Posts

Showing posts from August 22, 2013

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ပြောတာပါချစ်သူရယ် ......

Image
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.... ငါလေ အရင်က အတိတ်ဆိုတာကို မေ့ခွင့်ရချင်တယ် ဆုတောင်းတိုင်သာ ပြည့်မယ်ဆိုရင်လေ.... ငါလေ အခုလက်ရှိအချိန်မှာ နင်ကငါကို နားလည်အနိုင်ဆုံးသူတစ်ယောက်ဖြစ်စေချင်တယ် ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.... ငါလေ အခုလက်ရှိအချိန်မှာ နင်ငါအပေါ် ချစ်တဲ့အချစ်တွေကိုအပြည့်အ၀လိုချင်မိတယ်

သူ.....

Image
 နီကယ်ရောင်ပျောက် ၊ သံရောင်ပေါက် ဆေးလွင့်နေတဲ မားကက်မပါတဲ့  မောင်မြန်မာစက်ဘီး တစ်စီးနဲ့ ..... သူ.....။ မူလတန်းပြကျောင်းဆရာလေး မောင်စောရှိန်မှသည် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစောရှိန် ဆိုတဲ့ တာဝန်ထိ သူထမ်းဆောင်ခဲ့.......။ (၁ရ)မိုင်ခရီးကို နှစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကြာအောင်မောင်း မှ ရောက်တဲ့မြို့.....ကားနှစ်စီးရှောင်ရခက်နေတဲ့ မြို့ရဲ့  ကျက်သရေဆောင် လမ်းမကြီးနဲ့ ....လူကုံတန်ဆိုတာ ရွှေလိုရှားတဲ့မယ့်မြို့  -တကယ့် ဘုရားစူးမြို့ပါ....။ဒီမြို့ရဲ့ အစွန်အဖျား ချောင်ကျကျ  လှည်းလမ်းလောက်လမ်းဘေးက  ဈေးပေါပေါမြေတကွက်နဲ့  ယိုင်နဲ့နဲ့ အိမ်လေးတစ်လုံးတောင် သူမပိုင်ခဲ့တာက- လုပ်သက်နှစ်(၄၀)ကျော် ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ကိုယ့်ကျင့်တရားကို ပြဆိုခြင်းတစ်ခုလား......။ သိက္ခာတရားအပြည့်နဲ့ ထုံမွှမ်းနေတဲ့ သူ က ဘာပိုင်ဆိုင်မှုမှ မရှိပေမယ့် သာပေါင်းသင်္ချိုင်းမှာ တစ်ကိုယ်စာမြေကွက်လေးတစ်ခုတော့  ပိုင်သွားရှာလေရဲ့ .....။ လူတစ်ကိုယ်စာ ၀ါးကပ်အခင်း ၊ ဖျာဟောင်းလေးတစ်ချပ် နဲ့..... အော် ....အသစ်ဆိုလို့ ရေအိုးလေးတစ်လုံးတော့ပါလေရဲ့ .... တမလွန်ခရီးအတွက် အသုံးအဆောင်တွေ ...

သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ

Image
(ဒေါက်တာ သန်းစိန်နှင့်    တွေ့ဆုံခြင်း) မေး။ ။ အခုတလော ခုခံအား ကျဆင်းတဲ့ ရောဂါအကြောင်း စာစောင်တွေမှာလည်းမကြာမကြာ ဖော်ပြ ထားတာ တွေ့ရပါတယ်။ ဖြေ။ ။  ရောဂါတွေ အကြောင်း အပြောများသလို စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြထားတာ တွေ့ရတယ် ဆိုရင် ကျန်းမာရေး အကြောင်း သာမန် စာဖတ်ပရိသတ်တွေ ပိုမို ဖတ်ရှု နားလည်လာပြီး ကျန်းမာရေး အသိတရားများ ကြွယ်ဝလာကြမှာပါ။ ကျန်းမာရေး အသိ နည်းပါးမှု၊ ဂရု မစိုက်မှု၊ လျစ်လျူရှုမှု တွေကြောင့် လူတွေကို ဒုက္ခအများဆုံး ပေးနေတဲ့ ရောဂါတွေထဲမှာ အဓိက ရောဂါများကတော့ ''ခေတ်သစ် ကာလသား ရောဂါများ'' ရယ်လို့ အမည်နာမ ပေးနိုင်လောက်သော ရောဂါများ ဖြစ်ပါတယ်။ မေး။ ။ ယခင်ရှေးအခါက ကာလသားရောဂါများ ရှေးက ရှိခဲ့ကြောင်းကို ပြောပြ ပေးပါခင်ဗျာ။ ဖြေ။ ။  ရှေးနှစ် ထောင်ပေါင်းများစွာက ကာလသား ရောဂါများ ရှိခဲ့တာ ဗုဒ္ဓခေတ် စာပေတွေမှာ၊ အာသောက မင်းကြီး ခေတ် စာပေမှာ၊ အီဂျစ်နိုင်ငံ ဖာရိုဘုရင်များ သေရတဲ့ အကြောင်းများ လေ့လာရာမှာ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ထိုခေတ်များက ကုသရန် ဆေး မရှိတာကြောင့် ကြိုတင်ကာကွယ်ရေးများ ဖြစ်တဲ့ ပြည့် တန်ဆာများ စနစ်တကျ ထားရှိရေး၊ မှတ်ပုံတင်ရေး၊ ရောဂါရှိသ

မိန်းကလေးအကြောင်းလည်းတင်ဦးမယ်..

Image
မိန်းကလေးအကြောင်းလည်းတင်ဦးမယ်..  တော်ကြာ ဘက်လိုက်တယ်ဖြစ်မှာစိုးလို့ ... ဒါပေမယ့် အောက်ကစာမဖတ်ခင် ဒီစာကိုအရင်ဆုံး ဖတ်ပေးပါလို့ တောင်းဆိုပါတယ်။   အောက်ကစာကိုဖတ်ပြီး "ဟင့်.. သူကရော ဘာမို့လို့လဲ"ဆိုတဲ့အတွေးမျိုးဝင်သွားခဲ့ရင်.. ဟုတ်ကဲ့.. နိုင်းနိုင်းစနေ ဘာမှမဟုတ်ပါ.. သာမန်မိန်းကလေးထဲက သာမန်မိန်းကလေးတစ်ယောက်ပါ။ ခြောက်ပစ်ကင်းသူတစ်ယောက် မဟုတ်ပါ။ သာမန်လူများလုပ်တတ်တဲ့အရာတွေကို နိုင်းနိုင်းစနေလည်း လုပ်တတ်ပါ တယ်.. နည်းနည်းလုပ်တာနဲ့ များများလုပ်တာပဲ ကွာပါတယ်။ အောက်မှာရေးထားတဲ့ စာတွေက နိုင်းနိုင်းစနေကို တိုက်ရိုက်ရည်ညွှန်းပါတယ်။ အပျင်းပြေဖတ်ဖို့ မျှဝေပါတယ်။ တခြားလူပုံသုံးရင်လည်း တခြားလူကို ထိခိုက်မိမှာစိုးလို့ နိုင်းနိုင်းစနေရဲ့ဟိုးငယ်င ယ်တုန်းကပုံကိုပဲ သုံးထားပါတယ်။ မျက်နှာမြင် ရိုက်ချင်ပါစေ..   (၁) အတင်းပြောသောမိန်းမ BMWကုမ္ပဏီမှထုတ်သောကားများကို ယောက်ျားများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ ထိုမိန်းကလေးမျိုးသည် တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန

မိန်းကလေးများ နှစ်သက်သော ယောက်ျားများ။

Image
မိန်းကလေးများ နှစ်သက်သော ယောက်ျားများ။ ၁။မိန်းကလေးတွေတော်တော်များများကြိုက်တာ အပြောချိုတဲ့ ယောက်ျားမျိုးကိုကြိုက်ကြတယ်။ ၂။စိတ်ကောက်ရင်လည်း အလိုက်သိချော့တဲ့ ယောက်ျးမျိုးကိုကြိုက်တယ်။ ၃။သစ္စာရှိပြီးခွင့်လွှတ်နားလည်တတ်တဲ့ယောက်ျားမျိုးကိုကြိုက်တယ်။ ၄။မိန်းမအလုပ်ယောက်ျားအလုပ် မခွဲခြားပဲ အားရင်အသလိုမတွက်မကပ်လုပ်တတ်တဲ့ယောက်ျားမျိုးကိုကြိုက်တယ်။ ၅။ချစ်ခင်ကြင်နာ သနားယုယကိုယ်ချင်းစာ စိတ်ရှိတဲ့ယောက်ျားမျိုးကိုကြိုက်တယ်။ ၆။သူတို့ကိုချစ်ပြီးသူတို့ရဲ့မိဘအတိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနီးအောင်နေတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။ ၇။လျှို့ ဝှက်ချက်မရှိအကောင်းအဆိုး သူတို့ နဲ့ အတူတူမျှဝေခံစားတတ်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။ ၈။လက်ကျောတင်းပြီးမပျင်းရိတဲ့ ယောက်ျားမျိုးကိုကြိုက်တယ်။ ၉။ဆင်ခြေနည်းတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။ ၁၀။မိသားစုနဲ့ သားသမီးတွေရဲ့ အနာဂတ်လှပရေး အိမ်ထောင်ဦးစီးပီသတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။ ၁၁။ပွစိပွစိတစ်ချိန်လုံးမပြောတတ်ပဲ ၁၀ခွန်း ၁ ခွန်းပြောတတ်တဲ့ ယောက်ျားမျိုးကိုကြိုက်တယ်။ ၁၂။အလိုလိုက်သင့်တဲ့နေရာမှာ အလိုက်သိ အလိုလိုက်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။ ၁၃။မွေးနေ့၊့ချစ်သူများနေ

သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း သူရမချစ်ပိုအကြောင်း

Image
  သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း သူရမချစ်ပိုအကြောင်း ၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ "သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦး ရှိခဲ့ပါ သည်။မြန်မာ့ တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး "သူရ" ဘွဲ့ ပိုင်ရှင်ဖြစ်ပါသည်။ ၄င်းမှာ ထားဝယ်သူ "သူရ မချစ်ပို" ဖြစ်ပါသည်။   မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့ တွင် မွေးဖွား၍ ထားဝယ်မြို့ တွင်ပင် ကြီးပြင်းခဲ့ပါသည်။ မချစ်ပို သည် အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲဝင်သွားသော မောင်ဖြစ်သူအာ ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့ တစ်ဦးတည်းထွက်ခွါ သွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏ မွေးစား သမီးကဲ့သို့ ချစ်ခြင်းကို  ရရှိကာ ၄င်းအိမ်တွင် ဆက်လက်နေထိုင်ဖြစ်သွားလေသည်။  ထို့နောက် ဦကြွယ်ဒေါ် ပုတို့နှင့် ရင်းနှီးသူ BE တပ်မှ တပ်ကြပ် လှမောင်နှင့် လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင် ကျသွားလေတော့သည်။ မချစ်ပို BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် KNDOတပ်ဖွဲ့များသည်

ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး

Image
  ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍  ဖြစ်ပေါ်လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင် ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။ သို့သော်လည်း အဆိုပ

ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ်

Image
ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ် လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။မြန်မာပြည်လည်း နောက်ဆိုရင်  ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။ သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ

တာဝါတိုင် အောက်က

" အေး ရေးထား ၁၂/ တမန(နိုင်) ကျလိ ကျလိ ဝေါ် ၀ွီ ဒရှု ဒရှု” “ ငင် အမေ သေနတ် ပစ်နေတာလား” “ မဟုတ်ဘူးဟေ့ လိုင်း ပြတ်နေတာ ပြန်ပြောမယ် ၁၂/ တမန(နိုင်) ဝေါ် ၀ွီ ကျွလိ ကျွလူး” “ အမေ့ အသံက စက်ရုပ်သံ ဖြစ်နေတယ်” “ ဟဲလို ကြားကျွီ ကကျွီ လား” “ ငင် အမေ ဘာတွေ ပြောနေတုန်း” “ ဟဲ့ ငါ စကားပဲပြောနေတာ နင့်ဘက်က လိုင်းမကောင်းလို့နေမယ် ဘယ်နေရာကနေ ပြောနေတာတုန်း” “ တာဝါတိုင် အောက်က” “ ငင် ဟဲ့ တာဝါတိုင်ရော ဟုတ်ရဲ့လား ရေစင်ကြီး ဖြစ်နေအုံးမယ်” “ မသိဘူး အမေ တာဝါတိုင်လို့တော့ ထင်တာပဲ ရေစည်တော့ မတွေ့ဘူး မီးလုံးလေးလဲ လင်းနေတယ်” “ အော် ဒါဆို တာဝါတိုင် သေချာတယ်" " တော်ပါဘီ အမေရာ မှတ်ပုံတင် နံပါတ်ကို မက်ဆေ့နဲ့ပဲ ပို့လိုက်တော့” “ အေး ပို့လိုက်မယ် နေအုံး ဟိုတလောက ငါပို့လိုက်တဲ့ မက်ဆေ့လဲ ပြန်မပို့ပါလား” “ မရဘူး ဘာမက်ဆေ့လဲ” “ ငင် အိမ်ဘေးက အဒေါ်ကြီး နေမကောင်းလို့ ဘာဆေးသောက်ရမလဲမေးခိုင်းလို့ မေးတာလေ” “ မရဘူး “ “ ဒါဆို ဒီမက်ဆေ့ ဘယ်ရောက်သွားသတုန်း” “ မော်လမြိုင်လောက်တော့ ရောက်လောက်ပြီ ထင်တယ်” “ အော် ဒါဆို မနက်ဖန်လောက်တော့ နင့်ဆီ ရောက်မှာပါ” “ အခုရော အဒေါ်ကြီး အခြေ အနေ ဘယ်လိုလဲ

စိတ်တို၊ ဒေါသထွက်ချိန်ခံစားချက်

စိတ်တို၊ ဒေါသထွက်ချိန်ခံစားချက် တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။ တစ်နေ့မှာ ဘုန်းကြီးက တခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကိုသေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေကုန်တယ်။ ဘုန်းကြီးနှစ်သက်တဲ့သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။ ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပာယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစ

တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်

တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင် ရန်ကုန်- တပ်မမှူးတစ်ဦးနှင့် လွှတ်တော်အမတ်နှစ်ဦး အကူအညီဖြင့် တရုတ်နိုင်ငံတွင် လုပ်ခလစာမရရှိဘဲ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား ၃၈ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ “တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးလှမြင့်စိုး၊ ဟိုပန်ပြည်သူ့လွှတ်တော်အမတ်နဲ့ တာချီလိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်တို့က အဓိကကူညီတာ။ တပ်မမှူးက နိုင်ငံခြားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သူ့ သူငယ်ချင်းတွေဆီကိုစာရေးပေးတာ”ဟု တရုတ်နိုင်ငံတွင် လုပ်ခ လစာမရရှိသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ဆောင်ရွက်ပေးခဲ့သည့် လားဟူတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယောနက ပြောသည်။ ရှမ်းပြည်နယ်၊ သိန်းနီမြို့မှ လားဟူတိုင်းရင်းသား ၁၈ ဦး၊ ရှမ်းတိုင်းရင်းသား သုံးဦး၊ ၀လူမျိုးသုံးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၄ ဦးတို့မှာ တရုတ်နိုင်ငံ၊ ရှန်တုန်မြို့ နယ်၊ ချင်းတော့မြို့ရှိ ပလတ်စတစ်စက်ရုံတွင် ခြောက်လကျော်ကြာ လခမရဘဲ အလုပ်လုပ်နေကြရပြီး မိဘဆွေမျိုးများနှင့် အဆက်အသွယ်မရ၍ အထက်ပါပုဂ္ဂိုလ်များကိုပြောပြရာမှ ကူညီခဲ့ကြခြင်းဖြစ်သည်။ “ဒီတစ်ခေါက် တ

မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်

Image
ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။ မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။ဒါ

လေးစားစရာ မြန်မာ့ မျိုးဆက်သစ်လေးများ

Image
လေးစားစရာ မြန်မာ့ မျိုးဆက်သစ်လေးများ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ‌မေတ္တာ‌ပေါင်းကူတံတားအဖွဲ့ပခုက္ကူမြို့ရှိခုနှစ်‌အိမ်‌တန်း‌ကျေးရွာမှ အနာကြီး‌ရောဂါသည်‌များကိုသွား‌ရောက်‌လှူဒန်းခဲ့စဉ်‌က အသက်‌အကြီးဆုံးအဖွား ‌ဒေါ်‌ပေါမြိုင်‌ (၈၄)နှစ်‌ကိုအိမ်‌တိုင်‌ ရာ‌ရောက်‌သွား‌ရောက်‌‌တွေ့ဆုံခဲ့ပါတယ်‌။ အလှူရှင်‌များမှလာ‌ရောက်‌လှူဒန်းမည့်‌‌နေ့ကိုကြိုတင်‌ အ‌ကြောင်းကြားထားခြင်းရှိပါကထိုခုနှစ်‌အိမ်‌တန်း‌ကျေးရွာ‌လေး မှ‌ရောဂါသည်‌များအားလုံး‌အပြင်‌သို့သွား‌ရောက်‌တောင်‌ရမ်းခြင်း မပြုပဲအလှူရှင်‌များနှင့်‌‌တွေ့ဆုံရန်‌ရွာတာဝန်‌ခံ မှအ‌ကြောင်းကြား‌ပေးထားပါသည်‌။ အဖွှား‌ဒေါ်‌ပေါမြိုင်‌မှာမျက်‌စိနှစ်‌ကွင်းအလင်းကွယ်‌‌ပြောက်‌ခဲ့ရပြီးကိုယ်‌‌အောက်‌ပိုင်း‌သေကာ လမ်းမ‌လျှောက်‌နိုင်‌‌တော့တဲ့ဘဝ‌ရောက်‌ခဲ့ပြီးဖြစ်‌ပါတယ်‌။အလှူရှင်‌များ‌ရောက်‌ရှိလာပါက ကိုလိုနီရိပ်‌သာသို့အားလုံးလာ‌ရောက်‌ကြပါရန်‌‌ကျေးရွာတာဝန်‌ခံမှအသံချယ့်‌စက်‌ဖြင့်‌အ‌ကြောင်းကြား‌ပေးပါတယ်‌။ အဖွားက‌တော့လမ်းမ‌လျှောက်‌နိုင်‌‌တော့သဖြင့်‌ကျွန်‌မတို့အဖွဲ့‌လေးအဖွှားရှိရာသို့သွား‌ရောက်‌‌တွေ့ ဆုံဖြစ်‌ခဲ့ကြပါတယ်‌။အဖွှားကို‌ပေ

အမှိုက်

Image
အမှိုက်   အမှိုက်ကောက်သူတွေကို မကောက်ဖို့တားမြစ်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိတော့ ဘုရားရှင်လက်ထပ်က အမှိုက်တွေကို မပျင်းမရိ လိုက်ကောက်လေ့ရှိတဲ့ ရှင်ရာဟုလာအကြောင်းကို သတိရမိခဲ့ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့နေရာ၊ အမှိုက်ကောက်တဲ့နေရာမှာ နာမည်ကြီးလှတဲ့ ရှင်ရာဟုလာဟာ ဘယ်သူကဘယ်လိုပြောပြော အမှိုက်နဲ့ပတ်သက်၊ သန့်ရှင်းရေးနဲ့ ပတ်သက်လာရင် စိတ်ထားကောင်းကောင်းနဲ့ ကုသိုလ်ရရေးကို အထူးအလေးပေးတော်မူတာ ကို  တွေ့ရပါတယ်။တစ်ခါတလေ ရဟန်းတော်များက ရာဟုလာလေးရဲ့ စိတ်နေသဘောထားကို စမ်းသပ်တဲ့အနေနဲ့ တံမြက်စည်းတွေ၊ အမိုက်တောင်းတွေ၊ အမှိုက်တွေကို ဟိုချဒီချ ချထားပြီး ရှင်ရာဟုလာနဲ့ တွေ့တဲ့အခါ “ဒါတွေကို ငါ့ရှင်ထားခဲ့တာ မဟုတ်လား”လို့ မေးတဲ့အခါမှာလည်း ရာဟုလာလေးက “မှန်ပါ တပည့်တော် အခုပဲ သိမ်းလိုက်ပါမယ်၊ သန့်ရှင်းလိုက်ပါမယ်”ဆိုပြီး  စေတနာကောင်းကောင်း၊ လိုလိုချင်ချင်နဲ့ကို ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ရော၊ လုပ်ရပ်ပါ ကောင်းလွန်းလှတဲ့ ရှင်ရာဟုလာရဲ့ ခံယူချက်ကတော့ တကယ့်ကိုပဲ အတုယူ ကျင့်သုံးစရာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ စိတ်ထားကောင်းကောင်းနဲ့သာ ပြုမူလုပ်ဆောင်တတ်မယ် ဆိုရင် ဘယ်သူဘာပြောပြော၊ ဘ

သင်ချစ်သူကို သင်တကယ်ချစ်ရင်

Image
( သင်ချစ်သူကို သင်တကယ်ချစ်ရင် ...... ) (၁) သူရဲ့ အားနည်းချက်ကို ဘယ်တော့မှာ ဖော်ထုတ်ပြီ မစနောက်မိပါစေနဲ့ (တခါတလေ စနောက်ခြင်းကနေ သူအတွက် အားငယ်မှုတွေ ဖြစ်တတ်ပါတယ်) (၂) သူရဲ့ မွေးနေ့ ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်နေ့လေးတွေ ကို ဂရုတစိုက် မှတ်သားထားပေးပါ။ (လက်ဆောင်ဆိုတာ တန်ဖိုးကြီးကြီးမားမားပေးမှ လက်ဆောင်လို့ မခေါ်ပါဘူး စကားတခွန်းကလဲ သူအတွက် တသက်တာ လက်ဆောင်ဖြစ်သွားနိုင်ပါတယ်) (၃) သူတခုခု စိတ်ညစ်စရာတွေရှိလို့ ပြောပြတိုင်း ဂရုတစိုက်နားထောင်ပေးပါ။ (ဘာကြောင့်လဲဆိုတော့ သူယုံကြည့်တဲ့သူ သင်တစ်ယောက်ဘဲရှိလို့ သူစိတ်ညစ်စရာပျော်စရာတွေကို သင်ကို ပြောပြနေတာကို သင်ဂုဏ်ယူသင့်တယ်လေ အကောင်းဆုံးအားပေးဖော်က သူအတွက် သင်က လွဲရင် မရှိနိုင်တော့လို့ပါ) (၄)သူအကြောင်းအရာတခုကို တခါကနေနှစ်ခါမေးမိရင် သင်စိတ်မရှည်သလို မပြောမိပါစေနဲ့ (တခါတလေ သူသိပေမယ့်လဲ သင်သူအပေါ် ဘယ်လောက်စိတ်ရှည်လဲဆိုတာလေး သိချင်လို့ ထပ်ခါထပ်ခါမေးတာပါလား။ ဒါမှမဟုတ်တကယ်နားမလည်းလို့ မေးတာပါလားလို့ စိတ်ထဲမှာ ယုံကြည့်ထားလိုက်ပါ တကယ်တော့ အချစ်ဆိုတာ ချစ်နေယုံနဲ့ မပြီးသေးသလို နားလည်မှုရှိနေယုံနဲ့လဲ မလုံလောက်သေးဘူး သူအပေါ်ယုံကြည့်မှုလေးပါ ဖြည့်စွက်ထည့်ေ

* ကြို ဆို လျှက် ပါ*

Image
* ကြို ဆို လျှက် ပါ* +++++++++++++ တောင်ယာဘဝ ခါးမလှလည်း အားရလောက်ဖွယ် အပြုံးရယ်နှင့် စီခြယ်မေတ္တာ သမီးမှာခြုံ သားမှာငုံ၍ အပူကင်း။ ထင်းတွေခွေခုတ် အနေစုတ်လည်း ရွှေထုပ်ကဲ့သို့ ချစ်ခြင်းတို့စီ ပြုံးလို့ပျော်လျှက် စည်းစိမ်ထက်လေ သီးခက်တိုးအောင် အကျိုးဆောင်။ ထမင်းဝိုင်းထဲ လက်စုံနွှဲလို့ ဟင်းပွဲမစုံ အတို့မြုံနှင့် ငုံ့ရုံသာလွေး စားမြိန်ခြင်း။ ဟန်ပန်လေးကင်း မာန်ကိုရှင်းလျှက် ပန်းခင်းတံတား အပြုံးများနှင့် ဖိတ်ကြားချင်၍ လှမ်းခဲ့ရှင်။ တောဓလေ့လေး သိစေချင်။ * လုံ မ ညို *

ပြန်ပေါင်းရန် ခေါ်မရ၍ဇနီးကို ဓားဖြင့်ထိုးသတ်

Image
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရွှေငါးလက်ဖက်ရည်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်ခန့်က တစ်နှစ်ကျော်ခန့် ခွဲနေသည့်ဇနီးကို ပြန်ခေါ်မရ၍ ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ယင်းဒေသခံများနှင့် မြို့နယ်ရဲစခန်းထံမှ သိရသည်။သေဆုံးသူမှာမကွေးမြို့နယ် တည်ပင်ကန်ပေါက်ကျေးရွာတွင် နေထိုင်သော နီနီဝင်း ၂၁ နှစ်ဖြစ်ပြီး ၎င်း မသေဆုံးမီ သြဂုတ်လ ပထမပတ်ခန့်က တစ်နှစ်ခန့် ခွဲကွာနေသော မကွေးမြို့နယ် ကမ်းရင် ကျေးရွာ တွင် နေထိုင်သည့် ခင်ပွန်းဖြစ်သူစံချော ၃၂ နှစ်ကပြန်လည်ပေါင်းသင်းရန် လာရောက်ခေါ်ယူခဲ့ရာ သေဆုံး သူက မလိုက်လို၍ ငြင်းဆန်ခဲ့ကြောင်း မင်းဘူးမြို့နယ် ရဲစခန်း၏ တာဝန်ကျ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။ ယင်းသို့ ငြင်းဆန်ခဲ့၍ အမှုဖြစ်ပွားခဲ့သည့်နေ့က နီနီဝင်းနှင့် ၎င်း၏ညီမ နုနုဝင်း စားပွဲထိုး အလုပ်လုပ်ကိုင် သည့် မင်းဘူးမြို့ရှိ ရွှေငါးလက်ဖက်ရည်ဆိုင်သို့ ထပ်မံလာရောက်ခေါ်ယူရာ မလိုက်လိုကြောင်း ထပ်မံငြင်း ဆန်ခဲ့၍ ၎င်း၏ ခင်ပွန်းဖြစ်သူက ၎င်းတွင် အသင့်ပါလာသည့် အရိုးလေးလက်မခွဲ အသွားခြောက်လက်မခွဲရှိ စတီးလ်ဓားဦးချွန်ဖြင့် နီနီဝင်း၏ ရင်ညွှန့်ကို ထိုးသွင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ၎င်းကပြောကြား

စိတ်ထားအသွင် ဖြူစေချင်

Image
 လူရယ်လို့ ဖြစ်လာရတဲ့ ဘဝမှာ စိတ်ထားလေးတွေနဲ့ ပတ်သက်ပြီး ကျွန် မပြောပြချင် ပါတယ်။ ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြတယ်လို့လည်း မထင်စေချင်ပါ။ လူတစ်ဘဝ ဖြစ်လာရတာဟာ ကိုယ်မသိနိုင် မမြင်နိုင်တဲ့ အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့်ပါ။ အဲဒီထဲမှာမှ လူတန်းစားအမျိုးမျိုး ကွဲပြားသွားကြပြန်ပါတယ်။ ကျွန်မက တရားအကြောင်းတွေကိုလည်း နက်နက်နဲနဲ မသိပါဘူး။ သိပ်လည်း နားမလည်ခဲ့ပါဘူး။ ကောင်းတာလုပ်ရင်  ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင်မကောင်းတာဖြစ် မယ်ဆိုပြီး တော်တော်များများ ပြော ဆိုကြပါတယ်။ အကုန်လုံးဟာ ဘယ်ကလာလို့  ဘယ်ကိုသွားရမယ်ဆိုတာ မသိကြတဲ့ သူတွေပါ။ အဲဒါကို ဘာဖြစ်လို့များ လူသားအချင်းချင်း တစ်ယောက် အပေါ် တစ်ယောက် ညှာတာစိတ်လေး၊ စာနာစိတ်လေးတွေ မထားကြတာလဲ။ အဲဒါကို ကျွန်မ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ အေးပေါ့လေ……မိသားစု တစ်ခုတည်းက မွေးဖွားလာတဲ့ ညီအစ်ကို မောင်နှမ အချင်းချင်းတောင် စိတ်ထားတွေက တူမှ မတူကြတာပဲ။ လုပ်ငန်းခွင်တို့ ပတ်ဝန်းကျင်တို့ နောက်ပြီး အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ အလုပ်တွေဆိုရင် ပိုဆိုးတာပေါ့။ စိတ်ထားကောင်းတဲ့သူရှိသလို မကောင်းတဲ့သူတွေလည်း ရှိကြတာပါပဲ။ ဘယ်နေရာမှာမဆို

ဆရာအောင်ပြည်စိုး၏လက်ရာ

Image

စုန်ရေမေတ္တာ

Image
စုန်ရေမေတ္တာ *********** ချစ်သမီးလေးရေ..... ဖေဖေ သမီးကို ဆရာလုပ်တာမပာုတ်ဘူး နော်။သမီးလေး မေ့လျော့ပြီး သတိမမူမိတာ တွေကို သတိပေးချင်တာပါ။ ဥပမာဆိုကြပါစို့။ မွေးကင်းစ ကလေးကိုမိဘတွေ  ဘယ်လောက် ချစ်သလဲဆိုတာ ကိုယ်တိုင် မိဘဖြစ်မှ သိတာသမီး။မိဘမေတ္တာပာာ စာပေတွေဖတ်ရုံနဲ့  မသိနိုင်ဘူးသမီး။သမီးမွေးဖို့ တစ်ရက်အလိုထိအောင်  ဖေဖေပာာ ကိုယ်ကိုယ်ကို လူပျိုပဲထင်နေတာ။ သမီးမျက်နှာကို မြင်ရတဲ့အချိန်က စပြီး အသဲတွေကို ဓာတ်လိုက်သွားသလိုပဲ။ကြက် သီးတောင် ဖြန်းဖြန်းထတယ်။ အဲ့လောက်ထိ သားသမီးကို ချစ်သွားတာ။ သမီးမေမေဆိုရင် အသက်တောင် ပေးရတော့မလို့ ။အသက်ငင် နေတဲ့ သမီးမေမေပာာ သမီးမျက်နှာကိုကြည့် ပြီး ကြည်နူးနေလိုက်တာ။ သမီးက ရက်သားပဲရှိသေးတော့ မသိနိုင်တာတွေရျှတယ်။ သမီးရဲ့ အညစ်အကြေးတွေကို မရွံမရှာ သုတ်သင်ပေး ရတာ ကြည်နူးပြီး ပျော်နေတယ်။ဒါကလည်း မိဘပာာ ကုသိုလ်မရဘူးနော်။ မိဘ အလှည့်ကျတော့ အဲ့လိုမပာုတ်ဘူး သမီး။သေခါနီး ရက်ပိုင်းပဲ ကျန်တော့တဲ့ မိဘကို သားသမီးတော်တော် များများက ရွံတတ်ကြတယ်။အညစ်အကြေးတွေကို စင် အောင် မသုတ်သင်ပေးတဲ့ သားသမီးတွေ အများကြီးရှိတယ်။သားသမီးက မိဘကို ပြုစုတာ ကုသိုလ်ရတယ်သမီး။ ဘယ်လောက် ပဲ ကု

မိန်းမတစ်ယောက်ရဲ့ မျှော်လင့်ချက်

Image
မိန်းမတစ်ယောက်ရဲ့  မျှော်လင့်ချက် က ချစ်သူယောက်ျားလေးရဲ့ ရင်ခွင်ပဲဖြစ်တယ်။ သူမကိုပဲ ချစ်သူက ရူးသွပ်စွာ ချစ်နေစေချင်တယ်။ အချိန်တိုင်းကို သူမပဲ   ပိုင်ဆိုင်ချင်တယ်။ သာယာတဲ့ ဘ၀လမ်းမှာ ချစ်သူနဲ့အတူ  အောင်မြင်စွာ နေထိုင်သွားချင်တယ်။ ဒါပာာ မိန်းမ အများစုရဲ့ ဆန္ဒပါ။ယောက်ျား တစ်ယောက်ရဲ့ မျှော်လင့်ချက်ပာာ  အောင်မြင်တဲ့ မိသားစုဘ၀တစ်ခုကို တည်ဆောက်ပေးချင်တယ်။ လမ်းကိုလည်း ကိုယ်တိုင်ဖောက်ပြီး လျှောက်ချင်တယ်။  နွမ်းန ယ်တဲ့ အချိန်မှသာ ချစ်သူရဲ့ အထိအတွေ့ကို သိမ်းပိုက်ချင်တယ်။ သိမ်းပိုက်ပြီးရင်လည်း သူ့ရဲ့ စိတ်ပာာ လေလို ပျံ့လွင့်နေတတ်တယ်။ချစ်သူမိန်းမဆီမှာ  စိတ်မရှိဘဲ ဖြစ်နေတတ်တယ်။ ဒါပာာ မိန်းမနဲ့ ယောက်ျားတို့ ချစ်ကြင်မှု သပာဇာတ မဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ အဖုအထစ်  ဖြစ်လာနိုင်တဲ့ ရင်းမြစ်တစ်ခုပါ။                                                                ပြည်ငြိမ်း

အချစ်နှင့် အပျိုစင်ဘဝ

Image
အချစ်နှင့် အပျိုစင်ဘ၀ ဆယ့်လေးနှစ်အရွယ်မှာ သစ်ရွက်ကလေးကြွေတာမြင်တာနဲ့ တောင်ငိုချင်မိကြတယ်။  လေတိုက်လိုက်တိုင်း  ရယ်ချင်တယ်။ စိတ်ကစားတတ်စ အရွယ်မို့ပါ။ ဖုထစ် လာတဲ့ မိမိကိုယ်ခန္ဓာကို ကျေနပ်မိသလို။ ပြောင်းလဲလာတဲ့ အလှအပကို နှစ်သက်မိသလို။ သဘာဝက ပေးအပ်တဲ့ မိမိ ခန္ဓာကိုယ်ကို နှစ်သက် သဘောကျသည်နှင် ပိုပြီးလှအောင်  ပြင်ဆင်လာတယ်။ဘာဆို ဘာမှနားမလည်သေးတဲ့ အပျိုစင်ဘ၀အရွယ်မို့ တောလိုက်မုဆိုးတို့ သဘောကျ ကြသည်။အချစ်ကို နားလည်ချင်တာကတစ်ကြောင်း စူးစမ်းလိုတာက တစ်ကြောင်း စိတ်ကစားတာက တစ်ကြောင်း အကြောင်း အမျိုးမျိုးကြောင့် မုဆိုးကျော့ကွင်းမှာ ရစ်နှောင်မိပြီဆိုရင်တော့. ..... စိတ်ကစားတတ်တဲ့အရွယ်မှာ  မိခင်က အထိန်းအကျောင်း ကောင်းဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုလည်း ဆင်ခြင်ဖို့လိုတယ်။ ဘာသာခြားလူရမ်းကားတွေပာာ စိတ်ကစားတတ်တဲ့ ကိုးတန်းကျောင်းသူးအရွယ်တွေ ကို ကျော့ကွင်းအမျိုးမျိုးနဲ့ထောင်ပြီး အစိမ်းလိုက် ၀ါးစားတတ်ပါတယ်။ လူကြီးတွေက သတိထားစေလိုပါတယ်။ မိမိသားသမီးကို ဘယ်သူစိမ်းယောက်ျားနဲ့မှ ဆိုင်ကယ်အတူစီးတာတို့ ရုပ်ရှင်အတူကြည့်တာတို့ကို ခွင့်မပြုသင့်။အချစ်ဆိုတာ နားလည်တတ်စအရွယ်မို့ မှားယွင်းစွာ ချစ်မိသွားတတ်ပါတယ