နီပေါအဘိုးအို ကမ္ဘာ့ အရပ်အပုဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ရန် ကြိုးပမ်း


အရပ်အမြင့် ၁၆ လက်မ ( ၄၁ စင်တီမီတာ) ရှိသည့် နီပေါအဘိုးအိုက ကမ္ဘာ့ အရပ်ပုဆုံးအဖြစ် ဂင်းနက်စ် မှတ်တမ်းဝင်ရန် လျှောက်ထားမည်ဟု သိရသည်။ဘီးတပ် ကုလားထိုင် အကူအညီဖြင့် သွားလာနေရသည့် အသက် ၇၃ နှစ်အရွယ် မာစတာနျူသည် ၎င်းနေ ထိုင်ရာရွာမှ ခတ္တမန္ဒူမြို့ ရောက်ရှိလာပြီးဂင်းနက်စ်မှတ်တမ်းဝင်ရန် လျှောက်ထားမှုများကို လုပ်ဆောင်သွားမည်ဟု လေဆိပ်တွင် ဓာတ်ပုံသမားများနှင့် မီဒီယာများကို တွေ့ဆုံပြောကြားခဲ့သည်။
မာစတာနျူသည် မြို့တော်ခတ္တမန္ဒူ အနောက်တောင်ဘက်ရှိ ဘာရာဟာဝါရွာတွင် ၎င်း၏ ညီအငယ်ဆုံး မိသားစုနှင့်
 နေထိုင်ကြောင်း သိရသည်။
ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းများတွင် မိမိကိုယ်တိုင် ရွေ့လျားသွားလာခြင်း မပြုနိုင်သူများအတွက် ကဏ္ဍတစ်ခု ပါဝင်ရာ အဆိုပါ ကဏ္ဍတွင် အရပ်အပုဆုံးအဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု နျူက ပြောကြားခဲ့သည်။
အဆိုပါ ကဏ္ဍတွင် အရပ်အပုဆုံးအဖြစ် မှတ်တမ်းတင် ခံထားသူမှာ အရပ် ၆၈ စင်တီမီတာရှိထိုင်ဝမ် အမျိုးသား တစ်ဦးဖြစ်ကြောင်း သိရသည်။
ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းအဖွဲ့မှ အရာရှိများက နျူကို အရပ်အပုဆုံးအဖြစ် သတ်မှတ်ခံရနိုင်သည်ဟု ပြောကြားကြောင်း အဆိုပါ အဖွဲ့သို့ နျူ၏လျှောက်လွှာအား တင်ပေးခဲ့သည့် သာနီရှဝါဂူရာဂါအင်က ပြောကြားခဲ့သည်။
နျူ၏ တူဖြစ်သူ ဆီမာရှိတ်က "အဘက ခရီးသွားရတာ နှစ်သက်သလို လူတွေနဲ့တွေ့ပြီး စကားစမြည် ပြောရ တာကိုလည်း နှစ်သက်ပါတယ်။ သူက ပူပြီးအရသာရှိတဲ့ အစားအစာတွေကို ကြိုက်သလို ဟိန္ဒူနဲ့ နီပေါ သီချင်းတွေကိုလည်း ကြိုက်တယ်။ တစ်ခါတလေ လန်ချားငှားပြီး ဈေးကိုသွားရတာ သဘောကျတယ်။ ဒါပေမဲ့ သူသွားတိုင်းမှာ လူတွေက ရပ်ခိုင်းပြီး သူ့ကို ကြည့်ရာကနေ လူအုပ်စု ဖြစ်သွားတဲ့အတွက် သွားရလာ ရတာ အခက်အခဲ ရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ကိုယ်တိုင်ရွေ့လျား သွားလာနိုင်သူများ ကဏ္ဍ၏ ကမ္ဘာ့ အရပ်အပုဆုံးသူများစာရင်းတွင် မှတ်တမ်းတင် ခံထား ရသူမှာလည်း အရပ် ၅၄ ဒသမ ၆ စင်တီမီတာရှိသူ အသက် ၇၄ နှစ်အရွယ် နီပေါအမျိုးသားချန်ဒရာဘဟာဒူ ဖြစ်ကြောင်း သိရသည်။
                                               eleven media group

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား