Posts

Showing posts from September 12, 2013

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

Image
  ကောင်မလေး တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။ သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြေ

တစေ့တစောင်း သွေး အကြောင်း (သင့်ရင်မှဖြစ်သောသွေးအကြောင်း)

Image
ဒီဘလော့လေးကို ကျနော်တင်မလို့ဆိုပြီး လုပ်ထားတာ ၂ နှစ်ကျော်ပြီ ကျနော်အကိုတ၀မ်းကွဲ ဂျပန်မှာနေနေတုန်းက အွန်းလိုင်း ဘလော့တစ်ခုမှာ(မြန်မာချစ်သူဆိုက်မှာ) သူ့ကလေး အကြောင်းမေးလို့ ကျနော်တွေ့ခဲ့ရက ဒီဘလော့တင်ဖို့လုပ်ခဲ့တာပါ အခု သူသာ မြန်မာပြည်ပြန်ရောက်လို့ အဲဒီအကြောင်း ဘီယာဆိုင်မှာတောင်ပြောခဲ့ကြပေမယ့် မတင်ဖြစ်ခဲ့တာခုတော့ တင်လိုက်ပါပြီဗျာ ကျနော်တို့လူတွေမှာအစောဆုံးပေါ်ခဲ့တာ အိုသွေးပေါ့ဗျာ သူက ကံဆိုးတဲ့သွေး လူတိုင်းကိုသာ သူ့သွေး ပေးလှူနိုင်ပြီးတော့ သူကတော့ သူနဲ့မျိုးတူကိုသာ လက်ခံတဲ့ တစ်ယူသန်တစ်ဇောက်ကန်းသွေးပေါ့

ကျွန်တော်နှင့် သူမ (၂)

Image
ကျွန်တော်နှင့် သူမ (၂) နှုတ်ဆက်တာခြင်း တူပေမယ့် အနည်းဆုံးတော့ ဆုံဆည်းခြင်းအတွက်လား ခွဲခွာမှုအတွက်လား ဆိုတာကိုတော့ ငါတို့ သိခွင့်ရှိသင့်တာပေါ့…..။ ။ BLACK DREAM သူ ကွန်ပျူတာဖန်သားပြင်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်မှာ အချိန်အားဖြင့် အတော်ပင်ကြာ မြင့်ခဲ့ပြီဖြစ် ပါတယ်။  သူသည် ကွန်ပျူတာမျက်နှာပြင်အား အကြောင်းမဲ့ စူးစိုက်ကြည့်နေခြင်းတော့ မဟုတ်ပေ…။ အဖြစ် အပျက် တစ်စုံတစ်ခုအား မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေခဲ့ခြင်းဖြစ်သည်။ အတိအကျပြောရလျှင်တော့ ရုတ်တရက်ပေါ်ပေါက်လာမည့် တစ်စုံတစ်ယောက်ထံမှ  တုန့်ပြန်မှုတစ်ခု အားစောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။ သူ့ကွန်ပျူတာ၏ Desktop တစ်ခုလုံးသည်  အခြားသူများ၏ Desktop များနှင့်မတူ ထူးခြားစွာရှင်းလင်း အေး စက် နေလေသည်။  ထိုရှင်းလင်းမှုသည်လျှင် သူ့စိတ်ထဲတွင် ငွေ့ရည်ဖွဲ့နေသောမိမိကိုယ်ကိုလှည့်စားခြင်း အတွက်

ရလဒ်. (ကဗျာ)

ရလဒ် . .. ဒဏ် ရာအနာတရနဲ့ ဘ၀မှာရခဲ့တဲ့ ဒဏ်ရာကို ဘယ်အရာနဲံ ဖြောက်မလဲ ... ခံစာချက်သက်သက်မဟုတ်ဘူး နော် ရင်နှင့်ရင်း ခဲ့တာ ခဏတာမဟုတ်ဘူး အမြတ်တနိုးနဲ့ မြတ်နိုးခဲ့တဲ့ အချစ်ကို ဘာကြောင့် သူစွန့်ပြစ်တာလဲ ချစ်ချင်းတစ်ဝက်နဲ့အလွမ်းတစ်ဝက်ကို ငါဝေမျှခံစားရမှာလား မဖြစ်ချင်ပါဘူး ....သူ့အပြုံးနဲ့ငါ့ဘ၀ကို အဆုံးရှုံးခံရမှာတန်လား ဘယ်သူပြောပြော..ငါ့ ရင်မှာ နှစ်မျောခဲ့တဲ့ အချစ်ကို တော့ ငါမစွန့်လွတ်နိုင်ဘူး သူ့အတွက်ရှင်သန်ခဲ့ တဲ့ နှလုံးသား သူ့ အမုန်းဓားသွားမှာ အသက်ပါမယ်ဆိုရင်လဲ ကျေနပ်မှုအပြည့်နဲ့ ပေးဆပ် .ငါ့အချစ်ဆိုတာကို မြေပုံမှာမှတ်တိုင်စိုက်ခဲ့မယ် .. ချစ်သူ ....ပန်းတစ်ပွင့် ရဲ့အလှအပကို ငါမခံ စားဘူး သူဘ၀ရဲ့ရသကိုဘဲငါခံစားမယ်.. ဒါပေမဲ့ မျက်လုံဖွင့်ပြီးအိမ်မက်မက်သူအဖြစ်.ငါ့ကို လူတွေမြင်လေ့မယ်... မြင်ပါစေ ...ပေးဆပ်ချင်မရှိရင် ဘ၀မှာဘာမှမရနိုင်ဘူးတဲ့ ..ဒါပေမဲ့  ပေးဆပ်ပေမဲ့ မရခဲ့ တာ ငါ့လေ..နေရောင်ဖြန်ပေမဲ့ မလန်းတဲ့ ပန်းမှာ..ဘာအတွက်နဲ့  နှင်းစက်တို့ အငွေ့ပြန်တာလဲ ..မြေပြင်နဲ့ ကောင်းကင် ပြောင်ပြန်လှန်လို့ရရင် မင်းကို ငါ့ရင်ခွင် အောက်မှာထားချင်တယ် .

လမ်းခွဲကြစို့ ( က ဗျာ )

လမ်းခွဲကြစို့ မဖြစ်နိုင်မှန်းသိရက် ရှေ့ဆက်မတိုးချင်နဲ့။ မင်းလျှောက်မဲ့လမ်းနဲ့ ငါ့ရဲ့လမ်းက တခြားစီမို့ မင်းနဲ့ ငါ့ရဲ့ အနာဂတ်ကို Sorry ပြောလို့ လမ်းခွဲစို့ ... နေနဲ့လ ကို ပေါင်းစည်းပေးဖို့ ကြိုးစားသူလို မရူးမိုက်ချင်နဲ့ .... မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ နပိုလီယန်ရဲ့ စကားကိုလဲ ပုံသေ မှတ်ယူမနေနဲ့ .... သတ္တိမရှိတဲ့ ယောက်ျားလို့ မင်း သတ်မှတ်သွားပါစေ ငါ ပြုံးလို့နေလိုက်မယ် ... မင်းအတွက် နစ်နာမဲ့အရာ ဘာဆိုဘာမှ မလိုလားတာ ငါ့ရင်ထဲက စေတနာ . . . ဇာတ်လမ်းထဲကလို မင်းမုန်းတယ်ပြောလို့ လှည့်ထွက်သွားပါ..... ဖလန်းဖလန်းထနေတဲ့မင်းနဲ့ ဂွမ်းပြီး မလန်းတဲ့ ငါ့ဘ၀က ရေလည် မမိုက်တာကို မင်းလဲ သိနေတာပဲလေ......... ဒါကြောင့် တစ်ခါမှမနိုးထဘူးသေးတဲ့ ကြေကွဲမှုနဲ့ လွမ်းဆွတ်မှုကို အသက်သွင်းဖို့ မင်းနဲ့ငါနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်လို့ လမ်းခွဲလိုက်ကြပါစို့ ............. လင်းရန်

ကျေနပ်နေပါ့မယ် မရယ် (ကဗျာ)

ကျေနပ်နေပါ့မယ် မရယ် မ သိရဲ့ လား ကျွန်တော် ငိုနေတာမဟုတ်ဘူး မ မျက်ရည်စီးကျနေတာပါ စိတ်ချပါ မ စိတ်အနှောင့် အယှက်မဖြစ်စေရဘူး အားလုံးလည်းသိကြတဲ့ မရဲ့ချစ်သူ ကျွန်တော် မဟုတ်ခဲ့ဘူး လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ ကျွန်တော် အချစ်ကိုယူသွားတာလည်း မပေါ့ ကျွန်တော် လက်ကိုကဗျာရေးစေတာ လည်း မပေါ့ ကျွန်တော် မမုန်းရက်တာလည်း မပေါ့ ကျွန်တော် နှလုံးသားကိုခွဲစေတာလည်း မပေါ့ ကျွန်တော် မျှော်လင့်ချက်ကိုပျက်စီးပစ်တာလည်း မပေါ့ ကျွန်တော် အချစ်ကိုဆော့ ကစားသွားတာလည်း မပေါ့ ကျွန်တော်ရဲ့ ယုံကြည်မူကိုဖျက်စီးပစ်တာလည်း မပေါ့ အရာရာဖျက်ဆီးပစ်တဲ့ မကို ချစ်နေအောင်စွဲဆောင်ပေးတာလည်း မပဲပေါ့ဗျာ                                                                                                                             အသစ်မြင်လို့ အဟောင်းပစ် မပျော်မယ်ဆို ကျွန်တော့်ဝေဒနာ ရင်ဝယ်မျိုသိပ်ကာ ကျွန်တော်ထက်သာတယ်ဆို ရင်တွေခါးနေတာတောင် သေလုမျောပါး အနာတရနဲ့  ကျေနပ် နေပ့ါမယ် မရယ်။ ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ။                                        ဇေမင်း

နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ

Image
နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ   ဒီမနက် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုပြောစရာရှိသည်။ သတင်းကောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာ သည်နှင့်အမျှ အမျိုးသားရေးကြွေးကြော်သံများ၊ မျိုးချစ်လက်ခမောင်းခတ်သံများနှင့် သာသနာ့အရေးနှိုးဆော်သံများ ဆတက် ထမ်းပိုး လှိုင်လှိုင်ကြီး ကြားရတော့မည်ဆိုသည့် သတင်းဖြစ်သည်။ သတင်းဆိုးကတော့ ထိုကြွေးကြော်မည့်ပုဂ္ဂိုလ်အ များစုသည် လူလိမ်များဖြစ်သည်ဆို သည့်အချက်ဖြစ်ပါသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီကို အကူးအပြောင်းကာလမှာ ရေပန်းမစားသည့် နိုင်ငံရေး သမားများက မျိုးချစ်ဝါဒနှင့် လူများစုဘာသာရေးကို အာဏာရရှိရေးအတွက်မည်သို့အသုံးချလေ့ရှိသလဲဆိုတာကို ဒီနေ့ဆွေးနွေးကြပါစို့။ အာဏာရှင်စနစ်က ရုန်းထွက်လာသည့် နိုင်ငံတိုင်းမှာ အဖိနှိပ်ခံခဲ့ရသည့် ပြည်သူလူထုက

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ

Image
  အသားအ ရေဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှုများလာကြောင်း Ama-ra International Company Limited မှ သိရသည်။ မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အ သားညိုသူများပြားကြသည့်အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင် မှုအသစ်အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင် မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။ ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်း အသားဖြူစေခြင်း

အိမ်ရှင်လင်မယားမှ အိမ်ဖော်မလေးအား သုံးပွင့်ဆိုင် အဓမ္မကျင့်မှု ပြုလုပ်

Image
အိမ်ရှင်လင်မယားမှ အိမ်ဖော်မလေးအား သုံးပွင့်ဆိုင် အဓမ္မကျင့်မှု ပြုလုပ် အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီးတစ်ဦး အား အိမ်ရှင်လင်မယားနှစ်ဦးက သုံးပွင့်ဆိုင် လိင် ဆက်ဆံမှု အတင်းအကျပ်ပြုလုပ်ခဲ့ကြောင်း ကာ ယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ မတရားပြုကျင့်ခံရသူ အိမ်ဖော်အမျိုး သမီးသည် အိမ်ရှင်လင်မယား၏ အတင်းအကျပ် လိင်ဆက်ဆံမှုကို (၄) လတာ တုန်လှုပ် ခြောက် ခြားစွာ ခံစားခဲ့ရသည်။ လင်မယားနှစ်ဦးအနေနှင့် အဆိုပါအိမ်ဖော်ကို လိင်ဆက်ဆံ၍ အားရ ကျေနပ် ပြီးချိန်တွင် လမ်းဘေး တစ်နေရာတွင် ပစ်ထားခဲ့ ကြသည်။ အိမ်ဖော်အမျိုးသမီးကို ပစ်ထားခဲ့သည့် နေရာသည် Nebong Tebal ရှိ Taman Cenderawasih နေရာတွင် ဖြစ်သည်။ အိမ်ဖော်

Facebook ဆိုတာ

Image
Facebook ဆိုတာ ထမင်းစားနေသည် .... Post at ချောင်းသာဘာညာကွိကွ .... Post စာမကျက်ချင်ဖူးကွာ ........ Post လွမ်းလိုက်တာ ....... Post at ဟိုရှော့ ပင်းမော ဟိုစားသောက်ဆိုင် ... Post လှလား .... Post at မိုင်ဆွိဟုမ်း .... Post ဒါလေးစားကြပါဦးလား ... Post မွမွ ... Post တင်းလာပြီေ-ာ ပဲကွာ ... ဟိုဒင်းပဲထင်တယ်ကွာ .... Post

" မ " အတွက်(ဖွန်ကိစ္စ)

Image
ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။ အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့ ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ  တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့ နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့ ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ် မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက  ဖြတ်သွားတုန်း ပုဆိုးကို ဗွက်စင်သွားတာပဲ  ရှိပါသေးတယ် မမရယ်။ နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။ ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့ သွားလေးတွေကို မြင်ယောင်တယ်။  ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့ သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျနော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့ ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျနော် အာလူးတစ်လုံး ချန်ထားမိတယ်... မမနဲ့ နီးဖို့ ကျနော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို

မစ်စတာဘင်းက ပေးသာ သင်ခန်းစာ

Image
  မစ်စတာဘင်း ခေါ် Rowan Atkinson ဟာ လန်ဒန် အောက်စဖို့ (Queen's College) ကနေ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် ပြီး မာစတာဘွဲ့ နဲ့ အောင်မြင်ထားပါတယ်။ အောက်စဖို့ တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့အချို့ကိုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ အချိန်ပိုင်း လက်တွေ့ဆရာတောင် လုပ်ခဲ့ပါသေးတယ်။ သို့ပေမယ့် သူဟာ လူတွေကိုဖျော်ဖြေရတဲ့ လူရွှင်တောင်ဘဝမှာ ပဲ ပျော်မွေ့ သူ ဖြစ်ပါတယ်။ သင်ခန်းစာ ဒီလိုပါပဲ။ လက်ရှိ မြန်မာပြည်မှာပေါ့။ ကိုယ်က တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုကို ရထားတယ်။ သို့ပေမယ့် ယင်းပညာရပ်ကို စိတ်မဝင်စားဘူး ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ လမ်းကြောင်းကို ရဲရဲဆုံးဖြတ်လို့ ပြောင်းနိုင် ပါတယ်။ သို့ပေမယ့် လေထဲမှာ တိုက်ဆောက်သလို စိတ်ကူးနဲ့တော့ မရ ပါဘူး။ စိတ်ဓာတ်လည်း ခိုင်မာသလို လက်တွေ့မှာလည်း တကယ် လုပ်နိုင် ကြောင်း ခိုင်မာတဲ့ စီမံကိန်းတော့

အတုယူ အားကျဖွယ် ကောင်းသည့် အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး၏ လူမှုဝန်ထမ်း စိတ်ထား

Image
အဘူဒါဘီ မြို့တွင် မကြုံစဖူး အံ့သြ မှင်တက်ဖွယ် ကောင်းသော မြင်ကွင်း တစ်ခုကို ၎င်းမြို့ရှိ ပြည်သူများက မြင်တွေ့ ခဲ့ရသည်။ ထိုကဲ့သို့သော မြင်ကွင်း မျိုးကို နောက်ထပ် တွေ့မြင်ရမည့် အလားအလာ ရှိနိုင်ဖွယ် မရှိ တော့ကြောင်း အဘူဒါဘီ မြို့ရှိ ပြည်သူများက ပြောကြားထားသည်။ အဆိုပါ မြင်ကွင်းမှာ အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး တစ်ဦးဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) လက်နက်ကိုင် တပ်ဖွဲ့၏ ဒုတိယ စစ်သေနာ ပတိချုပ် လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရှိတ်ခ်မိုဟာမက် ဘင်ဇာယစ်ဒ် အယ်လ်နာယန်က မာန်မာနကို နှိမ့်ချ၍ ပြည်သူ များအပေါ် ကြီးမားသော ချစ်ခြင်းမေတ္တာ

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ

Image
နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့  နမော တဿ (၃)ခေါက်၊ သရဏဂုံ (၃)ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့ “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ” စသဖြင့် မတ္တာသုတ်လာ မေတ္တာလေးကို အစအဆုံး တစ်ခေါက်လောက် စေတနာပါပါလေးနဲ့ အရုံပြုပြီး လုပ်ကြည့်တာမျိုးလေးတွေပေါ့။ ဒီလို ကုသိုလ်မျိုးလေးကို မနက်အိပ်ရာထတစ်ကြိမ် ညအိပ်ရာဝင်

လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ

Image
လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ ၁) ကို ယ်အလေးချိန်ထိန်းသိမ်းရေးတွင် အထောက်အကူဖြစ်ခြင်း ၂) လူတိုင်းမှ အလွယ်တကူလုပ်ဆောင်နိုင်ခြင်း ၃) မည်သည့် အထူးအထောက်အကူကိရိယာမျှ မလိုအပ်ခြင်း ၄) ကိုယ်လက်လှုပ်ရှားလုပ်ဆောင်မှုအတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ခြင်း ၅) စိတ်ကျရောဂါနှင့် စိုးရိမ်ကြောင့်ကျမှု လက္ခဏာများကို လျှော့ချပေးနိုင်ခြင်း ၆) ဒဏ်သက်ရောက်မှုနည်းသော လေ့ကျင့်ခန်းဖြစ်ခြင်း ၇) ဆိုးကျိုးပြုကိုလက်စထရော (Low-density Lipoprotein cholesterol) ပမာဏလျှော့ချပေးနိုင်ခြင်း ၈) အကျိုးပြုကိုလက်စထရော (High-density Lipoprotein cholesterol) ပမာဏတိုးမြင့်စေခြင်း ၉) သွေးဖိအားလျော့နည်းစေခြင်း ၁၀) အချို့သောကင်ဆာအမျိုးအစားများ၏ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးခြင်း ၁၁) ဆီးချိုရောဂါဖြစ်ပွားနိုင်ချေလျှော့ချပေးခြင်းနှင့် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြုပေးခြင်း ၁၂) စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်စေခြင်း ၁၃) အရိုးများသန်မာစေရန် ကူညီထိန်းသိမ်းပေးခြင်း ၁၄) နှလုံးထိခိုက်မှုဖြစ်ပွားနိုင်ချေ လျှော့ချပေးခြင်း ၁၅) ထိခိုက်ဒဏ်ရာရရှိနိုင်ချေ နည်းပါးခြင်း ၁၆) စိတ်ဖိစီးမှုလျော့နည်းကျဆင်းစေခြင်း ၁၇) နှလုံးရောဂ

ကသိကအောင့်နိယာမများ

Image
၁) ညီမျှခြင်းနိယာမ ဇနီးဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း အပြင်သွားဖို့ အသင့်ဖြစ်ပြီဆိုတဲ့ အချိန်ဟာ ခင်ပွန်းဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း ဖုန်းပြန်ဆက်ပါ့မယ်ဆိုတဲ့ အချိန်နဲ့ညီတယ်... ၂) တန်းစီခြင်းနိယာမ စီနေတဲ့ အတန်းကနေပြောင်းလိုက်တဲ့အခါ သင်အရင်စီနေတဲ့အတန်းက အခုစီနေတဲ့အတန်းထက် ပိုမြန်မြန်ရှေ့ကိုရွေ့သွားလိမ့်မယ်... ၃) တယ်လီဖုန်းနိယာမ သင်ဖုန်းနံပတ်မှားဆက်မိတဲ့အခါ ဖုန်းမအားတာမျိုးကိုဘယ်တော့မှ မကြုံရဘူး... ၄) စက်ပြင်နိယာမ သင်လက်တွေမှာ ဆီချေးတွေပေသွားပြီဆိုရင် သင့်နှာခေါင်းစယားလာလိမ့်မယ်... ၅) အလုပ်ရုံနိယာမ ပြုတ်ကျသွားတဲ့ ကိရိယာတန်ဆာပလာတိုင်းဟာ လက်လှမ်းမမီဆုံးနေရာကို လိမ့်သွားလိမ့်မယ်.... ၆) ရေချိုးခန်းနိယာမ

မိန်းကလေးစကား

Image
မိန်းကလေးစကား ♀ ကောင်းပြီလေ ဒီစကားကို မိန်းကလေးတွေက အငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက် သုံးပါတယ်... ဒီလိုပြောနေပြီဆိုရင် သူတို့ကိုယ်သူတို့ မှန်တယ်လို့ ယူဆထားပြီး သင့်ပါးစပ်ပိတ်ဖို့လိုပြီလို့ ပြောလိုက်တာပါပဲ... သူ့ရဲ့ "ကောင်းပြီလေ" ဆိုတဲ့စကားဟာ ဘယ်လိုပုံပေါက်နေလဲဆိုတာကိုတော့ ဘယ်တော့မှ သွားမပြောပါနဲ့... ဒီလိုဆိုရင် ဒါနဲ့ပတ်သက်လို့ နောက်ထပ်ဆက်ပြီး ငြင်းနေရလိမ့်မယ်.. ♀ ငါးမိနစ် ဒါက နာရီဝက်ကိုဆိုလိုတာပါ... ဒါဟာ သင်ဘောလုံးပွဲကြည့်နေတုန်း အမှိုက်သွားသွန်ခိုင်းရင် ပြန်ပြောလိုက်တဲ့ "ငါးမိနစ်" နဲ့ ညီပါတယ်.. ဒါကြောင့် ဒီအချိန်ဟာ အပြန်အလှန်အားဖြင့် ညီမျှတဲ့သဘောရှိနေပါတယ်... ♀ ဘာမှမဖြစ်ဘူး ဒီအဓိပ္ပာယ်ကတော့ တစ်ခုခုဖြစ်နေပြီဆိုတဲ့ သဘောပါ... ဒီစကားကြားရင် သင်သတိထားနေသင့်ပါတယ်... ဘာမှမဖြစ်ဘူးဆိုတာကို အမျိုးသမီးတွေက သင့်ကို ဘယ်ပြန်ညာပြန်.. ဇောက်ထိုးမိုးမျှော်.. နေရာလပ်မကျန်အောင် သမ ချင်နေတဲ့အခါမျိုးမှာ ပြောတတ်ပါတယ်... "ဘာမှမဖြစ်ဘူး" ဆိုတာဟာ "ငါးမိနစ်" လောက်ကြာပြီး "ကောင်းပြီလေ" နဲ့အဆုံးသတ်တဲ့ အငြင်းပွားစကားများမှုတစ်ခုကို ဖော်ညွှန်းနေတ

ချစ်သောညီမလေးသိပါစေ

Image
 ချစ်သောညီမလေးသိပါစေ လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်စည်းတော့  မကျော်စေနဲ့ ပေါ့ ............. ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ် မရိုင်းစေနဲ့ ပေါ့ ............ ပိုင်ဆိုင်ထားတဲ့  အလှ လူတကာ မြင်အောင်ပြချင်နေရင်တော့  မိန်းကလေးတွေရဲ့ တန်ဖိုး ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ... ခုခေတ်ကြီးမှာပေါ့ ကွယ်............. သနပ်ခါးကို ဘယ်ညာလိမ်း ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး မိန်းကလေးတွေရဲ့ အလှ ပေါ်အောင်ပြမှ........... ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ် လွှင့်ပစ်နိုင်ပါစေ..... စကပ်တို ပေါင်ခွဲ ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့  ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင် မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်.............. စောင့်ထိန်းရမဲ့  သိက္ခာ.. လိုက်နာရမဲ့ ကျင့်ဝတ် ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်

သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား

Image
  ဆောင်းပါး UNFPA လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။ သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ့ နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနိ