Posts

Showing posts from April 30, 2014

ယောင်္ကျားတွေက ဒီလိုပဲလား..ဒါလား ယောင်္ကျား(စုံတွဲများဖတ်သင့်သည်)

Image
ဝုန်း... ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။ အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။ အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။

ရေသောက်နည်းသောအခါဖြစ်တက်သောရောဂါများ

Image
လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်သည် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းနှင့် ကလေးတစ်ဦးတွင် ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားသည်။ ပါဝင်မှုများပြားသည့် ရေသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အင်္ဂါအစိတ်အပိုင်းများ ဟန်ချက်ညီစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုလည်းဖြစ်သည်။ ရေရှိနေ၍သာ ဦးနှောက်မှအစ အသည်း၊ ကျောက်ကပ်၊ နှလုံးနှင့် အင်္ဂါအစိတ်အပိုင်းများသည် ခန္ဓာကိုယ်၏ လုပ်ငန်းများအား ဆောင်ရွက်နေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုအရေးပါသည့် ရေအား လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် လိုအပ်ပြီး

Early ejaculation သုက်လွှတ်စောခြင်း

Image
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ    ယောက်ျားတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုက်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါရစေ။ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁) ကို ရေးပြီး၊ ဒီကြားထဲ တခြားအကြောင်းတွေ ရေးခဲ့ပါတယ်။ (၂) ကို ဆက်ရေးရင်၊ ဒီရောဂါ အထူးကု ထင်မှာစိုးလို့ပါ။ မဟုတ်ရင်တောင် အထူး စိတ်ဝင်စားသူလို့ မြင်နိုင်တယ်လေ။ ဆရာဝန်ဆိုတာ သိသာ သိစေ၊ မမြင်စေနဲ့ ဆိုသူထဲမှာ ပါတယ်။ မဖတ်စေနဲ့ မဟုတ်လို့ ရေးရပါမယ်။ နားလည်မှု မလွဲကြစေချင်ပါ။ “စိတ်ဝင်စားသူ” ဆိုတာလေး ချဲ့ပြောရရင် ဖို-မ ဆက်ဆံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောလိုက်တာဟာ ဖုံးကွယ် ပြောတာပါ။ ဒီကိစ္စမျိုးက လူပျိုပေါက် မရောက်သေးတဲ့ အရွယ်ကစပြီး၊ သွေးဆုံးချိန်လို့ ပြောလေ့ရှိတဲ့ အသက် ကျော်တာတောင် စိတ်ထဲမယ် ရှိနေတာမျိုးပါ။ စိတ်ရှိတိုင်း ထုတ်ပြောချင်မှ ပြောမယ်။ ကာယကံ မြောက်လဲ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ လိမ်မာရင် လိမ်မာသလောက် ထိန်းချုပ်မှု ရှိကြရတယ် မဟုတ်လား။ ဆန့်ကျင်ဖက်လိင် တယောက်နဲ့ တယောက်ဟာ ဆွဲဆောင်စွမ်းအား အင်မတန် ကြီးမားလှတာပါ။ ဇတ်တော် တခုထဲမယ် “ဆိတ်ကွယ်ရာ ဆိုရင် မအေမှန်း၊ သားမှန်း မသိရင်၊ ဖေါက်ပြန်ချစ်စိတ်

လိင်ဆက်ဆံခြင်းကြောင့် ရတဲ့ကောင်းကျိုးများ (အသက် ၁၈ ပြည့်မှ ဖတ်ပါ)

Image
1. Sex Relieves Stress စိတ်ဖိအားကျစေတယ် လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။ 2. Sex Boosts Immunity ခုခံအားတက်စေတယ် Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။ Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တပါတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာပြုသူတွေနဲ့ သိပ်များများ ပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။ 3. Sex Burns Calories (ကယ်လိုရ

Libido ဟိုစိတ်-ဒီစိတ်........... အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ

Libido ဆိုတာ Sex drive or desire for sexual activity လိင်ဆက်ဆံလိုစိတ်ကို ခေါ်တယ်။ လိင်စိတ် ဖြစ်ပေါ်မှုဆိုတာ ရှုတ်ထွေးတယ်။ နူးညံ့တယ်၊ Emotional စိတ်လှုတ်ရှားမှု၊ Mental စိတ်အခြေအနေ၊ Physical ရုပ်၊ Spiritual ကိုးကွယ်-သက်ဝင်-ယုံကြည်မှု စတာတွေဟာ Harmony မျှတ-မှန်ကန်-ကောင်းမွန် နေဘို့ လိုတယ်။ ဖို-မ ဆက်ဆံရေးမှာ လိင်စိတ်ရှိနေတာ အလွန်အရေးပါတယ်။ လူတယောက်ထဲမှာကို အချိန်တခုနဲ့တခု၊ အခြေအနေတခုနဲ့တခု၊ အသက်အပိုင်းအခြားတခုနဲ့တခု မတူကြဘူး။ လိင်စိတ်ရှိနေတာနဲ့ တကယ်တန်း ထိတွေ-ဆက်ဆံတာ ထပ်တူကြချင်မှ ကြမယ်။ ဆိုပါစို့ လိင်စိတ်က ပုံမှန်နေပေမဲ့ ဘာသာရေး၊ လူမှုရေး။ အဖေါ်မဲ့တာတွေကြောင့် လက်တွေ့ ရှိမှာမဟုတ်ပါ။ တခါတလေ စိတ်မပါလဲ လက်တွေ့ ဖြစ်တာလဲ ရှိမယ်။ လိင်ဆေးပညာမှာ နာမည်ရထားတဲ့ ပညာရှင် Sigmund Freud ကပြောခဲ့တယ်၊ Instinct energy or force အတွင်း စွမ်းအား ပါဘဲတဲ့။ Carl Jung က ပြောတာကတော့ ထမင်းစာချင်စိတ် ရှိနေတာ၊ တကယ်စားတာနဲ့ သဘောချင်း တူတယ်တဲ့။ လိင်စိတ် ဘယ်လောက်ဆိုရင် (နော်မယ်လ်) လဲ သတ်မှတ်ဘို့ ခက်တယ်။ တချို့မှာ နေ့တိုင်း

Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် ( အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ )

Image
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ကျွန်တော်ရဲ့ ချစ်သူက အရပ်လဲ မြင့်တယ် ပိန်လဲ မပိန်ဘူး။ တင်ပါး မဖွံ့ဖြိုးလို့ပါ။ တင်ပါး ထွက်လာအောင် ဘယ်လို လေ့ကျင့်ခန်း လုပ်ရလဲဆိုတာ အကြံပေးပါဗျာ။ လူတွေဟာ အဆောင်အဦတွေလိုဘဲ အခြေခံ နဲ့ အတွင်းအကျဆုံးကို (စကယ်လ်တန်) ခေါ်တယ်။ အရိုးပဒေသာပေါ့။ သူကောင်းမှ၊ သူက ကြီး-ရှည်နေမှသာ အပေါ်-အပြင်ကလဲ ကြီးတာ၊ ရှည်တာတွေ ဖြစ်လာနိုင်တယ်။ နဂိုရှိမှ နဂိုင်းထွက်လို့ ပြောကြတာ ဒါပါဘဲ။ မေးတဲ့သူရဲ့ ဇာတ်လိုက်က အရပ်ရှည်နေပြီ ဆိုတော့ အဆင်ပြေမှာပေါ့။ ရှည်နေသူတွေမှာ အချိုးကျ လိုက်ရမဲ့ ဖွံ့ထွားမှုက နည်းနေရင် ပိန်ရှည် (ဘိန်ရှည်) လို့ ပြောကြလိမ့်မယ်။ လှချင်ကြတာ လှတာကို ရချင်ကြတာဟာ သိပ်ပုံမှန်ဖြစ်တဲ့ စိတ်ပါဘဲ။ ကျန်းမာတဲ့ စိတ်ပါ။ တခုတော့ ရှိတယ်။ မရတာကို ရချင်တာ၊ မရသေးတာကို အားမရလွန်းတာတွေကို မထိန်းနိုင်ရင်တော့

ဖိုနှင့်မ လိင်ပညာပေး(အသက် ၁၈ နှစ်ပြည့်မှ ကျန်းမာရေးဗဟုသုတအဖြစ်ဖတ်ပါ)

Image
Globalization ဖြစ်စဉ်ကြောင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက အနောက်တိုင်း ပုံစံအဖြစ် အသက်ဝင်လာပါပြီ။ ဒီတော့ လူမှုရေး ပြဿနာတွေ ပိုရှုပ်ထွေးလာတယ်။ ကူးစက်မှု ရောဂါတွေကလည်း အချိန်မတိုင်မီ ကတည်းက လက်ယပ်ခေါ် ဆောင်နေပြီ ဖြစ်ပါတယ်။ အစွမ်းထက်တဲ့ ဆေးဝါးတွေ၊ နည်းပညာ မြင်းမားတဲ့ ကုထုံးတွေ၊ ကြိုတင်ကာကွယ်နည်းတွေ ဘယ်လိုပဲ ဆန်းသစ် တီထွင်နိုင်ပါစေ... သဘာဝရဲ့ လှုံ့ဆော်မှုကြောင့်လား... လူသားတွေရဲ့ တက်မက်မှုကြောင့်လား... မတွေးတတ်တော့ပါဘူး။ လိင်ပြဿနာတွေကို တားဆီးထိန်းချုပ်ဖို့ တော်တော် ခက်လာတယ်။ ယနေ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ရှုမြင်

ကွန်ဒုံးသုံးကြပါဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်အမှာစကား(မိန်းကလေးများအထူးဖတ်သင့်သည်)

Image
မိန်းမသားတို့၏ သဘာဝမှာ ဟိုစပ်စပ် သည်စပ်စပ်နှင့် လူရာဝင်တတ်သော၊ စကားကြွယ်သော၊ ဖော်ရွေသော ယောက်ျားသူငါများကို ခံတွင်းတွေ့ တတ်ကြပါသည်။ ထို့ကြောင့် အရောတ၀င် ကြည်ဖြူ တတ်ကြပါသည်။ ထိုအခါ ယောက်ျားများအကြိုက်ကို တစ်ခါတစ်ရံ အလိုက်ပေး ပေါင်းသင်း တတ်ကြရာက မမှားသင့်သည်များ မှားယွင်း သွားတတ်ကြပါသည်။ အခွင့်အရေးသည် နေရာတကာ မပေးကောင်းပေ။ အခွင့်အရေး ယူတတ်သူများနှင့် ကြုံလျှင်သာ ဆိုးတတ်ပါသည်။ အောက်ဖော်ပြပါဖြစ်ရပ်ကလေးတစ်ခုကို ဖတ်ကြည့်စေချင်ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း လက်လုပ်လက်စား မိန်းမ တစ်ဦး၏ ကိုယ်တွေ့ ရင်ဖွင့် ပြောပြချက်ဖြစ်ပါသည်။ ဒုက္ခသည်များ ကို စောင့်ရှောက်ရင်း သူတို့ ရင်ဖွင့် စကားများ ရေးသောစာတိုကလေးများကို  စုဆောင်း၍ Japan International Cooperation Agency မှ ဓမ္မဒါနအဖြစ် ဘာသာပြန်ဆို ပေးထားပါသည်။ ကျွန်မမှာ ခုလဆို ဖောက်သည်ချခွင့် ရတဲ့အတွက် (စာအုပ်စီစဉ်သူများကို) အထူးပဲ ကျေးဇူးတင်  ၀မ်းမြောက်ရပါတယ်ရှင်။ ကျွန်မဟာကုရာနတ္တိ ရောဂါ အေ့ဒ်(စ်) ကြောင့် ကြေကွဲ

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်

Image
*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။* ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့

ကာမေသုမိစ္ဆာစာရ ကံ နဲ့ ကျွန်တော်

Image
အိမ်ထောင်သည်ဆိုတဲ့ ဘ၀ကိုရောက်ခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ကျော်တိုင်ခဲ့လေပြီ ။ သည်ဘ၀မှာ မင်းပျော်လားလို့ မေးလာခဲ့ရင် ဘယ်လိုဖြေရပါ့ ။ * အတွေ့  * တစ်ခုရဲ့ ဆွဲငင်ခေါ်ဆောင်ရာနောက်ကို အသိမဲ့စွာ လိုက်ပါခဲ့ရင်း အိမ်ထောင်ကျခဲ့ရသည် ။။ အမြင် ၊ အကြား ၊ အထိအတွေ့ ၊ အရသာတွေကို အယူမှားကာ မြတ်နိုးခုန်မင်ခဲ့မိပါသည် ။ ကာမဂုဏ်မှာ ပျော်ပိုက်နေသူ လူသားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာခဲ့မိသည် ။ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ခြင်းလို့ ဆိုလိုသည် ။ အဲဒါထက်ကျော်လွန်ကာ မိစ္ဆာစာရဆိုတဲ့ အရာကို ပါ ကျူးလွန်မိခဲ့သူ ကျွန်တော် ။ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာ ကိုပြောတာပါ ။ ကျွန်တော် ရောက်နေတာက ရေမြေခြား ။ လွပ်လပ်ခြင်းဆိုတဲ့ အရသာကို ဖောဖော်သီသီ အသုံးချလို့ အကောင်းဆုံးနေရာတစ်ခုပေါ့ ။ မိဝေး ဖဝေး မှာ ကိုယ်နဲ့ နေ့စဉ် ပတ်သတ်နေသူ

ပြိုင်တူပြီးတာဟာ ချစ်တင်းနှောခြင်းရဲ့ အကောင်းဆုံးအရသာလား(+18)

Image
“ဇာတ်သိမ်းခန်း ရာဇ၀င်” တင်လိုက်တဲ့အခါမှာ “ရွှေစွန်”ဆိုတဲ့ နာမည်ဝှက်နဲ့ တစ်ယောက်က အင်္ဂလိပ်လို လှမ်းမေးလာပါတယ်။ အင်္ဂလိပ်စာ အခက်အခဲ ရှိသူများအတွက် နည်းနည်း ခက်မှာမို့လို့ သူနဲ့ ပြောဖြစ်တာလေးကို မြန်မာစကားနဲ့ ပြန်တင်ဆက်လိုက်ပါတယ်။ သူ့စာကိုတော့ ဘာသာပြန်ပြမနေတော့ပါဘူး။ လိုရင်းကိုပဲ ရေးပြပါ့မယ်။ သူက မေးလာတာက သူက သူ့အဖော်နဲ့ ချစ်တင်းနှောတဲ့အခါ သူ့အဖော်က အရင် ဇာတ်သိမ်းသွားလေ့ ရှိတယ်။ သူက နောက်ကျမှ ဇာတ်သိမ်းတယ်။ သူက ဆယ်မိနစ်လောက် ကြာတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ ပြိုင်တူ ဇာတ်သိမ်းတာကမှ ချစ်တင်းနှောခြင်းရဲ့ အနှစ်သာရ ပြည့်စုံတာလို့ ဆိုကြတယ်။ အဲဒါ ဟုတ်လားလို့ မေးလာတာပါ။ ပြိုင်တူ ဇာတ်သိမ်းခြင်းဟာ အပြာစာအုပ်တွေထဲမှာ တင်စားဖွဲ့နွဲ့ထားတာတွေ သက်သက်ပါ။ တစ်နည်းပြောရရင် ယုံတမ်းစကား ဒဏ္ဍာရီသာဖြစ်ပါတယ်။ ပြိုင်တူ ဇာတ်သိမ်းရလို့လည်း

အိပ်စက်ပုံကို ကြည့်ပြီး လူကဲခတ်ခြင်း အပါအ၀င် အိပ်စက်ခြင်း အကြောင်း

Image
အိပ်စက်ခြင်းဟာ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာအထူးပြောနေစရာ မလိုလောက်အောင် သေချာပါတယ်။ လူသားအပါအ၀င် နို့တိုက်သတ္တ၀ါ အားလုံး၊ ငှက်များ၊ တွားသွားသတ္တ၀ါ အများစု၊ ရေနေကုန်းနေ သတ္တ၀ါများနဲ့ ငါးတွေဟာ အသက်ရှင်ရေး လုပ်ငန်းတာဝန်များကို ဆက်လက်ပြီး ပုံမှန် လုပ်ဆောင်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အိပ်စက်နားနေမှုနဲ့ ပတ်သက်ပြီး ဆေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားတဲ့ အချက် ၁၅ ချက် ဖြစ်ပါတယ်။ (၁) အိပ်ပျော်နေတုန်း ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများဟာ

အသက် ၁၈ နှစ် မပြည့်သေးသူများသာ ဖတ်ရန်

Image
သင်သည် အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်ဦးမှန်ကန်ပါသလား။ အထက်ပါမေးခွန်းအားလာမည့် ၂ဝ၁၅ ရွေး ကောက်ပွဲအတွင်းမဲထည့်နိုင်ရန် မေးမြန်းနေခြင်း မဟုတ်ပါ။ သို့သော် ထိုမေးခွန်းကိုပင်သင် သွား လေ့သွားထရှိနေ သည့် ဈေး ဆိုင်၊ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှအစ စူပါမားကက်များအဆုံးမေးလာခဲ့သည်ရှိသော် မည်ကဲ့သို့ဖြစ်မည်နည်း။ မြန်မာနိုင်ငံအတွင်း ဆေးလိပ်၊ စီးကရက်ဘူးခွံများအား သေချာစူးစိုက်ကြည့်ဖူးပါသလား။ အဆိုပါ စီးကရက်ဘူးခွံတို့၏ ဘေးတစ်ဖက်တစ်ချက်တွင် စာတန်းတစ်ခုပါရှိ သည်။ ၎င်းမှာ ”အသက် ၁၈ နှစ် မပြည့်သေးသူများကိုမရောင်းရ” ဟူ၍ဖြစ်သည်။ အကယ်၍ သင်သည် အသက် ၁၈နှစ် မပြည့်တင်းသေးသည့်

လူငယ်နှင့် Sex မရှက်နဲ့

Image
ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။ ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။ သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း

ရင်ဆိုင်ဖြေရှင်းရမည့် လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ

Image
ရန်ကုန်မြို့ရဲ့ အထင်ကရ ဘီယာဆိုင်ကြီး တစ်ဆိုင်ဟာ ညနေခင်းတစ်ခုမှာ အသက်ဝင် လှုပ်ရှားနေတယ်။ မလုံ့ တလုံ အဝတ်အစားတွေ ဝတ်လာတဲ့ မိန်းမပျို နှစ်ဒါဇင်လောက်ဟာ စင်ပေါ်မှာ စီတန်းပြီး ဆံပင်တွေ ဝှေ့ယမ်းလို့ ပြင်းပြင်းရှရှ ပေါ့ပ်သီချင်း တစ်ပုဒ်ရဲ့ တေးသွားနဲ့ အတူ စည်းချက်ညီ ကနေကြတယ်။ နိုင်ငံခြားသား အနည်းငယ်နဲ့ မြန်မာအမျိုးသား အများစုကတော့ စင်အောက်က ဝိုင်းတွေမှာ Tiger ဘီယာကို မြုံ့ရင်း စင်ပေါ်က မြင်ကွင်းကို အမြည်းလုပ်နေ ကြတယ်။ တချို့က လက်ကိုင်ဖုန်းတွေနဲ့ စင်ပေါ်ကို ဗီဒီယို လှမ်းရိုက်လို့။ ကြည့်နေရင်းမှာပဲ ပရိသတ်ထဲက ယောက်ျားတစ်ယောက်က သူနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ၁၂ ဒေါ်လာတန်တဲ့

လေလွင့် မိန်းကလေးငယ်များခိုနားရာ

Image
“ပညာသင်ချိန်၊ အတတ်ပညာရှာမှီးမယ့် အရွယ်လေးတွေမှာ လမ်းပေါ်ရောက်နေရတဲ့ကလေးတွေက သူတို့ကိုယ်တိုင် နှစ်သက်စွာ ရွေးချယ်ခဲ့တဲ့ ဘ၀တွေလား”အခြေအနေမဲ့ လေလွင့်နေကြတဲ့ကလေးငယ် တွေကို လမ်းပျော်ကလေးများလို့တောင် တချို့ကသုံးနှုန်းနေကြဆဲပါ။ တွေးကြည့်ပါ။ ဘယ်ကလေးက အမိုးအကာမဲ့၊ နွေးထွေးချစ်ခင်သူမဲ့၊ အနာဂတ်မဲ့နေတဲ့ သူတို့ဘ၀မှာ နေပျော်ကြမှာလဲ။ဒီလိုလေလွင့်နေတဲ့ ကလေးတွေထဲက မိန်းကလေးငယ်လေးတွေဟာ အန္တရာယ်ကို လက်ယပ်ခေါ်နေကြမှန်းမသိဘဲ ဖိတ် ခေါ်နေသူတွေပါ။ အဲဒီလို မမြင်နိုင်တဲ့အန္တရာယ်တွေက အရွယ်ရောက်သူတွေပဲ

အသက် ၁၅ နှစ်မှာ အပျိုစင်ဘ၀ကို ၅ သိန်းနှင့် ရောင်းချခဲ့ရပြီး ပြည့်တန်ဆာဖြစ်ခဲ့ရသူနှင့် မြန်မာအမျိုးသမီးလေးများရဲ့ သနားစဖွယ်ဘ၀များ

Image
ယောက်ျား သုံးဦးရဲ့ ကိုယ်ထိ လက်ရောက် ရိုက်နှက် ခံရပြီးနောက်ပိုင်းမှာ ပြည့်တန်ဆာ လုပ်ငန်းက စွန့်ခွာဖို့ မလေပြေ (အမည်လွှဲ) ကြိုးစား ခဲ့ပါတယ်။ ဒါပေမဲ့ သုံးလ အကြာမှာပဲ မိသားစု စားဝတ် နေရေးကြောင့် ဒီလောကထဲ ကို ပြန်ဝင်ခဲ့ ရပါတယ်။  ပြင်ပ လောကမှာ ကောင်းရောင်း ကောင်းဝယ် လုပ်ငန်းကို သုံးလ တိတိ လုပ်ကိုင်ခဲ့ပေမယ့် ရရှိတဲ့ ၀င်ငွေဟာ မိသားစု ငါးဦးရှိတဲ့ သူမရဲ့မိသားစု အတွက် စားဖို့ တောင် အနိုင်နိုင် ဖြစ် ခဲ့ရပါတယ်။ ဒါကြောင့် ပြည့်တန်ဆာ လောကထဲ ပြန်လည် ၀င်ရောက် ခဲ့ရခြင်း ဖြစ်ပါတယ်။   ပြည့်တန်ဆာ လောကမှာ သုံး နှစ်လောက် လုပ်ကိုင် ခဲ့တဲ့ ကာလ အတွင်း သူမနဲ့ ဆက်ဆံတဲ့ အမျိုးသား အချို့ရဲ့ အနိုင်ကျင့်မှု တွေကို မကြာခဏ ကြုံတွေ့ခဲ့ ရပေမယ့် နောက်ဆုံး အကြိမ် စော်ကား ခံရမှုက တော့ သူမရဲ့ မျက်နှာမှာ သေရာပါ အမာရွတ် ရရှိခဲ့ပါတယ်။ ““သူတို့ စိတ်ကြိုက် မလုပ်ပေး ရကောင်းလား ဆိုပြီး နှစ်ယောက်က ချုပ်ပေးတယ်။ တစ်ယောက် က လက်သီးနဲ့ ထိုးတာ၊

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Image
အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာအတွက် အင်မတန်ကောင်းတဲ့ ဥပမာတခု ရလာပါတယ်။ ပညာပေးချင်တဲ့ ဆရာဝန် အတွက်တော့ ကောင်းတယ်ဆိုရပေမဲ့ ခံစားနေရသူမှာတော့ ဘဝတခုလုံးအတွက် သင်္ခန်းစာ အဆိုးကြီးတခု ရနေတာပါ။ အမည် (့)၊ အသက်။ ၂၈ နှစ်၊ အလုပ်အကိုင် (့)၊ နေရပ်လိပ်စာ (့)။ အခုဖြစ်နေတဲ့ ရောဂါကို ကျွန်တော် တစ်ယောက်တည်း ကျိတ်မှိတ်နေရပါတယ်။ အပြင်ဆေးခန်းတွေ သွားမပြရဲဘူး။ ကိုယ်သွားပြ လိုက်တဲ့ ဆေးခန်းက ဆရာလား ဆရာမလား မသိဘဲဖြစ်လို့ ဝင်မစစ်ဆေးရဲပါ။ ဆေးခန်း အပေါက်ဝက Nurse တွေက ဘာဖြစ်တာလဲ ဘာရောဂါလဲ မေးရင်လဲ အဖြေရခက်တော့ ဘယ်လို ဝင်ပြရဲတော့မလဲ။ လူပျိုဘဝမှာ အာသာဖြေဖျောက်မှု့ကို ၇ ရက် တစ်ကြိမ်သာ ပြုလုပ်ပါတယ်။ အဲဒီ အတွက်ကြောင့်လား မသိဘူး ကျွန်တော့် လိင်တံဟာ သူများတွေထက် ပိန်လွန်းပါတယ်။ အဲဒီလို ပိန်တာကို ကျွန်တော် ကိုယ်တိုင် ကျေနပ်မှု မရှိတော့ ကြီးတဲ့ စက်ဆိုတဲ့ လိင်တံကို လေစုတ်ပြွန်နဲ့ လုပ်တဲ့စက်ကို ဝယ်ပြီး

အချစ်ကို အလွဲသုံးစားလုပ် လိင်အရှုပ်တွေမလုပ်ကြေး

Image
ပုထုဇဉ် ဆိုတဲ့ လိုင်စင်ရကတည်းက လူသားဟာ စိတ်အလိုလိုက်မှုဆိုတဲ့ ရေစီးကြောင်းထဲ စုန်မျောခဲ့ကြတာပေါ့။ အာရုံခံစားမှုဆိုတဲ့ အနံ့၊ အရသာ၊ အထိအတွေ့တွေမှာ သာယာခြင်းက သဘာဝတရား အဖြစ် ဖွဲ့တည်လာကြတယ်။ ဆန့်ကျင်ဘက် လိင်အပေါ် တွယ်ငြိစွဲလန်းမှုကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သာယာမှု တခုပါပဲ။ ထိကိုင်ပြသ မမြင်ရတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း စွဲလန်းသာယာစရာ ဖြစ်လာသလို၊ သဘာဝ အလျောက် ဖြစ်လာတဲ့ သွေးသား နှီးနှောမှုကလည်း ကျွဲကူးရေပါ အတူယှဉ်တွဲ လာပါတော့တယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကနေ “လက်ကလေးပြီးတော့ ပါးကလေးပေါ့” ရောက်လာပြီးတဲ့အခါ၊ “ဖြေးဖြေးလေး နဖူးလေး၊ ပါးလေး

အမျိုးသမီးများ မငြင်းရက်နိုင်တဲ့ ယောင်္ကျား ၆ မျိုး

Image
အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။ ၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။ ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးအရှေ့ မှာကိုယ့်ရဲ့ ပင်ကိုယ်ပါရမီအစွမ်းအစတွေကို ထုတ်ဖော်ပြဖို့ ဝန်မလေးပါနဲ့။ ဂီတာတီးသီချင်းဆိုပြတာ၊ ကိုယ်ကျွမ်းကျင်ရာဟင်းလျာတွေကို ချက်ကျွေးတာ ဒါမှမဟုတ်လဲ ကိုယ်

အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် HIV ရောဂါ

Image
UNFPA လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း သမီးရည်းစားအတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။ သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ

ဒီလိုယောင်္ကျားမျိုးကို မိန်းမများ ရူးရူးမူးမူးတမ်းတမ်းစွဲ ချစ်တတ်ကြသည်

Image
အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။ ၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။ ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့

အမျိုးသမီးပြီးခြင်း(သို့မဟုတ်) ဆန္ဒပြည့်ဝခြင်းကို ပိုမိုနားလည်လာပြီ (+18)

Image
rain Activity Captured In FMRI Imaging Device လိင်စိတ်ဆန္ဒပြည့်ဝခြင်းဆိုတဲ့ Orgasm (အော်ဂဇင်) ရတာကို ရောဂါရှာဖွေ စစ်ဆေးရာမှာသုံးတဲ့ FMRI Imaging Device ခေါ်တဲ့ ပုံဖေါ်ကရိယာသုံးပြီး လေ့လာလိုက်တော့ ပိုပြီး နားလည်လာရပါပြီ။ ဒီကရိယာက အမျိုးသမီးတယောက် လိင်ဆန္ဒပြည့်ဝသွားချိန်မှာ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဦးနှောက်ထဲက အဖြစ်အပျက်တွေကို

သင့်ချစ်သူကို မနမ်းခင် ဒါတွေကို မဖြစ်မနေ သိထားပေးပါ(+18)

Image
အနမ်း နဲ့ ကျန်းမာရေး မေး။ လူတယောက်နဲ့ တယောက် mouth to mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ ဖြေ။ mouth to mouthဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။