Posts

Showing posts from June 12, 2014

ဥာဏ်ပညာရယ်..ချစ်ခြင်းတရား…ဘ၀မှာ ဆိုးဝါးလွန်းတဲ့ ”အဓမ္မ” ကို နိုင်ဦးမလား?

Image
(၁) အချစ်ကိုလိုမှ ပေးဆပ်ရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့ တူ တယ်။ စောင့်စားခြင်းကြားကနေ အလှအပတွေနဲ့ လွဲချော်ခဲ့ရတယ်။ အဲဒီသီချင်း စာသားထဲကလိုပဲ ပျော်ရွှင်ခြင်းတွေ ကိုယ့်အနားရှိနေချိန် ပေးဆပ်သင့်ရင် ပေးဆပ်ပါ။ ကိုယ့်အပါးကနေ အဝေးကို ချစ်သူ ထွက်သွားမှပေးဆပ်ရကောင်းမှန်း သိတာမျိုးမဖြစ်စေနဲ့။ ဒါဟာ သင့်ကို နောင်တနဲ့ ပူဆွေးဝမ်းနည်းခြင်းတွေပဲ ရစေလိမ့်မယ်။ (၂) အထီးကျန်မှ သူငယ်ချင်းတွေကို သတိရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ သူငယ်ချင်း ဆိုတာ ဘာလဲ? တကယ့်သူငယ်ချင်းဆိုတာ သင့်ကို ဘယ်တော့မှပစ်မထားတတ်သူဖြစ်တယ်။ လောကမှာစိတ်တူကိုယ် တူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ရာ ခဲယှဉ်းတယ်။ အထီးကျန်ချိန်၊ သောကရောက်ချိန် သူငယ်ချင်းဟာ သင့်အတွက် သစ္စာရှိတဲ့ နားထောင်သူဖြစ်တယ်။ သင့်အတွက် ဖေးမကူညီသူဖြစ်တယ်။ သင့်ရင်ဖွင့်သံကို မငြီးမ တွား နားထောင်ပေးတယ်။ သူတို့ဆီမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့ နှလုံးသားတစ်စုံရှိတယ်။ (၃) အလုပ် အကိုင်ရှိမှ ကြိုးစားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ လူတချို့က ကိုယ့်စိတ်နဲ့ထပ်တူကျ မယ့် အလုပ်ကိုပဲ စောင့်မျှော်နေတတ်တယ်။ ဆံဖြူတဲ့အချိန်ထိ ခေါင်းမာမာနဲ့ စောင့်တ

Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

Image
(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။ သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိ