရင် ဧည့်စာရင်း စာအုပ်လုပ်ပြီး ၆ လစာ ပေးပါသတဲ့၊ အိမ်ငှားတာက တနှစ်ဆိုရင်

အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်မောင်လေးတွေကို ချစ်နေတဲ့ မမကြီးတို့ မဖြစ်မနေဖတ်ဖို့

Image
Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။ ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။ Q: သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။ ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်

ပြိုင်တူပြီးတာဟာ ချစ်တင်းနှောခြင်းရဲ့ အကောင်းဆုံးအရသာလား(+18)

Image
“ဇာတ်သိမ်းခန်း ရာဇ၀င်” တင်လိုက်တဲ့အခါမှာ “ရွှေစွန်”ဆိုတဲ့ နာမည်ဝှက်နဲ့ တစ်ယောက်က အင်္ဂလိပ်လို လှမ်းမေးလာပါတယ်။ အင်္ဂလိပ်စာ အခက်အခဲ ရှိသူများအတွက် နည်းနည်း ခက်မှာမို့လို့ သူနဲ့ ပြောဖြစ်တာလေးကို မြန်မာစကားနဲ့ ပြန်တင်ဆက်လိုက်ပါတယ်။ သူ့စာကိုတော့ ဘာသာပြန်ပြမနေတော့ပါဘူး။ လိုရင်းကိုပဲ ရေးပြပါ့မယ်။ သူက မေးလာတာက သူက သူ့အဖော်နဲ့ ချစ်တင်းနှောတဲ့အခါ သူ့အဖော်က အရင် ဇာတ်သိမ်းသွားလေ့ ရှိတယ်။ သူက နောက်ကျမှ ဇာတ်သိမ်းတယ်။ သူက ဆယ်မိနစ်လောက် ကြာတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ ပြိုင်တူ ဇာတ်သိမ်းတာကမှ ချစ်တင်းနှောခြင်းရဲ့ အနှစ်သာရ ပြည့်စုံတာလို့ ဆိုကြတယ်။ အဲဒါ ဟုတ်လားလို့ မေးလာတာပါ။ ပြိုင်တူ ဇာတ်သိမ်းခြင်းဟာ အပြာစာအုပ်တွေထဲမှာ တင်စားဖွဲ့နွဲ့ထားတာတွေ သက်သက်ပါ။ တစ်နည်းပြောရရင် ယုံတမ်းစကား ဒဏ္ဍာရီသာဖြစ်ပါတယ်။ ပြိုင်တူ ဇာတ်သိမ်းရလို့လည်း ချစ်အရသာ ပြည့်စုံတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ သည်နေရာမှာ အရေးတကြီး သတိထားသင့်တဲ့အချက်က အဲဒီ့အပြာစာအုပ်တွေ ရေးသားနေကြသူ အများစုဟာ “လူပြော မသန်”တွေ ဆိုတာပါပဲ။ သူတို့တွေရဲ့ စိတ်မှာ အုံ့ပုန်း ကျိတ်မြုံနေတာတွေ၊ အာသီသတွေကို စာတွေ ချရေးတဲ့နည်းနဲ့ ဖြေဖျောက်နေကြတာဖြစ်ပါတယ်။

ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘော

Image
လတ်တလော မစပ်စု စိတ်ဝင်စားမိ တာကတော့ Facebook စာမျက်နှာထက်မှာ ၀တ်စားဆင်ယင်မှု ပိုင်းရော၊ သရုပ်ဆောင် ပိုင်းမှာပါ အံ့သြရလောက်အောင် ပွင့်ပွင့် လင်းလင်း ပေါ်ပေါ်ထင်ထင် ရိုက်ကူး ပြသတတ်လို့ လူသိများတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာပဲ  ဖြစ်ပါတယ်။ သူက ၂၀၁၃ ခုနှစ် အစပိုင်းလောက် မှာ ဂျွန်လွင်ရဲ့ Stars & Models Agency က သင်တန်းဆင်း ခဲ့ပါတယ်။ ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း  ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊ သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို  ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။ Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်က တခြားဝက်ဘ်ဆိုက် တွေမှာပါ သူ့ဓာတ်ပုံတွေကို ဖော်ပြခံနေရတဲ့  မော်ဒယ်လ် ဇွန်သဉ္ဖာရဲ့ Facebook မှာ သူငယ်ချင်း ငါးထောင်

၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ

Image
ဓါတ်ပုံ - သွားလေသူ မလှလှထွေး စစ်တွေ ၊ ၁၁ ဇူလိုင်လ ၂၀၁၃ ၊ ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန် ခံရသူသေဆုံး သွားသည့် အတွက် ထွက်ပြေး ကာ တပ်ထဲဝင်သွားသည့် တရားခံ မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။ တပ်တောင်ရွာ အမှတ်(၆) ရပ်ကွက်နေ ဒေါ်အေးခိုင်နု၏ သမီး မလှလှထွေးအား ဗီဒီယိုသွားကြည့်ရန် ခေါ်သွားနေ ကျဖြစ်သူ အိမ်နီးချင်း (ကလေးနှစ်ယောက်ဖခင်) မောင်ဝင်းနိုင် ( အဘ၊ ဦးမောင်လှသိန်း၏ သား) က အဓမ္မပြုကျင့်ကြောင်းကို အသံကျယ်လောင်စွာဖြင့် ဟစ်အော်ငိုကြွေးပြီး လှလှထွေး က အခင်းဖြစ် သည့်နေ့ ည (၈) နာရီခန့်တွင် အိမ်ဝင်းထဲသို့ ၀င်လာပြီး မိခင်ဖြစ်သူအား တိုင်တမ်းခဲ့သည်။ မိခင်ဖြစ်သူမှာ တိုက်နယ်ဆေးရုံတာဝန်ခံဖြစ်သူ ဒေါ်အေးခိုင်ထံ သမီးကို ဆေးခန်းပြရန် ခေါ်သွားသော် လည်း ဒေါ်အေးခိုင်က အမ်းပြည်သူ့ဆေးရုံသို့သာ ခေါ်သွားရန် ပြောသည့်အတွက် ကားငှားပြီးသွားခဲ့ရာ ည (၁၂)နာရီ အချိန်တွင် ပြည်သူ့ဆေးရုံ ကြီးဝင်ပေါက်ဝသို့ ရောက်ခါနီးမှာပင် ထိုအချိန်တွင် သွေးထွက်

သမီးကို ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု အမှုဖွင့်

Image
သမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖခင်ဖြစ်သူကို အမှုဖွင့် တိုင်တန်းမှု တစ်ခု လှည်းကူးမြို့နယ် ညောင်နှစ်ပင် ရဲစခန်းတွင် သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ မိခင်ဖြစ်သူသည် ဈေးရောင်းရာမှ ပြန်လာစဉ် သမီးဖြစ်သူ၏ မျက်နှာလန်းဆန်းမှုမရှိသဖြင့် မေးမြန်းရာမှ ဖခင်ဖြစ်သူက အကြိမ်ကြိမ် အဓမ္မကျင့်နေသည့်ကိစ္စကို ဖွင့်ဟခဲ့သည်ဟု ရဲစခန်း၏ ထွက်ဆိုချက်မှတ် တမ်းတွင်တွေ့ရသည်။ အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်မှာ အသက် ၁၆ နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦး ဖြစ်သည်ကိုလည်း

အသက်(၁၂)နှစ်ရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားယားအဖြစ်ပြုကျင့်

Image
ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဖောင်တော်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီးသီးခူးရအောင်ဟု ဖခင်ဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူကို ပြောဆိုခေါ်ဆောင်ပြီး သီလရှင်ကျောင်း ဟောင်းကြီးပေါ်သို့ဆွဲတင်ကာ အလိုမ တူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။ “ ပြဿနာဖြစ်ပွားခဲ့တဲ့တာက ဒီလ ၄ ရက်နေ့ ညနေ ၂