Posts

Showing posts from October 26, 2013

ကိုယ်ဝန်အငှား ဆောင်သူ၏ ဘဝ

Image
သြဂုတ်လရောက်ပြီ။ ပူလောင်သည့် ရာသီအတွင်း ကိုယ်ဝန်ဆောင် ရမည် ဆိုလျှင် သိပ်မလွယ်။ ယခု အချိန်လောက်တွင် ကိုယ်ဝန် ရှိထားလျှင် မဆိုး။ သို့သော် ယနေ့အထိ သူမကို ကိုယ်ဝန်ဆောင် ပေးရန် လာအပ်သူ မရှိသေး။ ကယ်လီက ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမနှင့် ရင်းနှီးပြီးသား ဖုန်း တစ်လုံးကို ခေါ်လိုက်သည်။ သူ့ကို ယခင်က ကမ်းလှမ်း ထားဖူးသူ ထံသို့ ဖြစ်သည်။ သူတို့ စိတ်ဝင်စားသေးရဲ့လားမသိ။ တစ်ပတ်ခန့် စောင့်နေသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသဖြင့် စိတ်တော့ နည်းနည်း ပူမိသည်။ အမှန်တော့ ကယ်လီကိုယ်တိုင် နှစ်ကြိမ်တိတိ ကလေး မွေးပေးခဲ့ဖူးသည်။ ကလေးမမွေးနိုင်သော သူများ၊ မျိုးဥ မအောင်နိုင်သူများ အတွက် သူမ အကူအညီ ပေးခဲ့သည်။ သူမ ယူသည့်ကြေးမှာ တစ်လ ဒေါ်လာ ၂၂၀၀ သာ ဖြစ်သည်။ တစ်ဖက်မှ တွေ့ကြရအောင်ဟု ပြန်ကြားချက် ရလိုက်သည်။ သူတို့ အီးမေးလ် လိပ်စာကိုလည်း သူမ ရေးမှတ်ထား လိုက်သည်။ တွေ့ဆုံဆွေးနွေးခြင်း ကလေး အငှားဗိုက်ဖြင့် မွေးခြင်း လုပ်ငန်းသည် ပျော်ရွှင်စွာဖြင့် နိဂုံးချုပ်ခဲ့ရသည်က များသည်။ သူ ကိုယ်ဝန်ဆောင် ပေးလိုက်သည့် ကလေးတိုင်းကို မွေးပေးပြီးသည်နှင့် ကာယကံရှင် လင်မယားထံ အပ်လိုက်ပြီးလျှင် ကိစ္စ ပြီးသွားသည်။ ထိုအချိန...

အသက် ၁၈ နှစ်ပြည့်မှ ဒါကိုဖတ်ပါ

Image
ဆရာရှင့် နားနဲ့မနာဖဝါးနဲ့နာ တိုင်ပင်စရာလေးရှိလို့ပါ။ ကျမနဲ့စေ့စပ်ထားတဲ့ချစ်သူနဲ့ တူတူနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် သမီးရည်းစားဘဝတုန်းကလည်း Living together နေပါတယ်။ အဲ့တုန်းက သူကွန်ဒုံးသုံးတယ်။ သူကသင်္ဘောလိုက်တော့ ခဏခဏမတွေ့ရတော့ ရက်ရှောင်ပြီးနေဖို့ သိပ်မဆင်ပြေပါဘူး။ ဒီတခေါက်ပြန်လာတော့ ကျမ Morning after pill သုံးလိုက်တယ်။ ဖြစ်ချင်တော့ နေမိသွားတယ်။ ရှုပ်သွားလားမသိဘူး။ ကျမ ဒီလရာသီလာတာ ၆ ရက်နေ့ကပါ။ ပုံမှန်တော့ ၂ ရက်ပဲလာတယ် ပြီးရင် နောက် ၃၊ ၄ ရက်က နေ့လည်ဖြစ်ဖြစ် ညနေဘက်ဖြစ်ဖြစ် အနည်းအကျဉ်း ဆင်းတတ်တာ အမြဲတမ်းပါပဲ။ ဒီတော့ ရက်လည်းသိပ်မတွက်ဘူး။ ဒါနဲ့ ၁၂ ရက်နေ့က တူတူအိပ်လိုက်တယ်။ calender နဲ့ တွက်ကြည့်တော့ safe day ဆိုတော့ အစက ဆေးမသောက်ဘူး။ ကာကွယ်တဲ့အနေနဲ့ မနေ့ကပဲသောက်လိုက်တာ၊ ဒီနေ့ညလည်းကျရော ခရီးထွက်ရမှာဘာညာနဲ့ဆိုတော့ နေလိုက်မိပြန်တယ်။ သူလည်း ပြီးတဲ့အချိန်မှာ အပြင်တော့ ထုတ်လိုက်ပေမယ့် ကျမစိတ်ထဲ နဲနဲများဝင်သွားမလားဆိုပြီး ဆေးကို မြန်မြန်သောက်လိုက်တာ မနေ့က သောက်ထားတာ မေ့ပြီး အန္တရာယ်ရှိနိုင်ပါသလား။ နောင်ကျမတို့နှစ်ယောက်

လင်နဲ့မယား ဆက်ဆံရေး မေးခွန်းများ (အသက် ၁၈ နှစ်မပြည့်သေးပါက မဖတ်ပါနှင့်)

Image
မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချို သွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။ ၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ် လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။ ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က

ကျွန်မဘဝ ပရ အတွေ့အကြုံ "(ကြောက်တက်ရင် မဖတ်ပါနှင့်)

Image
မှတ်မှတ်ရရ ၁၉၉၀ ကျော်ကာလ သြဂုတ်လရဲ့ နေ့လည်ခင်း တခုမှာပေါ့။ကျမ ကျောင်းက ပြန်လာပြီး အိမ်ထဲဝင်တော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်သလို ခံစားရတယ်။  အ၀တ်လဲဖို့ ကိုယ့်အခန်းကို အသွား တီဗီကြည့်တဲ့ ဟောခန်းကို ဖြတ်တော့ တီဗီရှေ့က သစ်သားကွပ်ပျစ် ကလေးပေါ်မှာ မတင်ဌေး ဆိုတဲ့ အိမ်အကူကောင်မလေး နေမကောင်းလို့ လှဲနေတာ တွေ့တယ်။ သူ့ဘေး နားမှာတော့ ဗေဒင်ဆရာမ ယောင်ယောင် ဘာယောင်ယောင် မဟာဘုတ်တောင် မထူတတ်တဲ့ အမျိုးသမီး တယောက် ရှိနေတယ်။ နာမည်က မဝေတဲ့။ သူက ဘာရယ်မဟုတ်ဘူး အိမ်ကိုလာလာပြီး လူကြီးတွေနဲ့ စကားစမြည်ပြော ထမင်းစား ကော်ဖီသောက် လမ်းစရိတ်တောင်းပြီး ပြန်နေကျ။ မဝေက မတင်ဌေးကို ပြုစုနေတာလား ဘာလား မသိပါဘူး။ ခေါင်းကို ယပ်ခတ်လိုက် ခြေထောက်ကို နှိပ်လိုက် ရှူဆေးတွေ သွေးဆေးတွေ ရှူခိုင်းလိုက်နဲ့ ပြာယာခတ်နေတာပဲ။ မတင်ဌေးက တော်ရုံ နေမ ကောင်းဖြစ်ခဲတော့ ကျမလဲ နည်းနည်းအံ့သြတာနဲ့ အ၀တ်အစားလဲပြီး သူတို့အနား သွားထိုင်ကြည့်ဖြစ် တယ်။ မတင်ဌေးက မျက်စိမှိတ်ထားပြီး တအင်းအင်း ညည်းနေတယ်။ သွားကြီးစေ့ အံကြိတ်ပြီး ခေါင်းတွေလဲ ခါခါယမ်းယမ်းနဲ့။ ကိုယ်ခန္ဓာကလည်း မငြိမ်ဘူး ရုန်းကန်

သုဓမ္မာ ဇရပ်တန်းနှင့် အအေးဆိုင်များ နောက်ကွယ်တွင် သမီးရည်းစား အတွဲများ၏ မဖွယ်မရာ စခန်းများ အဖြစ် တည်ရှိနေ

Image
  မန္တလေးမြို့၏ အထင်ကရ နေရာများထဲတွင် သုဓမ္မာဇရပ်တန်းတွေသည်လည်း ပါဝင်ပေသည်။ သမိုင်းဝင် အမွေအနှစ်များ ဖြစ်သောကြောင့်  နိုင်ငံတော်မှ ပြုပြင် ထိန်းသိမ်းခဲ့ကြသည်။ နိုင်ငံခြား ခရီးသွားများသည်လည်း ထိုနေရာသို့ လာရောက်၍ လေ့လာနေသည်ကိုလည်း  တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇရပ်တန်းသည် အလွန်ပနံသင့် လှပေသည်။ ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ၏ ကြီးစိုးရာ ဇုန်တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှလည်း မျက်ကွယ်ပြုထားသည်ဟု ထင်သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာသော အချိန်တွင် အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန်မှာ နိုင်ငံသူနိုင်ငံသားအားလုံး၏ တာဝန်ပင် ဖြစ်သည်။ ရိုးရိုးသားသားဖြင့် မိသားစုဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြသည်ကို ဂုဏ်ယူမိပါသည်။ ရိုးရိုးသားသား ဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မဇရပ်များနှင့် အအေးဆိုင်များမှာ

Anal Practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း (၁၈ နှစ်ပြည့်မှ ဖတ်ပေးပါလို့ တောင်းဆို ချင်ပါတယ်..)

Image
ကြားဘူးတယ် ဟုတ်၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်တယ်။ ဝိုင်းထဲကို ဘယ်သူမှ မဝင်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စီးတယ်။ အက်ႍေတာ့ မဝတ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ဝမ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ဝမ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။ စအိုကနေဝင်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ဝမ်းလျော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ဝင်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”ဝင်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။ ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က ...