Posts

Showing posts from January 23, 2014

အသက်ဘယ်လောက် ရှည်မလဲဆိုတာ အရေပြားက ပြောလိမ့်မယ်

Image
"လက်ရှိ အသက်ထက် နုပျိုတဲ့ အမျိုးသမီးတွေဟာ သက်တူရွယ်တူ ပေမယ့် အတွန့်အလိပ်များ သူတွေထက် နှလုံးရောဂါနှင့် လေဖြတ်ရောဂါ အဖြစ်နည်းလေ့ ရှိပါတယ်" လို့ လေ့လာချက် အသစ်တစ်ခု အရ ဖော်ပြခဲ့ ပါတယ်။ သိပ္ပံပညာရှင် များဟာ အမျိုးသမီးပေါင်း ၂၆၀ အား နှလုံး ရောဂါဖြစ်နိုင်ခြေ များတဲ့ အုပ်စုနှင့် နည်းတဲ့အုပ်စု ၂ စုခွဲပြီး လေ့လာ ဆန်းစစ်ရာမှ တွေ့ရှိခဲ့ တာဖြစ်တယ်။ သိပ္ပံပညာရှင် များက နေလောင်ဒဏ်ကြောင့် မျက်နှာ အရွယ်မတိုင်မီ အိုမင်းလာမှု လက္ခဏာများကို အမျိုးသမီးတွေ ရဲ့ မျက်နှာနှင့် လက်မောင်းအတွင်းဘက် အပေါ်ပိုင်းရှိ အရေး အကြောင်း အတွန့်များကို လေ့လာဆန်းစစ် ခဲ့ကြပါတယ်။ တွေ့ရှိချက်အရ မျက်နှာမှာ အတွန့်အရစ်နည်းလေ

နုပျိုလိုသူတိုင်း ရှောင်သင့်သော အစားအသောက် သုံးမျိုး

Image
နှစ်အတော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်း တွေနဲ့ ပြန်ဆုံတဲ့ အခါ " အရင်အတိုင်း နုတယ်နော် " လို့ အပြောခံချင် ပါသလား။ ဒီလို နုပျိုတယ် ဆိုရင် နေ့စဉ် သင်စားတဲ့ အစားအသောက် တွေကို ဆန်းစစ်ကြည့်ပါ။ သင်စားတဲ့ အစားအသောက်တွေမှာ ပါတဲ့ အာဟာရ ဓာတ်တွေက သင့်အသားအရေကို ကြည့်ကောင်း စေသလို သင်စားတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ရင် သင့်အသားရေ ကို အိုမင်းစေ ပါတယ်။ သင့်အသားအရေ အတွက် အဓိက ရှောင်ရှား သင့်တဲ့

ယောက်ျားများကို ထိန်းသိမ်းနည်း

Image
ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။ ၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) ၂. ပိုက်ဆံကိုထိန်းနည်း ၃. လူကိုထိန်းနည်း ၄. မိမိကိုယ်ကိုယ်ထိန်းနည်း ၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယာက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက်

ကေတီဗီ - KTV

Image
ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် ၃၅သန်းအတွက် ရှာကီရာဟာ သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။ အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့်ရံပုံငွေ တွေပဲ။ ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက် ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီ တစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်။

Facebook က သင့်ကို Block ရခြင်း အကြောင်း များ

Image
Friend အသားကုန် Add ခြင်း ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့လည်း မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။ - Message ဇွတ်ပို့ခြင်း အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ - Like ဇွတ်လုပ်ခြင်း ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like

Pregnancy at Teenage အသက်ငယ်ငယ် ကိုယ်ဝန်လွယ် - အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ

Image
သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်းထဲ ထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါတယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါတယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်းပါတယ်။ ပြီးတော့ လက်ဝါး တစ်ဝက်စာလောက်ရှိတဲ့ သွေးခဲ ရှည်မျောမျောတစ်ခု ပါလာပါတယ်။ သွေးကြော ခရမ်းရောင်အကြောင်းလေးတွေ ပါပါတယ်ရှင့်။ ခါးနည်းနည်းကိုက်တာက လွဲလို့ တခြားဘာမှ မဖြစ်ပါဘူးရှင့်။ သွေးဆင်းတာကလည်း ခါတိုင်းလိုပဲ တစ်ပါတ်ပဲ ကြာပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ပျက်တာပါလားရှင့်။ နောက်ထပ်ရော ကိုယ်ဝန် ထပ်ရနိုင်ပါသလားရှင့်။ ဘယ်လောက်ကြာမှ

မိန်းကလေးများ အပျိုဖော်ဝင်ချိန် စောလာ

Image
မိန်းကလေးငယ်များ၏ အပျိုဖော် ဝင်ချိန်သည်  လွန်ခဲ့သည့်  ဆယ်စုနှစ် များကထက် ပိုမိုစောလာကြောင်းနှင့် အဆိုပါပြောင်းလဲလာမှု၏    အဓိက အကြောင်းရင်းမှာ   အဝလွန်မှုနှင့် ဆက်နွှယ်နေမည်ဟု ယူဆရကြောင်း  လေ့လာမှုအသစ် တစ်ခုတွင်ရေးသားဖော်ပြသည်။ အဆိုပါလေ့လာမှုကို သုတေသန ပညာရှင်များက  အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စစကို ဧရိယာ၊ စင်စင်နတီ ဧရိယာနှင့်        နယူးယောက်မြို့ရှိ အသက်ခြောက်နှစ်မှ ရှစ်နှစ်အရွယ် မိန်းကလေး ၁၂ဝဝ ကျော်ကို  ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အကြိမ်ကြိမ် လေ့လာဆန်းစစ်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဖော်ပြပါ အသက်အရွယ် များတွင်    အပျိုဖော်ဝင်လာကြောင်း သိသာထင်ရှားသည့်    လက္ခဏာမှာ  ရင်သားများဖွံ့ဖြိုးလာခြင်းပင်  ဖြစ် သည်ဟု ဆိုသည်။ လေ့လာမှုရလဒ်များအရ  လူဖြူ မိန်းကလေးများသည်  ပျမ်းမျှအသက် ၉ ဒသမ ၇ နှစ်တွင် အပျိုဖော်ဝင်လာပြီး ၁၉၉၇ ခုနှစ်က လေ့လာခဲ့သည့် ပျမ်းမျှ အသက်ထက်

မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိရဲ့လား

Image
မိန်းကလေး တစ်ယောက် အတွက် မိန်းမကိုယ်သန့်ရှင်းရေး ကလည်း အရေး ကြီးပါတယ်။ မျက်နှာကို လှပအောင် ဘယ်လိုပဲ ပြင်ဆင်ခြယ်သထားပါစေ၊ သင့်ကိုယ်သင် လုံခြုံမှု မရှိနိုင်ပါဘူး။ ခန္ဓာကိုယ်တစ် ကိုယ်လုံး သန့်ရှင်းပြီး တစ်ကိုယ် ရေကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်ဆို ပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ မျိုးပွားအင်္ဂါ ဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းနေ ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင်ရဲ့ တစ် ကိုယ်ရေ သန့်ရှင်းရေးမှာ အရေးပါတဲ့ မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိပါရဲ့လား။ - ကြမ်းတမ်း တဲ့ ဆပ်ပြာတွေ၊ အမွှေးရနံ့လွန်ကဲတဲ့ ဆပ်ပြာတွေ မသုံးသင့်ပါဘူး။ - ရနံ့ပြင်းလွန်းတဲ့ မိန်းမကိုယ် သန့်စင် ဆေးရည်တွေကို အလွန်အမင်း အသုံးပြု တာက

လိင်မှု ကိစ္စက ကုသပေးနိုင်သော အမျိုးသမီး ကျန်းမာရေး ပြဿနာ ငါးရပ်

Image
                                                                            ပြည်မြန်မာ

အမျိုးသမီးအတွက် နေ့စဉ် စားသုံး ပေးသင့်သော အစားအစာ ငါးမျိုး

Image
အမျိုးသမီးများ အတွက် ဆီးသီး ဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်း ရောဂါများကို သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများ အတွက် နေ့စဉ် စားသုံးသင့်သော အစားအစာ ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။ (၁) သင်္ဘောသီး လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာ ပါတဲ့ ဗီတာမင်စီက နှစ်ဆပိုများ ပါတယ်။ ကျောက်ကပ်ရောဂါ အတွက် ကောင်းမွန်တယ်။ အမေရိကန် ဆန်ဖရန်စစ္စကို တက္ကသိုလ် သိပ္ပံပညာရှင်များက သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏ နည်းပါးတဲ့ အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကောင်းကြောင်း တွေ့ရတယ်။ ဗီတာမင်စီ ၁၈ဝ မီလီဂရမ်ပါတဲ့ အလတ်စား သင်္ဘောသီး တစ်လုံးဟာ ဗီတာမင်စီ သာမက ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။ (၂) လျှော်စေ့ မုန့်ဖုတ်ရာတွင် စေးပျစ်မှုရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။ သို့သော် သိပ္ပံပညာရှင်များက

နို့သီးအပိုထွက်ခြင်း(အမျိုးသမီးများအတွက် ဗဟုသုတ)

သမီးက အသက်(၂၁)အရွယ် အိမ်ထောင်သည် ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ ကိုယ်ဝန်က (၂၅) ပတ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ညာဘက် ချိုင်းမှာ (အတွင်းဘက် ရင်သားအထက်) အကျိတ်တစ်ခုတွေ့တာနဲ့ ပြ နေတဲ့ OG ဆီကို သွားပြတော့ မစိုးရိမ်ရပါဘူးလို့ပြောပါတယ်။ နို့ အပို တစ်ခုထွက်တာလို့ပြောပါတယ်။ တဖြည်းဖြည်း ကြီးလာပြီး အတံလေး ထွက်လာမယ်၊ နောက်အရည်လေးတွေလည်း ထွက်လာမယ်လို့ ပြောပါတယ်။ မွေးပြီးမှ ချပ်သွားမယ်လို့လည်း ပြောပါတယ်။ အကျိတ်က သိပ်မကြီးသလို နာလည်းမနာပါဘူး။ ရှိမှန်းတောင် မသိသာပါဘူး။ ကိုင်ကြည့် ရင်တော့ အထဲမှာ အစိလေးတွေ အများကြီးပါ။ နာသလို ခံစားရပေမယ့်

ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်ခြင်း နဲ့ သွေးစစ်ခြင်းအကြောင်း သိကောင်းစရာ

Image
ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးဖို့ရာ ဆီးစစ်ခြင်းနဲ့ သွေးစစ်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ စစ်ဆေးမှု နှစ်မျိုးစလုံးက human chorionic gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတည်ရှိမှုကို ရှာဖွေစစ်ဆေးမှုပါပဲ။ သားအိမ်လွှာမှာ သားလောင်းက သွားကပ်တာနဲ့ များမကြာမီမှာပဲ အချင်းကနေ အဲ့ဒီ့ဟော်မုန်းကို ထုတ်ပါတယ်။ ပြီးတော့ hCG ဟော်မုန်းတွေဟာ သန္ဓေစတည် စတည်တဲ့ရက်အနည်းငယ်အတွင်းမှာပဲ အလျှင်အမြန်ဖြစ်တည်လာပါတော့တယ်။ ဟော်မုန်းတွေ အလျှင်အမြန်ပြောင်းလဲ လာတာကြောင့် သန္ဓေတည်ခြင်းလက္ခဏာအများစု ဖြစ်လာတာပါ။ ဆီးစစ်ခြင်း။ ဆီးစစ်တာကို မတူညီတဲ့ နည်းလမ်းနှစ်မျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။ ပြီးတော့ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးရုံသွားပြပြီး ဖြစ်ဖြစ် စစ်ဆေးနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ ဆီးကို

ဆယ်ကျော်သက်မိန်းကလေးများတွင် ခေါင်းကိုက်ရခြင်း၏အဓိကတရားခံမှာ ပီကေဖြစ်နေ

Image
လေ့လာမှုများက ပီကေ၀ါးခြင်းမှာ ငယ်ရွယ်သောမိန်းကလေးများတွင်  ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်ပွားစေသောအဓိက အကြောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဦးခေါင်းခွံနှင့် မေးရိုးဆက်ပေးထားသည့် အဆစ်(Temporomandibular joint TMJ )အား အသုံးပြုမှုများခြင်းက ခေါင်းကိုက်ခြင်းကို  ဖြစ်ပေါ်စေကြောင်း Meir Medical Centre’s Child Neurology Unit  မှ Dr. Nathan Watemberg  က    ရှင်းပြခဲ့သည်။ အသက် ၆ နှစ်မှ ၁၉ နှစ်အတွင်း  ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဝေဒနာအား မကြာခဏ ခံစားနေရသည့်မိန်းကလေးများအား  လေ့လာကြည့်ခဲ့ရာ ၎င်းတို့သည် တစ်နေ့လျှင်

ကိုယ်ဝန်ဆောင် မိခင်များ မွေးဖွား ပြီးချိန်မှာ ဖြစ်ပွားတတ်သည့် လက္ခဏာများ

Image
ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ကလေး မွေးဖွားပြီးချိန်မှာ ဖြစ်ပွားတတ်တဲ့ ကျန်းမာရေး ပြဿနာ အများ အပြား ရှိပါတယ်။ အဲဒီ ကျန်းမာရေး ပြဿနာတွေကို ဖြေလျှော့တဲ့ နည်းလမ်းတွေလည်း သိထားသင့် ပါတယ်။ သဘာဝ အတိုင်း ကလေး မွေးဖွားပြီးတဲ့ မိခင် အများစုဟာ မွေးဖွားပြီးချိန်မှာ နာကျင်ခြင်း၊ အညစ် အကြေးများ ဆင်းခြင်း၊ ရင်သား တင်းခြင်း၊ ဆံပင်ကျွတ်ခြင်း စသည်တို့ကို ခံစား ရတတ်ပါတယ်။ ကလေး မွေးဖွားပြီး ရက်သတ္တပတ် ခြောက်ပတ်ကျော် ကြာချိန်အထိ မိန်းမကိုယ်မှ အဖြူ၊ အနီ သွေးများ

အမျိုးသမီးများ အိပ်မပျော်ရခြင်း အကြောင်းရင်းများ

Image
ဒေါက်တာရှင့် ကျွန်မအသက် ၆၀ ကျော်ပါပီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲက ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး ဆရာ။ အဲ့ဒါဘာဖြစ်လို့ပါသလည်း။ ကျွန်မမှာ ဆီးချိုရောဂါတော့ ရှိပါတယ် ဆရာ။ ဆီးချိုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာပါလား။ ကျွန်မပြသနေတဲ့ ဆေးခန်းက အိပ်ဆေးပေးပါတယ်ဆရာ။ ဆေးက ဝယ်ရခက်တဲ့ဆေးပါ။ ဆေးမသောက်ဘဲ အိပ်ပျော်ချင်ပါတယ် ဆရာ။ ကူညီပေးပါ။ ဒေါ်တင်တင်ဝေ(ကျောက်ကုန်း) ဒေါ်တင်တင်ဝေရဲ့ ပြဿနာကို သက်ကြီးပိုင်း အမျိုးသမီးအများစုမှာ တွေ့ရလေ့ရှိပါတယ်။ အသက်အရွယ်ရ၍ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်သော် လည်းကောင်း၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါတစ်ခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်သော် လည်းကောင်း၊ နေထိုင်မှု

အသက် ၄၀ ကျော် အရွယ်များအတွက် ခန္ဓာကိုယ်ထိန်းသိမ်းနည်း (၅)နည်း

Image
(၁) အပြင်စာများ မစားပါနှင့် အပြင်စာတွေကို စားသုံးတာက ကယ်လိုရီအပိုတွေကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုအရ အသက် ၄၀ နှစ်ကျော် အရွယ်တွေ ကိုယ် အလေးချိန် လျှော့ချပေးဖို့ အဓိက ထိန်းချုပ်သင့်တာက ကယ်လိုရီအပိုတွေ စားသုံးမှုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ကိုယ်အလေးချိန် လျှော့ချပေးဖို့ ကယ်လိုရီ ၁၆၀၀ သာ စားသုံးဖို့ လိုအပ်ပါတယ်။ ကယ်လိုရီရရှိမှု လျှော့ချဖို့အတွက် သရေစာ စားသုံးတာနဲ့ အပြင်စာစားသုံးမှုတွေကို လျှော့ချပေးပါ။ (၂) အချိုရည်ရှောင်ပါ အချိုရည်သောက်သုံးမှုကို လျှော့ချလိုက်တာက ကယ်လိုရီရနိုင်တဲ့ တခြားအစာတွေ လျှော့ချလိုက်တာထက် ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုမိုထိရောက်မှု ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်ကရတဲ့

မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ

Image
အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ.. ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့် အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ… ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။ မကြာသေးမီက အမျိုးတမီး တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်… အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

အမျိုးသမီး ရာသီစက်ဝန်း အတွင်း ဖြစ်ပေါ်တတ်သော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်း

Image
ရာသီစက်ဝန်း အတွင်း ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ ရင်ဆိုင်ကြရတတ်ပါတယ်။ တခိျု့ အမျိုးသမီးတွေအနေနဲ့ ရာသီစက်ဝန်း အတွင်းမှာ ခံစားရခက်ခဲတဲ့ ဝေဒနာမျိုးစုံကို ခံစားကြရတတ်ပြီး၊ တခိျု့တွေကလည်း အနည်းအကျဉ်းသာ ခံစားကြရတတ်ပါတယ်။ သင်ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာသွားစေဖို့ အတွက် နည်းလမ်းတွေ ရှိပါတယ်။ ကြွက်တက်ခြင်း တခိျု့အမျိုးသမီးတွေမှာ ရာသီစက်ဝန်း မတိုင်မီ ကာလတွေမှာ ကြွက်တက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အရမ်းကို နာကျင် ခံစားနေရတတ်ပြီး ကသိကအောက်လည်း ဖြစ်တတ်ပါတယ်။ ဖြေရှင်းနည်း - ရေနွေးအိတ် ကပ်ပေးပါ။ ကြွက်တက်တဲ့ နေရာကို ဖိအားပေးပြီး ကပ်ပေးတာကြောင့် ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်။ စိတ်ဂနာမငြိမ်ခြင်း ရာသီစက်ဝန်း မတိုင်ခင် အချိန်မျိုးမှာ စိတ်ဂနာမငြိမ်ဘဲယောက်ယက်ခတ်နေတာမျိုးတွေ

ညဆိုင်းအလုပ်ကာလရှည်ကြာလုပ်ဆောင်ခြင်းက ရင်သားကင်ဆာဖြစ်ပွားမှု ၂ ဆ မြင့်တက်စေ

Image
ယခုလက်ရှိကမ္ဘာတွင် အဖြစ် အများဆုံးကင်ဆာများအား စာရင်း ကောက်လိုက်ပါက ရင်သားကင် ဆာမှာ ထိပ်တန်းမှ ပါဝင်လျက်ရှိပေ သည်။ ထို့ကြောင့် ရင်သားကင်ဆာ နှင့်ပတ်သက်သည့် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လေ့လာမှုတစ်ခုအရ အမျိုးသမီးများတွင် ညဆိုင်း အလုပ် အား နှစ် ၃၀နှင့်အထက် လုပ်ခဲ့သော သူများ၌ ရင်သားကင် ဆာဖြစ်နိုင်ချေ နှစ်ဆခန့် ပိုများကြောင်း သိရသည်။ ယခုလေ့လာမှု၌ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိသော ဝေဒနာရှင် ၁၁၃၄ဦးနှင့် ရောဂါမဖြစ်သော သက် တူရွယ်တူအမျိုးသမီး ၁၁၇၉ ဦးတို့ ပါဝင်ခဲ့သည်။ ယင်းအမျိုးသမီးများ

ပန်းနုရောင်နှုတ်ခမ်းသား

Image
နှုတ်ခမ်းလေး တွေဆိုတာ နှာရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါ။ နှုတ်ခမ်းလေး တွေက တစ်ဖက်လူကို ဆွဲဆောင်မှု အပြည့်အဝ ရရှိစေ တယ်ဆိုတာ ယုံကြည်ပါ။ နူးညံ့ပျော့ပျောင်းပြီး စိုလက်လှ ပတဲ့ နှင်းဆီရောင် နှုတ်ခမ်းသား လေးတွေကို လူသားတိုင်း အလိုရှိ ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာ နှုတ်ခမ်းသား လေးတွေ အရေခွံ လန်ပြီး ကြမ်းတမ်းလာ၊ အက်ကွဲ လာတာ မျိုးလည်း ကြုံရတတ်တယ်။ အရောင်စို လက်နီထွေးခြင်း မရှိဘဲ မဲတက်လာ တတ်တာ မျိုးလည်း တွေ့ရ ပါသေးတယ်။ အဲဒီလို ဘာကြောင့် ဖြစ် လာရသလဲဆိုရင် ကော်ဖီတွေ အ သောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊  ရေအသောက်နည်းခြင်း ကြောင့်သော် လည်းကောင်း၊ ဆေးလိပ် အသောက်များ ခြင်းကြောင့် သော်လည်း  ကောင်း၊ နေရောင်ခြည်နှင့် ထိတွေ့ မှုများလာတဲ့အတွက်ကြောင့်သော် လည်းကောင်း ဖြစ်နိုင်စရာ ရှိပါတယ်။ မိမိအိမ်တွင်းမှာပဲ နှုတ်ခမ်းလေး တွေ နီထွေးလာအောင် အောက်ပါ အတိုင်း ပြုလုပ်ပါ။ (၁) မျက်နှာသစ်တဲ့ အခါတိုင်း နှုတ် ခမ်းသားလေး နှစ်ခုကိုလည်း သန့်စင် ဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်မှု ကောင်းစေရန် ၄င်းနေရာ တစ်ဝိုက် အသာအယာ နှိပ်နယ်ပေးပါ။ ဒါဟာ

“ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့

Image
မြန်မာနိုင်ငံ အကြောင်းက မစလိုက်ဘဲ မန်ချက်(စ်)တာ တက္ကသိုလ်မှာ ကျွန်တော် ဘွဲ့လွန် တတ်စဉ်က အဖြစ်အပျက်ကို စလိုက် ပါမယ်။ အီဒင်ဗရာမြို့သို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်တော် လေ့လာရေး သွားခဲ့စဉ်က အဖြစ်အပျက် အကြောင်းအရာ ဖြစ်ပါသည်။ ဂနိုကျရောဂါအကြောင်း စိတ်ဝင်စားစရာ အကြောင်း အရာပါပဲ။ လူသိများတဲ့ ဂနိုကျ ရောဂါဟာ ယောက်ျား ရောဂါ၊ မိန်းမကိုပါ ရောဂါကူးစက် အဖြူဆင်း စေတယ် ဆိုတာကို လူတိုင်း၊ ဇနီးမောင်နှံတိုင်း သိပြီး ဖြစ်ပါတယ်။ လေ့လာရေး ခရီးထွက်ခဲ့စဉ် အင်္ဂလန်နိုင်ငံ အီဒင်ဗရာ ကာလသား ရောဂါ ဆေးရုံကြီး၌ တွေ့ရတာက ဝေဒနာရှင် တစ်ဦး အဖြူဆင်းနေတာ မှန်ကန် သော်လည်း

ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး

Image
မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ (၁) ဖြည့်စွက်ဆေး သောက်ပါ ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

Image
ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။ (၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့

အမျိုးသားများတွင် ဖြစ်သော စိတ်ကျရောဂါ လက္ခဏာ ရှစ်ရပ်

Image
စိတ်ကျရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါမျိုးပါ။ ဒါပေမဲ့ တခိျု့ အမျိုးသားတွေမှာလည်း တွေ့ရှိရတတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က သူငယ်ချင်း ယောကျာ်းလေးတွေ၊ အစ်ကို၊ မောင်နဲ့ ဦးလေးတွေမှာ အောက်ပါ လက္ခဏာတွေ ရှိတယ် ဆိုရင်တော့ စိတ်ဓာတ်ကျ ရောဂါရဲ့ လက္ခဏာတွေလား ဆိုတာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။ ၁။ နောက်ကျော သို့မဟုတ် ဗိုက်နာခြင်း အမျိုးသား အများစုဟာ စိတ်ကျရောဂါ စတင်တော့မယ် ဆိုရင် အများအားဖြင့် နောက်ကျောနေရာက နာကျင်နေတတ်တာမျိုး၊ ဒါမှမဟုတ် မကြာခဏ ဆိုသလို ဗိုက်အောင့်၊ ဗိုက်နာဖြစ်တာမျိုးတွေ ခံစားကြရတတ်ပါတယ်။ စိတ်ဖိစီးမှု များလာလေလေ နာကျင်မှုက မသက်သာဘဲ နာတာရှည် ပုံစံမျိုး ဖြစ်လာတတ် ပါတယ်။ ဒါဟာ စိတ်ကျရောဂါ စတင်ဖို့ ဦးတည်နေပါတယ်။ ကျန်းမာတဲ့

အများသုံးဘိုထိုင်အိမ်သာများမှ ကာလသားရောဂါနှင့် ဆီးလမ်းကြောင်းပိုးဝင်ရောဂါများ ကူးစက်နိုင်

Image
အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေးသတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရော ဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှုလွယ်ကူနိုင်ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။ ယင်းကဲ့သို့ ဘိုထိုင်အိမ်သာ များ မသန့်ရှင်းခြင်းအားဖြင့် ကူး စက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါများနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။ ''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာ တကာ

အမျိုးသားများလည်း သတိထားသင့်သည့် အမျိုးသမီးရောဂါ ခုနစ်မျိုး

Image
မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်း အဆင့် အပြောင်းအလဲကြောင့် တခိျု့ရောဂါတွေက အမျိုးသားတွေမှာထက် အမျိုးသမီး တွေမှာ ပိုပြီး ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိပြု စောင့်ကြည့်သင့်ပါတယ်။ (၁) ရင်သားကင်ဆာ အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါ ကြောင့် အမျိုးသားတွေ အနေနဲ့ ရောဂါ ရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ စေတဲ့ အချက်တွေပါ။ (၂) အရိုးပါး ရောဂါ အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေပါတယ်။ အမျိုးသမီး သုံးဦးမှာ

အမျိုးသားများတွင် လိင်ဆက်ဆံချင်စိတ် လျော့နည်းရခြင်း အကြောင်းရင်း( + 18 )

Image
အမျိုးသားတွေမှာ ရောဂါဝေဒနာ ခံစားရတာနဲ့ ဆေးကုသမှု ခံယူရတာတွေကြောင့် လိင်စိတ် လျော့နည်းမှု ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ ပန်းသေပန်းညှိုး ရောဂါ ပန်းသေတာ ဒါမှမဟုတ် ပန်းသေပန်းညှိုး ရောဂါ ဟာ လိင်စိတ် လျော့နည်းတာနဲ့ မတူပါဘူး။ လူငယ် ခုနစ် ရာခိုင်နှုန်းကသာ ပန်းသေပန်းညှိုး ဖြစ်တတ်ကြ ပါတယ်။ ပန်းသေပန်းညှိုး ရောဂါက

ပန်းညှိုး ပန်းသေခြင်းနှင့် သုတ်လွှတ်မြန်ခြင်း၏ ကွာခြားချက် (အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ)

Image
အမျိုးသားများ၏ လိင်ဆက်ဆံမှုကို အဟန့်အတားဖြစ်စေ သည့်ရောဂါများတွင် ပန်းညှိုးပန်းသေခြင်း ရောဂါနှင့် သုတ်လွှတ်မြန်ခြင်း ရောဂါသည်တွေ့ရအများဆုံးဖြစ်သည်။ ထိုရောဂါများကိုလူအများစုသည်အပေါ်ယံမျှသာသိကြပြီးအသေးစိတ်နားမလည်ကြပါ။ပန်းညှိုး ပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်းတို့သည်အဆက်အစပ်ရှိပါသည်။သုတ်လွှတ်မြန်ခြင်းသည်ပန်းညှိုးပန်း သေခြင်း၏ပထမအဆင့်ဖြစ်ပါသည်။ သုတ်လွှတ်မြန်သောအခြေအနေဆိုးဝါးလာသောအခါပန်းညှိုးပန်းသေ  ခြင်းကိုဖြစ်စေပါသည်။ ပန်းညှိုးပန်းသေရောဂါဖြစ်လျှင်လည်းမကြာခဏသုတ်လွှတ်မြန်တတ်ပါသည်။

မိန်းမဖြစ်ရတဲ့ ဒုက္ခ (၃) (အိမ်ထောင်ရေးကိစ္စပါ ၁၈နှစ်ပြည့်မှ ဖတ်ပါ)

Image
ဆရာရှင့်  ကျွန်မက ဆရာ့ရဲ့စာဖိတ်ပရိတ်သတ်တစ်ဦးပါ၊ ဆရာ့ရဲ့ စာတွေကိုနှစ်သက်သလို ဆရာရဲ့အတွေးအခေါ်တွေ၊ ဆရာ့ရဲ့အကြံဉာဏ်တွေက သမီးစိတ်နဲ့ အမြဲလိုလို ထပ်တူကျပါတယ်။ ဆရာ့ဆီကို စာရေးတာ ဒါပထမဦးဆုံးအကြိမ်ပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဆရာ့ဆီက အကြံဉာဏ်လေး တောင်းချင်လို့ပါ။ ဒီအကြောင်းက သူငယ်ချင်းတွေကို ဖွင့်မေးလို့ မကောင်းတာကြောင့် ဆရာ့ကို အားကိုးပြီး မေးလိုက်တာပါ။ သမီး အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ၊ အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်ပါတယ်၊ အိမ်ထောင်ကျပြီးတော့ တစ်နှစ်လောက်တော့ သမီးအနားမှာ နေပါတယ်၊ သူနဲ့သမီးနဲ့

Virginity fraud အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ )

Image
မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ် ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။ Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။ Female virginity အပျိုစစ်မှုကို 1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။