Posts

Showing posts from October 4, 2013

မယ်မြ (ဦးဖိုးကျား- ၁၉၃၅ ခုနှစ် ၀တ္ထုတို)

Image
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသား ကျောင်း တစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။ ရန်ကုန်မှစစ်တွေသို့ ပင် လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့်

ဒေါ်လာ ၁၁ ဘီလျံကိစ္စ အစိုးရ ရှင်းလင်းမှု ရှုပ်ထွေးနေဆဲဟု အမတ်များပြော

Image
ထက်နိုင်ဇော် | October 4, 2013 |  အစိုးရအနေဖြင့် ၁၁ ဘီလျံ ရှိ၊ မရှိကို သေချာစွာ ရှင်းလင်းနိုင်ခြင်း မရှိသေးပေ (ဓာတ်ပုံ – chronicle.co.zw) သော်လည်းအစိုးရ၏ရှင်းလင်းချက်သည်လိုရင်းမရောက်ဘဲရှုပ်ထွေးနေဆဲဖြစ်ကြောင်းလွှတ်တော် ကိုယ်စားလှယ်များက   ပြောဆိုကြသည်။ ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းရှိန် နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့က ပြည်ပတွင် ငွေစာရင်း ၅ ခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ ဆိုသော သတင်းသည် လုံးဝ မဟုတ်မှန် သော သတင်း တရပ်ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားအရံငွေ ၇ ဒသမ ၆ ဘီလျံရှိကြောင်း ၊ ဒေါ်လာ ၁၁ ဘီလျံနှင့် လုံးဝ ဆက်စပ်မှု မရှိသကဲ့သို့ ယင်းကိစ္စကိုလည်း မသိကြောင်း လွှတ်တော်တွင်

ဗုဒ္ဓ၀င်တိုင်း သိထားသင့်သောဗုဒ္ဓ၀င်အကြောင်း

Image
( ဗုဒ္ဓ၀င်တိုင်း သိထားသင့်သောဗုဒ္ဓ၀င်အကြောင်း ) ၁။ ဗျာဒိတ်ခံယူသောဘ၀ - သုမေဓာရှင်ရသေ့ဘ၀၊ ၂။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့၊ ၃။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရား၊ ၄။ ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး၊ ၅။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့်ကမ္ဘာတစ်သိမ်း( သုမေဓာရှင်ရသေ့ဘ၀မှ ဝေဿန္တရာဘ၀ထိ) ၆။ ဖြည့်ခဲ့သောပါရမီများ - ဒါနစသော ပါရမီ(၁၀)ပါး၊ ၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချ က် - သတ္တ၀ါများ၏ အကျိုးဆောင်ရွက်ရန်၊ ၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် - တုသိတာနတ်ပြည်၊ ၉။ နတ်သားအမည် - သေတကေတုမည်သောနတ်သား၊ ၁၀။ ဘုရားဖြစ်ရန် တောင်းပန်သူ - နတ်၊ ဗြဟ္မာများ၊ ၁၁။ ကြည့်ခြင်းကြီးငါးပါး - ကာလ၊ ဒီပ၊ ဒေသ၊ ကုလ၊ မာတုအာယုပရိစ္ဆေဒ၊ ၁၂။ မယ်တော်အိပ်မက် - နတ်မင်းများကအနောတတ္တအိုင်မှ ရေကိုသယ်ပြီးချိုးပေးခြင်း၊ ကျာက်ဖျာမှာအိပ်၊ ဆင်ဖြူတော်ဝင်သည်ဟုမက်၊ ၁၃။သန္ဓေယူသောနေ့ - မဟာသက္ကရာဇ်(၆၇)ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၊ ၁၄။ မိဘအမည် - သုဒ္ဓေါဒန၊ မာယာဒေ၀ီ၊ ၁၅။ နေပြည်တော် - ကပိလ၀တ်ပြည်(သက္ကတိုင်း)၊ ၁၆။ အမျိုးအနွယ် - သာကီဝင်မင်းမျိုး၊ ၁၇။ ဖွားသောနေ့ - မဟာသက္ကရာဇ်(၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့၊ ၁၈။ဖွားရာဌာန - လုမ္ဗိနီ ဥယျာဉ်(ကပိလ၀တ်နှင့်ေ

အမျိုးသားများ စိတ်ဖြေခြင်း (Masturbation)

Image
ပြဿနာ(၁) ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။ ကျွန်တော့် သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။ ပြဿနာ(၂) ဆရာ ကျွန်တော် အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ ကျွန်တော် ကြားဖူး တာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါ တယ်။ ဟုတ်ပါသလား ဆရာ။ စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန်တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထ

ဘဝဆိုတဲ့ဇာတ်ဆရာ

Image
ဘဝဆိုတဲ့ဇာတ်ဆရာ ။ “ဘ၀ဇာတ်ဆရာ အလိုကျ ငိုပြရတဲ့ ကျွန်မဘ၀ပါရှင်” ဆိုတဲ့ သီချင်းလိုပါပဲ။ မင်းသမီးးဟာ ဇာတ်ဆရာရဲ့အလိုကျအောင် ကပြကြရပါတယ်။ အခုခေတ်ဆိုရင်တော့ ဒါရိုက်တာပေါ့။ ဇာတ်ဆရာ(သို့)ဒါရိုက်တာက ငိုပြရမယ်ဆိုရင် ငိုကြရတယ်။ ရီပြရမယ်ဆိုရင် ရီကြရတယ်။ လွမ်းပြရမယ်ဆိုရင် လွမ်းကြရပါတယ်။ ထို့အတူပါပဲ ဘ၀သံသရာအတွင်း ကျင်လည်နေကြတဲ့ သုံးဆယ့်တစ်ဘုံ သားများဟာ ဘ၀သံသရာမှာ ကံစီမှန်ရာ၊ ကံရဲ့အလိုကျ ကပြနေကြရ ပါတယ်။ လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတွေဟာ မိမိပြုထားတဲ့အတိုင်း ကံစီမံရာကို တိတိကျကျ ခံယူနေကြရပါတယ်။ မကောင်းတဲ့ ကံရဲ့ အစီအမံကို ခံရပြီဆိုရင် တရားရုံးမှာလို အယူခံဝင်လို့လည်း ရတဲ့အရာမျိုးမဟုတ်ပါ။ ပြုခဲ့တဲ့မကောင်းကံရဲ့အကျိုးဆက်ကို တိကျပြတ်သားစွာ ခံယူကြရပါတယ်။ ဒါပေမယ့်လို့ လူအများဟာ မကောင်းတဲ့ကံကို ပြုတုန်းက ပြုခဲ့ကြပြီး၊ ခံယူကြရတဲ့အခါမှာကျတော့ ဘယ်အချိန်မှာ အကျိုးခံစားရမလဲဆိုတာကို ဘယ်သူမှ သိအောင်

အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း

Image
  ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ လိင်ဆက်ဆံ နေစဉ် ဆီးမသွား ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆီးအိမ် ပေါက်ဝကို ပိတ်ဆို့ ပေးထားတဲ့ အဆို့ရှင် ရှိလို့ပါပဲ။ထုတ်လွှတ် လိုက်တဲ့ သုက်ရည်ကိုလည်း ဆီးလမ်းကြောင်း အတိုင်း စီးဆင်းစေပြီး ဆီးအိမ် ဘက်သို့ စီးဆင်း မသွားအောင်၊ ဆီးနှင့် သုက်ရည် ရောနှော မသွားအောင် ကာကွယ်ပေး ပါတယ်။ အမျိုးသမီး တွေမှာတော့ ထိုကဲ့သို့ အဆို့ရှင်မျိုး မရှိပါဘူး။ အမျိုးသမီးများ အတွက်ကတော့ လိင် ဆက်ဆံနေစဉ် ဆီးသွားဖို့ ဖြစ်နိုင်ပါတယ်။ ဆီးအိမ်ဟာ တင်ပါးဆုံရိုး ကွင်းထဲမှာ ရှိနေပါတယ်။ အမျိုးသမီး တွေရဲ့ဆီးအိမ်ဟာ အသက်ကြီးလာ တာနဲ့အမျှ ဆီးထိန်း နိုင်စွမ်း လျော့နည်း လာတာကြောင့်

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးဆိုင်ရာနှင့် အလှအပရေးရာ

Image
မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ကျေးရွာ မြို့ပြမကျန် ဘာသာရေးပွဲများနှင့် အချိုပွဲများ တည်ခင်းရာ၌ မပါမဖြစ်သော ငှက်ပျောသီးမှာ စားသုံးရုံသာ မက ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကဏ္ဍများတွင်လည်း အသုံးဝင်ကြောင်း တင်ပြလိုက်ရ ပါသည်။ နှလုံးဆဲလ် စွမ်းအင်မြှင့်တင် ပေးနိုင်သော ငှက်ပျောသီး နေ့စဉ်ပုံမှန် လှုပ်လှုပ်ရှားရှားဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြရသည့် လုပ်သားများအဖို့

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

Image
သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။ (၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။ (၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။ (၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ