Posts

Showing posts from January 27, 2014

ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော်များ

Image
“ဗုဒ္ဓ” သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော“ ထူးခြားအံ့ဖွယ် ကမ္ဘာကျော် မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ ပြတ်သားစွာ ဟောကြားခဲ့ ပါသည်။ အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမ လူမျိုးတို့ကို ဟောကြားသော “ကာလာမ သုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူ တစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင် လမ်းညွှန်ချက်” တရားတို့ပင် ဖြစ်သည်။ ဤ သုတ္တန်တရားတော်မှ ဗုဒ္ဓ၏ မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ” ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာ ကြားတွင် တွေဝေငေးမော နေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်အောင် လမ်းဖွင့် ပေးလိုက်သော ကြည်လင် ချိုမြသည့်  “ဓမ္မခေါင်းေ လာင်းသံ” လည်း ဖြစ်ပေသည်။ ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ…… “အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့်သုံး အပ်သော အမှန်တရား

ဗုဒ္ဓဘာသာ (၅)မျိုး

Image
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “ နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ် ” ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ ( ၁) ကုလ ဗုဒ္ဓဘာသာ ( ၂) လာဘ ဗုဒ္ဓဘာသာ ( ၃) ဘယ ဗုဒ္ဓဘာသာ ( ၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ ( ၅) ပညာဓိက ဗုဒ္ဓဘာသာ ( ၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ

Image
ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင် သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ် သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို

မမေ့လျော့ခြင်းနှင့်ပတ်သတ်သော အဆိုအမိန့်များ

ပိဋကတ်စာပေတို့၌ အပ္ပမာဒနှင့် ပတ်သက်၍ ထူးခြားသော အဆိုအမိန့်များကို တွေ့ရ၏။ ယင်းတို့မှာ ၁။ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ။ ၂။ မမေ့လျော့ခြင်းသည် နိဗ္ဗာန်ရကြောင်းဖြစ်သည်။ ၃။ မမေ့လျော့သူတို့သည် မသေတော့ပြီ။ ၄။ မမေ့လျော့ခြင်းသည် ကျေးဇူးများသော တရားတစ်ပါးဖြစ်။ စသည်တို့ဖြစ်ပါသည်။ ၁။ မမေ့လျော့ခြင်းသည် မြတ်သောမင်္ဂလာ မြတ်စွာဘုရားရှင်သည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းမင်္ဂလာတရားတော်များကို

ဗုဒ္ဓ၏ ဒဿနတရားတော်

Image
ဗုဒ္ဓဘုရားရှင်သည် အမှန်တရားကို ရှာဖွေရာတွင် သဘာဝတရား အပေါ်၌ ချဉ်းကပ်၍ ရှာဖွေခဲ့သည်။   လောက သဘာဝကို အခြေခံကျစွာ သုံးသပ်ကြည့်ရှုခဲ့သည်။ ထိုအခါ လောက သဘာဝ၌ တကယ်တမ်း ရှိနေသော တရား ၄-မျိုးကို တွေ့မြင်လာရသည်။ (၁) အာရုံကို သိတတ်သော စိတ်သဘာဝတရား ၊ (၂) စိတ်ကို အမှီပြု၍ ဖြစ်ပေါ်တတ်သော စေတသိက်သဘာဝတရား ၊ (၃) ဖောက်ပြန် ပြောင်းလဲနေသော ရုပ်သဘာဝတရား ၊ (၄) စွဲလမ်းမှုများမှ လွတ်မြောက်သော နိဗ္ဗာန်သဘောတရား ၊ ဖော်ပြပါ သဘာဝတရား ၄-ပါးတို့သည် တကယ်တမ်း ရှိနေသော သဘာဝတရားများ ဖြစ်သည်။ ထိုအရှိ တရား ၄-ပါးတို့တွင် နိဗ္ဗာန်ဟူသော သဘာဝတရားမှာ ဗုဒ္ဓကိုယ်တိုင် ရှာဖွေ တွေ့ရှိခဲ့သော ဓာတ်သဘာဝ တစ်ခု ဖြစ်သည်။ နိဗ္ဗာနဓာတ်သည် လူသားတို့၏ ငြိမ်းချမ်းမှုကို အစဉ်ထာဝရ ပေးနေသော ဓာတ်သဘာဝ

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ

Image
ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။ ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို

ဦးနှောက်က လိင်မှု ကိစ္စမှာ ဘယ်လို ကြိုးကိုင် ထားလဲ

Image
  ဦးနှောက်ကို အကြီးဆုံး လိင်အင်္ဂါလို့ တင်စား ကြပါတယ်။ ဦးနှောက်က လိင်မှု ကိစ္စမှာ ဘယ်လို ကြိုးကိုင် ထားတယ် ဆို တာ ဖတ်ကြည့် ကြရ အောင်လား လူတွေရဲ့ အမူအကျင့်၊ ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေ အသိတရား တွေကို ထိန်းချုပ် နေတဲ့ ဗဟို ဌာနချုပ် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဦးနှောက်မှာ ရှိတဲ့ သာယာမှု ဖြစ်စေတဲ့ နေရာ (Pleasure center) ရဲ့ကျေးဇူးကြောင့် အတွေ့အကြုံ တစ်ခုဟာ ပျော် ရွှင်ဖွယ်

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

Image
လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကိုအကြိမ်ကြိ မ်ရင်ဆိုင်ရဲပြီးကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။ ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ (၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။ (i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ် တယ်။

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမည့်  ( ၂၀ ) ချက်

Image
၁. စွန့်စားလိုစိတ် မရှိခြင်း။ (Unwillingness to take risks) ၂. ဇွဲမရှိခြင်း။ (Lack of persistence) ၃. ကျေနပ် လွယ်ခြင်း။ (Instant gratification) ၄. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။