ဒေါ်လာ ၁၁ သန်းတန် ဘရာစီယာ


အဲဒါ ဒေါ်လာ ဆယ်သန်း တန်တဲ့ ရတနာပစ္စည်းတွေလို့ ဆိုတယ်။
ဈေးအကြီးဆုံးကတော့ တွဲလောင်းချထားတဲ့ ပတ္တမြားကြီး ဖြစ်ပါလိမ့်မယ်လို့ သတင်းတပုဒ်က ဆိုတယ်။ ဒီမော်ဒယ်ကလည်း အဲဒီ ပတ္တမြားကိုပဲ စိတ်ဝင်စားနှစ်သက်တယ်လို့ သတင်းတပုဒ်က ဆိုတယ်၊ သူတို့ဆီမှာ စိန်တွေပဲ ထွက်လို့ ဖြစ်ပါလိမ့်မယ်။
ဘရာဇီယာမှာ ကပ်ထားတဲ့ စိန်တွေကလည်း ဈေးမသေးပါ။

ရတနာစိန်ကျောက် အပွင့်ပေါင်း ၄,၂ဝဝ ခြယ်သထားတဲ့ ဒီ Royal Fantasy Bra ကို ဝတ်ဆင်ထားသူကတော့ မော်ဒယ် Candice Swanepoel ပါပဲ။Victoria's Secret က သူ့ထုတ်ကုန်တွေ နာမည်ကြီးအောင် ထူးထူးခြားခြား လုပ်ပြတဲ့သဘောဖြစ်ပါလိမ့်မယ်။
Victoria's Secret ဆိုတာက အမျိုးသမီး အသုံးအဆောင်တွေနဲ့ နာမည်ကြီးတာပါ။
ဆိုင်ခွဲတွေကို နိုင်ငံတကာ မြို့ကြီးတွေမှာ ဖွင့်ထားပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့ကိုတောင် လာမယ့်နှစ်တွေအတွင်း ရောက်လာနိုင်ပါတယ်။
သူ့ရဲ့ ဆက်ဆီဖြစ်တဲ့ရောင်းကုန်တွေက ဈေးကြီးလွန်းတာကြောင့် သူတို့ရဲ့ ပစ်မှတ်ကတော့ ငွေဖြုန်းနိုင်သူတွေပဲ ဖြစ်ပါလိမ့်မယ်။

ဒီကလေးမကို ဘော်ဒီဂတ် ၂ ယောက် ခြံရံထားတယ်လို့ ပြပွဲသတင်းတွေက ဆိုတယ်။ ဒီမိန်းမချောကို စောင့်ရှောက်ဖို့ မဟုတ်ဘဲ ဘရာဇီယာကို တယောက်ယောက် ဆွဲချွတ်ယူပြေးမှာကို ဟန့်တားဖို့ ဖြစ်ပါလိမ့်မယ်။

ဧရာဝတီ

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)