Posts

Showing posts from February 19, 2016

မိန်းကလေးများအတွက်

Image
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့  မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

မာစတာဘေးရှင်း

Image
(မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် (နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ သိပ်ခက်ပါတယ်။ (အက်ပ်-နော်မယ်) ဆိုတာက ဖြစ်နေကြ၊ လုပ်နေကြ မဟုတ်တာကို ခေါ်လေ့ရှိလို့ပါ။ ဘယ်လောက် များများ လုပ်ကြသလဲ ဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများ တိုင်းပြည်တွေ မှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီး သား ဖြစ် တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂၀ ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်း

ယောက်ျား ပီသချင်သူတို့ စိတ်ဓါတ် ကျသောအခါ

Image
အမျိုးသားမှန်ရင် ယောက်ျား ပီသချင် ကြပါတယ်။ အမျိုးသားလည်း လူပဲမို့  ရံဖန်ရံခါမှာ စိတ်ဓါတ် ကျတတ် ကြပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ကျကျ လူတွေ မေးရင်တော့ ဟန်ကြီး တစ်ခွဲသားနဲ့  ဘာမှမဖြစ် သယောင် နေပြတတ်ကြပြီး တစ်ယောက် ယောက်ကို ဖွင့်ဟပြောဆိုပြီး အကူအညီ တောင်းလိုက်ရင်ကိုပဲ ကိုယ့်မှာ ယောက်ျား မ ပီသတော့မှာကို တွေးပူတတ် ကြသူတွေပါ။ ယောက်ျား ပီသတာ ကောင်းပါတယ်။ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်မယ်။ အမှီသဟဲ ကင်းမဲ့စွာ ရှင်သန်မယ်။ ဒါဘ၀ အတွက် တန်ဖိုးရှိတဲ့ စိတ်ဓါတ်တွေပါ။ ဒါပေမယ့် ယောက်ျား ပီသလိုစိတ် လွန်ကဲလာမယ် ဆိုရင်ကိုက ကိုယ်ဟာ ယောက်ျား မပီသတော့ဘူး ဆိုတာကို သတိပြုရပါမယ်။ သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ အမျိုးသားတွေ ဟာလည်း လူထဲကလူပဲမို့  စိတ်ကျဝေဒနာ