Posts

Showing posts from August 26, 2013

မယ်ဆိုင်ရဲများ၏ မတရားမှုအား ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်း

Image
မယ်ဆိုင်ရဲများ၏ မတရားမှုအား ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်း   ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး ကော်မတီ အမည်ဖြင့် အောင်မြင်စွာ ဖွဲ့စည်းမှုပြီးစီး   ထိုင်းနိုင်ငံ မယ်ဆိုင်ရဲများမှ မြန်မာနိုင်ငံသားများ အပေါ် အမျိုးမျိုး ခြိမ်းခြောက် ငွေညှစ် ဖမ်းဆီးမှုများအား တားဆီး၊ ကာကွယ်နိုင်ရေးကိစ္စကို တာချီလိတ် ပြည်သူလူထုမှ နှစ်များစွာ အထူးမျှော်လင့် တောင်းတနေခဲ့သည်ဖြစ်ရာ ၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်  မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" အမည်ရှိ ကော်မတီတစ်ရပ်အား တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ နှင့် ရပ်မိရပ်ဖများပါဝင်သော ကော်မတီဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းလိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ကော်မတီဖွဲ့ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားရာ သြဂုတ်လအတွင်းက ယခုလိုကိစ္စများနှင့်ပတ်သက်၍ မယ်ဆိုင်မြို့ပိုင် နှင့်

ဒါက အချစ်ရေးနဲ့ဆိုင်တဲ့ personality test လေး ဖြစ်ပါတယ်

Image
ဒါက အချစ်ရေးနဲ့ဆိုင်တဲ့ personality test လေး ဖြစ်ပါတယ် ..။  အပျော်သဘောအနေနဲ့ စမ်းစစ်နိုင်တဲ့ မေးခွန်းလေးများပဲ ဖြစ်ပါတယ် ..။ ကဲ ... စလိုက်ကြရအောင် ... အဖြေတွေကို စာရွက်မှာရေးမှတ်ထားနော် ...။ (၁) ကမ္ဘာပျက်တော့မယ်တဲ့ ...။ သင်က လွတ်မြောက်ခွင့်ရရှိမှာ ဖြစ်ပြီးတော့ သင်နဲ့အတူတူ တိရစ္ဆာန် တစ်ကောင်ကိုလည်း ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ် ...။  အောက်ပါ တိရစ္ဆာန်များအနက်မှ ဘယ်တိရစ္ဆာန်ကိုများ ရွေးချယ်ချင်ပါသလဲ ...။ (က) ယုန် (ခ) သိုး (ဂ) သမင် (ဃ) မြင်း (၂) တကယ်လို့သင်ဟာ တိရစ္ဆာန်တစ်ကောင်သာ ဖြစ်ခဲ့ရင် ဘာကောင်များ ဖြစ်ချင်ပါသလဲ ...။ အောက်ပါ တိရစ္ဆာန်များထဲမှ ရွေးချယ်ပေးပါ။ (က) ခွေး (ခ) ကြောင် (ဂ) မြင်း (ဃ) မြွေ (၃) သင့်မှာ ကမ္ဘာလောကကြီးထဲက သတ္တ၀ါမျိုးစိတ်တစ်ခုကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့ စွမ်းအားရှိပါတယ် ...။ ဘယ်ကောင်ကိုများ ဖျောက်ပစ်ချင်သလဲ ...။ (က) ခြင်္သေ့ (ခ) မြွေ (ဂ) မိကျောင်း (ဃ) ငမန်း (၄) အောက်က တိရစ္ဆာန်တွေထဲက တစ်မျိုးကသာ စကားပြောနိုင်မယ်ဆိုရင် ဘယ်အကောင်ကို စကားပြောနိုင်စေချင်ပါသလဲ ..။ (က) သိုး (ခ) မြင်း (ဂ) ယုန် (ဃ) ငှက် (၅) တသီးပုဂ္ဂလတည်ရှိနေတဲ့ ကျွန်းတစ်ကျွန်းမှာ သင်ဟာ အေ

ငရဲပြည်မှ ပျော်မလား

Image
ငရဲပြည်မှ ပျော်မလား လူတစ်ယောက်ဟာသေဆုံး သွား ပြီးတဲ့နောက် ငရဲပြည် ကိုရောက်သွားပါတယ်... အဲ့ဒီမှာယမမင်းကြီးနဲ့တွေ့တယ်.... ယမမင်း ။ ဘာလို့မှိုင်နေတာလဲ... လူသား ။ ငရဲပြည်ရောက်နေတာကိုးဗျ... ဘယ်လိုလုပ်ပျော်နိုင်မလဲ.... ယမမင်း ။ ငါတို့ ငရဲပြည်ကထင်သလောက်လည်းမဆိုးပါဘူးကွ... ဒီမှာပျော်စရာကောင်းတဲ့အစီအစဉ်တွေ အများကြီးလုပ်ထားပေးတယ်... ဒါနဲ့ မင်းအရက်သောက်တတ်လား... လူသား ။ ဟာ... သောက်တာပေါ့ဗျ... အသည်းခြောက်အောင်ကိုသောက်တာ... ယမမင်း။ ဒါဆိုရင်တော့ တနင်္လာနေ့တိုင်း မင်းပျော်ပြီပေါ့ကွာ... တနင်္လာနေ့တိုင်းမှာ ငါတို့ငရဲမှာ သောက်ပွဲပဲ... အရက်အမျိုးအစားပေါင်းစုံ၊ ဘီယာ၊ အအေး မင်းကြိုက်တာအကုန်သောက်လို့ရတယ်... ငါတို့ပြန်အန်ထွက်တဲ့အထိ သောက်ကြတယ်... အန်ပြီးရင်လည်း ထပ်သောက်တာပဲ... ပြီးတော့ မင်းအရက်နာကျမှာလည်း စိုးရိမ်စရာမလိုတော့ဘူးလေ... မင်းကသေပြီးသားလူပဲ... လူသား ။ ဟာ... ကြိုက်တယ်ဗျာ... ဆွဲပြီပဲ... ယမမင်း ။ ဒါနဲ့ မင်းဆေးလိပ်ကောသောက်သလား... လူသား ။ မေးစရာကိုမလိုတာ...မီးမသေအောင်ကိုသောက်ခဲ့တာ... ယမမင်း ။ အဆင်သင့်တာပေါ့ကွာ... ဒါဆို အင်္ဂါနေ့လည်း မင်းပျော်ပြီ... တစ်ကမ္ဘာလုံးက အကောင်းဆုံးဆေးလိပ်တွေ ငါတိ

အိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ

Image
ခေတ်ကြီးသည် ၂၀ ရာစု မှသည် ၂၁ ရာစုသို့ရောက်ရှိ လာခဲ့ပါပြီ။အရာရာတို့ သည်လည်းတစ်ခေတ်ပြီး တစ်ခေတ်ပြောင်းလဲခဲ့ကြပါပြီ။ သို့ပါသော်လည်းကျွန်တော်တို့  ဘိုးဘွားစဉ်ဆက် ဆိုမိန့်ခဲ့ကြသော အောက်ပါ အချက်ကလေး များကတော့ဘာကြောင့်ပဲဖြစ်ဖြစ်အသက်ဝင်နေဆဲ၊ အလေးဂရုပြုရမည့် အရာများ ဖြစ်နေဆဲဖြစ် ပါတော့သည်။ ၁။ အိမ်ရှေ့၌ ဌက်ပျောပင်မစိုက်ကောင်း။

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျို

Image
မှဲ့ တည်နေရာနှင့် အဟော-တွေပါ။ ဗဟုသုတအနေနဲ့မျှဝေတာပါ။ အမှန်ကြီးပဲးလိုမပြောနိုင်သလို၊အမှားတွေပါလိုလဲးမဆိုသာပါဘူး။ ကိုယ့်မှာပါတာလေးတွေနဲ့တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင်ပယ်လိုက်ပါ။ အပြင်ြးေ ပတာပေါ့။ တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ  ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏ အခန်းနှင့် မနီးမဝေးတွင်ရှိသော ၀ပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ၀ပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော

လင်မယားဆက်ဆံရေး မေးခွန်းနှစ်ခု

Image
မေး ။ ။ ၁ ။ တစ်လင် တစ်မယား စနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံ တို့အတွက် တစ်ဦးကိုတစ်ဦး  လေချိုသွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။  လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။ ၂ ။ ( က ) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။  ( ခ ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။  ဖြေ ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး

ရတနာ၏တန်းဖိုး

Image
( ရတနာ၏တန်းဖိုး ) ရတနာ ဟူသည် နှစ်သက် မြတ်နိုးတန်ဖိုး ထားအပ်ပြီး ကောင်းကျိုးချမ်းသာ ကိုပေးတက်သော ကြောင့် ရတနာ ဟုခေါ်သည် ဟု ကျွန်ုပ် ငယ်စဉ် ကတည်း ကပင် ဆရာကောင်း သမားကောင်း တို့၏ ကျေးဇူးကြောင့် မှတ်သားခဲ့ရ ပါသည်။ သို့သော်လည်း လောကတွင်ရှိရှိသမျှ ရတနာ တို့တွင် ဘုရား တရား သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါးသည်  လောကတွင် အသာလွန်ဆုံး အမြတ်ဆုံး အကောင်းမွန်ဆုံး ဆိုသည် မှာလည်း လုံးဝဧကန်ပင် ဖြစ်သည်မှာ ငြင်းစရာမလိုပေ။ အဘယ်ကြောင့် ဆိုသော် ရတနာ မြတ်သုံးပါးသည် ပစ္စုပ္ပန် တွင်သာ မက သံသရာ အကျိုး၊မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင်  ကောင်းကျိုးချမ်းသာကို ပေးတက်သောကြောင့်ဖြစ်သည်။ ထိုကြောင့် “ ဘုရား တရား သံဃာ ” ရတနာမြတ်သုံးပါး တို့ ၏ ဂုဏ်တော်များ နှင့် အနက်အဓိပ္ပါယ်တို့ အားတပေါင်းတစည်း ထဲ ထပ်မံ၍ ပူဇော်လိုက်ပါသည်။ ဘုရားရှင်၏ ဂုဏ်တော် (၉) ပါး ......... (၁)အရဟံ.လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါ တို့၏ပူဇော်အထူးကိုခံယူတော် မူထိုက်သော မြတ်စွာဘုရား မြတ်စွာဘုရား။ (၂)သမ္မာသမ္ဗုဒ္ဓေါအလုံးစုံသော တရားတော်တို့ကိုဆရာမရှိဘဲတိ ကျမှန်ကန်စွာသိမြင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။ (၃) ဝိဇ္ဇာစရဏ သမ္ပန္နော - အသိ ဝိဇ္ဇာ သုံးပါး ၊ အကျင့်

ရေသတ္တ၀ါ အခေါ်အဝေါ်များ

Image
ရေသတ္တ၀ါ အခေါ်အဝေါ်များ သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် အသုံးလိုမည့် ရေသတ္တ၀ါများ ဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ ၁။ ကမာ = Oyster ၂။ ကနုကမာ = Scallops ၃။ ကကတစ် = Sea bass/ Giant sea perch/ Bectic ၄။ ကကူရံ = King Fish/ Tasselfish ၅။ ကင်းပွန် = Squid ၆။ ကဏန်း = Crab ရ။ ကျောက်ပုဇွန် = Lobster ၈။ ခုံးကောင် = Clam ၉။ ခရု = Winkle ၁o။ ငါးကြင်း = Mrigal

ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန်၊ အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါ

Image
ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါ) မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု