ပျိုမေတို့ ...ဆွဲဆောင်နည်း



ယောင်္ကျားတစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့
ဘယ်လိုဆွဲဆောင်ထားရမလဲ......
ယောင်္ကျားတွေကိုဆွဲဆောင်ထားနိုင်ဖို့ အတွက်ခြေခံအချက်တစ်ချက်ပဲလိုအပ်ပါတယ်...။
အဲဒါသူတို့ရဲ့အတ္တကိုဖွံ့ ဖြိုးစည်ပင်လာအောင်ပြုစုပျိုးထောင်ပေးခြင်းပဲ။

ပြုစုပျိုးထောင်ပေးရမယ့်နည်းလမ်းအဖြာဖြာကတော့...............

၁။ အားကိုး တကြီးအကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။

၂။ အရာရာကိုသိနားလည်ပေးမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ်။

၃။ ကိုယ်ကဦးဆောင်နိုင်တဲ့ ကိစ္စတွေမှာလဲ...


သူတို့ကိုရှေ့တန်းတင်တတ်ရမယ်။

၎။ သူတို့ကိုသွားပြီး ဆ၇ာကြီးမလုပ်ပါနဲ့...အမြင်ကတ်ခံရလိမ့် မယ်။

၅။ သူ တို့ကဆ၇ာကြီးလုပ်နေတာကိုလည်း...." သိသားပဲ " စတိုင်လ်သွားမဖမ်းနဲ့။
မသိချင်ဟန်ဆောင်ပြီး
" ဟင်....ဟုတ်လား "၊ ဟယ်...ဒီလိုလား " ၊ အို....အစကလုံးဝမသိဘူးဆိုတာမျိုး
ဖော်လိုလေးတွေလိုက်ပေးရင်းသူတို့အတ္တကိုရေလောင်းပေးနိုင်ရမယ်။

၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စလေးတွေကို မလုပ်တတ်ဘူးပြောပြီးမကြာခဏ ခိုင်းခိုင်းပေးပါ။

၇။ ကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စလေးတွေကို
သူတို့နဲ့မကြာခဏတိုင်ပင်အကြံတောင်းတတ်၇မယ်။

၈။ အရေးကြီးဆုံးနဲ့နောက်ဆုံးအချက်ကတော့ကိုယ့်ဘဝမှာသူမရှိလို့
လုံးဝမဖြစ်ဘူးဆိုတာကိုသူတို့ဦးနှောက်ထဲအသည်းထဲ စွဲနစ်နေအောင်
တဖွဖွပြောနေဖို့ပါပဲ။

ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘဝမှာသူမရှိလို့မဖြစ်ဘူး
သူသာလျှင်အားကိုးရာဆိုတဲ့အသိကို သူတို့ 

ရင်ဘက်ထဲ စိုက်ဝင် စွဲမြဲနေအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။
ဒါယောင်္ကျားဆိုတဲ့မျိုးစားတွေကို ဆွဲဆောင်ထားနိုင်မဲ့နည်းလမ်းတွေပါ။

By Lamin Maung

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)