Posts

Showing posts from June 30, 2014

"လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး "

Image
ဘ၀အမှီကောင်း လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။ တပည့်ဟာ ဆရာကို မှီခိုနေရတယ်။ သားသမီးများဟာ မိဘများကို မှီခိုနေရတယ်။ ဒီအတိုင်းပဲ သံသရာသွားတဲ့အခါ တရားအမှီအခိုရှိမှ ကောင်းတယ်။ ဘ၀အမှီကောင်း ရှာရတယ်။ သူတော်ကောင်းတွေကို မမှီခိုရလို့ မိမိကိုယ်ကိုယ် ကောင်းကောင်းထားဖို့ရန် သူတော်ကောင်းကို မှီခိုဖို့ သိပ်လိုတယ်။ သူတော်ကောင်းဆိုတဲ့ မိကောင်း ဘကောင်း သားသမီးဖြစ်ဖို့ရန် နည်းနည်းလိုတာ မဟုတ်ဘူး။ များစွာကို လိုတယ်။ ခုကောင်းလိုက်ကြပါစို့ကွယ်