သီလရှင်
မေး။။အရှင်ဘုရားသီလရှင်တို.
မှာသံဃာတန်းမ၀င်ဟု
စာတစ်ခုမှာဖတ်ရပါသည်
သီလရှင်အားအချို.လူများက
သာမန်ယောကျာင်္းထက်နိမ်.သည်ဟုဆိုကာမရှိခိုးကြပါ၊
တပည်.တော်တို.page မှအများသူငါသိအောင်တင်ပြရန်
အရှင်ဘုရားမှပြောကြားပေးပါရန်တပည်.တော်မှ
ရိုသေစွာလျှောက်ထားပါသည်ဘုရား
ဗုဒ္ဓဘာသာဝင်များဆုံဆည်းရာပရဟိတအသင်းမိသားစု
(Admin Zaw Min Tun)
ဖြေ။.....သီလရှင်ဆိုတာသံဃာတန်းမ၀င်ပါဘူးမှန်ပါတယ်..သာမန်ယောင်္ကျားတွေကလည်းရှိမခီုးတာဖြစ်နိုင်ပါတယ် မိန်းမဖြစ်နေလို့တော့မထင်ပါဘူး သီလရှိသူကို သီလမရှိသူက
ရှိခီုးဖို့ရန်တွန်ဆုပ်နေတာဖြစ်ပါလိမ့်မယ်..သီလရှင်ဆိုတာကတော့ ပီဋကတ်တော်မှာ မပါဘူးဘိက္ခူနီမ သာသနာ ၅၀၀ ကလည်း
ကုန်ဆုံးခဲ့ပါတာကြာပါပြီ...သီလရှင်ဆိုတာကတော့နန်းမတော်မေနု
ကနေစခဲ့တာပါ......
ရှေးယခင်ဆရာတော်ကြီးတွေကနေခွင့်ပြုခဲ့တယ်လို့ပြောရပါ့မယ်...
တခါတုန်းက မြို့တစ်မြို့မှာ အပျီုကြီးတစ်ယောက်က အသက် ၂၀
ပြည့်နေတဲ့ကိုရင်ကြီးတပါးကို ရဟန်းခံပေးရဟန်းဒကာမအဖြစ်
ပစ္စည်း လေးပါးဒကာမအဖြစ်ဖြင့် ရဟန်းအမအဖြစ်ခံယူလေတယ်
ထိုအပျိုကြီး ရဟန်းအမကလည်း တဦးတည်းသောသမီးပါ ထိုဒကာမရဲ့ မိဘများကတဦးတည်းသောသမီးရဲ့ ရဟန်းကို
ကျောင်းဆောက်လှူဒါန်းပြီးကိုးကွယ်ကြတယ်
ထိုဒကာမအပျိုကြီးရဲ့ မိဘများ အသက်အရွယ်ကြီးပြင်းလာ၍ ကွယ်လွန်လေပြီးသောအခါ တဦးတည်းအပျိုကြီးဘ၀ဖြင့် လုပ်ကိုင်းစားသောက်နေတယ်..ဒီလိုနေရင်းနဲ့ထိုအပျိုကြီးလည်း
အသက်က ၅၀ ကျော် အရွယ်ရောက်လာသောအခါမိဘ
လက်ထက်ကထားခဲ့သောအမွေလေးတွေကိုထုခွဲရောင်းချ
စားသောက်ရင်းနေခဲ့တယ် ပြုစုမဲ့သူကလည်းရှားပါ တခါတရံ
လာပြုစုတဲ့သူကလည်း အခတ်မသင့်ရင် ဆဲဆို ရှိတာတွေယူသွားဒီလိုနဲ့ သူရဲ့ သားရဟန်းက ဒီအတိုင်းသာ
ဆိုရင်ဖြင့် ဒကာမကြီးတော့ ဒုက္ခရောက်ရချည်ရဲ့ဆိုပြီး
ရဟန်းအမ ကျောင်းအမကြီးကို မိမိရဲ့ကျောင်းကို ရဟန်းတို့ရဲ့ထုံးစံအတိုင်းသာသနာ့မိခင်ကြီးအဖြစ်ဖြင့် မိမိကျောင်းအားခေါ်ထားလိုက်လေတယ်..ဒီလိုနဲ့
ရက်တွေကြလာတော့ တခြားပတ်ဝန်းကြင်က ဒကာ ဒကာမတွေက ပြောလာကြတယ်ဒီလိုနေတာမသင့်တော်ပါဘူး တခုခုစိစဉ်ပေးရင်မကောင်းဘူးလားဘုရားနဲ့ တိုင်ပင်ကြတယ်တနေ့ ဆရာတော်တရားဟောနေတဲ့ ဥပုသ်နေ့မှာ စဉ်းစားပြီး ဥပုသ်လာစောင့်တဲ့ ဒကာ ဒကာမ
တွေစုံညီတုန်း ဆရာတော်က ဒီလိုမိန့်လိုက်တယ်
ဘုန်းကြီးတခုစဉ်းစားမိတယ်အခုဘုန်းကြီးရဲ့ရန်းဒကာမကြီး ကျောင်းမှာလည်းနေလို့ရအောင် သူလည်းအမြဲတစေ ကုသိုလ်ရအောင်သူကို၈ပါးသီလအမြဲစောင့်
ခိုင်းရင်မကောင်းဘူးလားသီလရှိနေတော့ စောင့်ထိန်းရတာအ
ဆင်ပြေတာအဆင်ပြေတာပေါ့သီလရှိတော့ဘယ်သူမဆိုလေး
စားကြတယ်..ဒါကြောင့်ဒီအစိအစဉ်မကောင်းဘူးလားဆိုတော့ သဘောတူတဲ့သူတွေကများတေ့ ထိုအစီအစဉ်ကို
လက်ခံပြီးကျောင်းမှာထားမဲ့အကြောင်းကို သဘောတူလိုက်ကြတယ်...နောက်ရက်တွေကြာလာတော့ တချိုအသီဥာဏ်ဗဟုသုတမကြွယ်ဝတဲ့သူက ကျောင်းမှာ
ဆွမ်းလာကပ်တဲ့အခါ ဆွမ်းချိုင့်လာပို့တဲ့အခါ ထိုကျောင်းအမကြီးရဟန်းအမကြီးစားသောက်တာကိုမကြည်ကြဘူးဖြစ်လာကြပြန်
တယ် ဆရာတော်ကိုတိုင်တန်းလာကြတယ် ကျောင်းမှာနေပြီး သီလကိုအကြောင်းပြထိုင်စားနေတယ်ဘညာနဲ့ပြောကြပြန်တယ်..
ဒါနဲ့ဆရာတော်ကစဉ်းစားပြီး ကျောင်းကီုးကွယ်တဲ့ ဒကာ
ဒကာမတွေ ထိုမြို့ထိုနယ်မှာ နာမည်ကြီး ပညာတတ်
ဆရာတော်ကြီးတွေနဲ့တိုင်ပင်ပြီး ခုလိုဆုံးဖြတ်ချက်ချ
လိုက်ကြတယ်လူတိုင်း ဒကာ ဒကာမတိုင်း လေးစားနိုင်အောင် ကုသိုလ်ရနိုင်အောင် ထိုကျောင်းအမ ရဟန်းအမကြီးလည် ကုသိုလ်ရလေအောင် ၈ ပါးသီလကိုအမြဲဆောက်တည်
ခေါင်းကိုအမြဲရိပ်ပြီး ဖန်ရည်ဆီုးတဲ့အ၀တ်ကိုဝတ် ဆွမ်းဆန်ခံ၍
စားပါဆိုပြီး ရှေးဆရာတော်ကြီးများက သဘောထားကြီးစွာ
ဖြင့်ထာခဲ့လိုယ္ခုသီလရှင်ဆိုတာဖြစ်လတာပါ..
ဘာကြောင့်သီလရှင်ခေါ်လည်းဆိုရင်သီလရှိတဲ့သူမို့သီလရှင်လို့ခေါ်ခြင်းသာဖြစ်ပါတယ်...သီမရှိတဲ့သူကိုတော့သီလရှင်လို့မခေါ်ပါကြောင်းနှင့် သီလရှင်စတင်ဖြစ်ပေါ်လာကြောင်းကို ငယ်စဉ်ကဆရာတော်ကြီး
များဟမိန့်မှာ သြ၀ါဒများကို....
တတ်သလောက်မှတ်မိသလောက်ရေးသားတင်ပြပေးလိုက်ပါတယ်။
အရှင်မုနိန္ဒ(ပန်းထော်)။
Comments
Post a Comment