Posts

Showing posts from August 28, 2013

ဆန်းဆန်းပြားပြား စားသောက်ဆိုင်များ

Image
တကယ်လို့များ သင်ဟာ ဘယ်သူနဲ့မှ မတူအောင် ထူးထူးခြားခြားဖြစ်တဲ့   နေရာတွေမှာမှ အစားအသောက်တွေကို စားချင်ပါတယ်ဆိုခဲ့ရင် အောက်ဖော်ပြထားတဲ့ စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်နိုင် ပါတယ်။ ပုံမှန် စားသောက်စဉ်မှာ ခံစားရတဲ့ စိတ်ခံစားမှုမျိုးကနေ ခွဲထွက်ပြီး ထူးခြားဆန်းကျယ်စွာ ခံစားရမှာဖြစ်ပါတယ်။ ထူးခြားတာက ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဟာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ကြည့်ရတာ ဆေးရုံမှာ အနေများတော့ မြင်လေရာရာ ဆေးရုံမြင်ကွင်းဘဲ ဖြစ်အောင် ဖန်တီးထားတယ် ထင်ပါရဲ့။ စာသောက်ဆိုင်ရဲ့ သန့်စင်ခန်းတွေ သည်ပင်လျှင် ဆေးရုံရဲ့ သန့်စင်ခန်းများနဲ့ အလားတူ တည်ဆောက် ထားတယ်လို့ ဆိုပါတယ်။ (စိတ်ကြီးရယ် ညစ်ရပါရဲ့) တကယ်လို့များ သင့်ကိုယ်သင် လူနာတစ်ယောက်လို သဘောထားပြီး သူနာပြုတွေရဲ့ အပြုအစုကို ခံယူချင်တယ် ဆိုရင်လဲ အဲဒီစားသောက်ဆိုင်က သင့်ကို လိုက်လျောပေးပါ လိမ့်မယ်။ သင့်ရဲ့ လက်တွေကို အနောက်မှာ ချည်နှောင်ထားပြီး တော့ သင့်ကို သူနာပြုဝတ်စုံ ဝတ်ဆင်ထားတဲ့ ချောချောမော မော လှလှပပ မိန်မပျိုလေးများက ခွန့်ကျွေးပါလိမ့် မယ်။  (အပြုစုခံချင်သူ ကိုကို၊ မောင်မောင်များ ၊ ဦးဦး၊ ဘဘကြီးတို့တွေ ဒီစားသောက်ဆိုင်ကို သွားသာသွာ

ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမများ

Image
ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမများ   (၁) ညစ်ပတ်သောမိန်းမ   ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြ သည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင်ရှုတ်ပွနေတတ်သည်။ပစ္စည်းတစ်ခု  ပျောက်လျှင် လွယ်လွယ်နှင့်ရှာလို့မရတော့ပေ  ၄င်းကဲ့သို့သော မိန်းကလေးသည်အပြင်ထွက်လျှင်  ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသောအ၀တ်အစားမှာလည်း  အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊  ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက် သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း  ဟင်းဖတ်များကပ်နေတတ်သည့်အပြင်  နုတ်ခမ်းနီများလည်း ပေကျံနေတတ်သည်။ (၂) အတင်းပြောသောမိန်းမ    BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများ ကြိုက်ကြသော်လည်း BMW (Big Mouth Women) မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်

မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ထီးခီး ရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်

Image
  မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ထီးခီး ရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက် များအားအပြည်ပြည်ဆိုင်ရာ ၀င်/ထွက် ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအားစတင်ဝင်ရောက်ခွင့်ပြု မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းဂိတ်သို့ စစ်ဆေးခံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း) ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားသော နယ်စပ် ၀င်/ထွက်ပေါက် လေးခုဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊  ကော့သောင်း၊ ထီးခီး ၀င်/ထွက်ပေါက်များအား အပြည်ပြည် ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများကို စတင်ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။ နှစ်နိုင်ငံ နယ်စပ် ၀င်/ထွက်ပေါက်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များအဖြစ် ပြောင်းလဲသတ်မှတ်၍ ဗီဇာပါရှိသော  နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသော ခရီးသွားလက်မှတ် ပါရှိသည့်  မြန်မာ၊ ထိုင်း နှစ်နိုင်ငံသားများနှင့် တတိယနိုင်ငံသား (မြန်မာ၊ ထိုင်းအပြင် အခြားနိုင်ငံများမှ) ခရ

လောကကြီးမှာလေ

Image
လောကကြီးမှာလေ ၁) မပြတ်သားတဲ့သူ ၂) အမှတ်မထားတဲ့သူ ... ဒီလူနှစ်ယောက်ဟာ ဒုက္ခရောက်တတ်သည်.....။                                                         ရွှေအိ

ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း

Image
ဗုဒ္ဓဘာသာနှင့် ယုံကြည် ကိုးကွယ်ခြင်း မေး ။ ။ Wanna —ကျွန်တော်မေးခွန်းလေး နည်းနည်းလောက်မေးချင်ပါတယ်… အခြားဘာသာဝင်များ အနေဖြင့် ဘုရား၊ တရား၊ သံဃာ တွင်ယုံကြည်ခြင်းမရှိနိုင်ေ သာ ကြောင့် အပယ်သွားနိုင်ပါသလား။ သို့မဟုတ်.. အခြားဘာသာ ၀င်များသည် နဂိုကတည်းက ဘုရား၊ တရား၊ သံဃာ ကို ယုံကြည်ခြင်းမရှိသဖြင့် … မယုံကြည်ခြင်းကြောင်ဖြစ်ပေါ် သော အကျိုးကို ခံစားရခြင်း မရှိနိုင် ပါသလား။ ဖြေ ။ ။ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့ မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။ ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကို ဖူးရရုံ ၊ နဲ့ ဘုရားရှင်ကို ယုံကြည်နေရုံနဲ့၊ အပယ်လွတ်မယ်လို့ မဆိုနိုင်ပါဘူး။ကိုယ်ပြုတဲ့ ကုသိုလ်ကောင်းမှု၊ အကုသိုလ် မကောင်းမှုတွေ က သာ ကိုယ့်ကို ဆုံးဖြတ်ပေးပါ လိမ့်မယ်။ ဘုရားနဲ့ ညီအကိုလဲတော် ၊ ယောက်ဖလဲဖြစ် ၊ဘုရားကို

ကျေးဇူးပါ အမေ

Image
အမေကလေပိုက်ဆံတွေအများကြီးတော့ မပေးနိုင်ဘူးတဲ့ အခုချိန်မှာအမေပေးနိုင်တာက ပညာအမွေပဲတဲ့……… အမေကလေ ဟင်းကောင်းတွေအများကြီး တော့ ချက်မကျွေးနိုင်သေးဘူးတဲ့ ဒါပေမဲ့ ကြိုက်တတ်တဲ့ ဟင်းကောင်းလေးတစ်မျိုးဆီ တော့ အမေ လုပ်ပေးနိုင်တယ်တဲ့……… အမေကလေ အဝတ်အစားတွေအများကြီး တော့ ဝယ်မပေးနိုင်သေးဘူးတဲ့ ဒါပေမဲ့ သူများ တွေ အမြင်မှာ မျက်နှာမငယ်ရအောင်တော့ အမေ ဆင်ပေးနိုင်တယ်တဲ့…………… အမေကလေ ချမ်းသာတဲ့ သူကြီးတစ်ယောက် မဖြစ်နိုင်ရင်နေပါစေတဲ့……ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို ကြိုး ကြိုး စား စား နဲ့ အဲ့ဒီ့ အလုပ်အပေါ်တန်ဖိုးထားတတ်မယ်ဆို အမေ ကျေနပ်ပါတယ်တဲ့………… ကျေးဇူးပါ အမေ ……အမေ့ရဲ့ သွန်သင်မှု အောက်မှာကြီးပြင်းခဲ့ရပီး အမေ့ရဲ့သားသမီး ဖြစ်ခွင့်ရတဲ့အတွက် ……အခုတော့ နားလည်ခဲ့ ပါပီ …အမေအမြဲပြောတတ်တဲ့စကားလုံးတွေရဲ့ တန်ဖိုးကိုပေါ့………… Khin Myo Aye poem

ငါအိုသွားသောအခါ

Image
ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဖိုသီ၊ ဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိတ်ခဲ့တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန့်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက

ကေတီဗွီ (KTV)

Image
ကေတီဗွီ (KTV) ဆင်းရဲမွဲတေနေတဲ့လက်တင်အမေရိကကလေးငယ်  သုံးဆယ့်ငါးသန်းအတွက် ရှာကီရာဟာသူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။အင်ဂျလီနာဂျိုလီလှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲကပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေတွေပဲကဲ .. .ဘာထူးလို့လဲကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီတစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ် ကျွန်မ အမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ  တဖြည်းဖြည်းတိုတိုလာရတယ်တစ်လတစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေ ရတယ်ကောင်းရောင်းကောင်းဝယ်... ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူးစက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင် ကြဘူးလေ။ခွန်အားနဲ့အတတ် ပညာတွေ ဈေးပေါနေတဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်းရတာပဲ။ ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ်။ကျွန်မနာမည်လား . . အမေပေးခဲ့တာတောင်မေ့တေ့တေ့ရယ်
Image
အတိတ်ကိုလည်း မစဉ်းစားနဲ့ ၊ အနာဂတ်ကိုလည်း မမျှော်နဲ့ ၊ ပစ္စုပန်ကိုသာ တည့်တည့်ကြည့်ပါ ။ ။ ။ ရွှေအိ

တိုင်းဒေသကြီး/ပြည်နယ်အလိုက် မော်တော်ယာဉ်နံပါတ်ပြားများ ပြောင်းလဲဆောင်ရွက်မည်

Image
  တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  မော်တော်ယာဉ်နံပါတ်ပြားများ ပြောင်းလဲဆောင်ရွက်မည် မော်တော်ယာဉ်မူသေအမှတ်ပေါ်တွ င် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသသင်္ကေတ Sticker များ တပ်ဆင်ရေးကိစ္စဆောင်ရွက်လျှက်ရှိပါသည်။ ဆက်လက်၍ မော်တော်ယာဉ်များ၏ ဖောင်းကြွနံပါတ်ပြားများတွင် အသုံးပြုလျှက်ရှိသည့် မြန်မာအက္ခရာဂဏန်းများအား အင်္ဂလိပ်အက္ခရာ ဂဏန်းများသို့ ပြောင်းလဲထုတ်ပေး သွားမည်ဖြစ်ပါသည်။ မှတ်ပုံတင်ထားသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ရာသက်ပန် အငှား ယာဉ်များ၊ သာသနာရေးယာဉ်များ၊ နိဗ္ဗာန်ယာဉ်များအား အောက်ပါအတိုင်း အင်္ဂလိပ် အက္ခရာသတ်မှတ် ပြောင်းလဲသွားမည် ဖြစ်ပါကြောင်းနှင့် မော်တော်ယာဉ် နံပါတ်ပြားများအား အင်္ဂလိပ်အက္ခရာ ဂဏန်းများဖြင့် ပြောင်းလဲမည့်အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။                    ကုန်းလမ်းပို့ဆောင်ရေးညွှန်ြ ကားမှုဦးစီးဌာန

သူတော်ကောင်းတို့ရဲ့  လက္ခဏ (၁၂)ပါး

Image
သူတော်ကောင်းတို့ရဲ့ လက္ခဏ (၁၂)ပါး ၁။ စိတ်ရှည်ခြင်း ၂။ မကြွားဝါတတ်ခြင်း ၃။ ဒေါသမလွန်ကဲခြင်း ၄။ အတ္တမာနမကြီးခြင်း ၅။ ကျေးဇူးတရားသိတတ်ခြင်း ၆။ ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း ၇။ မိမိကိုယ်ကျိုးမကြည့်တတ်ခြင်း ၈။ သူတပါးအပြစ်ကိုစိတ်မှတ်မထား ခြင်း ၉။ အပြစ်မြင်အပြစ်တင်မပြောတတ်ြ ခင်း ၁၀။ မကောင်းမှုကိုမနှစ်သက်မလိုလာခြင်း ၁၁။ ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း ၁၂။ သီးမခံနိုင်တဲ့အထိသီးခံခြင်း သူတော်ကောင်းတရား(၁၂)ပါထဲမှာ ကိုယ်ဘယ်လောက်ရထားပြီလဲ ကိုယ့်ကိုယ်ကိုယ်မလိမ်ညာစတမ်း ဆန်းစစ်ဝေဖန် ဖြည်ဆည်းကျင့်ကြံနိုင်စေရန် …                                           World of Wisdom

ကျန်းမာရေးအမြင်

Image
Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူး လိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။ သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေ နိုင်တဲ့ အန္တရာယ်ရှိတဲ့ Cel l တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။ ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီ ကျတာပေါ့

မာရီနာပြောတဲ့ အချစ်အကြောင်း

Image
ဆယ်ကျော်သက်ကတည်းက မြင်မြင်ချင်းချစ်မိတယ် ဆိုတာကို မရှိတာပါ မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ စကားကိုပြောရမယ် ဆိုရင်တော့  တစ်ယောက်နဲ့တစ်ယောက်  အမြင် ချင်းမတူနိုင်ဘူးလို့ထင်ပါတယ်။  မြင် မြင်ချင်းချစ်မိမယ့်သူက ရှိတဲ့သူ လည်းရှိမယ်။ မရှိတဲ့သူလည်းမရှိဘူး ပေါ့။ ညီမသိသလောက် သေချာ  လေ့လာမြင်တွေ့ရသလောက်ပြော ရမယ်ဆိုရင်တော့  မြင်မြင်ချင်းချစ်မိ တယ်ဆိုတာ ခဏတာလောက် ကြိုက်မိသွား တာလောက်ပဲဖြစ်မှာ ပါ။ စွဲစွဲမြဲမြဲချစ်မိဖို့ဆိုတာကတော့ နည်းနည်း နည်းမယ်ထင်ပါတယ်။ ဆယ်ကျော်သက် ဘ၀တုန်းကချစ်မိ တဲ့အချစ်မျိုးဆိုတာမရှိခဲ့ပါဘူး။ မာ ရီနာကဆယ်ကျော်သက်