Posts

Showing posts from September 5, 2013

မိဘမေတ္တာ(၆)

Image
မင်္ဂလာတရားတော်နှင့်အညီ မင်္ဂလသုတ်တော်တွင်  အမိအဖတို့ကိုပြုစုလုပ်ကျွေး ခြင်းသည် ကြီးပွားကြောင်း ချမ်းသာကြောင်းတစ်ပါးဖြစ်သည်။ အမိအဖတို့ကိုလုပ်ကျွေးပြုစု သော မာတုပေါသက ပိတုပေါသကအမည်ရသောလုလင်ငယ်တ စ်ယောက်သည် မိဘတို့ကိုချမ်းချမ်းသာသာ လုပ်ကျွေးပြုစုချင်သောကြောင့် သီဟိုဋ္ဌ်ကျွန်းသို့ သင်္ဘောဖြင့် ကုန်ကူးထွတ်လာခဲ့သည်။ ထိုအချိန်တွင် သီဟိုဋ္ဌ်ကျွန်း၌ ထူးဆန်းစွာ သဲမိုးကြီးရွာသွန်းလေသည်။ အသီးအနှံများ ပျက်စီး ကာ ငတ်မွတ်ခေါင်းပါးရောဂါများကာ ဆင်းရဲဒုက္ခရောက်နေကြသည်။ ထိုအခါသီဟိုဋ္ဌ်မင်းသည် ထိုသဲမိုးရွာသောဘေးမှလွတ်ြေ မာက်ရန် မည်သို့ပြုလုပ် ရမည်နည်းဟု သမားဖြူသမားညိုတို့ကိုခေါ်၍ မေးမြန်းခဲ့သည်။ ထိုသူတို့က မင်းကြီး အား အရှင်မင်းကြီး အမိအဖတို့ကို နတ်သိကြားကဲ့သို့လုပ်ကျွေြး ပုစုစောင့်ရှောက်သူကို

ထီပေါက်ကိန်း နှင့် မထိုးလူမိုက် ထိုးလူမိုက်

Image
ရှေးထုံးလည်း မပယ်နဲ့  ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားလိုပေါ့။ ဗေဒင်ပညာဟာ အယူသည်းမှုတစ်ခုလို့  ယူဆသူတွေ ရှိသလို ရှေးဟောင်းပညာရပ်အနေနဲ့  အထိုက်အလျောက် လက်ခံယုံကြည်သူ တွေလည်း ရှိပါတယ်။ ဒါကြောင့် နှစ်ပေါင်းထောင်ချီပေမယ့် ယနေ့  အထိ မတိမ်ကော မပပျောက်ပဲ လူမှုနယ်ပယ်မှာ အသုံးချနေတာပါ။ ဒီတပတ်တော့ ကုန်းဘောင်ခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ ဗေဒင် ပညာရှင်ကြီး စလေ ဦးပုညရဲ့  ထီပေါက်ကိန်း တွက်နည်းတစ်ခုကို တင်ပြလိုပါတယ်။ အဲဒီခေတ်အခါက ရဟန်းပညာရှိ လူပညာရှိတွေက တွက်ကိန်း ဟောကိန်းတွေကို မှတ်သားရလွယ်ရအောင် ကဗျာ လင်္ကာ တေးထပ် စာချိုးတွေနဲ့  မှတ်တမ်းတင် ရေးသားလေ့ ရှိပါတယ်။ ကဲ. . . ဖတ်ကြည့်ကြအောင်။ မွေးသက္ကတည်ဖက်၍၊ နံဂြိုလ်သက်ရောပါ တိဗေဒဘုဉ္စာငယ် ကြွင်းသေသာမပျက်၊ ရောက်သက်နှင့်ရောယှက်ပြန်လျှင် ခုနှစ်တန်စားတော့ တချက်၊ ထီပေါက်ကိန်း ဥပဒေ ပုံသေသမပျက်၊ ငါးခုကျန်ချိန်တွက်၍ မြဲတစ်သက်မှတ်ပါ။ ပေါက်မည်မှာမှန်မလွဲ တကယ်ပဲ ထိုးစေကြရာ၊

CPIYN ရဲ့ဥက္ကဌ Mr. Li Guanghua အင်တာဗျူး

Image
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခံရတဲ့ ဒီ ၂နှစ်အတွင်း Mr.Li က တရုတ်-မြန်မာ နှစ်နိုင်ငံကြား သွားလာနေတဲ့ ခရီးသည်တဦးဖြစ် သွားခဲ့တယ်။ သူက စီမံကိန်းပြန် စနိုင်ဖို့ သဘောတူညီချက်ရရှိအောင် အစိုးရဌာန ၊ ပညာရှင်များ သတင်းမီဒီယာများနဲ့  တွေ့ဆုံဆွေးနွေးပွဲ အကြိမ်အကြိမ်ပြုလုပ်ခဲ့တယ်။ စီမံကိန်းပြန်စနိုင်ရေးနဲ့ သူ့ကုမ္ပဏီရဲ့ ဆုံးရှုံးမှုကိုလျော့ချနိုင်ဖို့ကြိုးစားနေတယ်။ ဒီကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပျက်သွားတဲ့ ရပ်ဆိုင်းမှုဟာ သူ့ကုမ္ပဏီရပ်ဆိုင်းသွားနိုင်တဲ့အထိ ဆုံးရှုံးမှုဖြစ်ပေါ်နေ ခဲ့တယ်။ သတင်းထောက် ။ ။ တရုတ်မြန်မာနှစ်နိုင်ငံရဲ့စီးပွားရေး ကုန်သွယ်ရေး ပြယုဂ်ဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ စီမံကိန်းကြီိးက ဘယ်လိုကြောင့် အခုလိုအခြေအနေရောက်သွားတာလဲ ။ Mr.Li ။ ။ ခင်ဗျားပြောသလို ဒီစီမံကိန်းက နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ ပြယုဂ်ဖြစ်နေတယ်။ နှစ်ဘက်စလုံးရဲ့ပြည်သူလူထုေ ရာ ခေါင်းဆောင်ရော အားလုံးက အဓိကအာရုံစိုက်တဲ့ကိစ္စဖြစ်ေ နတယ်။ နှစ်ဘက်ခေါင်းဆောင်တွေ့တိုင်းလည်း ပြောရမယ့်ကိစ္စဖြစ်နေတယ်။ ဒီလိုဖြစ်သွားတဲ့အကြောင်းအရ င်းက မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲ

သူ့သားကိုအရင်ကျွေးဖို့ချည်း ပြောနေတယ်

Image
နေအတော်လေးပူတဲ့ တစ်နေ့က ကိစ္စတစ်ခုနဲ့ စမ်းချောင်းမကြီးကြီးလမ်းထဲရောက်တယ်။ ပြန်တော့မလို့ ကားစက်နှိုးနေစဉ် အတူပါလာတဲ့ ညီလေးတို့ လင်မယားက “ဟင်....ဟိုမှာ........လဲတော့မယ်....” ဆိုပြီး ရုတ်တရက်အော်သံ ကြားလိုက်တယ်။ ကျွန်တော်တို့ကားရဲ့ အနောက်ဖက်ေ ပ(၂၀)လောက်အကွာမှာ လမ်းလျှောက်ရင်း ဒယီးဒယိုင်ဖြစ်နေတဲ့ အသက် (၃၀)ခန့် အမျိုးသားတစ်ယောက်ကို လှမ်းတွေ့လိုက်ရတယ်။ သူ့ဂုတ်ပိုးပေါ်မှာ ၄နှစ်လောက် သားလေးတစ်ယောက် ခွစီးပြီး လိုက်ပါလာတယ်။ နောက်ပြီး ပုခုံးပေါ်မှာလည်း တံပိုးနဲ့ ဈေးရောင်းစရာလေးတွေ ထမ်းလာတယ်။ “ဟာ..ဟာ.......လဲကျတော့မယ်...” ဒယီးဒယိုင်ဖြစ်နေတဲ့ အမျိုးသား အခြေအနေပိုဆိုးလာတယ်။ မကြာခင် လုံးဝ ပုံလဲကျသွားတော့မယ်။

ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်

Image
"... ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ် ..." တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ - (၁) တံခွန်တိုင် မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်) (၂) ပန်းတင်ခုံ ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန် (၃) ရှစ်မြှောင့် မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန် (၄) ကြီဝင်း-၅ခု ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန် (၅) ခါးစည်း သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန် (၆) ခေါင်းလောင်း မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန် (၇) ဖောင်းရစ်-၇ရစ် ၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြ ရန် (၈) သပိတ်မှောက် တဏှာ/မာန/ ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန် (၉) ဘီလူးပန်းဆွဲ-၁၆ခု ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန် (၁၀) ကြာမှောက်/ကြာလှန် ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ (၁၁) ထီးတော်ဘုံ ၇ဆင့် အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်( ၄)တန်(သောတာပတ္တိမဂ်မပါဝင်) (၁၂) ငှက်မြတ်နား ရဟန

ပြုံးသေ မဲ့သေ

Image
ဇာဏုသောနိပုဏ္ဏားကြီးက ဘုရားထံလာ၍ လျှောက်ထား၏။ “အရှင်ဘုရား... လောကကြီးထဲမှာ သေရမှာ မကြောက်တဲ့သူရယ်လို့ မရှိဘူး၊ ကြောက်တဲ့သူချည်းပဲဘုရား” ထိုအခါ မြတ်စွာဘုရားက- “သည်လို တစ်ထစ်ချ မယူလိုက်ပါနှင့်၊ သေရမှာ ကြောက်တဲ့ ပုဂ္ဂိုလ်လဲရှိတယ်၊ မကြောက်တဲ့ ပုဂ္ဂိုလ်လဲရှိတယ်...” ဤသို့မိန့်တော်မူသည်၊ အကျယ်ချဲ့၍လည်း ရှင်းပြတော်မူ၏။ ကြောက်သူ(၄)မျိုးနှင့် မကြောက်သူ(၄)မျိုး ရှိကြောင်းကိုလည်း ဖော်ပြတော်မူသည်။ သေရမှာကြောက်သော ပုဂ္ဂိုလ် ( ၄ ) မျိုး။ ၁။ အချို့ပုဂ္ဂိုလ်ဟာ သား သမီးနဲ့စီးပွားဥစ္စာ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုမကင်းသေး၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် “စည်းစိမ်တွေက ငါ့ကိုစွန့်တော့မယ်၊ ငါကလဲ စည်းစိမ်တွေကို စွန့်ရတော့မယ်”ဟု တွေး၍ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်းတီးဖြစ်ရ၏၊ ဤပုဂ္ဂိုလ်မျိုးက သေရမှာ ကြောက်သည်။ ၂။ နောက်တစ်ယောက်မှာ မိမိခန္ဓာကိုယ်ပေါ်၌ တွယ်တာမှုမကင်းသေး ထိုပုဂ္ဂိုလ်တို့

သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး

Image
သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး ပါဠိ သမ္ဗုဒ္ဓေအဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာမဟံ။ အပ္ပကာဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာနုဘာဝေန၊ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကာအန္တရာယာပိ၊၀ိနဿန္တု အသေသတော။   အနက် အဋ္ဌ၀ီသံ ။    ။ သုံးပါးဘ၀ သုံးလောကတွင်ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေ စ။    ။ တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊ ဒွါဒသဉ္စသဟဿကေ ။    ။ နိဗ္ဗာန်ကိန်းအောင်းစက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ။    ။ လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊ ပဉ္စသတ သဟဿာနိ။    ။ သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်းငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ။    ။ နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊

ဘဝအတွက် ကြိုးစားနေချိန် ရှောင်ရှားဖွယ်ရာများ

Image
မပျင်းနဲ့ ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။ မတွေဝေနဲ့ လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။  မစိုးရိမ်နဲ့ ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အြ

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ - အချစ်နဲ့ လိင်

Image
  အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း  ပျောက်ဆုံးကုန်ရော။  အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။ ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့

တန်ဖိုးရှိသော စာစုလေး

Image
ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီး အခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။ ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး  ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။ “ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?” “မရခဲ့ပါဘူး” "ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။" “ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။ “မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?” “အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်” ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။

ရွာလည်တဲ့ စာ

Image
တိုင်းလုံးကျော်လည်းခေတ်မီပြီ။ ဆူဆူညံညံ အသံတွေ ကြောင့် တိုင်းလုံးကျော်လန့် နိုးသွားတယ်။ စာရေးစားပွဲပေါ် မှောက်ရက်သားအိပ်ပျော်သွားတာမို့ အသံတွေ က နှိုးလိုက် သလိုပါပဲ ။ ဘာတွေတုန်း တိုင်းလုံးကျော်လည်း လန့်ဖြန့်ပြီး ဘေးက ပြတင်းပေါက်ကိုဖွင့်လိုက်တော့ လားလား လူအုပ် ကြီးပါလား။ တိုင်းလုံးကျော် အိမ်ရှေ့မှာ ဘုရား ဘုရား။ သစ္စာဆိုပါရဲ့ဗျာ။ တိုင်းလုံးကျော် နိုင်ငံရေးလည်းလုပ်ပါဘူး။ ပါတီလည်းထောင်ပါဘူး။ အဟင့် အကြမ်းဖက်လည်း လုပ်ပါ ဘူး။ တိုင်းလုံးကျော် လူကောင်းေ လးပါခင်ညာ့ အရပ်ကတို့ ရေ။ အမယ် အခုမှ ကြည့်မိတယ် ။ သူတို့လက်ထဲမှာ ဆိုင်း ဘုတ်တွေနဲ့ပါလား။ ဘာတဲ့ဖတ်ကြည့်ရအောင် . . . ”အလုပ်မလုပ်တဲ့ တိုင်းလုံးကျော် အလိုမရှိ” အလိုလေး။ ” ဗိုလ်ကျဇိမ်ခံ တိုင်းလုံးကျော် အလိုမရှိ” ”အလုပ် မလုပ်ရင်အခုထွက် ထွက်” ”အများဆန္ဒအလေးထားတိုင်း လုံးကျော် ဝေးဝေးသွား” ဘုရားဘုရား တိုင်းလုံးကျော်ဘာ များ မှားခဲ့ပါလိမ့်ဗျာ။ ဘာများလုပ်ခဲ့မိပါလိမ့်။ တွေးမရ တိုင်းလုံးကျော်တွေးမရပါ။ ဒီကြားထဲအသံတွေက ပို ကျယ်လာကြတယ်။ အားလုံးကလည်း တူညီ ဝတ်စုံတွေနဲ့ဗျ။ လှတောင်လှသေးဟေး ဟေး အယ် ဟုတ်ပါဘူး ဒါ တိုင်းလုံးကျော်ကို ဆန္ဒပြနေတာလေ။ အမလေးဖြ

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါးပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း

Image
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။ ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ အလွန် ထူးခြား နေကြောင်း၊ နောက်တစ်ဦးက ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ၎င်း၏ စိတ်ကူးကို ၁၉၈၇ ခုနှစ်တွင် အင်ရန်ကူတီ (N Rangkuti)က ထောက်ခံ ခဲ့သည်။ ကောင်းကင်ထဲမှ ကြည့်လျှင် ဘောရောဗုဒ္ဓေါ သည် ပေါလော မျောနေ ဟန် တွေ့ရသည်ဟု ဆိုသည်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အရ ဘော ရောဗုဒ္ဓေါ ရှိနေသည့် နေရာသည် တစ်ချိန်တုန်းက ဧရာမ ရေကန်ကြီး တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သက်သေ ပြုပေးနိုင်ခဲ့သည်။ ဘောရောဗုဒ္ဓေါ၏ ပတ်ဝန်းကျင် ရွာအများဆုံးသည် ပင်လယ်ရေ မျက်နှာပြင်၏ အထက် အမြင့်တူတွင် ရှိနေကြပေသည်။ အဆိုပါ ကုန်းမြင့်ပေါ် တွင် ပေါဝမ် (Pawon) နှင့် မန်ဒွတ်ဘုရားကျောင်း (Mendut) များ လည်း တည်ရှိ

ဒီနေ့ တွေးမိတွေးရာ

Image
                ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် နံနက်ခါ။                       ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် နေ့ခင်းခါ။                       ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် ညချမ်းခါ။                      ငါးပါးသီလ၊ လုံခြုံက၊ မုချလှမည်သာ။                       ကိုယ်ကျင့်သီလ၊ ကောင်းမွန်က၊ မုချလှမည်သာ။                                                    (မဟာသုဗောဓာရုံဆရာတော်ဘုရားကြီး)       သက်ရှိလူသားတိုင်း လှချင်ကြတာမဟုတ်လား။ လှချင်ကြတော့လဲ လှပအောင် ပြင်ကြရပြီပေါ့။ လှဖို့အတွက် ငွေကုန်၊ အချိန်ကုန်ခံပြီး အမျိုးမျိုးပြုပြင်ကြရတယ်။ ပြုပြင်တဲ့ အလှဟာ တခဏတော့ အဆင်ပြေ လှပပါတယ်။ ဒါပေမယ့် အချိန်တန်တော့ အလှတွေ ပျက်ပြီး အိုကြရတာပါပဲ။ မမြဲတဲ့ ရုပ်အလှကို ပြင်ထားတော့ အလှမမြဲတော့ဘူးပေါ့။ အမြဲတန်း အိုသည်ထိတိုင်အောင် လှပဖို့ဆိုတာ စိတ်အလှကို ပြင်မှ ဖြစ်မှာပါ။ လူသားတိုင်း ကိုယ်ကျင့်သီလတွေ ကောင်းမွန်နေကြမယ်ဆိုရင် ငါးပါးသီလတွေ လုံခြုံနေကြမယ်ဆိုရင် အိုသည့်တိုင်အောင် အလှမပျက်ဘဲ လှပနေပါမှာ။ ကိုယ်အလှတင် သာမက စိတ်အလှ ကိုလည်း ပြုပြင်ဖို့ အရေးကြီးတယ်မဟုတ်လား။        နယူးေ

ရယ်စရာဓါတ်ပုံစုစည်းမှု့ 

Image
ခင်ဗျာတို့ လိုပဲ  ကျုပ်တို့ လည်းခံစားတတ်ပါတယ်ဗျာ့ ..   ဒုက္ခတော့   ဒုက္ခပဲလေ   ဒါပေမယ့်ဇာတ်လမ်းတွဲလေးကိုတော့အဆက်ပြတ်သွားလို့ မဖြစ်ဘူး    ဟာ။။။။။။။။။အကိုတွေ့ ပြီ   တွေ့ ပြီ သူပဲသူပဲ   စိတ်မရှိပါနဲ့ ဗျာ.......မခံစားနိုင်လို့ ပါ

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

Image
အင်တာနက်ကို ညဥ့်နက်သန်းခေါင်ထိ သုံးချင်တဲ့သူတွေနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုကို  ပြန်လည်မျှဝေပေးလိုက်ပါတယ်။ (အရမ်းကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဖတ်ကြည့်စေချင်ပါတယ်) ........................................................................................ သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။ "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ" ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပိ

ပုဂ္ဂလိကဆန်သည့် အသံဖိုင်၊ ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ် ဖြန့်သင့်လား

Image
အများပြည်သူနှင့် တိုက်ရိုက် မသက်ဆိုင်သော ပုဂ္ဂလိကဆန်သည့် အသံဖိုင်၊ ဗီဒီယိုဖိုင်များကို မကောင်းသော ရည်ရွယ်ချက်ဖြင့် အွန်လိုင်းပေါ်သို့ ဖြန့်လိုက်သည့်အခါ အပြုသဘော မဆောင်သော ဝေဖန်မှုများ ရှိလာသောကြောင့် ကျင့်ဝတ်စည်းကမ်းရှိသော လူ့ အဖွဲ့အစည်းတခု ဖန်တီးရန် လိုအပ်ကြောင်း သုံးသပ်မှုများ ရှိလာသည်။ ရုံးတွင်း အစည်းအဝေးများတွင် ပြောဆိုသော အသံဖိုင်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို အွန်လိုင်း လူမှု ကွန်ရက်များပေါ်သို့ တင်ကြပြီး ဝေဖန် ဆွေးနွေးကြသည့်အခါ ပါဝင်သူများသာမက နှစ်ဘက်စလုံးတွင်ပါ ထိခိုက်မှုများ ရှိလာနေကြောင်း သိရသည်။ ယခုလအတွင်း အင်ပါယာ သတင်းစာ ထုတ်ဝေသူ ဦးကောင်းမြင့်ထွဋ် ပြောကြားချက်တချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ညစာစားပွဲ ကျင်းပပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ ရောက်ရှိလာပြီးနောက် အွန်လိုင်း သုံးစွဲသူများအကြား ဆွေးနွေးမှုများ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာသည်။ Yangon Times သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက နိုင်ငံတကာ အဖွဲ့အစည်းများတွင် အွန်လိုင်းပေါ်၌

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး အတွင်းခံဝတ် ပြပွဲကြီးမှ ဓါတ်ပုံများ

Image
မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး အတွင်းခံဝတ် ပြပွဲကြီးမှ ဓါတ်ပုံများ

မိန်းကလေးများ နေထိုင်တဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ.လုံလုံခြုံခြုံ ရှိကြဖို့

Image
(မိန်းကလေးများ နေထိုင်တဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ.လုံလုံခြုံခြုံ ရှိကြဖို့ ) မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို ရေမချိုးခင် လုံခြုံမှု့ ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်.. တံခါးဂျက် ကောင်းမကောင်း၊ အကာအရံ လုံမလုံ၊ ဥပမာ..တိုက်ခန်းဆိုရင် တောင် အပေါက်ဖေါက်ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ  မြင်နိုင်အောင် အပေါက်ဖေါက်ထားလား၊ခေါင်မိုးရှိတယ် ဆိုရင်တောင်  အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ  စစ်ဆေးပြီးမှသာ ရေချိုးကြတာ အကောင်းဆုံးပါ..။  တစ်လောက ..ဗဟန်းမြို့နယ်မှာ တိုက်ခန်း ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေတယ်၊  ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်၊တစ်နေ့တော့ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက် ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်.၊ အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေနေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း

သီလရှင်ဘယ်အချိန်ကပေါ်ပေါက် လာပါလဲ

Image
( သီလရှင်ဘယ်အချိန်ကပေါ်ပေါက် လာပါလဲ ) အမေး ။အရှင်ဘုရား… တပည့်တော်သိချင်တဲ့အောက်ပြါ ပဿနာများကို  ဖြေကြားပေးတော်မူပါဘုရား။ (၁)။ သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။ (၂)။ ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။ (၃)။ သီလရှင်ကို လူယောင်္ကျားက ရှိခိုးသင့်ပါသလားဘုရား။ (၄)။ ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။ အေးသီတာဝင်း MCC-မြိတ် အဖြေ ။ ။မအေးသီတာဝင်းမေးတဲ့မေးခွန်းလေးခုအနက် ပထမ အမေးပြဿနာကို အရင်ပြောမယ် သီလရှင်အကြောင်းနဲ့ ပတ် သက်ြ ပီး လုံးဝမလေ့လာဘူးတဲ့အတွက် အခက်တွေ့ရပါတယ်။ ဒါနဲ့သီလရှင်အကြောင်းရေးထား တဲ့ စာအုပ်လိုက်ရှာတော့ စာကြည့်တိုက်တစ်တိုက်မှ ဆရာရဝေထွန်းရေးတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင်သမို င်း စာအုပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒီစာအုပ်က အတော်လဲစုံစုံလင်လင်ပါပဲ။ လေ့လာရသမျှ တိုကျဉ်းလိုရင်း ဖြေကြားပေးလိုက်ပါတယ်။ သီလရှင်ဟာဘယ်အချိန်ကစတင်ပေါ် ပေါက်လာသလဲဆိုရင်

Aphrodisiac ဟိုဟာစိတ် အားပေး အစားအစာနဲ့ ဆေးများ

Image
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မဆက်ဆံတာမယ်မေတ္ကာတွေ၊ ချစ်တာတွေအသာထား၊Casual, One-nightstand“တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊တညတာ စခန်းသွား”  နေကြလို့Loveဆိုတာလေးရှာတော့၃ ရာစုမှာ သွားတွေ့ပါတယ်။  ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ်  မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ

အတိတ်မှာ နေကြသူများ

Image
အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော ပိုက်ဆံခပ်နွမ်းနွမ်းများကို ရေတွက်နေသည်။ ၎င်း၏ဘေးနားတွင် အသက်(၇)နှစ်အရွယ်မြေးယောက်ျားလေးတစ်ဦးကတော့ မုန့်ဆီကြော်ကိုအားရပါးရစားနေသည်။ ရရှိလာသောပိုက်ဆံများနှင့်မုန့်ဆီကြော်များကတော့ဂန့်ဂါရွာ ဘုရားပွဲတွင် တောင်းရမ်းရာမှ ရရှိခဲ့ခြင်းဖြစ်သည်။  သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြဲ။ “အဆင်ပြေလာရင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး”ဟု ယခုနှစ် ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင် ကျရောက်သည့် ပုဂံညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာဘုရားပွဲတော်တွင်

အကြည်တော်ရေးတဲ့ လူရွှင်တော်များ၏ ပျော်ရွှင်ဖွယ်ရာ စကားများ

Image
ခေတ်စနစ်ကို ရေလောင်းပေါင်းသင် တက်လာတဲ့ အညွန့်အဖူး လေးပြပြီး  အနောက်က သစ်ပင်အို၊  ဖျောက်ရတာအမော။  ပျော်စရာမကောင်းတဲ့ခေတ်မှာ ပျော်သလိုနေရတာ  အမှန်တော့ ပျော်စရာမကောင်းပါဘူး။  ဘယ်သူတွေဘယ်လောက်ပဲနာခဲ့နာခဲ့  ကောက်ပင်လိုရိတ်လှီး လယ်ကွင်းထီးထီးချန်ခဲ့  အညွန့်အဖူးပြန်ဝေတော့ ခေါင်းကကိုင်  လည်တိုင်ကိုရိတ်လှီး...  လူဆိုတာ မျိုးစပါးတွေ။  လောကကြီးကိုရပ်တည်ဖို့  ခြေတစ်ဖက်ထောက် ထားရတဲ့  အဘိုးအို ခါးကိုင်းတာ လည်းကြာပေါ့...