Posts

Showing posts from October 27, 2013

ဆီးအိမ်ကင်ဆာ လက္ခဏာများ

Image
 ဆီးအိမ်ကင်ဆာဟာ ဆီးအိမ်ရဲ့အတွင်းနံရံမှာအဖြစ်များပါတယ်။ ဆီးအိမ်ကင်ဆာဖြစ်လျှင် စောစောစီးစီးသိနိုင်ပြီး ဆီးအိမ်အပြင်ဘက် ပျံ့နှံ့ မှုနည်းတဲ့အတွက် ကုသမှုအောင်မြင်လေ့ရှိသော်လည်း ဆီးအိမ်ကင်ဆာဟာပြန်ဖြစ်နှုန်းမြင့်တဲ့အတွက် မကြာခဏပြန်စစ်ဆေးသင့်ပါတယ်။ ဆီးအိမ်ကင်ဆာဖြစ်လျှင် တွေ့ ရများတဲ့လက္ခဏာတစ်ခုက ဆီးထဲ သွေးပါတာဖြစ်ပါတယ်။ ဆီးထဲသွေးပါတဲ့အခါ အနီရောင်ရဲရဲတွေပါလေ့ မရှိဘဲ အညိုရောင် ဆီးတွေသွားလေ့ ရှိပါတယ်။ ဆီးသွားချင်စိတ် ဖြစ်သော်လည်း ဆီးမထွက်ခြင်း၊ ဆီးသွားချင် စိတ်မကြာခဏဖြစ်ခြင်း၊ ဆီးသွားစဉ်

အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး

Image
(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall)) မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက် မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။ မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။ (၂) သန္ဓေသား (the Fetus) ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။ (၃) သစ်တုံး (the log) ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး

ပျှမ်းမျှအိပ်ချိန်ထက် ပိုအိပ်သူများတွင် မှတ်ဉာဏ်လျော့လာနိုင်ခြေ နှစ်ဆပိုများ

Image
 လေ့လာမှုတစ်ခုအရ တစ်ရက်လျှင် ပျှမ်းမျှအိပ်ချိန်ထက် ပိုအိပ်သူများသည် ၎င်းတို့နှင့်သက်တူ ရွယ်တူပျှမ်းမျှအိပ်ချိန်သာ အိပ်သူများနှင့် ယှဉ်ကြည့်ပါက ၎င်းတို့သည် dementia  ဟုခေါ်သည့်ဦးနှောက် မှတ်ဉာဏ်လျော့ပါး ပျက်စီးသည့်အခြေအနေနှင့်ကြုံတွေ့နိုင်ခြေ ပိုများကြောင်း တွေ့ရသည်။ ၎င်းလေ့လာ မှုအား University Hospital Madrid  နှင့် Columbia University  တို့က ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းလေ့လာမှုတွင် အသက် ၆၅နှင့် ၇၀ကြား

အရောင်နှင့်စိတ်ဓာတ်ဆက်နွယ်မှု

Image
အဖြူရောင် ကြိုက်သူများသည် စိတ် ဓာတ်ဖြူစင်မှုကို လိုလားကြသည်။ အနီရောင် ကြိုက်သူများသည် စိတ် ကြွတ်ဆပ်ပြီး ရန်လိုကြသည်။ သူ တစ်ပါးကို ဝေဖန်ပြော ဆိုလိုသူများလည်း ဖြစ်ကြပြီး  အကောင်းမြင်စိတ် နည်းပါးကြသည်။ အချို့အနီရောင် ကြိုက်ပြီး အေးအေးဆေးဆေးနေ တတ်သူများကမူ ဖော်ရွေတတ်ပြီး အနီရောင်မှတစ်ဆင့် စိတ်ဓာတ် ခွန်အားကိုရယူလိုသူများဖြစ်သည်။ ပန်းရောင်   နှစ်သက်သူများက စိတ်ကြီး ဝင်တတ်သောအမျိုးသမီး များဖြစ်တတ် ပြီး ဈေးဝယ်ထွက်ရခြင်း၊ မိန်းကလေး ဆန်သောပစ္စည်းများကို ကြိုက်တတ် ကြသည်။ မိခင်များ၊ ကိုယ်ဝန် ဆောင်မိခင်များက ပန်းရောင်ကို ပိုကြိုက်ကြသည်။ သူတို့၏ချစ်ခင် ယုယမှု၊ ဂရုစိုက်မှုများကို သူတစ်ပါး ကို ပေးချင်သကဲ့သို့ အခြားသူများဆီမှ လည်း ရယူလိုကြသည်။ လိမ္မော်ရောင် ကြိုက်သူများသည် ပုံ ပြောကောင်းသူများဖြစ်သည်။ စကား ကို စီကာပတ်ကုံး ပြောတတ်ပြီး

ခါးပတ်ကျပ်ကျပ် ၀တ်သူများ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်

Image
ခါးပတ်ကို ကျပ်တည်းစွာ ၀တ်ဆင်ခြင်းဟာ လည်ချောင်းကင်ဆာ (throat cancer)  ဖြစ်ပွားစေဖို့ အခွင့်အလမ်းများတယ်လို့ သုတေ သနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေမှာ ပိုဖြစ်ပွားနိုင်တယ်လို့လဲ သိရပါတယ်။ ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု ရောဂါရာဇ၀င်မရှိသူ ၂၄ဦးကို လေ့လာခဲ့ပါတယ်။ ထက်ဝက်သောသူတွေဟာ ပုံမှန်ခါးဆိုဒ်ရှိသူများဖြစ်ပြီး ကျန်သူများကတော့ အ၀လွန်သူများဖြစ်ပါတယ်။ ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ