Posts

Showing posts from August 29, 2013

တရားထိုင်လျှင်ဝိသုဒ္ဓိ (၇) ပါး ပြည့်စုံရမည်

Image
( တရားထိုင်လျှင်ဝိသုဒ္ဓိ (၇) ပါး ပြည့်စုံရမည် ) ၀ိသုဒ္ဓိဆိုသည်မှာထက်ဝန်းကျင် စင်ကြယ်သော နိဗ္ဗာန်သည် ၀ိသုဒ္ဓိမည်၏ ။ နိဗ္ဗာန်ရကြောင်း အကျင့်သည် ၀ိသုဒ္ဓိမဂ်မည်၏။ဝိသုဒ္ဓိ (၇)ပါး ၀ိပဿနာ ကမ္မဋ္ဌာန်း အားထုတ်လိုသော ပုဂ္ဂိုလ်တိုင်း ၀ိသုဒ္ဓိ ၇-ပါး ကို သိထားသင့်ပေသည်။ ၁။ သီလ၀ိသုဒ္ဓိ သီလ ၄-ပါး စင်ကြယ်ခြင်းသည် သီလ၀ိသုဒ္ဓိ။ သီလ ၄-ပါးတို့ မှာ (၁) ပါတိမောက္ခသံဝရသီလ၊ (၂) ဣန္ဒြိယသံဝရသီလ၊ (၃) အာဇီဝပါရိသုဒ္ဓိသီလ၊ (၄) ပစ္စယသန္နဿိတသီလတို့ ဖြစ်သည်။ ၂။ စိတ္တ၀ိသုဒ္ဓိ ဥပစာရဈာန် ၊ အပ္ပနာဈာန်ဖြင့် နီဝရဏကင်း၍ စိတ်စင်ကြယ်ခြင်းသည် စိတ္တ၀ိသုဒ္ဓိ။ ၃။ ဒိဋ္ဌိဝိသုဒ္ဓိ နာမ်ရုပ်နှစ်ပါးသာဟု သိမ်းဆည်း၍ အတ္တမရှိဟု သိခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ။ ၄။ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ နာမ်ရုပ်တို့ ၏ အကြောင်းကို သိမ်းဆည်းမိသဖြင့် ယုံမှား ၁၆-ပါး ၊ ၈-ပါး

ပိန်ချင်သူများ အတွက် ဘေးကင်တဲ့ အဆီချနည်း

Image
ပိန်ချင်သူများ အတွက်  ဘေးကင်တဲ့ အဆီချနည်း - ဒီနည်းကတော့ ရိုးရိုးရှင်းရှင်း လေးပါ။ စွန်တန်ဟင်းရည် လုပ်တဲ့ အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့ စိမ်ပြီး မနက်တိုင်း သောက်သုံး ပေးရမှာပါ။ အရမ်း ချဉ်လွန်းရင်တော့ သကြားထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ မြန်မြန် ကျချင်ရင်တော့ တစ်နေ့ကို (၃)ခွက် သောက်နိုင်တယ်။ အစား ရှောင်စရာ မလိုပါဘူး။ ဟင်းရည်တောင် လုပ်တဲ့ အရာဆိုတော့ ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။ တစ်လ အတွင်း(၁၅)ပေါင် ကျသွား နိုင်ပါတယ်။ Ref:အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)မြ၀တီ

မိမိ wifi မှာ ဘယ်သူတွေသုံးနေသလဲ ကြည့်ဖို့ Who is On My Wifi

Image
မိမိ wifi မှာ ဘယ်သူတွေသုံးနေသလဲ ကြည့်ဖို့ Who is On My Wifi ဒီကောင်လေးကတော့ မိမိ ၀ိုင်ဖိုင်လွင့်ထားတဲ့ ဧရိယာထဲမှာ မိမိစက်တွေကလွဲလို့် ဘယ်သူတွေခိုးသုံးနေ သလဲဆိုတာ ကြည့်ဖို့ဆော့ဝဲလ်လေးဘဲဖြစ်ပါတယ် ။ ခိုးနည်းတင်ပေးလိုက် စစ်နည်းတင်ပေးလိုက် နဲ့ရန်တိုက်ပေးတာတော့ မဟုတ်ပါဘူး။ အနာသိရင် ဆေးရှိပါတယ် ဆိုတဲ့စကားပုံလို့ပေါ့ဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.08Mbဘဲရှိပါတယ်။ Full version ဖြစ်ဖို့ အထဲမှာ ကီးဖိုင်လေးလည်းပါ ပါတယ်။ ဒေါင်းယူပြီးအသုံးပြူကြည့်လိုက်ပါဗျာ........................ <<Download Link>> http://d-h.st/09E http://www27.zippyshare.com/v/10204788/file.html https://docs.google.com/file/d/0Bya-8XR9O7HgRFdTZ3VuLW80YTA/edit?usp=sharing                             Myanmar Online IT News

Ko Pyinnyarposted toတွေးမိတွေးရာအဖြာဖြာ

Image
Ko Pyinnyar တွေးမိတွေးရာအဖြာဖြာ Ko Pyinnyar shared Classic Burma News's photo. လူတယောက်မှာ အရေးအကြီးဆုံးက ဘာလဲ .... နံပါတ်တစ် ။ ။ ရိုးသား ကြိုးစားဘို့ ။ နံပါတ်နှစ် ။ ။ သတ္တိ ရှိဘို့ ။ နံပါတ်သုံး ။ ။ ကတိ သစ္စာ ရှိဘို့ ... ဒါပါပဲ ။ ။ = ဥဇုဘူတော ၀ါယာမတော ၊ ရဲစွမ်းသတ္တီတိ ဒုတိယံ ။ တတိယံ ကတိသစ္စာတိ ၊ ပဓာနန္တိ ပ၀ုစ္စတိ ။ ။ နံပါတ်တစ် ။ ။ ပိုက်ဆံမရှိတာ ရှာရမခက်ပါ။ရိုးသားဘို့ကား ခက်ပါ၏။ လူတိုင်း ကြိုးစားနေကြပါ၏။ သို့သော် ... ရိုးရိုးသားသားနှင့် ကြိုးစားသူကား ရှာမှရှားတော့၏။ကောက်သော် စားမလောက်။ ဖြောင့်သော်စားမကုန်နိုင်ပါ ။ = မာ ပိုက်ဆံ သရဏံ ဂစ္ဆာမိ ၊ ဥဇုဘူတောဝ စေတသာ ။ ၀ါယမေထေ၀ ပုရိသော ၊ ဒဒေယျ တေ ဒင်္ဂါး ပိုက်ဆံ ။ ။ နံပါတ်နှစ် ။ ။ ဘ၀တခမှာ ပြီးဆုံးသွားမှာကို မစိုးရိမ်ပါလင့်။ဘ၀မှာ အစမရျှိတော့မှာသာပြန်လည်မစနိုင်တော့မှာသာ (၀ါ) အစမရှိတော့မှာသာ ကြောက်ကြစမ်းပါ။သတ္တိဆိုတာထွေထွေထူးထူး နဖူး ချိုပေါက်လာသည်မဟုတ်။မိမိလုပ်ရမည့် ကြောက်ရွံ့သည့်အလုပ်ကို ကြောက်ကြောက်နှင့် လုပ်လိုက်ခြင်းသည်ပင် သတ္တိ ပါ။ = နိဋ္ဌိတန္တိ မာ သောစယိ ၊ အနာဒိဘူတောဝ သောစယေ ။ ယံယံ ကိစ္စံ သြတ္တပ်ပတိ ၊ တေဿဝ ကုရ

ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်

Image
ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် ..... အမျိုးသမီးများအတွက်သတိပြုစ ရာ...(တကယ် လက်ထပ် မယ့် (၁၀၀ % sure)စုံတွဲများအတွက်တော့မဟုတ်ဘူးဗျို့ :D အဖေ့သမီးအတွက် သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု....... ...... ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။ အဖေသမီးကိုတစ်ခုပြမယ်.အရေြး ကီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီး ဖြစ်သူကိုမေးတယ်။ သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ

အိပ်မပျော်လို့ပါ (ကျမ္မာရေး အမေးအဖြေ) ဒေါက်တာစွမ်း (ဆေး-၁)

Image
အိပ်မပျော်လို့ပါ (ကျမ္မာရေး အမေးအဖြေ) ဒေါက်တာစွမ်း (ဆေး-၁) မေး ။ ။ Dr စွမ်းရှင့်။ ကျွန်မအသက် ၅၁ နှစ်ကျော် ပင်စင်ယူခါနီး ဝန်ထမ်း တစ်ဦးပါ။ အခုတလော ကျွန်မမှာ အခက်အခဲတစ်ခု ရှိနေပါတယ် ဆရာ။ ညဆိုရင် အိပ်မပျော်တာပါ။ အိပ်ပျော်ရင်လည်း ခနလေးသာ အိပ်ပျော်ပြီး နံနက်ရုံးသွားခါနီးဆိုလျှင် လူက နုံးချိချိ ဖြစ်နေပါတယ် ဆရာ။ (မရိုမသေ ကျွန်မ  သွေးဆုံးကိုင်ပြီးပါပြီ ဆရာရှင့်)။ အခုလို အိပ်မပျော်တဲ့ ဒုက္ခကို အဆုံးသတ် ချင်ပါတယ်။ ကူညီပါဦး ဆရာ။ ဒေါ်အေးအေးမြင့် (သင်္ဃန်းကျွန်း) ဖြေ ။ ။ေ ဒ်ါအေးအေးမြင့်ရဲ့ အိပ်မပျော်ခြင်းဟာ ရောဂါကြောင့်လား၊ စိတ်ကြောင့်လား ဆိုတာ သိရန် လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူ လူကြီးအချို့မှာ လည်း အိပ်မပျော်ခြင်းကို ခံစားရ တတ်ပါတယ်။ ဒီလိုရောဂါရှိလို့ အိပ်မပျော်တာ ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှ ဆရာဝန် တစ်ဦး၏ လမ်းညွှန်ချက်ဖြင့် အိပ်ဆေး အနည်းငယ် မှီဝဲရမှာပါ။ အိပ်ဆေး မမှီဝဲခင် အိပ်ရာ မဝင်မီမှာလည်း လက်ဖက်ရည်၊ ကော်ဖီ  သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး အဆီပါအစား အသောက်များ လည်း ရှောင်ကြဉ်ပေးပါ။ ခရက်ကာလို ဘီစကွတ် အနည်းငယ်နှင့် အိုဗာတင်း၊ မိုင်လို၊ နွားနို့ပူပူ တစ်ခွ

သစ္စာ ရှိတဲ့လူ

Image
" သစ္စာ ရှိတဲ့လူ " စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေးတယောက် ထိုင်နေကြတယ်။ မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။ "ကျွန်မ ရှင့်ကိုကြိုက်တယ်" "ငါမှာမိန်းမရှိတယ်လေ" ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။ "ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။ ရှင် ကျွန်မကိုကြိုက်လား" ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေချာကြည့်လိုက်တယ်။ မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။ အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။ ဒါပေမဲ့ "တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး

Image
တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး အိပ်ရာ နိုးထကာစ နံနက်ခင်း အချိန်မှာ အားအင် အပြည့်နဲ့ လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင် ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်း နယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ခင်းကနေ ညနေဘက်အထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့  အောက်ပါ နည်းခြောက်မျိုးကို လိုက်နာကြည့်ပါ။ (၁) ဦးနှောက်နှင့် အစာအိမ်အားပြည့်စေရန် ပရိုတင်းဓာတ် မှီဝဲပါ ပရိုတင်းဓာတ် သင့်ဦးနှောက်နဲ့ အစာအိမ်ကို စိတ်ကျေနပ်မှုကောင်းကောင်း ရှိစေပြီး အာဟာရ ပြည့်ဝစေပါတယ်။ နံနက်စာမှာ ပရိုတင်းဓာတ်မှီဝဲ ထားရင် အာလူးချောင်းကြော်လို သရေစာကို စား ချင်စိတ်လျော့နည်းနေတတ် ပါတယ်။ လတ်တလော လေ့လာမှုအရ နေ့စဉ် ပရိုတင်း ကောင်းကောင်းမှီဝဲ ထားသူတွေဟာ ပရိုတင်း ဓာတ်လုံ လောက်အောင် မမှီဝဲ ထားသူတွေ ထက် တစ်နေ့တာ ကယ်လိုရီရရှိမှု ၁၅ ရာခိုင်နှုန်းအောက် လျော့နည်းတယ်လို့ သိရပါ တယ်။ ကယ်လိုရီရရှိမှု ၁၅ ရာခိုင်နှုန်းပိုတာက တစ်လကြာရင် ကိုယ်အလေးချိန် နှစ်ပေါင်ကျော် တက်စေပါတယ်။ ဒါကြောင့်

အချစ်စစ်ရဲ့ ဇာတ်လမ်းတစ်ပုဒ်

Image
အချစ်စစ်ရဲ့ ဇာတ်လမ်းတစ်ပုဒ် ဒါကတော အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ် Porvorim မြို့က ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်... ကောင်မလေးနာမည်က Sanmita လို့ခေါ်ပါတယ်... သူမရဲ့အဖေဟာ သူမအသက် ၁၃ နှစ်အရွယ်မှာ ဆုံးပါးသွားတဲ့အတွက် သူမအမေဟာ ကြည်နူးခဲ့ရတဲ့အချိန်လေးတွေကိုတမ်းတရင်း အမြဲတမ်းအထီးကျန်ဆန်ခဲ့ရပါတယ်.... အမေဖြစ်သူရဲ့ ခံစားမှုဝေဒနာကိုမြင်နေရတဲ့ သူမဟာ တစ်စုံတစ်ယောက်ကို ချစ်ဖို့ကို စိုးကြောက်မိသွားတဲ့အထိပါပဲ... သူမအဖေဟာ ဆေးလိပ်အလွန်အကျွံသောက်လေ့ရှိပြီး ဆေးလိပ်သောက်ခြင်းကြောင့်ပဲ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်... ကံကြမ္မာဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူးဆိုတာ အမှန်ပါပဲ... Sanmita ဆိုတဲ့ ချစ်ရမှာကြောက်ပြီး ဆေးလိပ်သောက်သူတွေကိုမုန်းတဲ့ ဒီကောင်မလေးဟာ ဆေးလိပ်ကိုအဆက်မပြတ်သောက်တဲ့ အတန်းဖော်သူငယ်ချင်း Rahul ဆိုတဲ့ ကောင်လေးနဲ့မှ မေတ္တာသက်ဝင်သွားပါတယ်.... သူဆေးလိပ်ဖြတ်ဖို့အတွက် သူမအဖေရဲ့ဇာတ်လမ်းကို နှစ်ယောက်ဆုံဖြစ်တိုင်း သူမပြောပြလေ့ရှိပါတယ်... Rahul ဟာ

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

Image
အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း အမျိုးသားတွေမှာ ရောဂါဝေဒနာ ခံစားရတာနဲ့ဆေးကုသမှုခံယူရတာတွေကြောင့် လိင်စိတ်လျော့နည်းမှုဖြစ် တတ်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကအောက်ပါ အ တိုင်း ဖြစ်ပါတယ်။ ♦ ပန်းသေပန်းညှိုးရောဂါ ပန်းသေတာ ဒါမှမဟုတ် ပန်းသေပန်းညှိုးရောဂါဟာ လိင်စိတ်လျော့နည်းတာနဲ့ မတူပါဘူး။ လူငယ်ခုနစ် ရာ ခိုင်နှုန်းကသာ ပန်းသေပန်းညှိုးဖြစ်တတ်ကြပါတယ်။ ပန်းသေပန်းညှိုးရောဂါက အသက်ကြီးလာလေလေ၊ ဖြစ်နိုင်ခြေ ပိုများလေလေပါ။ အသက် ၄ဝ အရွယ်မှာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅ဝ-၅၉ နှစ်အရွယ်မှာ ရောဂါဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်းနဲ့ အသက် ၆ဝ ကျော်အရွယ်မှာ ရောဂါဖြစ်နိုင်ခြေ ၂၅-၃ဝ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာပါတယ်။ ပန်းသေပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုကအပြန် အလှန် ဆက်နွှယ်မှုရှိပြီး လိင်စိတ်လျော့နည်းမှုကိုဖြစ်စေနိုင်ပါတယ်။ သတင်းကောင်းအနေနဲ့ ပန်းသေပန်း ညှိုးဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဆေးကုသမှု ခံယူနိုင်ပါတယ်။ ♦ ပူပင်သောကများလွန်းခြင်း အမျိုးတွေမှာ ပူပင်သောက များလွန်းတဲ့အခြေအနေကြောင့် သုက်လွှတ်စောတာမျိုး ဖြစ်တတ်ပါတယ်

ဆက်လျှောက်

Image
{•}{•} ဆက်လျှောက် {•}{•} ******************** ဖေးမသူ အားပေးကူ မရှိလဲ ငါလက်တွေက ရေးစွဲနေမြဲ။ ခရီးဖော် မရှိသော်လည်း ငါခြေထောက်တွေ ဆက်လျှောက်နေမြဲ။ လူဆိုတာဒီလိုပဲ ... ယုံကြည်ရာစိတ်ဇွဲ ရိုးသားမှုနဲ့ ... အမှန်တရားကို မြတ်နိုးရင်း ကိုယ့်ကိုယ်ကို အားပေးရင်း

မိတ်ဆွေတု ၄ ယောက်

Image
{{{ မိတ်ဆွေတု ၄ ယောက် }}} က ။။ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ။။ ၁။ သူတပါးထံမှသာယူ၍ မိမိကမူ မပေးကမ်းခြင်း၊ ၂။ နည်းနည်းသာပေး၍ များများ ရလိုခြင်း၊ ၃။ ဘေးရောက်သည်အခါ ခိုးကိုးရာအဖြစ် သူတပါးထံသွား၍ လုပ်စရာရှိသမျှ လုပ်ကိုင်ပေးခြင်း၊ ၄။ ကိုယ်ကျိုးအတွက် သူတပါးနှင့် ဆက်ဆံ ပေါင်သင်းခြင်း၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အညဒတ္တုပာရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ပာုခေါ်သည်။ ခ ။။ အပြောသမား မိတ်ဆွေတု ။။ ၁။ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့် စည့်စိမ်ဥစ္စာကို မပေးခဲ့ရခြင်းကြောင့် စိတ်မကောင်းကြောင်း ပြောလောရှိခြင်း၊ ၂။ နောင်အခါမှာ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာကိုပေးမည်ပာု ပြောဆိုလေ့ရှိခြင်း၊ ၃။ အကျိုးမရှိသော အရာဖြင့် ချီးမြှောက်ခြင်း၊ ၄။ ပေးလို့ဖြစ်နိုင်သော အရာများကို တစ်စုံတစ်ရ ပျက်စီးနေပာန် အကြောင်းပြ၍ ပေးလို့မဖြစ်ပာု ပြောဆိုလေ့ရှိခြင်း၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ၀စီပရမ မိတ်ဆွေတု၊ အပြောသမား မိတ်ဆွေတု ပာုခေါ်သည်။ ဂ ။။ ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု ။။ ၁။ မကောင်းပြုသည်ကိုလည်း သဘောတူခြင်း၊ ၂။ ကောင်းမူ ပြုသည်ကိုလည်း သဘောတူခြင်း၊ ၃။ ရှေ့မှောက်တွင် ချီးမွမ်းခြင်း

မိတ်ဆွေစစ်လေးယောက်

Image
{{{ မိတ်ဆွေစစ်လေးယောက် }}} က ။။။ ကျေးဇူးပြုသော မိတ်ဆွေစစ် ။။။ ၁ ။ မေ့လျော့သူကို စောင့်ရှောက်တတ်ခြင်း၊ ၂ ။ မေ့လျော့သူဧ။် စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊ ၃ ။ ကြောက်ရွံ့နေသူဧ။် အားကိုးအားထားရာဖြစ်ခြင်း၊ ၄ ။ ပြုဖွယ်ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆကူညီးခြင်း၊ ဤအင်္ဂါလေးပါနှင့် ပြည့်စုံသူကို ဥပကာရက မိတ်ဆွေစစ်၊ ကျေးဇူးပြုသော မိတ်ဆွေစစ်ပာုခေါ်သည်။ ခ ။။။ ဆင်းရဲအတူ ချမ်းသာမျှ မိတ်ဆွေစစ် ။။။ ၁ ။ သူဧ။်လျို့ဝှက်ထားသော အကြောင်းကိစ္စကို မိမိအားသာပြောခြင်း၊ ၂ ။ မိမိဧ။် လျို့ဝှက်ထားသော အကြောင်းကိစ္စကို သူတပါးအား မပြောကြားဘဲ နှုတ်လုံခြင်း၊ ၃ ။ အခက်အခဲ ဘေးရန်အန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိကို စွန့်ပစ်မသွားခြင်း၊ ၄ ။ မိမိအကျိုးအတွက် အသက်ကိုပင် စွန့်နိုင်သူ ဖြစ်ခြင်း၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကိုသမာနသုခဒုက္ခ မိတ်ဆွေစစ်၊ ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ် ပာုခေါ်သည်။ ဂ ။။။ အကျိုးစီးပွါး ပြောကြားသော မိတ်ဆွေစစ် ။။။ ၁ ။ မကောင်းမှု မပြုရန် တားမြစ်သူ၊ ၂ ။ ကောင်းမှုပြုရန် တိုက်တွန်းသူ၊ ၃ ။ မကြားဘူးသေးသော သိမ်မွေ့နက်နဲသည့် အကြောင်းအရာကို ပြောကြားသူ၊ ၄ ။ နတ်ရွာန

ယောက်ကျားလေးများရဲ့ ချစ်သူဘ၀နှင့် အိမ်ထောင်သည် ဘ၀ကွာခြားချက်

Image
ယောက်ကျားလေးများရဲ့ ချစ်သူဘ၀နှင့် အိမ်ထောင်သည် ဘ၀ကွာခြားချက် (၁)ချစ်သူဘ၀မှာ....မောင်ရေဘု၇ားတက်၇အောင်...ကောင်းသားဘဲ.လမ်းမှာနေပူနေတယ်မောင်ထီးဆောင်း ပေးမယ်..အိမ်ထောင် သည်ဘ၀.......မောင်ရေဘု၇ားတက်၇အောင်...မေကလဲဘုရားဘဲမေ၇ာက်ဖူးတာကြနေတာဘဲ..အပြင်မှာနေ ပူနေတယ်. (၂)ချစ်သူဘ၀မှာ.....မေေ၇သမတ၇ုံမှာတင်တဲ့ အင်္ဂလိပ်ကားကောင်းတယ်..မေနဲ့မောင်ကြည့်ဘို့လက်မှတ် ၂စောင်ဖြတ်လာခဲ့ တယ်... အိမ်ထောင်သည် ဘ၀....မောင်ေ၇ သမတ၇ုံကအင်္ဂလိပ် ကားကောင်းတယ်.. မေကလည်းကွာမောင်မအားဘူး သူငယ်ချင်းတွေနဲ့.. ခြင်းခတ်ဘို့ချိန်းထားတယ်... (၃)ချစ်သူဘ၀...မောင်ဘာစားမလဲဟင်မေကတော့ အသုတ်ဘဲစားမယ်.....မေးနေ၇သေးလားမေ၇ယ်.. မေစားတာ မောင်စားမှာပေါ့..မေကြိုက်တာ သာမှာလိုက်.....အိမ်ထောင်သည်ဘ၀....မောင်ေ၇မေကအသုတ်ဘဲ စားမှာမောင်ေ၇ာအသုတ်ဘဲမဟုတ်လားဟင်

အချစ်ဆိုတာကိုသိချင်တဲ့သူငယ်ချင်းတွေအတွက်

Image
အချစ်ဆိုတာကိုသိချင်တဲ့ သူငယ်ချင်းတွေအတွက် ကျောက်ခေတ်ကိုထုဆစ်ခြင်းအဲဒီမှာစတွေ့ တာပေါ့ အချစ်ဆိုတဲ့မီးဘယ်သူမွှေးခဲ့တာလည်း၊ဘယ်ကစခဲ့တာလဲ ပြန်ဖြေကြမှာပေါ့….အာဒံနဲ့ ဧ၀လို့ ပဲ။ဟုတ်မှာပါသူတို့ ရဲ့ နံရိုးတစ်ချောင်းရယ်ပန်း သီးတစ်လုံးရယ်…အဲဒီကစတာပေါ့။ ။ ဟုတ်ပါပြီအဲဒီအချစ်ဆိုတဲ့အရာကိုဖန်

ဒါလေးဖတ်ပြီး အသက်ရှည်ပါ

Image
ဒါလေးဖတ်ပြီး အသက်ရှည်ပါ ၁  ပြောင်းတော့မှာလား   "ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့ ရုံးတက်နောက်ကျရတာလဲ" "ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်" ၂  နှမြောလို့             အလုပ်ကြပ်က မီးထိုးသမားကို ပြောသည်။   "ဘာဖြစ်လို့ အရက်သောက်တာလဲ" "ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊ ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး နောက် မျိုချလိုက်တာပါပဲ" "ထွေးပစ်လိုက်ပါလား""ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး" ၃  အားကိုးအားထား  "အုပ်ချုပ်ရေးမှူးခင်ဗျား၊ အိမ်ကိုသန့်ရှင်းရေးလုပ်မှာမို့လို့ သူ့ကို ကူပါလို့မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော်

သိပ်လှတဲ့ ပုလိပ် မမများ..... ဂလု

Image
သိပ်လှတဲ့ ပုလိပ် မမများ..... ဂလု ပြည်သူ့ ရဲထဲ ကျွန်တော်လည်းဝင်ချင်ပါတယ်...  သူ့ ကိုမြင်မှပဲ ဒုစရိုက်မှုတွေပိုပြီးကျူးလွန်ချင်လာတော့တယ်... ( သြော်...၃၇၆ ...၃၇၆...) ရိုးရိုးနဲ့ ယဉ်ယဉ်...ရဲဝတ်စားဆင်ယင်... လေးစားပါတယ်ရဲမေရယ်... အလို...အလို...ပျိုပျူမေရဲ...

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ

Image
ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်) မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။ စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။ အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။ သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက် ချိန်တော့ မအံ့သြတော့

တစ်ခါတုန်းက အဖိုးအို

Image
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ  တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတ ယ် ။   တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။  ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် စစရောက်ခြင်းမှာ   သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။  အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။  နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။   အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့်တုန်ယင်နေခဲ့တယ် ။  တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင် ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။  တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။  “ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစ