Posts

Showing posts from November 6, 2018

သုတ်ပိုး အားကောင်းစေတဲ့ ထိပ်တန်း အစားအစာများ

Image
အမျိုးသားရော အမျိုးသမီးပါ ကျန်းမာအားကောင်းတဲ့ သုတ်ပိုးများ ပိုင်ဆိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒီအတွက် အစားအသောက် အနေအထိုင်မှန်ဖို့က အလွန်ကို အရေးကြီးပါတယ်။ အခုဖော်ပြပေးထားတဲ့ အစားအသောက်တွေကတော့ သုတ်ပိုးအားကောင်းစေနိုင်တဲ့ အစားအစာတွေဖြစ်လို့ ဂရုစိုက် စားသုံးသင့်ပါတယ်။ . ၁။ Dark Chocolate Dark Chocolate မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်နှင့် အခြားဓါတ်များက သုတ်ပိုးအရေအတွက်ကို များပြားကာ အားကောင်းစေပါတယ်။ ဒါ့အပြင် ချစ်တင်းနှောတဲ့အခါမှာ orgasms ရရှိမှုကိုလည်း တိုးတက်စေပါတယ်။ သို့သော် အလွန်အကျွံစားသုံးခြင်းက ဝိတ်တက်ခြင်းနှင့် အခြားဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ် ။ ပုံမှန် အနေတော် စားသုံးခြင်းက အကောင်းဆုံးပါပဲ။ . ၂။ကမာ၊ မုတ်ကောင် Zinc ဓါတ်က သုတ်ပိုးထွက်မှုနှင့် ခန္ဓာကိုယ်ရဲ့ testosterone level ကို တိုးတက်ကောင်းမွန်စေပါတယ်။ ကမာ၊ မုတ်ကောင်များဟာ Zinc ဓါတ် အလွန်ပေါကြွယ်ဝတာကြောင့် သုတ်ပိုးအားကောင်းဖို့ အစားသင့်ဆုံး အစားအစာထဲမှာ ပါပါတယ်။ testosterone level ကို မြင့်တင်ပေးတာကြောင့်လည်း ချစ်တင်းနှောရာမှာ လိုအပ်တဲ့ လိင်စိတ်ကိုတက်စေပါတယ်။ ကလေးရရှိနိုင်ဖို့အတွက်ည်း အခွင့်အလမ်းမ

ဝိုင်တစ်ခွက်သောက်ခြင်းက GYM တစ်နာရီခန့်ဆော့ခြင်းနဲ့ ညီမျှနေ

Image
က​နေဒါနိုင်​ငံ Alberta တက္ကသိုလ်​မှ သု​သေသနပြုလုပ်​ချက်​​တွေအရ ​လေ့ကျင့်​ခန်းလုပ်​တဲ့အခါမှmထွက်​တဲ့ Resveratrol ဆိုတဲ့ကျန်းမာ​ရေးအ​ထောက်​အကူပြု ဓာတ်​တစ်​မျိုးကို ဝိုင်​နီမှာလည်း​တွေ့ရတယ်​လို့ဆိုပါတယ်​။ ဂျင်​​ဆော့တာဟာ ကိုယ်​လက်​လှုပ်​ရှားမှုကို သက်​​တောင့့်​သက်​သာဖြစ်​​စေပြီး နှလုံးအလုပ်​လုပ်​ပုံ ကြွက်​သားသန်​မာမှု​တွေကို ​တိုးတက်​​ကောင်းမွန်​​စေပါတယ်​။ ဝိုင်​နီမှာပါတဲ့ Resveratrol ဟာလည်း တူညီတဲ့ရလာဒ်​​တွေကို ​ပေးစွမ်းတယ်​​လို့ဆိုပါတယ်။ ဝိုင်​နီ တစ်​ရက်​တစ်​ခွက်​​ပုံမှန်​​သောက်​ခြင်းဟာ နှလုံးအတွက်​​အထူး​ကောင်း​စေသလို အိုမင်းရင့်​​ရော်​ခြင်းမှလည်းကာကွယ်​​ပေးပါတယ်​။ စိတ်​ကစဉ့်​ကလျားဖြစ်​တာ ကင်​ဆာ​ရောဂါဖြစ်​နိုင်​​ချေ​တွေကိုလည်း ​လျော့ကျ​စေပါတယ်​။ ဒါ့အပြင်​​သွေးလှည်​ပတ်​မှုကိုလည်း ​ကောင်း​စေတယ်​​လေ။ ​လေ့ကျင့်​ခန်းမလုပ်​နိုင်​သူ​တွေ၊ ​လေ့ကျင့်​ခန်းလုပ်​ရမှာပျင်းသူ​တွေအတွက်​​တော့ သတင်း​ကောင်း​ပဲ​နော်။ . . လင်း ( Shwe Innlay)