Posts

Showing posts from January 8, 2014

နေရောင်အဟပ်ခံလိုက်ရတဲ့ အနွမ်းပန်းတစ်ပွင့်

Image
နိုင်ငံပြောင်းလဲလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလည်း အကုန်ပြောင်းလဲလာတယ်.. ဒီကြားထဲမှာ ငွေကြေးပြည့်စုံတဲ့သူအတွက် လုပ်ငန်းတွေ လုပ်လို့ကောင်းတဲ့အချိန်အခါပဲလေ.. ဒါပေမယ့် လက်လုပ်လက်စားဘ၀တွေအတွက် ကတော့ တွေးကြည့်စရာမလိုတော့ပါဘူး.... တစ်နေ့တစ်နေ့ ရုန်းကန်နေလိုက်ကြရတာ..နဖူးကချွေး ခြေမ ကျတဲ့အထိပါပဲ.... ဒီလိုဘ၀တွေအတွက် လက်ရှိ ပြောင်းလဲနေတဲ့ ဒီမိုကရေစီဆိုတာကရော သူတို့ဘ၀တွေကို အမှန်တကယ်ပြောင်းလဲပေးနိုင်ပါ့မလား...ငွေကြေးပြည့်စုံသူတွေအတွက်က စိတ်အေးချမ်းသာစွာနေနိုင်ကြတယ်..ဆင်းရဲနမ်းပါးသူတွေအတွက်ကတော့ ဘယ်လိုလုပ် အေးချမ်းအနိုင်အုံးမလဲဗျာ.....အဲဒီထဲမှာ တကယ်မအေးချမ်းနိုင်သေးတာ အရွယ်

စကားများများပြောခြင်း၏ အပြစ်ငါးပါး

Image
၁ ။ စကားများများ ပြောသဖြင့် မမှန်မကန်သော မုသာဝါဒ စကားများပြောမိခြင်း ။ ၂ ။ ပိသုဏ၀ါစာ ကုန်းတိုက် ၊ ချောပစ်စကား ပြောဆိုမိခြင်း ။ ၃ ။ အကျိုးမဲ့သော သမ္ဗပ္ပလာပ စကားပြောဆိုမိခြင်း ။ ၄ ။ ကြမ်းတမ်းယုတ်မာသော ဖရုသ၀ါစာ စကားကိုပြောမိခြင်း ။ ၅ ။ သေဆုံးပါက အပါယ်သို့ လားရခြင်း ။ ပညာတို့ နစ်မြုပ်ခြင်းအကြောင်း (၃) ပါး ၁ ။ တပည့်မိုက်ကို ပညာသင်ကြား လက်သုံးထားခြင်း ။

ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင်

Image
လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်... သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊ မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ် လုံး နဲ့ အသက် ( ၁၂ ) နှစ် အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ .... ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက် လောက် လိုချင် တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီး လုပ်စရာမလိုဘူး ... ရုပ် သန့်သန့်လေး ရှာပေး ပါ .... ဆိုပြီး ၊ ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့ အသားမည်းတာ ကြိုက်မှာ မဟုတ်မှန်း သိပေမယ့် သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျမှာပါ ... ဆိုပြီး ခေါ်လာပေး တာ.... ဖြစ်ပါတယ် .... သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့ နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက် ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က

အချစ်ရဲ့  အလှ အချစ်ရဲ့  အရသာ

Image
သူ အိပ်ပျော်သွားပြီ။သို့မဟုတ်လည်းသူ အိပ်ပျော်လုဆဲဆဲ ဖြစ်နေပြီ။ ကျွန်မ ပန်းချီဆွဲချင်သည်။ကျွန်မအတွက်ကိုယ်ဟန်ပြပေးဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့သော ယောက်င်္ကျားသည် ယခုအခါ ပန်းချီဆွဲခံရန်အကောင်းဆုံးကိုယ်ဟန်အနေအထားဖြင့် အဆင်သင့်ရှိနေပြီ။ အနီးမှာလည်း ထောင်စင်မှာ ချိတ်ထားသောအဖြူရောင်းကင်းဘတ်စ်က အဆင်သင့်ရှိနေသည်။ ကျွန်မ လိုအပ်သမျှမှာ အိပ်ရာပေါ်မှထထွက်လာပြီး ကင်းဘတ်စ်ရှေ့မှာ ထိုင်လိုက်ရုံပဲဖြစ်သည်။သို့သော် ကျွန်မသည်စိတ်ထဲကသာ ရွေ့လျားလျက် တကယ့်ကိုယ်ခန္ဓာက သည်အတိုင်း လဲလျောင်းနေမိသည်။ ပန်းချီစုတ်တံကို ကိုင်ရမည့်ကျွန်မ၏ညာလက်သည် သူ့ပခုံးစွန်းပေါ်မှာ ပက်လက်တင်လျက်ရှိသည်။ လက်ချောင်းကလေးတွေ၏ အပြင်ပိုင်းသည်သူ့ပခုံးစွန်းကို ထိကပ်လျက်ရှိသည်။ သူ့ပခုံးစွန်းသည်

ကျွန်မပုံ အင်တာနက်မှာ တက်လာတယ်

Image
 သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။ ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။ တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ်

လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ

Image
Sex ကိစ္စဆွဲဆောင်မူရှိအောင် ၀တ်ဆင်ထားသောမြန်မာ မိန်းကလေးတစ်ဦး

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့

Image
မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။ မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက် သွားပြီးပွင့်ပွင့်လင်းလင်းချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။ မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက် လို့ရအောင်ကို မြင့်ကြပါတယ်။ အခု လို ညဘက် လူပျိုလှည့်တဲ့ ဓလေ့မှာ ကာလသားဟာမိမိနှစ်သက်သဘောကျတဲ့မိန်းမပျိုကို ညဘက်အိမ်အောက်

အချစ်နဲ့ လိင်--- အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ

Image
အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။ ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့

မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား လျှို့ဝှက်ချက်များ

Image
မိန်းကလေးတွေရဲ့ အာရုံစိုက်မှု၊ နှစ်သက်မှုကို ရယူချင်ကြတာ ယောက်ျားလေးတွေတိုင်းရဲ့ သဘာဝပါပဲ။ ကံမကောင်းစွာနဲ့ပဲ၊ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို ယောက်ျားလေး တော်တော် များများက ပြိုပျက်အောင် ဖြိုဖျက်လိုက်မိကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ အချစ်ပေါ်မှာ ထားရှိတဲ့ စိတ်နေသဘာဝကို နားမလည်လို့ပဲ။ ဒါ့ကြောင့် အာရုံစိုက်မှု၊ နှစ်သက်မှုကို အပိုင်ရယူနိုင်ရမယ့် နေရာမှာ၊ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို အမှားအယွင်းတွေ ဖြစ်ကုန်တော့တာပေါ့။ မိန်းကလေးတွေဟာ…………………

အမျိုးသားနှင့် အမျိုးသမီး မတူညီသော အတွေးအခေါ်များ

Image
အမျိုးသားနှင့် အမျိုးသမီး မတူညီသော အတွေး အခေါ် များ(၁) အမျိုးသား တစ်ယောက်ဟာ ၂ ဒေါ်လာ ရှိရင် သူ့ချစ်သူ အတွက် ၁ ဒေါ်လာပေး တယ်။ အမျိုးသမီး တစ်ယောက်မှာ ၁ ဒေါ်လာရှိရင် သူ့ချစ် သူ အတွက် ၂ ဒေါ်လာ ရအောင် ဖန်တီးပေး တယ်။ (၂) အမျိုးသမီး တွေက အိမ်ထောင်မကျ သေးခင် မှာပဲ အနာဂတ် အတွက် စိုးရိမ်ကြတယ်။ အမျိုး သားတွေ က အိမ်ထောင်ကျပြီးမှ စိုးရိမ် ပှုပန်ကြ တယ်။ (၃) အောင်မြင်သော အမျိုးသားတွေဟာ သူ့ဇနီးအသုံး စရိတ်ထက် သာလွန်သော ငွေတွေကို

ဒီလိုယောင်္ကျားမျိုးကို မိန်းမများ ရူးရူးမူးမူး တမ်းတမ်းစွဲ ချစ်တတ်ကြသည်

Image
အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။ ၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။

အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး သံသယ ဖြစ်နေ သလား

Image
မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ သွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။ သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ ချင်းလည်း မတူညီ နိုင်ပါဘူး။ မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း တချို့ မိန်းကလေးတွေက အသန့် ကြိုက်လွန်း တာကြောင့် ကြော်ငြာ ကောင်းတဲ့ မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း

အသုံးကျသောမိန်းမနှင့် အသုံးမကျသော မိန်းမ

Image
တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။ တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီးအမြဲပျော်ရွှင်တယ်။ တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊  ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။ ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။ တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။ တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း (ရယ်စရာလေးပါပဲ)

” အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ “ ” ကညာမွန် အညာလွန် ချင်ရင် *ဆရာဝန်* ကိုရွေးပါ “ ” ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ “ ” အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် *ကျောင်းဆရာ* ကတော် လုပ်ပါ “ ” ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေရင် *ပြည်သူ့ ရဲ * တောင်မစဉ်းစားနဲ့ ” ” အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ ” ” အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် *နတ်ကတော်* လည်းမရွေးနဲ့ ”

” မ ” ဆီသို့

`မ´နဲ့ ကျွန်တော်ဟာ မိုင်ပေါင်းရာချီကွာဝေးတယ်။ တစ်နေ့နေ့ ဝေးကွာရမှန်းလည်း သိတယ်။ ဒါပေမဲ့ အရာအားလုံးကို လျစ်လျူရှု့ပြီးတော့၊ `မ´ကို ကျွန်တော်တစ်ဖက်သတ် ချစ်ခဲ့တာ `မ´သိရဲ့လား။ `မ´နဲ့ တွေ့ဆုံခဲ့တဲ့ အချိန်တိုင်းဟာ၊ ကျွန်တော်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ။ `မ´ပြုံးရင် ကျွန်တော်ပျော်တယ် သိလား။ အဲဒီလောက်နဲ့တောင် ပျော်နေတာ

IT ချစ်သူ

မင်းကငါ့ရဲ့ main sever ပါကောင်မလေးရယ်။ မင်းအပြုံးတွေကို Download လုပ်ပြီး သိမ်းထားရတာလဲ ရင်ဘက်တစ်ခုလုံး file တွေနဲ့ ပြည့်နေပြီပေါ့။ ဘယ်တော့များမှ မင်းရင်ထဲမှာ account တစ်ခုဖွင့်ခွင့်ရမှာလဲကွာ? မျက်လုံးခြင်း Chatting ထိုင်နေရရုံ နဲ့တင်ကျေနပ်မနေချင်တော့ဘူးလေ၊ မင်းမုန်းသွားမလားဆိုတဲ့အတွေးအတွက် Anti Virus Program တစ်ခုလောက် Run ပေးပါလား?

အချစ် နှင့် လက်ထပ်ခြင်း

Image
ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။ “အချစ်ဆိုတာ ဘာလဲဗျ” ... ဆရာက ပြန်ဖြေပါတယ်။ “မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။  နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်” ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။  ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။ ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။ အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေ မိတယ်။ ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက်

ဘ၀ရဲ့ အဖော်များ

Image
‘ခံစားမိသမျှ စိတ်ကူးတည့်ရာလေး’ ရေးမိတာပါ။ Happy Valentine’s Day to all my friends …….. အသက်အရွယ်ငယ်စဉ် ကျောင်းသားကျောင်းသူဘ၀မှာ ရည်းစားဖြစ်ကြတော့ သူကလည်း သိချင်သလို ကိုယ်ကလည်း မေးဘူးပါတယ်။ ‘Will you still love me tomorrow’ ဆိုတဲ့ မေးခွန်းလေး။ ဗမာလိုလဲ နာမည်ကြီးသီချင်း ရှိပါတယ်။ မူရင်းက အဆိုတော် နွဲ့ယဉ်ဝင်း သီဆိုခဲ့တဲ့ ‘သည်လိုပဲ မနက်ဖြန် ချစ်အုန်းမလား’ တဲ့။ ခဏခဏ မေးဘူးသလို ခဏခဏလဲ ဖြေဘူးပါတယ်။ သီချင်းခေါင်းစဉ်မှာပဲ အပြည့်အ၀ အဓိပ္ပါယ် ပါပြီးပါပြီ။ “မောင်က ပြောတော့ သိပ်ချစ်တယ်။ မေကလည်း မောင့်ကို အရမ်းချစ်တယ်။ သိပ် သိချင်လို့ နောက်ဆုံးတခေါက် ထပ်မေးဦးမယ်။ သည်လိုပဲ မနက်ဖြန် ချစ်အုန်းမလား ” …. တဲ့ ဆယ်ကျော်သက် ဘ၀မှာတော့ အိုး …

ဇရာလွှမ်းလဲ နွမ်းလို့မကြွေ

Image
  ကျောင်းစာသင်ခန်းများရဲ့ နောက်ဆုံးရာသီက တခုခု ထူးခြားနေသလို ထင်မိတယ်။ သုံးနှစ်ကျော်ကျော်မျှ လှုပ် ရှားသွားလာခဲ့တဲ့ ပတ်ဝန်း ကျင်တစ် ခုကို နှုတ်ဆက်ခွဲခွါ ထားခဲ့ရမှာမို့လေလား၊ ဆောင်းဦးရာသီရဲ့ ရွက်ကြွေစ တွေကပဲ လွမ်းချင့်ဖွယ် ရသတစ်ခုကို ဖန်တီးနေသမို့လေလား။ဒါမှမဟုတ် ဘဝအသိကပဲ ရင့်ရော်ခြင်းနိမိတ် တွေ ပိုမိုပေါ်ထင်အောင် ခေါ်ဆောင်ခဲ့လို့လေလားတော့ တိတိကျကျ ဝေခွဲမရနိုင်ပါဘူး။ ကြီးရင့်ခြင်း၊ အရွယ် လွန်ခြင်းဆိုတာနဲ့စပ်တဲ့ အတွေးတစ်ခုကိုတော့ မကြာခဏပဲ တွေးနေမိတယ်။ ခုလိုတွေးမိတတ်ကာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းမှာ အဖိုး အဖွားတွေရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲများနဲ့ တော်တော်များများ ဆုံဖြစ်ရတယ်။ အဖိုးအဖွားဆိုတဲ့ စကားလုံးကို တမင်ထည့်ပြောရတာက မွေးနေ့ရှင်တွေက ကိုယ့်အဖိုးအဖွားအရွယ်တွေမို့လို့ပါ။ အသက်ထင်ထင် ကျန်ရှိနေသေးတဲ့ တစ်ဦးတည်းသော ကိုယ့်အဖွားက အသက် ၉ဝ ကျော်။ ကွယ်လွန်သွားကြတဲ့ ကိုယ့်အဖိုးအဖွားတွေ အသက်ထင်ထင် ရှိနေဦးမယ်ဆိုလျင်လည်း ခုဆို ၉ဝ ဝန်းကျင်လောက်စီပေါ့။ ဒါကြောင့် ၉ဝ ဝန်းကျင်