Posts

Showing posts from August 25, 2013

မိတ်ကပ်လိမ်းမထားသော်လည်းကြည့်ကောင်းစေမည့်နည်းလမ်းများ

Image
မိတ်ကပ်လိမ်းမထားသော်လည်းကြည့် ကောင်းစေမည့်နည်းလမ်းများ မိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာ အသားအရေ ကြည်လင်ပြီး ကြည့်ကောင်း နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိနေမှာပါ။ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိရှိလှပကြည့်ကောင်း စေဖို့ အောက်ပါ နည်းလမ်းများကို လိုက်နာ သင့်ပါတယ်။ ကိုယ်တွင်းမှ အားဖြည့်ပါ... အသားအရေ တင်းရင်းလှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရှိသင့်ပါ။ ပြီးရင် ရေကို တစ်နေ့ ၅ - ၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက်

HIDDEN CAMERA...လျှို့ဝှက် ကင်မရာကာကွယ်ရေး

Image
( ~ HIDDEN CAMERA...လျှို့ဝှက် ကင်မရာကာကွယ်ရေး ~ ) အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း

Image
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အ စည်း အရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်း တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြု ချ

ယောက်ျားလေးတွေ နားလည်ထားရမဲ့ သူတို့အကြောင်း

Image
ယောက်ျားလေးတွေ နားလည်ထားရမဲ့ သူတို့အကြောင်း ... ၁။ သူအမြဲမေးတတ်တယ်…”နင်ဘယ်မှာ လဲ? နင်အခုဘာလုပ်နေလဲ?” (သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့ သူဇဝေဇ၀ါ ဖြစ်နေတယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။ တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။ ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။) ၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။” (ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ် မပျော်တာမဟုတ်ပါဘူး။ သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ

တားဆေးမသောက်ချင်သော အမျိုးသမီးများ အတွက်

Image
၁။အပြင်မှာသုတ်လွတ်ခြင်း အပြင်မှာသုတ်လွတ်ခြင်းနဲ.လဲကလေး မရအောင်တားလို.ရပါတယ်။ ကာမဆန္ဒအထွတ်အထိပ်ရောက်ပြီးသုတ်မလွတ်ခင် အမျိုးသားရဲ.ကျင်ချောင်းကိုအမျိုးသမီးရဲ.မိန်းမကိုယ်ထဲကနေ အချိန်မှီထုတ်လွတ်လိုက်တာပါပဲ။ရှေးအကျဆုံး ကလေးတားနည်း  ဆိုလည်းမမှားပါဘူး။တကမ္ဘာလုံးမှာစုံတွဲပေါင်း ၃၅သန်း လောက်သုံးနေကြပါတယ်။   ၁-၁။ဘယ်လိုလုပ်ရမှာလဲ။ ကိုယ်ဝန်ဆိုတာ ယောက်ျားရဲ.သုတ်ပိုးနဲ.မိန်းမရဲ.မျိုးဥ ဆုံတွေ.မှဖြစ်ပေါ်လာတာပါ။ အပြင်မှာ သုတ်လွတ် ခြင်းကြောင်. မိန်းမကိုယ်ထဲကို သုတ်ပိုးတွေ မ၀င်နိုင်တော.တဲ.အတွက် ကိုယ်ဝန်ကိုတား ဆီးနိုင်တာဖြစ် ပါတယ်။ ၁-၂။ဘယ်လောက်ထိစိတ်ချရလဲ။ အမျိုးသားတွေကပြင်မှသုတ်လွတ်တဲ.နည်းကိုမှန်မှန်ကန်ကန်သုံးရင်တစ်နှစ် အတွင်းမှာ အမျိုးသမီး ၁၀၀ ကို ၄ ယောက်လောက်ပဲကိုယ်ဝန်ရှိနိုင်ပါတယ်။ မှန်မှန်ကန်ကန်မသုံးရင်တော. အမျိုးသမီး ၁၀၀ မှာ ၂၇ ယောက်လောက် ၁ နှစ်အတွင်းကိုယ်ဝန်ရှိနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိပြီး ထိန်းချုပ်နိုင်တဲ. လိင်ဆက်ဆံ ဖူးတဲ.အတွေ.အကြုံကောင်းရှိတဲ. စုံတွဲတွေကတော.ထိထိရောက်ရောက်သုံး တတ်ပါတယ်။ကိုယ်ဘယ်တော.ပြီးမယ်(သုတ်ထွက်မယ်)၊ထိန်းလို.ရနိုင်မရနိုင် ဆို

လိင်အမှု ပွေမိရယ်တဲ့ စကာင်္ပူ

Image
လိင်အမှု ပွေမိရယ်တဲ့ စကာင်္ပူ မကြာသေးမီလများအတွင်း လူသိရှင်ကြား မကောင်းသတင်းတွေ ဟာ အံ့သြလောက်စရာ အရေအတွက်နဲ့ စင်္ကာပူသတင်းစာ ခေါင်းကြီး ပိုင်းတွေမှာ နေရာယူခဲ့ပါတယ်။ ထိပ်တန်းအစိုးရ ဝန်ထမ်းတွေ၊ အတိုက်အခံ ပါလီမန်အမတ်တစ်ဦး၊ အထက်တန်း ဘဏ်အကြီးအကဲတစ်ဦး၊ ကျောင်း အုပ်ကြီးတစ်ဦး စတဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေပါ ဒီဖြစ်ရပ်တွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လိင်ကိစ္စ အညှီအပုပ်သတင်းတွေဟာ တချိန်က သတိရှိရှိ ဆင်ခြင် ပြုမူလေ့ရှိတဲ့ မြို့တော်ကို ဗိုင်းရပ်စ်ပိုးလို တိုက်ခိုက်ခဲ့တာပါ။ အခုတော့ ဒီပြဿနာက စင်္ကာပူရဲ့ ကွန်ဆာဗေးတစ်ဗ် ဖခင်ကြီးတွေကိုပါ ခေါင်းခဲစေ ခဲ့ပါပြီ။ ခုဆိုရင် အနားယူတာ တစ်နှစ်ခန့်ကြာခဲ့ပြီး ပါလီမန်အဖွဲ့ဝင် အဖြစ်နဲ့ ဒီတူရူချက်တွေကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ လီဟာ သူ့ရဲ့ ကြိုးပမ်းမှုတွေ တဖြည်းဖြည်း အရာမထင် ဖြစ်လာတာကို မြင်နေရပါတယ်။ ဆိုခဲ့ပါဖြစ်ရပ်တွေထဲက ဆယ်ကျော်သက် မိန်းကလေးတွေဟာ ကြေးမြင့်ပြည့်တန်ဆာ လုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြပါတယ်။ တချို့ ဆိုရင် အင်တာနက်ကိုသုံးပြီး သူတို့ရဲ့ပစ္စည်းတွေကို ကြော်ငြာကြ၊ chat rooms တွေကနေ လုပ်ငန်းကိစ္စကို ပြောကြတာပါ။ ဒစ်ဂျစ်တယ်ကမ္ဘာက သမရိုးကျပြည့်တန်ဆာလု

မေတ္တာနှင့် သည်းခံခွင့်လွှတ်ခြင်း

Image
“ မေတ္တာနှင့် သည်းခံခွင့်လွှတ်ခြင်း ”   စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်သားက လိုလိုချင်ချင်မပေးဘဲနဲ့ဘာမှမယူဘူး။ တစ်ချို့က ကိုယ်ကသူ့အတွက် တစ်ခုခု လုပ်ပေးတယ် ဆိုရင် လုပ်ပေးပြီးတော့ ကိုယ့်ကိုပြန်ချစ်တာမျိုးကို မျှော်လင့်တယ်။ မျှော်လင့်သလို သူက ပြန်မချစ်တဲ့အခါ ဘယ်နှယ့်လုပ်မလဲ။ သူစိတ်မချမ်းသာအောင် ပြန်ပြောတာပဲ။ နောင်တရအောင် ပြောတယ်။ ကျေးဇူးမသိဘူး။ မညှာတာဘူး။ ရက်စက်တယ်စသည်ဖြင့် ပြောတယ်။ ရှက်အောင်ပြောတယ်။   တကယ့်စစ်မှန်တဲ့မေတ္တာဟာ

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန်

Image
ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန် ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ ထိုင်ရမယ်၊ ကြည့်ရမယ်၊ အသုံးပြုရမယ်ဆိုတာ ပုံမှာ ပြသထား ပါတယ်။ -မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေး ရှိသော အခြား တစ်နေတရာသို့စက္ကန့် ၂၀ ကြည့်ရှုပါ။ - ထိုင်ခုံ၊ မော်နီတာ၊ မီး အလင်းအမှောင် အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ် မယ့် အနေအထား တစ်ခုကို ချိန်ထားရပါမယ်။ - ကွန်ပြူတာ မျက်နှာမှ စာများ ဖတ်လို့ လွယ်ကူဖို့အတွက် မျက်နှာပြင်ကို enlarge ပြုလုပ် (ချဲ့ ) ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

Image
ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိမအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည် လောင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓာကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ

ဆေးမလို သဘာဝ အလျောက် ဝိတ် မြန်မြန်လျော့နည်း

Image
ဆေးမလို သဘာဝ အလျောက်ဝိတ် မြန်မြန်လျော့နည်း ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာ မလိုပဲ တကယ် ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။ ၁။ အသီး နဲ့ အရွက်ကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပုံမှန် ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။ ၂။ အငံဓာတ် များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အငံတင် မကပဲ အဆီအဆိမ့် ဓာတ်အရမ်းများတဲ့ အစားအစာများက ဝိတ်မြန်မြန် တက်စေ ပါတယ်။ ၃။ နို့ထွက် အစားအစာများ ဖြစ်တဲ့ ချစ်၊ ထောပတ်နဲ့ နို့မလိုင် များက အမှန်တကယ် ရှောင်သင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ အသား ၊ ဟင်းရွက်မဟုတ် အစားအစာ များကလည်း ဝိတ်မတက်ရန် ရှောင် စား၊ လျော့စားဖို့လိုအပ်ပါတယ်။ ၄။ ဟင်းခတ်အမွေးအကြိုက်များဖြစ်တဲ့ နံနံ၊ ကြက်သွန်၊ ဂျင်းနဲ့ အခြား ဟင်း ခက်၊ ဟင်းသီးဟင်းရွက်တို့ဟာလည်း ဝိတ်ကျဖို့ အထောက်အကူပြုတဲ့ အစားအစာ များဖြစ်တာမို့

“အဖော်ငါးကလေး အမှတ်တရ”

Image
“ အဖော်ငါးကလေး အမှတ်တရ ” တစ်ခါက ကျမမွေးနေ့မှာ အိမ်မှာအလှမွေးဖို့ ရွှေငါးလေးနှစ်ကောင် လက်ဆောင်ရခဲ့ဖူးပါတယ်.. တစ်ယောက်ထဲနေရတဲ့ ကျမအတွက် အဖော်ရအောင်လို့တဲ့လေ.. ။ သူတို့လေးတွေဟာ ကျမအတွက် တစ်ကယ်ပဲအဖော်ဖြစ်ခဲ့ပါတယ်.. သူတို့လေးတွေကို ကျမအိပ်ယာဘေးက စားပွဲပေါ်မှာ ဖန်အိုးလှလှလေးနဲ့ထည့်ပြီး နေရာပေးထားခဲ့ပါတယ် ကျမအိပ်ယာပေါ်မှ ကြည့်လျှင် သူတို့ကိုမြင်နိုင်သလို သူတို့ကလဲ ကျမကိုမြင်နေရပါတယ်.. ။ ကျမအိပ်ယာနိုးချိန်တိုင်းမှာ သူတို့လေးတွေကို

ခေတ်သစ်တောကြောင်

Image
ခေတ်သစ်တောကြောင် . . . လေမုန်တိုင်းသည် မျက်လှည့်ပြလိုက်သလို မြို့ကြီးတစ်ခုလုံးကို စုတ်ပြတ်သွားအောင် နေ့ချင်း ညချင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။ ထို့အတူ ကုန်ဈေးနှုန်းသည်လည်း မျက်လှည့်ပြသလို နေ့ချင်းညချင်းမှာပင် ခေါင်ခိုက်အောင် တက်သွားသည်။ ယခင်က တစ်ချောင်းကို ကျပ် ၂၀ ခန့်သာ တန်ဖိုးရှိသည့် အိပ်သွပ်မိုး ရိုက်သည့် သံများသည် တစ်ချောင်းသုံးရာ ဖြစ်သွားသည်။ ဘဲဥတစ်လုံးကို သုံးလေးရာဖြစ်သွားသည်။ ဆန်နှင့်မီးသွေး ဈေးက နှစ်ဆ ခုန်တက်သွားသည်။ သည့်အပြင် အခြားသော စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်း တော်တော် များများလည်း ဈေးနှုန်းတွေ အဆမတန် မြင့်တက်ကုန်ကြသည်။ ဘာကြောင့်လဲလို့မေးတော့ . . . လေမုန်တိုင်းကြောင့်တဲ့။ လေမုန်တိုင်းတိုက်ပြီးနောက် ဆန်ဆိုင်အများစုသည် ဆန်ဈေးများကို အနည်းဆုံး နှစ်ဆတင်ပြီးရောင်းကြသည်။ ထိုသို့ နှစ်ဆတင်ရောင်းသည့် ဆန်ဆိုင်လေးများတွင် ရန်ကုန်မြို့စွန်ရှိ ဆန်ဆိုင်လေး တစ်ဆိုင်လည်း ပါဝင်လေသည်။ ပုံမှန် တစ်ပြည်ကျပ်လေးရာရှိသော ဆန်ကို ထိုဆန်ဆိုင်လေးတွင် တစ်ပြည်ကို ရှစ်ရာဖြင့် ရောင်းလေသည်။

စိတ်ဓါတ်အောက်တန်းကျသူ

Image
စိတ်ဓါတ်အောက်တန်းကျသူ … ........စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာ သင်ယူထားတဲ့ ခေတ်ပညာတွေ ဘယ်လောက်ဘဲတတ်စေကာမူ၊ ဘွဲ့တွေ ရာထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း  ချမ်းသာစေကာမူ လူတော်မဟုတ်၊ လူကောင်းလည်းမဟုတ်၊ စာပေလုံးဝ မတတ်သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေဖြစ်တယ်။ တောင်တန်းသာသနာပြုဆရာတော်ဘု ရားကြီး၏ လမ်းညွှန်သြ၀ါဒများ... မေတ္တာဖြင့် စုစည်း တင်ပြသူ အနှိုင်းမဲ့စာတိုပေစများ

(၃၈)ဖြာ မင်္ဂလာတရားတော်

Image
(၃၈)ဖြာ မင်္ဂလာတရားတော် ၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ(၃) ပါ:  - လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊ သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊ ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။   ..................................................................................................................... ၂။ နေထိုင်ရေး မင်္ဂလာ(၃)ပါး - ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ၊ ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှု အထူး ရှိပါစေ၊

မိဘဘ၀ရောက်နေတာတောင် မမြင်မိတဲ့ မိဘကျေးဇူး

Image
လူဆိုတာတစ်ခါတစ်လေ တစ်ဖက် ( one direction ) ဘဲမြင်တတ်တယ်... မိဘကျေးဇူးရှိမှန်းသိပေမယ့် ကိုယ်သားသမီးရတာတောင် ကိုယ့်မိဘကျေးဇူးကို မမြင်တတ်ပါဘူး။ကိုယ့်သားသမီးကို အသည်းခိုက်အောင် ချစ်တတ်ပေမယ့် ကိုယ့်မိဘ ကိုသတိမရပါဘူး။ ငါ့ အမေ တုန်းက ငါကို ဘယ်လို လုပ်ပေးခဲ့ မှာဘဲ။ ငါ့ အဖေ ဆိုလည်းဒီလိုဘဲ ဖြစ်မှာလို့ စဉ်းစားဖို့ ကိုသတိမရတာပါ။ ကိုယ့်သားသမီးကို ဘယ်လိုချစ်တာ..ဘာလုပ်ပေးရမှာ.. စိတ်ဘယ်လိုပူတာ..ဘယ်လို ဂရုစိုက်ရမယ် စတာတွေ  တွေးနေပေမယ့် ကိုယ်ငယ်စဉ်က ကိုယ့်ကိုလည်းဒီလို ပူပန်တွေးတောခဲ့တာ ကိုယ့်မိဘဆိုတာကို စဉ်းကို မစဉ်းစားမိတဲ့သူတွေရှိပါတယ် ။မိဘနေရာရောက်နေပေမယ့်  ကိုယ့်မိဘ ကသတ်သတ်..ကိုယ့်သားသမီးကသတ် သတ် မြင်နေပြီး သားသမီးကိုသာ ဂရုစိုက်ပြီး မိဘကို စွန့်ပစ်ထားကြတဲ့သူတွေ ရှိပါတယ်။ဝဋ်ဆိုတာ လည်တတ်တာမို့  ကိုယ်သားသမီးအလှည့်ကြရင်လည်း ကိုယ့်ကို မေ့နေမှာပါ။ စိုက်သောအပင်၏ အသီးကို စားသုံးရ၏ လို့ ဆိုသလို ဘာအပင်တွေ စိုက်မယ်ဆိုတာ ကိုယ့်ဘာသာရွေးကြပါ။ အချိုစားချင် အချိုသီးစိုက်..အခါးသီးစိုက်ပြီး အချိုသီးစားချင်လို့ မရဘူးဆိုတာ သတိပေးရင်း မိဘကို ကိုယ်မိဘ ဘ၀ရောက်နေတာတောင် သတိမရတဲ့ သား

သေရမှာကြောက်သူ (၄) ဦး နှင်. သေရမှာ မကြောက်သူ (၄) ဦး

Image
“သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ သေခြင်းသဘောကို ''မသေစေအံ့''ဟု တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။” ( ပါဋိဘောဂသုတ်၊ ဗြဟ္မဏ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။) .......................... .......................... .......................... ဇာဏုသောနိပုဏ္ဏားကြီးသည် မြတ်စွာဘုရား ထံ လာ၍ လျှောက်ထား၏။ " အရှင်ဘုရား ... လောကကြီးထဲမှာ သေရမှာ မကြောက်တဲ.သူရယ် မရှိဘူး၊ ကြောက်တဲ.သူချည်းပဲ ဘုရား " ထိုအခါ မြတ်စွာဘုရား က - " ပုဏ္ဏား ၊ သည်လို တစ်ထစ်ချ မယူလိုက်နှင်.၊ သေရမှာ ကြောက်တဲ.ပုဂ္ဂိုလ်လည်းရှိ၏ ၊ မကြောက်တဲ.ပုဂ္ဂိုလ်လည်းရှိ၏ " ဤသို. မိန်.တော်မူသည်၊ ကြောက်သူ (၄) မျိုး နှင်. မကြောက်သူ (၄) မျိုး ရှိကြောင်းကို ဖော်ပြတော်မူ၏။ သေရမှာကြောက်သူ (၄) ဦး   .......................... .......... ၁။ အချို.သောသူသည် သားသမီး နှင်. စီးပွားဥစ္စာ ငါးဖြာအာရုံ

စိတ်ညစ်ရင်....ဘာလုပ်မလဲ

Image
စိတ်ညစ်ရင်....ဘာလုပ်မလဲ စိတ်ညစ်ရင်ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ် ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရား”လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာ နေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံး သွင်းထားပါ။ ။ ။ မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ် အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်း ထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို

ပဲလှော်ကြားက ဇာဂနာ

Image
ဇာဂနာက သူဟာ  ပဲလှော်ကြားကဆား ဖြစ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။ ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ မစပ်စုက အသေးစိတ် ရေးသားထားပါတယ်။ အဲဒီသတင်း ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ အထက်ဖော်ပြပါပုံက  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ပေးစာ ဖြစ်ပါတယ်။ ဒါရိုက်တာတယောက်ကို ကန့်သတ်တဲ့အမိန့်စာပါ။ ဒီစာ ဒီကန့်သတ်ချက်ရဲ့ နောက်ကွယ်က ဇာတ်လမ်းမှာ ဇာဂနာ၊ မင်းကိုနိုင်၊ ကြည်ဖြူသျှင် စတဲ့ စတဲ့ အထင်ကရတွေ ပါဝင်နေပါတယ်။ကဲ ... မစပ်စု ရေးသားချက်ကို ဖတ်ကြည့်ကြပါအုံး။ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ခွင့် ၃ လ ပိတ်လိုက်ပါပြီ။တကယ်တော့ ရုပ်ရှင်အစည်းအရုံး အသစ် ဖွဲ့ပြီးတာ ၂ နှစ် မပြည့်သေးပါဘူး၊ တိတိကျကျ ပြောရရင်တော့ တနှစ်နဲ့ လေးလပဲ ရှိပါသေးတယ်။

ရန်ကုန်-ဒလ ကြိုးတံတား တကယ်ဆောက်မှာလား

Image
ဒီသတင်းကြောင့်ဒလ မြေဈေး လှုပ်လာလေမလား စဉ်းစားမိပါတယ်။သွားလာရေး အချိန်ကန့်သတ်ချက် ရှိနေတာရယ်၊  ရေရှားပါးတာရယ်ကြောင့် ရန်ကုန်တဖက်ကမ်းက ဒလမှာ မြေဈေး၊ အိမ်ဈေး၊  အိမ်ငှားဈေးတွေလည်း ရန်ကုန်ရဲ့ တခြားမြို့နယ်တွေနဲ့ ယှဉ်ကြည့်ရင် အတော် နိမ့်တယ်လို့ ဆိုနိုင်ပါတယ်။  သို့ပေမယ့် ဒီနေ့ (၂၁-၈-၂၀၁၃) ကြေးမုံသတင်းစာမှာ ပါတဲ့ သတင်းတခုကြောင့် ဒလမြေဈေး၊ အိမ်ဈေး၊ အိမ်ငှားဈေး လှုပ်လာလေမလား လို့ပါ။ ရန်ကုန်-ဒလ ကြိုးတံတား အတွက် Topographical Map (မြေပြင်အနေအထားကွင်းဆင်းတိုင်းတာမှု)  များကို သြဂုတ် ၁၇ ရက်နေ့က ဒလမြို့ ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင်  ပြုလုပ်ခဲ့သည်ဟု တော့ပ်ကုမ္ပဏီမှ တိုင်းတာရေး တာဝန်ခံ (Chift Surveyor) ဦးသန်းလွင်က ပြောကြားကြောင်း ဖော်ပြထားပါတယ်။ ဦးသန်းလွင် ဆက်လက်ပြောပြ တာက “ကျနော်တို့က တံတားကိစ္စ  Toppgraphical map  အတွက် အခုလို မှန်ပြောင်းနဲ့ မြေပြင်အနေအထားကို ကွင်းဆင်း တိုင်းတာနေတာပါ။ ဒီလို တိုင်းတာချက်တွေနဲ့ပဲ တံတားဒီဇိုင်းကို ထုတ်မယ်၊ အဲဒီ အပေါ် မူတည်ပြီး တံတားဆောက်လုပ်ဖို့ စဉ်းစားရမယ်” ဟု

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သို့မဟုတ် သင်ခန်းစာယူတတ်သူ”

Image
ဒီ ၁၀ နှစ်အတွင်း အရာရာ ပြောင်းလဲနေခဲ့ပါပြီ။  (ဦးနေ၀င်း) ကိုယ်တိုင် တာဝန်ပေးထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်နဲ့ အစိုးရ ယန္တယား တစ်ခုလုံးကို သူတို့ဖာသာ သူတို့ ကောင်းကောင်း ကိုင်တွယ် ထိန်းချုပ်ထားနိုင်ပါပြီ။  သူတို့ အပါအ၀င် ထိပ်တန်းက စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာလည်း စီးပွားရေး နယ်ပယ် မှာ နေရာယူ ကျင်လည်နေကြပါပြီ။  အားလုံး စိတ်ဝင်စားသူ ၂၀၁၁ မတ်လကုန် အစိုးရအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းတဲ့အခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘာတာဝန်မှ ယူတာ မတွေ့ရတော့ပါဘူး။  အရေးအကြီးဆုံးဖြစ်တဲ့ တပ်မတော် တာဝန်က လည်း လုံးဝ အနားယူသွားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်ကို