Posts

Showing posts from September 2, 2013

ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်

ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည် မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။ အရှေ့တောင်အာရှတွင်ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ဘာသာတရားနှင့် ယဉ်ကျေး မှုများ ကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခု ပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို

ဆေးလိပ်သောက်ကြသူများ

Image
ဆေးလိပ်သောက်ကြသူများ ..... သောက်ချင် သလောက်သောက်၊ အချိန်တန်ရင်တော့ ထုံးစံအတိုင်း ဖြစ်ရမယ့် ဆေးလိပ်သောက် သူများ အနေဖြင့် ဆေးလိပ်ဖြတ်ဖို့ ဆိုတာ အရမ်းခက်ခဲ လွန်းပါတယ်။ အထူးသဖြင့် ဦးနှောက် သုံးရတဲ့ လူတွေမှာ ပေါ့။ ဒီတော့ ဆေးလိပ်သောက်ခဲ့ တဲ့ လူတွေ အကြောင်းကို အရင် ကြည့်ကြရအောင်။ သစ်သားမီးခြစ်လေးကို ရှဲကနဲ ခြစ်လိုက်ပြီး ဆေးလိပ်လေးကိုမီးရှို့၊ တစ်ဖွာဆိုတဲ့

ဒီတစ်ခါမှာတော့ အွန်လိုင်းပေါ်မှာ ထူးခြားသော လုပ်ဆောင်ချက်များ

Image
အင်တာနက်ပေါ်မှ စိတ်ဝင်စားဖွယ် ဓာတ်ပုံများ   သူများနှင့်မတူသော အချို့အချို့ကိစ္စ များကြောင့် လူများစိတ်ဝင်စားခြင်းခံ ရတဲ့သက်ရှိထင်ရှားမြန်မာ ဓာတ်ပုံများ ကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     ၂။ ရထားစီးနေတဲ့ သင်္ဃန်းရုံထားတဲ့ ဘီလူး  ဆိုတော့ ဘယ်လို အဓိပ္ပါယ်ထွက်လဲတော့ မသိဘူး။ ဘင်္ဂလီထောက်ခံအားပေး တဲ့အနေနဲ့များ လုပ်နေသလားလို့ ဒီပါဖောမန့်ကို တင်ဆက်သူ ကိုပဲ မေးလိုက် ချင်စရာ   ၃။ အစည်းအဝေးတွင်ကင်မရာတစ်လုံးဖြင့် ဟိုဘက်ချိန်၊ဒီဘက်ချိန်လုပ်ခဲ့သော ကချင်ခေါင်းဆောင်တစ်ဦး  ၄။ ဘယ်အချိန်ကြည့်ကြည့် တရားဝင်နေတဲ့ မြန်မာအမျိုးသမီးများ၏ ကိုယ်တွင်းအလှကို တရားဝင်ဖော်ထုတ်ခွင့်ရအောင်ကြိုးစားပေးခဲ့သော နန်းခင်ဇေယျာရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ  ၅။ ယခင်တုန်းကတော့ ဒီပုံကို အသည်းအသန် စိတ်ဝင်စားခဲ့ကြဖူးသည်။ ဘောလုံးအသင်း ဂုဏ်ပြုပေးခဲ့တဲ့ အကအလှမယ် ခေမီကို  ၆။ အစဉ်တစိုက်အားပေးလာခဲ့သော်လည်း ပရိတ်သတ်အများစု ၂၀၀၈ ကတည်းက အိမ်ထောင် ကျပြီးေ ကြာ င်း မသိခဲ့ရသည့် ပထမဆုံး လိုးရှင်းကြော်ငြာသရုပ်ဆောင် မိုးဟေကို  ၇။ အပိုင်း ၁ ၂ ၃ များဖြင့် အားလုံးကို ကျော်ဖြတ်နာမည်ကြီးခဲ့သော်လည်း အိမ်ထောင်ရေး မပြိုက

ဆီးရီးယားအား တိုက်ခိုက်ရေး ဗြိတိန် နှင့် နေတိုးတို့ မပါဝင်သောကြောင့် အမေရိကန် ဒုက္ခရောက်နေ

Image
ဆီးရီးယားပြည်တွင်းစစ် အတွင်း၌ အစိုးရဘက်မှ ဓာတုလက်နက်များကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက် များနှင့်  ပတ်သက်၍ တုံ့ပြန်သည့်အနေဖြင့် ယင်းနိုင်ငံအပေါ် ပြုလုပ်လာနိုင်ဖွယ်ရှိသည့်စစ်ရေးအရအရေးယူ တိုက်ခိုက်မှုများတွင် နေတိုးတပ်ဖွဲ့များကပါဝင်သွားမည်မဟုတ်ကြောင်း အဆိုပါတပ်ဖွဲ့၏အကြီးအကဲဖြစ်သူ

လက်စွပ် ၀တ်ဆင်မယ်ဆိုရင်

Image
လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့ လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေ ရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက် သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင် ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ လက်စွပ်ဝတ်ဆင်တဲ့ဘယ်ဖက်လက်နဲ့ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက..... ညာဖက်လက်သန်း ———- ချစ်သူ ရည်းစားမထားချင်ပါ

အစွမ်းထက်တဲ့ဒန့်သလွန်ရွက်

Image
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။ ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင် ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံး နိုင်သော ဟင်းရွက်ပင် တမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့် တည့်သလိုသွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချို ဝေဒနာရှင်များ၊ လေငန်း ရောဂါ ဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ် ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်လို့ အကြံပြု ချင်ပါတယ်။ အာယု မြ၀တီ

ဝီလီယံ ရှိတ်စပီးယား

Image
ဝီလီယံ ရှိတ်စပီးယား ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များတွင် ဝီလီယံ ရှိတ်စပီးယားကိုတော့ ယေဘုယျအားဖြင့် အင်္ဂလိပ် စာပေမှာအကြီးကျယ်ဆုံး ပြဇာတ် စာရေးဆရာအဖြစ် သဘောတူ လက်ခံထားကြပါတယ်။ သူဟာ သရုပ်ဆောင် တစ်ယောက် အဖြစ် ဘဝကို စတင်ခဲ့ပြီး အချစ်ကဗျာ ၁၅၄ ပုဒ်နဲ့ ပြဇာတ် ၃၇ပုဒ် ရေးခဲ့ပါတယ်။ အဲဒီပြဇာတ်တွေထဲမှာ ဟမ်းမလက်၊ လီယာမင်းကြီး၊ရိုမီယိုနဲ့ဂျူးလီးယက်၊မက္ကဘက်တို့ အပါအဝင် ဖြစ်ပါတယ်။ရှိတ်စပီးယားဟာအင်္ဂလိပ်ဘာသာ မှာလည်းစကားလုံးအသစ် ၁၇ဝဝ ကျော် မွေးဖွားပြုစု ပေးနိုင်ခဲ့ပါတယ်။ စကားဝါ မြ၀တီ

အဲဘတ်အိုင်းစတိုင်း

Image
သမိုင်းမှာ အကြီးကျယ်ဆုံး ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်ပြီး သူ့ရဲ့အမည်ဟာ ပါရမီဥာဏ် ကြီးကျယ်မှုရဲ့ အမှတ်သညာ တစ်ခုလည်း ဖြစ်ပါတယ်။သူ့ရဲ့အကျော်ကြားဆုံး လုပ်ဆောင်ချက် တစ်ရပ်ဖြစ်တဲ့ ရီလေတစ်ဗတီ သီအိုရီကို ၁၉၁၉ ခုနှစ်မှာ သက်သေပြ ဖော်ထုတ်ခဲ့ချိန်ကစလို့ သူဟာ ကမ္ဘာ့အထင်ရှားဆုံး  သိပ္ပံပညာရှင် တစ်ဦးဖြစ်လာခဲ့ပြီး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၂၁ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး ဝါဒီတစ်ဦးဖြစ်ပေမဲ့သူ့ရဲ့သိပ္ပံသီအိုရီတွေက

အသက်အရွယ် ရမှ အချစ်ရေး အဆုံး သတ်ခဲ့သည့် ကောင်းဘွိုင် မင်းသားကြီးတို့ ဇနီးမောင်နှံ

Image
လော့စ်အိန်ဂျလိစ်စက်တင်ဘာ ၁ ကမ္ဘာကျော်ကောင်းဘွိုင် မင်းသားကြီးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည့်ကလင့်တ်အိစ်ဝုဒ်နှင့်၁၇ နှစ်ကြာ  ပေါင်းသင်းခဲ့သော ဇနီးဖြစ်သူ ဒိုင်နာတို့၏ အိမ်ထောင်ရေးမှာ အဆုံး သတ်သွားပြီ ဖြစ်ကြောင်း သိရသည်။ The Dirty Harry ဇာတ်ကားဖြင့် ကျော်ကြားသူ အဆိုပါ ကောင်းဘွိုင် မင်းသားကြီး ကလင့်တ်သည် ဇနီးဖြစ်သူနှင့်

လွှတ်တော်အမတ်ကို iPad ပေးထားတော့ ဘာဖြစ်သွားသလဲ

Image
ထိုင်းလွှတ်တော်မှာ အမတ်မင်းတယောက် iPad ကနေ ဖွယ်ဖွယ်ရာရာတွေ ကြည့်နေခြင်းအကြောင်းကို   ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။ (photo by Bangkok Post ) လွှတ်တော်အစည်းအဝေးမှာ ပြောဆိုဆွေးနွေးနေကြတဲ့ ဆန် သယ်ယူပို့ဆောင်စရိတ်အကြောင်း ရှာဖွေဖို့ iPad ကို ပွတ်သပ်စဉ်မှာ ဒီပုံ ထွက်လာတယ်လို့ အဲဒီ လွှတ်တော်အမတ်က ရှင်းပါတယ်။  ဒီ iPad က သူ့အတွက် အသစ်အဆန်းဖြစ်နေတယ်၊ ဖက်ရှင်ပုံတွေရှိတဲ့ အင်တာနက်လိပ်စာတွေကို

တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ

Image
တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ တစ်ယောက်ရဲ့လိုအပ်ချက်တွေ ကို တစ်ယောက်ကသိနေတတ်ပါ တယ်... တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ စိတ်ဆိုးမှုတွေရှိချင်ရှိကြ မယ် ဒါ ပေမဲ့ မကြာပါဘူးပြန်ခေါ်တတ် ကြပါတယ်... တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ နားလည်မှုလေးတွေဟာငြိယူ နေစရာမလိုပဲသူ့အလိုလိုညီသွား တတ်ကြပါတယ်... တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ သဝန်တိုမှုလေးတွေများလာ တတ်ပေမဲ့ တစ်ယောက်အပေါ် တစ်ယောက်ယုံကြည်မှုကတော့ တိုးလာတတ်ပါတယ်... တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ ဘယ်လိုမှခွဲခွါလို့မရတဲ့ကြိုးတွေနဲ့ ချည်နှောင်ထားတာပါ... Phoe Phyu Poem

ဖခင်က သားကို ခြေဖဝါး ဓားခွဲ၊ ဆားသိပ်ပြီး ဆုံးမ

Image
အဇာတသတ်မင်းက ဖခင်ကို အကျဉ်းချ၊ ခြေဖ၀ါးကို ဓားနဲ့ ခွဲ ဆားသိပ်ပြီးမှ သတ်ခဲ့တဲ့ဖြစ်ရပ်ကို  အခုတော့ ရန်ကုန်မြို့ ဖြစ်ရပ်တခုက  ပြောင်းပြန် လှန်လိုက်ပါပြီ။  ရန်ကုန်တိုင်း ရဲ ဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖခင်က သားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကိုဓါးဖြင့်လှီးကာ ဆားသိပ်ပြီး ဆုံးမ ဆိုတဲ့ သတင်းကို အခုလို ဖော်ပြလာပါတယ်။  ရန်ကုန်၊ စင်တင်ဘာ ၂  ၃၁.၈.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်မြင့်မြင့်ဦး သည် နေအိမ်၌

ထောက်လှမ်းရေးလို့ သံသယဖြစ်ခံရတဲ့ငှက် အဖမ်းခံရ

Image
အီဂျစ်နိုင်ငံ မှာ တာဝန်သိလုပ်သားပြည်သူတဦးရဲ့ လက်ချက်နဲ့ ငှက်တကောင် အချုပ်ကျနေရတဲ့သတင်းက  နိုင်ငံတကာသတင်းကြီးဖြစ်နေပါပြီ။  - (ဂူဂဲလ်မှာ အီဂျစ် စပိုင် ငှက် ဆိုပြီး ရှာလိုက်ရင် အချုပ်ကျနေတဲ့ ငှက်ပုံကို အထက်ပါအတိုင်း တွေ့ရပါမယ်။)   မြို့တော်ကိုင်ရိုနဲ့ မိုင် ၂၈၀ ဝေးတဲ့ Qena ဆိုတဲ့ ဒေသမှာ ဖမ်းမိတဲ့ အဲဒီငှက် သောကြာနေ့က ရဲစခန်းရောက်လာကြောင်း ရဲဌာနကို ကိုးကားပြီး အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။ ငှက်မှာ တပ်ဆင်ထားတဲ့ အီလက်ထရွန်နစ်ပစ္စည်း အစိတ်အပိုင်းတခုကြောင့် အီဂျစ်အာဏာပိုင် တို့က အဲဒီငှက်ကို ဝိုင်းပြီး သံသယဖြစ်ခဲ့ကြတာပါ တဲ့။ ရွှေ့ပြောင်း ကျက်စားတဲ့ ငှက်တွေကို လေ့လာနေတဲ့ ပြင်သစ်ကအဖွဲ့တဖွဲ့က ဒီငှက်ရဲ့ လှုပ်ရှားမှုကို သိဖို့ အဲဒီပစ္စည်း တပ်ပေးလိုက်တာပါလို့ ငှက်ကို ဖမ်းမိတဲ့ ဒေသက တိရိစ္ဆာန်ရေးရာဌာန အရာရှိတယောက်က ပြောပါတယ်။ အီဂျစ်အစိုးရ သတင်းစာမှာတော့ ... မသင်္ကာဖွယ်ငှက် ဖမ်းမိသူကို ချီးကျူးထားပါတယ် -  ဒီဖြစ်ရပ်ဟာ

အငြင်းပွားစရာ အမေရိကန်မုန့်လက်ကောက် ကြော်ငြာ

Image
အငြင်းပွားစရာ အမေရိကန်မုန့်လက်ကောက် ကြော်ငြာ အမေရိကန်မုန့်လက်ကောက် Dunkin’ Donuts’ ရဲ့ ထိုင်းနိုင်ငံ ဌာနခွဲ မကြာသေးခင်က ထုတ်ပြန်တဲ့ ကြော်ငြာပိုစတာမှာ ... နှုတ်ခမ်းနီဆိုးထားတဲ့ အမျိုးသမီးတယောက် ... လက်ထဲမှာ မီးသွေးခဲရောင်မုန့်လက်ကောက် ကိုင်ထားတယ်။Charcoal Donut လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ မုန့်အရောင်အတိုင်းပါပဲ ... အမျိုးသမီးရဲ့ အသားအရေကိုလည်း မိတ်ကပ် မီးသွေးခဲရောင်  လိမ်းထားတယ်။  ဒီပုံကြော်ငြာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။သူတို့ဆီမှာတော့ ဒီကြော်ငြာဟာ အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ဒါဟာ  လူမျိုးရေးခွဲခြားတဲ့ကြော်ငြာလို့ ဆိုလိုက်ပါတယ်။ ချောကလက်ရောင်ဒိုးနတ်ကိုရောင်းဖို့အတွက် အမျိုးသမီးတယောက်ရဲ့ အသားအရောင်ကို အမည်းရောင်ခြယ်၊ နှုတ်ခမ်းကို ပန်းရောင်တောက်တောက်ခြယ်တာဟာ ပုံမှန်မဟုတ်ဘူး၊ လူမျိုးရေး

စိတ်အားဖြည့်ဆေး

Image
စိတ်အားဖြည့်ဆေး ၁) ဒေါသနဲ့ ဝေးဝေးနေပါ.. သင့်ရဲ့ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်... ၂) သင်မှန်နေတယ်ဆိုရင် ဘာလို့စိတ်ဆိုးနေစရာလိုမလဲ. .. အကယ်လို့ သင်မှားနေတယ်ဆိုရင်တော့ သင့်မှာ ဘာစိတ်ဆိုးပိုင်ခွင့်မှ မရှိဘူး... ၃) မိသားစုဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်... တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်... ကိုယ့်ကိုယ်ကို သည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု... မိမိကိုယ်ကို ယုံကြည်မှု တို့ကိုဖော်ညွှန်းတယ်...

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

Image
ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အားပြိုင်မှုက ကျောင်းတော်က  ရန်စလား။သမ္မတ ဦးသိန်းစိန်က အစိုးရနဲ့ လွှတ်တော် ကြားမှာ နိုင်ငံရေးအရ ထိပ်တိုက်တွေ့မှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေတဲ့ အကြောင်း ပထမဆုံး အကြိမ် ၀န်ခံ ပြောဆိုလိုက်ပြီး ဒီထိပ်တိုက်တွေ့မှုတွေ မပြေလည်ရင် တပ်အာဏာသိမ်းမှုထိ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်တကြီး ဖြစ်လာနေပါတယ်။ သမ္မတဦးသိန်းစိန်က ပြုပြင် ပြောင်းလဲရေး ကာလ ဖြစ်တာမို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် တို့အကြားမှာ လတ်တလော ဖြစ်ပွားနေတဲ့ “နိုင်ငံရေး ပွတ်တိုက်မှု” တွေက သဘာဝကျတဲ့ ကိစ္စရပ်တွေဖြစ်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ပွတ်တိုက်မှု တွေ ကိုကြည့်ပြီး

မျက်စိညောင်း ခြင်းကို ကုသနည်းများ

Image
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။   အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာမဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိကအကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များတာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း  ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊  နှာခေါင်း ပိတ်တာ၊ စာဖတ် များတာနဲ့တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့်ဖြစ်တတ် ပါတယ်။ မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့- - မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊ - မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊ - မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊ - ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ်  ဖြစ်တာတို့ ဖြစ်ကြပါတယ်။

အပျိုမတွေ မငိုရလေအောင်

Image
အပျိုမတွေ မငိုရလေအောင် ဆရာ အတ္တကျော်ရဲ့ စာစုလေးတွေ ကို မိန်းကလေးများ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။ လူမှုရေးကိစ္စတွေစေတနာ့ဝန်ထမ်းနားထောင်ပေး၊ကူတွေးပေးတဲ့အလုပ်ကလေးလုပ်နေတာတစ်နှစ်ကျော်၊နှစ်နှစ်နီးခဲ့ပြီဆိုတော့လည်းကျွန်တော့်ဆီကိုရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့်အများစုကတော့အိမ်ထောင်ရှင် အမျိုးသမီးတွေသာ ဖြစ်ပါတယ်။အမျိုးသားတွေထဲက လည်းအခုနောက်ပိုင်းမှာတော့ အမျိုးသမီးအရေအတွက်လောက် မများဦးတောင်တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့  ကြည်နူးရတယ်။ လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။ သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲယောက်ျားတွေရဲ့အချစ်ကို အကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့အတွက်လည်း ကျေနပ်ကြည်နူးမိသွားရတယ်။ (တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို ချီးမွမ်းခြေကျောက်လုပ်ကြတယ်။ဘာလို့ ဖွင့်ချရတာတုန်းတဲ့ဗျား။) သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊ဒုတိယနှစ်တက်နေ