မေးပါများ စကားရ


ရန်ကုန်မြို့ လမ်းဘေးဆိုင်တွေ၊ အချို့ကွမ်းယာဆိုင်တွေမှာ အမျိုးသားလိင်နဲ့သက်ဆိုင်တဲ့ အားတိုးဆေးတွေ၊ လိင်စိတ်ကြာရှည်ခံစေ
တဲ့ဆေးတွေကိုရောင်း နေကြတာဟာ ဥပဒေနဲ့ ညီပါသလား။ ဘယ်လို ခွင့်ပြုထားပါသလဲ။ ပြည်သူလူထုကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေ ရှိပါသလား။
ကိုနိုင်နိုင် (မင်္ဂလာဒုံ)
ကိုနိုင်နိုင်မေးတဲ့လမ်းဘေးဆိုင်တွေက အမျိုးသားလိင်ဆိုင်
ရာဆေးတွေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေ သကြီးကျန်းမာရေး
ဦးစီးဌာနမှူးဒေါက်တာအေးကိုကို ထံ မေးမြန်းခဲ့ပါတယ်။ 
 ဒေါက်တာအေးကိုကို ဖြေကြားပေးတာက တော့…
”အဲဒီဆေးတွေကဥပဒေနဲ့မညီဘူး။အဲဒီဆေးတွေက များသောအားဖြင့်FDAရဲ့ခွင့်ပြုချက်မရှိဘဲ အများစုက

 မှောင်ခိုကနေ ခိုးဝင်လာတဲ့ ပစ္စည်းတွေ များတယ်။ FDA က တရားဝင်ခွင့်ပြု ပေးထားတာကလည်း မရှိသလောက်ပဲ။ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကော်မတီဆိုတာ ရှိတယ်။ အဲဒါကနေ  သူတို့ကို အရေးယူလို့ ရ တယ်။ အဲဒါတွေကို ခွင့်ပြုထားတာမျိုး မရှိဘူး။
အထူးသဖြင့်တော့ နှလုံးရောဂါရှိတဲ့လူတွေ၊ သွေးတိုးရောဂါတို့၊ ဆီးချိုရောဂါ တို့ ရှိတဲ့ လူတွေလည်း မသောက်သုံး သင့် ဘူး။ သောက်ရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သာမန်လူတွေလည်း မသောက်သုံးသင့်ဘူး။ အန္တရာယ်ရှိတယ်”
ရဲဝန်ထမ်းတွေအနေနဲ့ လူတစ်ယောက်ကို ဖမ်းဆီးဖို့လိုတဲ့အခါမှာ အရပ်ဝတ်နဲ့ဖမ်းလို့ရလား။ဖမ်းဝရမ်းပြဖို့ရောလိုလား။ ရဲဖြစ်ကြောင်း စိစစ်ရေးကတ်ေ ရာ ပြဖို့လို ပါသလား။
ကိုမောင်လင်းလှိုင်
ဟုတ်ကဲ့။ ကိုမောင်လင်းရဲ့မေးခွန်းနဲ့ပတ်သက်ပြီး ပေါ်ပြူလာနယူးစ်က မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးက ဒီအချက် ၃ ချက်ကို ဖြစ် စဉ် အပေါ် မူတည်ပြီး ဖြေကြားသွားရမယ်လို့ အရင်ဆိုပါတယ်။ ပထမအချက်အနေနဲ့ရဲကိုတရားခံကသိရင် ထွက်ပြေးတိမ်းရှောင်နိုင်တဲ့ အတွက် အရပ်ဝတ်နဲ့ ဖမ်းလို့ရ တယ် လို့ဆိုပါတယ်။ဒုတိယအချက် ဖမ်းဝရမ်းဆိုတဲ့ကိစ္စမှာ
 ပြစ်မှုကျူးလွန်သူရဲ့ပြစ်မှုနဲ့သာသက် ဆိုင်ပြီး
 ပြစ်မှုအပေါ်လိုက်ကာ ရဲက ဖမ်းဝရမ်းကို ပြသရမှု ၊ မပြသရမှု အကြောင်းရှိ တယ်လို့ ဆိုပါတယ်။ ရဲအရေးပိုင်တဲ့ကိစ္စရပ်တွေကို ရဲကဖမ်းဝရမ်းမပြဘဲ ဖမ်းဆီးနိုင်ပြီးတော့ ရဲ အရေးမပိုင်တဲ့ ကိစ္စတွေမှာတော့ရဲကဖမ်းဝရမ်းပြသပြီးမှသာ ဖမ်းဆီးနိုင်တယ်လို့
 ပြောပါတယ်။ဥပမာ-မယားခိုးမှု၊ဒီမယားခိုးမှု ကို  ထောင်ဒဏ်
အထိချမှတ်နိုင်ပေမယ့်ဒီအမှုဟာရဲအရေးမပိုင်တဲ့အတွက် ဖမ်းဝရမ်းလိုတယ်လိုသိရပါတယ်။နောက်ဆုံးအချက် ရဲစစ်ဆေးရေးကတ်ပြသဖို့လိုမလို ဆိုတာကတော့ တောင်းခံ
တယ်ဆိုရင်ပြသဖို့လိုတယ်။ဒါပေမဲ့ အသိသက်သေပါလာရင်တော့ လိုအပ်မှာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားလိုက်ပါတယ် ခင်ဗျား။
မီတာတပ်ထားပြီး တစ်ယူနစ်မှ မသုံးစွဲရင် ဒဏ်ငွေရိုက်၊ မီတာဖြုတ်သိမ်းတာမျိုးလုပ်တယ်လို့ကြားမိပါတယ်။ ဟုတ်ပါသလား။ ဘာကြောင့် အရေးယူရတာပါလဲ။
ဒေါ်သန်းသန်းဝင်း (အလုံ)
ဒေါ်သန်းသန်းဝင်းခင်ဗျာ။ မီတာသုံးစွဲခတွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အတော်ရှိနေခဲ့ပြီး မီတာမသုံးရင် ဘာလုပ်မလဲဆိုတဲ့ ပြည်သူတွေရဲ့ ကြောင့်ကြ မှုဟာ အလွန်ကို နည်းခဲ့တဲ့အတွက် အစိုးရရဲ့ထုတ်ပြန်မှုက နည်းခဲ့လို့ သိပ်မသိခဲ့ ကြပါဘူး။ဒေါ်သန်းသန်းဝင်းမေးတဲ့မေးခွန်းဟာ စာဖတ်သူအားလုံးလည်းအကျိုး ရှိစေတဲ့အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌဦးအောင် ခိုင်ကို
 မေးမြန်းကြည့်တဲ့အခါမှာ…
”မီတာ တစ်ယူနစ်မသုံးဘဲ သုံးလအထိ ရပ်ထားမယ်ဆိုရင်တော့ မီတာဖြုတ်သိမ်းပါတယ်။ဒဏ်ငွေတော့မရိုက်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့မီတာမသုံးဘဲထားရင်တပ်ထားတာ အပိုကြီးဖြစ်နေမယ်။သူခိုးခိုးမယ်။အဓိကတော့ မသုံးတဲ့အတွက် ဖြုတ်သိမ်းတာပါ။မီတာထိန်းသိမ်းစောင့်ရှောက်ခပေးလည်းမရပါဘူး” လို့ ပြောပါတယ်။
မေးခွန်းများမေးလိုပါက  popularnews@popularmyanmar.com(သို့မဟုတ်) ဂျာနယ်
တိုက်လိပ်စာအတိုင်းစာတိုက်မှတစ်ဆင့် မိမိ မေးလိုသည့်
 မေးခွန်းနှင့်အတူအမည်၊နေရပ်၊မှတ်ပုံတင်အမှတ် ထည့်သွင်း၍
 မေးမြန်းနိုင်ပါသည်။
(အယ်ဒီတာအဖွဲ့)Popular Myanmar News Journal

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)