Posts

Showing posts from 2015

ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး

Image
ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။ . ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့ အရည်အပြား ယားနာ ပျောက်ဆေး တို့မှာ ထည့်သွင်း အသုံးပြုကြ ပါတယ်။ . ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့်

ထောပတ်သီးက ဘာတွေကောင်းလဲ ( ကျန်းမာရေးအတွက်ဆေးတစ်ခွက် )

Image
ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာအကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ . တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ . မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ . အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး

ဘယ်သူနဲ့ သင်အတူရှိနေသလဲ ?????

Image
စကားတစ်ခွန်းက ဒီလိုဆိုပါတယ် -- သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက သင် ဘယ်သူနဲ့အတူ ရှိနေသလဲပဲဖြစ်တယ်။ . ဟောင်ကောင်သန်းကြွယ်သူဌေးကြီး Li Ka-shing ရဲ့ ကားမောင်းသူဟာ Li Ka-shing ဆီမှာ နှစ်ပေါင်း ၃ဝကျော်ကားမောင်းခဲ့တယ်။ ပင်စင်ယူခါနီးမှာ သူ့ရဲ့ရိုးသားကြိုးစားမှုနဲ့ တာဝန်ကျေပွန်ခဲ့မှုအတွက် Li Ka-shing က သူ့ကို ဆုငွေ သိန်း၂ဝ လက်ဆောင်ပေးခဲ့တယ်။ ဒါကို ကားမောင်းသူက ငြင်းဆန်ခဲ့ပြီး

အခွင့်အရေး ? ? ? ? ?

လူတစ်ယောက်ကို မကြိုက်ရင် မကြိုက်ဘူးလို့ ငြင်းပိုင်ခွင့်ရှိတယ်။ . မချစ်ရင် မချစ်ဘူးလို့ ပြောပိုင်ခွင့်ရှိတယ်။ . ဒါပေမယ့် ကြိုက်သလို ၊ ချစ်သလို လုပ်ပြီး သူများကိုကစားခွင့်တော့ မရှိဘူး။ အချစ်ဟာ ကစားပွဲတစ်ခု မဟုတ်ပါဘူး။ . ကစားပွဲမှာ နိုင်ခြင်း၊ ရှုံးခြင်းတွေဟာ ထိခိုက်မှု သိပ်မရှိလှပေမဲ့။ . အချစ်တွေနဲ့ လောင်းကြေးထပ်ကစားကြတဲ့အခါမှာ ဘ၀တွေပျက်တဲ့ထိ ဖြစ်တတ်ပါတယ်။ . မာရင်ရင်

ကလေးကို နှုတ်ခမ်းချင်း တေ့မနမ်းသင့်သည့် အကြောင်း ( ဆင်ခြင်ရန် )

Image
အချို့ မိဘများဟာ ကလေးငယ်ကို နှုတ်ခမ်းချင်း တေ့ဆိုင် နမ်းကြ ပါတယ်။ . ယင်းဟာ အင်မတန် မှားယွင်းတဲ့ အလေ့အထ ဖြစ်ပါတယ်။ နှုတ်ခမ်းချင်း တေ့ဆိုင်နမ်းတဲ့အခါ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝှက်က အရည်များ ဖလှယ်ခြင်း ဖြစ်ပြီး လူကြီးတွေ အချင်းချင်းတွက် ဆိုရင် ကိစ္စ မရှိပါဘူး။ . ဘာလို့လဲဆို ယင်း အရည်မှာ ပါတဲ့ Virus ကို ခံနိုင်ရည် ရှိကြလို့ပါ။ . ဒါပေမယ့် ကလေးနဲ့ နမ်းတဲ့အခါကျရင်တော့

ဖေဖေ နှင့် မေမေ ဖတ်ကြည့် ပါ ( သားသားမီးမီးအတွက်ပါ )

Image
ကလေးတွေ ကို ဘာတွေးရမယ်ဆိုတာထက် ဘယ်လို တွေးသင့်တယ်ဆိုတာကိုသာ သင်ပေးပါ ၊ . ကလေးတွေကို ငွေအများကြီးရှာရမယ်ဆိုတာထ က် ငွေရဲ့အသုံးဝင်ပုံနဲ့တန်ဖိုးကို သာသင်ပေးပါ ၊ . ကလေးတွေကို မုန့်ဖိုးအများကြီးပေးလိုက် တာထက် အရာဝထ္ထုတွေရဲ့တန်ဖိုးကိုသာ သင်ပေးပါ ၊ . ကလေးတွေကိုအမှားတစ်ခုလုပ်မိ တဲ့အခါ ရိုက်နှက်ဆုံးမတာထက်

ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်

Image
. (၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ . ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကိုငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ . ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင်

မအောင်မြင်ဘူးဆိုတာ မရှိတဲ့သူ

Image
အောင်မြင်တဲ့သူဟာ စိတ်ဓါတ် အားတက်နေတဲ့အကျင့်ရှိတယ်။ စိတ်ဓါတ်ကျလေ့ မရှိဖူး။ . နဲနဲလေးကျတာနဲ့ နည်းလမ်းရှာပြီးတော့ စိတ်ဓါတ်ပြန်တက်အောင် လုပ်တယ်။ သဒ္ဓါကျသွားရင် သဒ္ဓါပြန်တင်ပေးတယ်။ ဝီရီယကျသွားရင် ဝီရိယ ပြန်တင်ပေးတယ်။ သမာဓိကျသွားရင် သမာဓိ ပြန်တင်ပေးတယ်။ ကျနေတဲ့အခြေအနေမှာ တာရှည်မနေဘူး။ သတိမပြတ်အောင် ထိန်းသိမ်းတယ်။ အဲဒီလိုလူဟာ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ . ပြတ်သားတဲ့ရည်ရွယ်ချက် ရှိတဲ့သူဟာ စိတ်ဓါတ်ကျသွားတဲ့ အခြေအနေမှာ ကြာရှည်နေလေ့ မရှိဘူး။ . အောင်မြင်တဲ့သူ မှန်သမျှဟာ အခက်အခဲနဲ့တွေ့တဲ့အခါမှာ စိတ်ဓါတ်ကျလေ့မရှိဘူး။ . တခါတစ်ရံ နဲနဲလျော့သွားရင်တောင်မှ အဲဒီအခြေအနေမှာ တာရှည်နေလေ့မရှိဘူး။ . ကိုယ့်မှာ မတော်တဆ အကြောင်းတခုခုရှိလို့ စိတ်ဓါတ်အားကျသွားတယ်ဆိုရင် . . . . . စိတ်ဓါတ်ပြန်တက်လာအောင် . . . တနည်းနည်းနဲ့ လုပ်တတ်တဲ့သူတွေ ဖြစ်တယ်။ . ဆရာတော်ဦးဇောတိက (ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း စာအုပ်မှ)

မှန်မှန်ကန်ကန်လေးတွေးကြည့်ပါ

တစ်ခါတစ်လေ... လိုချင်တာကိုပဲ တောင့်တနေတတ်ပြီး လိုအပ်နေတာကိုတော့ မေ့နေတတ်တယ်.... တစ်ခါတစ်လေ... တန်ဖိုးထားသင့်တဲ့သူကို မေ့နေတတ်ပြီး

မမေ့လိုက်ပါနဲ့_သူငယ်ချင်း

‬ သူငယ်ချင်း---- ကိုယ် မင်းကို တစ်ခုမေးကြည့်ချင်တယ် ။ ရိုးရိုးသားသားနဲ့ စိတ်ထဲရှိတဲ့ အတိုင်းပဲ ဖြေပါ။ တို့ ဘုရားရှင်ကိုယ်တော်မြတ်က ဇာတိဒုက္ခ ပဋိသန္ဓေနေရခြင်းဟာ အလွန်ဆင်းရဲပါတယ် လို့ အကြိမ်ကြိမ် ဟောတော်မူခဲ့တယ်နော်။မင်း တကယ် ကြောက်ရဲ့လာ--? ဘာလို့ မကြောက်သေးတာလဲဆိုတာရော တွေးမိသလား ။ မေ့ သွားလို့ပါသူငယ်ချင်း ။ အမိဝမ်းမှာ တကယ်ဆင်းရဲခဲ့တာ မှန်ပေမယ့်  တို့တွေ အခုပြန်မမှတ်မိတော့ဘူး ။မေ့သွားပြီလေ ။ အလားတူပါပဲ ။ တို့တွေ အတိတ်ဘဝများစွာက ဘယ်ဘုံ ဘယ်ဘဝမှာ

စကားပြောတတ်ခြင်း

Image
‬ ပြောတတ် ဆိုတတ်တာဟာ လူလေးစားဖို့ အတတ်ပညာတစ်မျိုးဆိုရင် လူတိုင်းစကားပြောတတ်ဖို့  လိုအပ်ပါတယ်... လူကြီးတွေဆီက ရင့်ကျင့်တဲ့ အပြောအဆိုကို အတုယူပါ... ငယ်ရွယ်သူတွေဆီက ရဲရင့်တဲ့ အပြောအဆိုကို အတုယူပါ... မိန်းမကောင်းတွေဆီက ချိုသာတဲ့ အပြောအဆိုကို အတုယူပါ... ယောင်္ကျားကောင်းတွေဆီက.. တည်ကြည်လေးနက်တဲ့

ငါတို့ အရှုံးမခံနိုင်ပါဘူး

တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယားနှစ်ယာက်ရှိတယ်။ ဒါပေမယ့်စကားများတဲ့အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ် တယ်။ . တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့မေးလာမိတယ်။ . "ယောက်ျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှော့ပေးတာလဲ။  တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ" . သူ့ယောက်ျားးဒီလို ပြန်ဖြေတယ်။

မိန်းခလေးတစ်ယောက်ကို ချစ်ရင် လိုက်နာရမယ့် အချက်များ

Image
၁ မျက်စိတချက်ကြည့်လိုက်တာနဲ့ ဘာဖြစ်ချင်လဲဆိုတာ သိနေပါ။ ၂ ကိုယ်မမြင်ချင်တာတွေ့ရင်မျက်စိမှိတ်နေပါ။ ၃ မကြားချင်တာရှိရင် နားပိတ်နေပါ။ ၄ မိုးရွာတာကိုမစောင့်နှင့် မိုးဖွားကျတာနှင့် ထီးမိုးပေးပါ။ ထီးမပါလျှင် အကျီင်္ချွတ်မိုးပါ။ ၅ အစာ ၂ပွဲစားလျှင် အစားပုတ်တယ်လို့ ပြောမယ့်အစား အစာကြေဆေးရှာထားပါ။ ၆ shopping mall ရောက်လျှင် ဒါလေးလိုက်လားဆိုတာနဲ့ ငွေရှင်းပီးသားဖြစ်ပါစေ။ ၇ အမေကသိပ်သဘောမတူဘူးဟုပြောမည့်အစား အိမ်ဝယ်ဖို့ တခါတည်းစဉ်းစားထားပါ။ ၈ မနေ့ကဘာလို့ကျောင်းပျက်တာလဲမေးမယ့်အစား တခါတည်း စာကူးထားပေးပါ။ ၉ ဘာအရောင်ကြိုက်လဲ ဘာအစားအစာကြိုက်လဲ

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး

Image
ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆို တာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာ တဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ် ။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို

ငှက်ပျောခွံ၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

Image
မိတ်ဆွေတို့ကို ဒီတစ်ခါတင်ပြပေးမယ့်အကြောင်းအရာကတော့ ငှက်ပျောခွံရဲ့ ကျန်းမာရေးအတွက်အသုံးဝင်ပုံ များ ဖြစ်ပါတယ်။ လူတိုင်းနီးပါး စားဖူးကြပြီး အလွယ်တကူ လွင့်ပစ်တတ်တဲ့ ငှက်ပျောသီးခွံမှာ ကျန်းမာရေးအတွက်

လက်ထပ်လိုက်တဲ့အခါ

Image
မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့ တစ်ဘ၀သာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။ လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘ၀က ၀တ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီး ဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။ မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲ အဆီတ၀င်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကို ထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ် ။ လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက်

ယောက်ျားတွေလိုချင်တာ ဒီလိုမိန်းမမျိုးပါ

Image
ယောက်ျားတစ်ယောက်က ပြောတယ်...... (၁) မိန်းကလေးတစ်ယောက်ဟာ သိပ်ချောသိပ်လှစရာမလိုဘူး။ လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ။ (၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။ (၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာလုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။ (၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကိုပေးနိုင်တဲ့အရာ

လက်ထပ်ဖို့ရည်ရွယ်ထားရင်

Image
လက်ထပ်ဖို့ရည်ရွယ်ထားပြီဆို ရင် တစ်ယောက်ကိုတစ်ယောက် တကယ်နှစ်နှစ်ကာကာချစ်ကြဖို့ အရေးကြီးပါတယ်။ အချစ်ဆိုတာ အလွန်တရာလျှို့ဝှက်ခြင်းများနဲ့ သိပ်ကိုဆန်းကြယ်လွန်းပါတယ်။ ယနေ့အချိန်ထိ ကမ္ဘာကျော်သိပ္ပံပညာရှင်တွေ ဗိသုကာပညာရှင်ကြီးတွေ အလွန်တရာထူးချွန်ထက်မြတ်ကြေ သာ မည်သည့်ပညာရှင်ကြီးတွေကမှ အချစ်ဆိုသော ဝေါဟာရ၏ အတိန်အနက်ကို မှန်းဆတွက်ချက်နိုင်ခြင်း မပြုနိုင်ခဲ့ပါဘူး။ အချစ်ဆိုတဲ့

ဘယ်သူက အပျော်ဆုံးလဲ ? ? ? ?

Image
  တခါက ကျီးကန်းတကောင်ဟာ သူ့ဘဝသူ ကျေနပ် ပျော်ရွှင်နေပါသတဲ့ ။ တနေ့မှာ ငန်းဘဲဖြူ တကောင်ကို ကျီးကန်းကတွေ့တဲ့အခါ ။ ဒီငန်းဘဲကတော့ ဖြူ စွတ်နေတာပဲ ၊  သူဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးသူ ဖြစ်နိုင်တယ်လို့ တွေးမိပြီး ၊ ငန်းဘဲကို သူ့အတွေးအကြောင်းပြောပြတယ် ။ ငန်းဘဲကလည်း သိပ်မှန်တာပေါ့ ။  ငါဟာ ကြက်တူရွေးကို မမြင်ဘူးခင်ထိ ငါကိုယ်ငါ ဂုဏ်ယူပြီး အပျော်ရွင်ဆုံးလို့ ထင်ခဲ့တယ် ။ ကြက်တူရွေးက အရောင် နှစ်ရောင်ရှိတယ်လေ ။  အခုတော့ ငါထင်တယ် ကြက်တူရွေးဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးဌက်ဖြစ်မယ်လို့ပြောသတဲ့ ။ ဒီတော့ ကျီးကန်းလည်း ကြက်တူရွေးထံ ချဉ်းကပ်ပြီး မေးတဲ့အခါ။

စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ

အပျော်အပါး၊ စားတာသောက်တာမျိုးကို မဆိုလိုဘူး။  .  မြင့်မြတ်တဲ့ဘက်ကို သွားနေမှ စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ဖြစ်လာတယ်။ . မြင့်မြတ်တဲ့ဘက်ကို သွားနေမှသာ စိတ်ချမ်းသာမှု ရတယ်။ ကိုယ့်ဘဝကို ကိုယ်ကျေနပ်အားရတယ်။ . . ဆရာတော်ဦးဇောတိက

နှစ်သက် ၊ ယုံကြည် ၊ ခင်စေချင် ၊ ချစ်စေချင် ၊ တန်ဖိုးထားစေချင်ရင် ? ? ?

Image
နှစ်သက်စေချင်ရင် မပုတ်ခတ်ပါနဲ့၊ ယုံကြည်စေချင်ရင် မမြှောက်ပါနဲ့၊ ခင်စေချင်ရင် မကဲ့ရဲ့ပါနဲ့၊ ချစ်စေချင်ရင် သစ္စာမမဲ့ပါနဲ့၊ တန်ဖိုးထားစေချင်ရင် ကတိမဖျက်ပါနဲ့။  . . အရှင်ဝိနယသာမိ (ပန်းတောင်း )

ကံ ၊ ကံ၏အကျိုး (ကွယ်လွန်ပြီးတာတောင် ကြွေးဟောင်းဆပ်နေရတာ )

Image
လွတ်လွတ်လပ်လပ် သွားလို့လာလို့ရပါပြီ  <>*<>*<>*<>*<>*<>*<> . ယုံချင်ရုံ ၊ မရုံချင်နေပါ ။ မိမိကိုယ်ပိုင်ခံစားတွေးခေါ်နိုင်ပါသည် ၊ သင်ခန်းစာယူတတ် ၊ ယူနိုင်ရန်မျှဝေမှုပါ Golden Gpoup. . . ဤဇာတ်လမ်းသည် တကယ့်အဖြစ်အပျက် ဖြစ်သည်။ ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာသည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။ . တိုက်နယ်ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ  ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊  အထည်ဆိုင်၊ တိုက်တာပေါများပြီး အိမ်ကြီးအိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။ .  ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သားသမီးသုံးယောက်နှင့်နေထိုင်သည်။ သူ၏အမ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က

မိဘကျေးဇူး အကျေဆပ်နည်း

Image
ဤကမ္ဘာလောကတွင်မိဘကျေးဇူးကိုအထူးသိ၊ အထူးဆပ်လိုတဲ့သူတော်ကောင်းတိုင်းအတွက် အတုယူအားကျစရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့ မြတ်စွာဘုရားရှင်ဘဲဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ဘ၀တစ်ပါးပြောင်းသွားပြီဖြစ်တဲ့ မယ်တော် (သန္တုဿိတနတ်သား) ကို ဘ၀သံသရာ ၀ဋ်ဒုက္ခက လွတ်မြောက်အောင်ကယ်တင်တော်မူပြီး၊ မယ်တော်နတ်ရွာစံပြီး မိမိကိုနို့ချိုတိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမကြီးကိုလည်း ရဟန္တာဖြစ်တဲ့အထိ “ဓမ္မနို့ရည်”တိုက်ကျွေးခြင်းဖြင့် မိခင်ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်”ဆပ်နိုင်ခဲ့ပါတယ်။ . ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကိုလည်းလူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ပြီးကျွတ်တမ်းဝင်အောင်လမ်းညွန်ပေးပြီး ဖခင်ကျေးဇူးကိုလည်း“လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်”

ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ

Image
. ၁။ ယစ်မသည် ဥအတွက်အသေခံသည်။ ၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။ ၃။ ရဟန်းသည် သီလအတွက် အသေခံသည်။ ၄။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။ ၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။ ၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။ ၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။ ၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။ ၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။ ၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။ . ၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။ ၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။

ဖေဖေ နှင့် မေမေ ဖတ်ကြည့် ပါ ( သားသားမီးမီးအတွက်ပါ )

Image
ကလေးတွေ ကို ဘာတွေးရမယ်ဆိုတာထက် ဘယ်လို တွေးသင့်တယ်ဆိုတာကိုသာ သင်ပေးပါ ၊ . ကလေးတွေကို ငွေအများကြီးရှာရမယ်ဆိုတာထက် ငွေရဲ့အသုံးဝင်ပုံနဲ့တန်ဖိုးကို သာသင်ပေးပါ ၊ . ကလေးတွေကို မုန့်ဖိုးအများကြီးပေးလိုက်တာထက် အရာဝထ္ထုတွေရဲ့တန်ဖိုးကိုသာ သင်ပေးပါ ၊ . ကလေးတွေကိုအမှားတစ်ခုလုပ်မိတဲ့အခါ ရိုက်နှက်ဆုံးမတာထက်

ကလေးသူငယ်များနဲ့ " လီသီရမ်ဘက်ထရီ " အန္တရာယ်

Image
ယခုခေတ် ကစားစရာအတော်များများမှာ လီသီရမ်ဘက်ထရီ(လက်ပါတ်နာရီဘက်ထရီ)များအသုံးပြုလာကြတယ်။ ကစားစရာများ ကြိုးပဲ့ပျက်စီးသွား၍သော်၎င်း၊ လူကြီးများက ဘက်ထရီလဲလှယ်ပေးပြီး စည်းကမ်းတကျမစွန့်ပစ်၍သော်၎င်း ဘက်ထရီများဟာ ကလေးများလက်လှမ်းမှီရာမှာရှိနေတတ်ကြတယ်။ ဒီအခါ မသိနားမလည်သေးတဲ့ ကလေးများက သကြားလုံးအမှတ်

သားအတွက်အဖေရဲ့အကြံပြု ချက်

Image
သားအတွက်အဖေရဲ့အကြံပြု ချက် • • • • • • • • • • • • • • . ငါ့သားအိမ်ထောင်ဖက်ရှာနေတယ်ဆိုရင် ... မိန်းမတွေရဲ့ရင်သားနဲ့ တင်ပါးအရွယ်အစားအတွက် မင်း စိတ်မပူပါနဲ့ ။ နှလုံးသားနဲ့ ဦးနှောက်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။သူမရဲ့ ချ စ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။ . နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့ တင်သားတွေက ပြောင်းလဲသွားလိမ့်မယ်။ အခု မင်းအမေကိုပဲကြည့်လေ ရင်ပြားကြီးနဲ့  တင်ပြားကြီးသာကျန်တော့ပေမဲ့ ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်။ . ငါ့သား ငွေကိုချစ်တဲ့ မိန်းမတွေကို သတိထားပါ။ အဲဒီမိန်းမတွေဟာ အချိန်ပြည့်သူတို့ ရဲ့ ဆံပင်တွေ|

အသက်ကို ဥာဏ်စောင့် ( ဆင်ခြင်ကြပါ )

Image
အသက်ကို ဥာဏ်စောင့် ( ဆင်ခြင်ကြပါ ) •*.•*.•*.•*.•*.•*.•*.•*.•*.• . "ဖုန်း" အိမ်အပေါ်ထပ်ကနေ ဝက်ခြံထဲကို အချိုမှုန့်ပေါင်ထုတ်ကြီး ပြုတ်ကျပြီး ကွဲသွားတဲ့အသံပါ။ . အိမ်ရှင်ဟာ ဝက်ခြံထဲကိုပြေးဆင်းလာပါတယ်။ ဒါပေမယ့် ဝက်ခြံထဲရောက်တော့ အချိုမှုန့်တွေက ကုန်သလောက်ရှိနေပါပြီ။ ခြံထဲကဝက်မကြီးက အပြေးလာပြီးစားပစ်လိုက်လို့ပါ။ . အိမ်ရှင်ဟာ အချိုမှုန့်တွေကို နှမြောလွန်းလို့ စိတ်တိုပြီးဝက်မကြီးကိုရိုက်ရအောင် တုတ်ပြေးရှာပါတယ်။ . တုတ်တွေ့လို့ဝက်မကြီးရှိရာ လာတဲ့အခါမှာတော့

ကုန်းပေါ်တွင်ရေနစ်သေဆုံးခြင်း( ဗဟုသုတလေးပါ )

Image
သတိပြုရမယ့် Dry Drowning နဲ့ Secondary Drowning... . မကြာသေးခင်က အင်တာနက်ပေါ်မှာ သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်... အဲဒါကတော့... အမေရိကန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အိမ်နီးနားချင်းက ရေကူးကန်တစ်ခုမှာ ရေသွားကစားရာကနေ ပြန်လာပြီး သူဟာ အတော်လေး နွမ်းနယ်နေတဲ့အကြောင်း၊ အရမ်းလည်း အိပ်ချင်နေတဲ့အကြောင်း မိခင်ဖြစ်သူကို ပြောပြီး အိပ်ယာထဲမှာ သွားအိပ်လိုက်တယ်လို့ ဆိုပါတယ်... မိခင်ဖြစ်သူကလည်း ကလေးတွေရဲ့ သဘာဝအရ တနေ့ကုန် ကစားထားလို့ ပင်ပန်းတာလို့ ယူဆထားပြီး သားဖြစ်သူကို သံသယ

မိန်းမလှ နှင့် မိန်းမကောင်း"

Image
မိန်းမလှ နှင့် မိန်းမကောင်း" ♡ ♡♡♡ (◑_◑) ♕♕♕ ♕ . ★ လှတဲ့မိန်းကလေး က မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တယ်။ . ☆ ကောင်းတဲ့မိန်းကလေး ကတော့ စိတ်နှလုံးနဲ့ အကျင့်စရိုက်ကိုအလေးထားတယ်။ . ★ မိန်းမလှ က မျက်စိကိုအေးစေတယ်။ ☆ မိန်းမကောင်း ကတော့ စိတ်နှလုံးကို အေးစေတယ်။ . ★ မိန်းမလှက နုပျိုနေချိန်မှာ လှတယ်။ ☆ မိန်းမကောင်းကတော့ အိုသည့်တိုင်အောင် လှတယ်။ . ★ မိန်းမလှက ရတနာတစ်ပါးဆိုရင် ☆ မိန်းမကောင်းကတော့ ရတနာသိုက်ပဲဖြစ်လိမ့်မယ်။ .   ငြိမ်းလဲ့