Posts

Showing posts from March, 2018

ချစ်သူအတွက် . . .. . .

nfertility ကလေးမရနိုင်ခြင်း “သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ် များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား၊ အမြုံမ ဖြစ်၏။” လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာ တွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေး မရတာကိုလဲ၊ အပြစ်တင်လို့ မရပါ။ ဗမာတွေက “အမြုံမ” လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေ ဆီမှာတော့ I Married a Monster from Outer space, Village of the Damned, Inseminoid (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေး မွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာဖြစ်နေတယ်။ လူနဲ့မှ ကလေး မရရင် ဒါလုပ်မယ်လို့ သင်ပေးရာ ကျနေတယ်။ လူနဲ့ဘဲ ကလေးရစေဘို့ ဒီစာကလေး ရေးပါတယ်။ တကမ္ဘာလုံးမှာ ကျား-မ ၇ တွဲရှိရင်၊ ၁ တွဲက၊ ကလေးမရဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ Reproductive Endocrinologists ဆိုတဲ့ မျိုးပွါးပညာ အထူးကု ဆရာဝန်များကတော့ ၃၄ နှစ် အောက် အမျိုးသမီးများ၊ ၁၂ လတိတိ၊ ပဋိသန္ဓေတားနည်း တခုမှ မသုံးဘဲ၊ ၆ အထိ အတူနေလို့မှ ကိုယ်ဝန်မဆောင်နိုင်တာကို