Posts

Showing posts from September 9, 2013

ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်

Image
  ဟိုးရှေးရှေးတုန်းကပေါ့ .......... " ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်ရှိခဲ့တယ် .... တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ထဲကိုရောက်သွားခဲ့ပါတယ်  ကံ ကို အားကိုးတဲ့ ငါးလေးက ...... " တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် .. ၀ီရိယ ကို အားကိုးတဲ့ ငါးလေးကတော့ ...... " ဟ ကိုယ်တိုင်ကကြိုးစား အားထုတ်မူ့ မရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ ...

ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ

Image
လောကကြီးမှာ အထူးအဆန်းတွေတော်တော် များလာတယ် ပြောရမလားပါဘဲ။ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားတဲ့ သတင်းဗီဒီယို မှတ်တမ်း တခုကိုကြည့်လိုက်တော့ အံ့သြခဲ့ရပေမယ့် ဘ၀ဟာ တခါ တရံ ပြောင်း ပြန်တွေက အတည့်ဖြစ်တာလည်း ရှိတယ်လို့ ယူဆမိလိုက်ပါတယ်။ ထိုင်းလူမျိုးတွေဖြစ်ကြတဲ့ လိင်ခွဲစိတ်ထားတဲ့ မိန်းမလျာ တဦးနဲ့ ယောင်္ကျားလျာ တဦးတို့ရဲ့ အချစ်နဲ့ သူတို့ အိမ်ထောင်ရေးဖြစ်ရပ်ကို မှတ်တမ်း တင်ထားတာပါ။ ရိုမန်တစ် အချစ်လို့ တင်စားပြီး ဘန်ကောက် ပို့စ် က ဖော်ပြထားပါတယ်။ နောက်ဆုံးတော့လည်း ယောင်္ကျားနဲ့ မိန်းမ လက်ထပ်ဖြစ်တာတော့ မှန်ပေမယ့် ဓမ္မတာအတိုင်း မဟုတ်

မိန်းမအကြောင်းအချက်၃၀

Image
အရေးမပေးသင့် သောမိန်းမများ ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ....   အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့  ကုန်းကုန်းကွကွလုပ်တက်သောမိန်းမ.... ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ..... အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ.... စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင်ဝတ်တက်သောမိန်းမ....   ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ.... နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ.... ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ.... ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ.... မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ....

အများသုံးဘိုထိုင်အိမ်သာများမှ ကာလသားရောဂါနှင့် ဆီးလမ်းကြောင်းပိုးဝင်ရောဂါများ ကူးစက်နိုင်

Image
  ဇင်မျိုးထက်၊သြဂုတ်(၁၁)၊ရန် ကုန်တိုင်းနေ့စဉ်သတင်းစာ အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွ င် ကျန်းမာရေးသတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရော ဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှုလွယ်ကူနိုင်ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။ ယင်းကဲ့သို့ ဘိုထိုင်အိမ်သာ များ မသန့်ရှင်းခြင်းအားဖြင့် ကူး စက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါများနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။ ''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာ တကာ

ပီကေကြွေးပြီးအဝတ်မဲ့ ဓါတ်ပုံရိုက်အင်တာနက်ပေါ်တင်မည်ပြော

Image
ပေါ်ပြူလာဂျာနယ် သတင်းစာလေး ဖတ်မိလိုက်သောအခါ ... စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ  အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု  ပြည်မြို့တွင် ဖြစ်ပွား                 From : popular စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ   ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစ ကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည

လိင်ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း

Image
ကျမ္မာရေးဆေးပညာ ရှောင်ရန် အသက် (၁၈နှစ်)အောက်လုံးဝမဖတ်ပါနှင့်    စအိုကနေ၀င်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ၀မ်းလျော၊ ၀မ်းပျက်၊ ၀မ်းကိုက်၊ ကာလ၀မ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ၀င်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”၀င်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။ ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ၀မ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

Image
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက် ၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။ (Sub occipital headache) ၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။ (Tingling sensation of limbs) ၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။ (Fluttering or Tic of eyelids and facial muscles) ၄။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။ (Occassional constipation and fluctuation) ၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။

ယောက်ျားများကြောက်သော မိန်းမ

Image
ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။ ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ  ကြောက်ကြပါသလဲ။ မိန်းကလေး  တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။ (၁) ညစ်ပတ်သောမိန်းမ ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို   ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီ

ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)

ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ) ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။ Sleep Paralysis ကိုနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်း ဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူ တွေမှာသာ ပိုဖြစ်တတ် ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါ လောက်ပဲကြုံတတ် ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလို ပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ဆိုရင်

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ

Image
  ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာ အင်္ကျီချုပ်လုပ် ၀တ်ဆင်ကြ ကုန်၏ ။ ထို့နောက်တွင်မှ ခေတ်ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများ ၀တ်ဆင်၍  ခေတ်စားစ ပြုလာခဲ့သည်။  ၁၉၇၁-ခုနှစ်အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေးသည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။ ၀ံသာနုခေတ် ကောင်းစားစဉ်ကာလတွင်မူကား မြန်မာအမျိုးသမီး အချို့သည် အင်္ကျီပါးကို သပိတ်မှောက်၍ မြန်မာဖြစ် ပင်နီ အင်္ကျီ နှင့် ယောထမီများကို ၀တ်ဆင်ကြလေသည်။ အင်္ကျီပါး နှင့် ပတ်သက်၍လည်း တပေါင်များလည်း ပေါ်လာခဲ့သည်။ " အင်္ကျီ- အင်္ကျီပါးရယ်နှင့် မျက်ထား-မျက်ထားချို ၊ ပြုံးသလိုလို ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေလေကုန်ပေါ့ .. ကျွန်မ ဘင်္ဂါလီ" ဟူ၍ လည်းကောင်း ၊ " အင်္ကျီ- အင်္ကျီပါးရယ် နှင့် မျက်ထား-မျက်ထားချို ၊ ကုလားလိုလို ၊ ဗမာလိုလို ၊ ကျွန်မလက်ကိုဆွဲ ၊

ဘီယာသောက်သင့်သည့် အချက် (၁၀)ချက်

Image
ကျန်းမာရေး ၀က်ဆိုက်တခု ကတော့ ဘီယာသောက်ခြင်းနဲ့ ပတ်သတ်ပြီး ယခုလို ဆိုလိုက်ပါတယ်။ ဘီယာဟာ သောက်သင့်တဲ့ ယမကာ တစ်မျိုးဖြစ်ပါတယ် တဲ့ ။ ဘာလို့လဲ ဆိုတော့ ဘီယာမှာ ….. ၁။ ကိုလက်စရောကို မြင့်တင်ပေးနိုင်ခြင်း တကယ်လို့ သင်ဟာ ဘီယာကို နေ့စဉ် ပုံမှန်နှုန်းဖြင့် သောက်သုံးခဲ့မယ်ဆိုရင် ကိုယ်ခန္တာ ကိုယ်အတွင်းရှိ ကိုလက်စရော ရဲ့အချိုးကို သင့်တင့်မျှတစေ တယ်လို့ ဆို ပါတယ်။ လေ့လာချက်တွေ အရ ဘီယာမှာ ကိုလက်စရော ကို မြှင့်တက်စေတဲ့ အစွမ်းရှိပါတယ်တဲ့။ ၂။ အသက်ရှည်စေခြင်း လေ့လာမှု များစွာအရ ဘီယာသောက်သုံးခြင်း ဟာ အရက်သေစာသောက်သုံး သူတွေထက် ပိုပြီးကျန်းမာ အသက်ရှည်တယ် လို့ ဆိုပါတယ်။ ဥပမာ.. ညနေပိုင်း အလုပ်ပြန်ချိန် (သို့) သူငယ်ချင်းများနဲ့ ဘီယာဆိုင်ထိုင်တယ်ပဲ ဆိုပါစို့။ ၀ိုင်းဖွဲ့ပြီး စားသောက်၊စကားစမြည် ပြောခြင်းက သင့်မှာရှိတဲ့စိတ်ဖိစီးမှုပြေပျောက်စေခြင်း၊ စိတ်ရွှင်လန်းစေခြင်း စတဲ့ အချက်တွေက သင့်ကျန်းမာရေးကို တိုးတက်စေလို့ပဲ ဖြစ်ပါတယ်။ ၃။ ကယ်လိုရီပါဝင်မှု နည်းပါးခြင်း ဘီယာမှာ ကယ်လိုရီပါဝင်နှုံး နည်းပါတယ်။ နံနက် အိပ်ယာနိုး ပြီး တစ်နာရီ အတွင်း ဘီယာ တစ်ခွက်သောက်မယ်ဆိုရင် တစ်နေ့တာ ကယ်လိုရီကို အပြည့်ရရှိမှာ ဖြ

ဖား "ပြုတ်" ပုံဥပမာ..

Image
ဖား "ပြုတ်" ပုံဥပမာ... ဖားတစ်ကောင်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ထည့်လိုက်ရင် အဲဒီဖားဟာ ပူနေတဲ့ ခံစားမှုကြောင့် အိုးထဲကနေ ခုန်ထွက်လာမှာပါ။ ဒါပေမယ့် အဲဒီဖားကိုပဲ မီးဖိုပေါ်က ရေအေးအေးလေးထည့်ထားတဲ့ အိုးလေးထဲကို ထည့်လိုက်ရင်တော့ ဖားလေးဟာ ဘာအပူအပင်မှမရှိပဲ အိုးလေးထဲမှာ နေနေမှာပါ။ တစ်ခါ အဲဒီအိုးလေးကို မီးအပူ ခပ်ပါးပါးလေးပေးလိုက်ရင် အိုးထဲက ရောဟာ တစ်ဖြည်းဖြည်းနွေးလာပါတယ်။ အဲဒီအခါမှာ ဖားလေးဟာ ဒီရေနွေးနွေးလေး ထဲမှာပဲ သာယာနေမှာပါ။ ဒီလိုနဲ့ မီးအပူဆက်ပေးလိုက်တဲ့အခါ ရေနွေးငွေ့ တွေထွက်လာပြီး ရေဟာလည်း ပိုပြီး ပူလာပါတယ်။ အဲဒီအခါမှာတော့ ဖားလေးက ရေပူစမ်းက ရေကိုချိုးနေရသလိုပဲ ခံစားပြီး

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး

Image
အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။ သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ရင်သားကင်ဆာ ရင်သား ကင်ဆာ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါ ပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ် ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို မ

အရပ်ရှည်စေမည့် အစားအစာများ

Image
အရပ်ရှည်စေမည့် အစားအစာများ အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အ ရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။ ဗီတာမင် အေ ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရံ

ပြည်ပ

Image
"ပြည်ပ" "ပြည်ပ" ဆိုပြီးအထင်မကြီးလိုက်ပါနဲ့နော်။တစ်ချို့က မိမိ ပြည်ပ လုပ်တယ်ဆိုပြီး အထင်ကြီးခံချင်လို့ဘယ်အချိန်ပဲမေးမေး အဆင်ပြောလားဆို???အားလုံးပြေတယ် OK ပဲ....ဆိုပြီး လူ (၁၀၀) မှာ (၉၀)က အဲဒီလိုဖြေလေ့ဖြေထရှိပါတယ်။အဘ ယ်ကြောင့် ဆိုသော် ပြည်ပ လုပ်ပြီး မိမိ ရဲ့ အဆင်မပြေမှုကို လူအသိမခံချင်လို့ပေါ့။ကျန်တဲ့ လူ (၁၀)ယောက်က အမှန်အတိုင်းဖြေပါလိမ့်မ်။အဲဒါဟာ အဆင်မပြောပါဘူး။ဒီလိုပဲ သည်းခံပြီးလုပ်နေရတာပါ။ငွေ ကြောင့်ပေါ့။ငွေ သာမဟုတ်ရင် သူတို့ဆီမှာ ဘယ်သူက အလုပ်လုပ်မှာလဲပေါ့။အမှန်တော့ ကိုယ် လည်းပဲ အဲထဲပါတယ်လေ။ အဆင်ပြေရင် ပြေတာပေါ့။အဆင်မပြေရင် မပြေဘူးပေါ့။လိမ်စရာမှမဟုတ်တာနော်။ဘာမှအထင်ကြီး

ငါးပါးသီလ လွန်ကျူးအပြစ် နှင့် ရှောင်ကြဉ်ရကျိုး

Image
(က)ပါဏာတိပါတကံ လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး   လင်္ကာ ။ နှ င့် အဓိပ္ပါယ်မည်သည့် သက်ရှိသတ္တ၀ါကို မဆို ညှင်းဆဲသတ်ဖြတ်သော သူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်၊ငရဲမှ လွတ်၍ လူဖြစ်လာလျှင်သော်မှ- (၁) ကိုယ်အင်္ဂါချို့တဲ့တတ်ခြင်း၊ (၂) အရုပ်ဆိုးခြင်း၊ (၃) အားအင်ချိနဲ့ခြင်း၊ (၄) လျင်မြန်ဖျတ်လတ်မှုမရှိခြင်း ၊ (၅) ဘေးရန်နှင့်တွေ.က ကြောက်ရွံ့လွယ်ခြင်း၊ (၆) သူများသတ်၍ သေရခြင်း၊ မိမိကိုယ်ကို မိမိသတ်၍လည်း သေရခြင်း၊ (၇) အနာရောဂါများခြင်း၊ (၈) ခြွေရံပျက်စီးခြင်း၊ (၉) အသက်တိုခြင်း၊ ဤသို့ စသည်ဖြင့် များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။ လင်္ကာ ။ ။ ပါဏာတိပတ်၊ သူ.အသက်သတ်က၊ ချို.တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။ (ခ)အဒိန္နာဒါနကံ လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သက်ရှိ သက်မဲ့ပစ္စည်းကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ အာဏာဖြင့်ယူခြင်း၊ အလေး တင်းတောင်း ချိန်ခွင်တို့ဖြင့် လိမ်လည် လှည့်စား၍

HAPPY BIRTHDAY! ပါ

Image
မွေးနေ့မှာပျော်ရွှင်မူပေါင်းများစွာကိုရပါစေ၊နောက်နောင်မှာလဲ မိတ်ဆွေသူငယ်ချင်းတွေနှင့်အတူပျော်ရွှင်နိုင်ပါစေလို့ ဦးစွာပထမဆုတောင်းပေးလိုက်ပါတယ်။ ဒီနေ့(၁၆.၅.၂၀၁၂)ကျရောက်လာတဲ့ညခင်းရဲ့လမင်းမွေးနေ့မှာ ဦးဇင်း(လပြည့်ဝန်း)က ဓမ္မဒါနအမြတ်ရတနာလည်းယူရာရောက်အောင် ဓမ္မဒေသနာအမြတ်ရတနာလက်ဆောင်ပေးလိုက်ရပါတယ်။ ညခင်းလည်းစာရေးသူတစ်ယောက်ဖြစ်လေတော့ ဘာသာရေးဆိုင်ရာဗဟုသုတတွေတော်တော်များများသိပါလိမ့်မယ်၊ သိသည်ဖြစ်စေမသိသည်ဖြစ်စေအခုဦးဇင်းပြောမှာကတော့ ပိယင်ဇဟ မထေရ်ပြောခဲ့သော စကားလေးခွန်ပဲဖြစ်ပါတယ်။ (၁)မြင့်သူတွေရဲ့ကြားထဲမှာ နိမ့်သူအဖြစ်နေပါ။ မြင့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ သေယျမာန်၊သဒိသမာန်၊ဟီနမာန်တည်းသော မာန်မာနတွေဖြင့် ထောင်လွှာပြီးတော့နေနေတဲ့သူတွေရဲ့ကြားထဲမှာ

မယား (၇)ခုနှစ်မျိုး

Image
“ပထမအရေးကြီးဆုံးမှာမိမိနှင့်သင့်လျော်မည့်အိမ်ထောင်ဖက်ကိုဂရုစိုက်၍ရွေးချယ်ခြင်းဖြစ်တယ်…။ ဒုတိယအရေးကြီးဆုံးမှာအိမ်ထောင်ကျပြီးနောက်လင်နှင့်မယားနှစ်ဦးစလုံးတစ်ဦးကိုတစ်ဦး ရိုသေကိုင်းရှိုင်းခြင်းပင်ဖြစ်တ ယ်။” မြတ်ဗုဒ္ဓကသုဇာတာကို အကြောင်းပြုပြီး မယား(၇)ခုနစ်မျိုးရှိကြောင်းပြောပြထားပါတယ်။ ၁။သူသတ်နှင့်တူသော မယား။ (Hostile wife) သူသတ်နှင့်တူသောမယားဟူသည်မယားဖြစ်သူသည်အစီးအပွားကိုစောင့်ရှောက်လေ့မရှိဘူး၊ မိမိလင်မှတစ်ပါးတစ်ခြားသောယောက်ျားကိုတပ်မက်ခြင်းသဘောရှိသောမယားကို သူသတ်နှင့်တူသော မယားဟုခေါ်ပါတယ်။ ၂။ခိုးသူနှင့်တူသောမယား။(Stealing wife) ခိုးသူနှင့်တူသောမယားဟူသည်မယားဖြစ်သူသည်မိမိလင်ယောက်ျားရှာဖွေထားသောပစ္စည်းများကို လင်မသိအောင်တစ်ခြားသောသူများကိုပေးတတ်သောမယားကို ခိုးသူနှင့်တူသောမယားဟုခေါ်ပါတယ်။ ၃။အရှင်နှင့်တူသောမယား။(Uncomfortable wife) အရှင်နှင့်တူသောမယားဟူသည်မယားဖြစ်သူသည်အလုပ်အကိုင်လုပ်ရန်အလိုမရှိ၊ပျင်းရိတယ်၊

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ

Image
“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား  တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို  ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။ ၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။) ၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း

Image
(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း " နင့်ကိုငါချစ်တယ် " ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြား သူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။ (၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း " အခုပဲလာခဲ့မယ် " လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ

ရှိသမျှရောဂါချွတ် ပစ်လိုက်သလိုပျောက်သွား ရမယ်

Image
အာရုံစူးစိုက်လို့ မရပဲ စိတ်ကစင့် ကလျား ဖြစ်နေသလား... ဆရာမကိုသေချာကြည့် နော်..." တစ် " လား...." နှစ် " လား... အသက် ၂၆ နှစ်ရှိ စိတ်ကုပညာရှင် ( စိတ်ပညာရှင် ) ဆာရာဝှိုက်တစ်ယောက် သူမရဲ့ စိတ်ရောဂါဆိုင်ရာကုသမှုကုထုံး များထဲတွင် အမျိုးသားစိတ်ရောဂါဝေဒနာသည်များအား  စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုရအောင်သူမရဲ့ အ၀တ်အစား များအား တစ်ဆင့်ခြင်းချွတ်ပြမှု ပါဝင်အသုံးပြုခဲ့ ပါတယ်... အပျော်တမ်းကွန်ပြူတာပရိုဂမ်မာတစ်ယောက်လည်းဖြစ်သည့်  မစ္စ၀ှိုက်က သူမစိတ်ပညာဘာသာရပ်သင်ကြားခဲ့ ရစဉ် အသုံးပြုခဲ့ ကြသည့် သီအိုရီနည်းစနစ်များအား စိတ်တိုင်းမကျ၊ သဘောမတွေ့ ခဲ့ တာကြောင့် ယခုကဲ့ သို့ အွန်လိုင်းမှတစ်ဆင့် ဖော် ချွတ်ပြပြီးကုသသည့် နည်းအားအသုံးပြုဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်တယ် လို့  ပြောကြားခဲ့ ပါတယ်...

အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်း

Image
“ အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်း ” ရာသီဥတုလေးက အရမ်းကို သာရာနေပြီး ဆောင်းနှင်းတွေ တဖွဲဖွဲ ကြွေကျဆင်းနေတဲ့ မနက်ခင်းလေးရဲ့ အလှပက ကဗျာ ဆရာတွေတောင် လက်ဖျားခါလောက်အောင်ပါ။တစ်ကြိမ် တစ်ခါက လူတစ်ယောက် အမြဲပြောခဲ့ဖူးတဲ့ ဆောင်းနှင်းကြွေ ချယ်ရီမြေ အိပ်မက်ကလေးပါ။ ဆောင်းနှင်းတွေကြားထဲ လမ်းလျောက်ရင်းနဲ့ တစ်ကြိမ် တစ်ခါက အတိတ်အကြောင်းတွေကို ပြန်လည်တွေးမိရင်း နှင်းဖြူရဲ့ မျက်ဝမ်တစ်စုံက ငွေပုလဲဥ ဖြူဖြူလေးများ စတင်ကြဆင်းလာပါတော့သည်။ တစ်ချိန်က နှင်းဖြူရဲ့ ဘဝလေးသည် အရမ်းကိုအေးချမ်း သာရာလှပါသည်။အပူသောကတွေ ကင်းဝေးပြီး တည်ငြိမ်နေတဲ့ နှင်းရဲ့ ဘဝထဲကို အပူမီးဖွဲလေးတစ်ခု အမှတ်မထင် ဝင်ရောင်လာခဲ့ပါသည်။ (၂)...ဆောင်းနှင်း တစ်ယောက်ထဲထိုင်နေရင်း ဖုန်းကလေးကိုဖွင့်ကာ ဟိုဟိုဒီဒီနှိပ်ရင်းနဲ့ ကစားနေစဉ် လူတစ်ယောက် သူငယ်ချင်းလုပ်ရန်အတွက် facebook မှ အကောင့် လာအပ်သည်။ ပုံမှန်ဆို ဘယ်သူအကောင့် လာအပ်ပါစေ လက်မခံဖြစ်ပါ။သို့သော်

မနာလိုစိတ်၏ ထွက်ပေါက်

Image
နောက်တစ်ခုက လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲကဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊ ၀မ်းမသာကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့မှု မရှိဘူး၊ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။ အဲဒီအရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ

Image
(အသက် (၁၈) ပြည့်မှ ဖတ်ပါ)   အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။ ၁။ အရွယ်တင်နုပျိုစေပါတယ် တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ

“တို့ရွာသမိုင်း” (မင်းသုဝဏ်)

Image
“ တို့ရွာသမိုင်း ” (မင်းသုဝဏ်) သူတို့လာမှ တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည် တွေးတိုင်း တက်ခေါက်မိသတည်း။ ငါတို့ရွာတွင် မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊ ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။ နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။ သူတို့လာမှ တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။ စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။ တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။ ငါတို့ရွာတွင် ရှေးခါအရှက်၊ အကြောက်ဖက်၍ ကျင့်ပျက်အမှု၊ မကောင်းစုကို ပြုခဲပြောခဲ၊ တွေးကြံခဲ၏။ သူတို့လာမှ ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့် ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍ ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။ တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့် တယောက်တမျိုး၊ ထဲကြံခိုး၍ တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက် စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင် ညီညာသောလိုက်၊ အချိန်ဆိုက်သော် ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့် ၀ါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍ ရွာထဲရွာပြင်၊ တောတခွင်၌ (မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌) သမင်ကိုကျား၊ ချောင်းသောလားသို့ စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက် လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော် တို့ရွာသမိုင်း၊ အြ

လူရိုးလူအေးကြီး

Image
"လူရိုးလူအေးကြီး" ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊ အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ် ဒီနေ့တော့ သူ့မွေးနေ့လေ သူ့မိန်းမက စဉ်းစားတယ် 'သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက် ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ' ... ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ် ကလပ်ထဲဝင်တော့ ဧည့်ကြိုကောင်လေးက လှမ်းနုတ်ဆက်တယ်... ... "ဟလို... ဆရာ၊ စောလှချည်လား"... တဲ့ မိန်းမလုပ်သူလဲ ဇဝေဇဝါဖြစ်သွားတာပေါ့... ...

နိဗ္ဗာန် ဘယ်မှာရှိ

Image
မိလိန္ဒမင်းကြီးက "အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊  စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား"လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က "ဘယ်ကာလမှာမှ မရှိဘူး"တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။ "ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား" "ရှိပါတယ်"၊ ဥပမာအားဖြင့် ၀ါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ၀ါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့

ကေတီဗွီ

Image
ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် ၃၅သန်းအတွက် ရှာကီရာဟာ သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို  ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။ အ င်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ  တဖွဲဖွဲဝင်လာမယ့် ရံပုံငွေ တွေပဲ။ ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက် ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီ တစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်။ ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်။ တစ်လ တစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ် ကောင်း ရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူး။ စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင် ကြဘူးလေ ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေ