အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေးဦးမှာတစ်ဦးဟာ ကာမကျူးလွန်မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။ ဒါဟာ အာရှတိုက်နိုင်ငံ (၆)နိုင်ငံက လူတစ်သောင်းကျော်ကို စစ်တမ်းကောက်ယူခြင်းကနေထွက် ပေါ်လာတာဖြစ်ပြီး အာရှတိုက်မှာ ဖြစ်ပွားနေတဲ့ လိင်ဆိုင်ရာ အကြမ်း ဖက်မှုတွေရဲ့ အဓိကနောက်ခံကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေထဲက တစ်ဝက်လောက်ဟာ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်ခဲ့တယ်
လို့သိရပါတယ်။ အာရှရဲ့ လိင် အကြမ်းဖက်မှု အမြင့်ဆုံးတိုင်းပြည်ကတော့ ပါပူးအာနယူးဂီနီ ( Papua new Guinea )နိုင်ငံဖြစ်ပြီး အမျိုး သား (၁၀)ယောက်မှာ (၆)ယောက် ဟာ တစ်ဖက်အမျိုးသမီးအလိုမတူဘဲ လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အာရှ အမျိုးသားများရဲ့ ထက်ဝက်ခန့်ဟာ လိင်အကြမ်းဖက်မှုများရော၊ ဇနီး မယားကိုပါ အလိုမတူဘဲ လိင်အလွဲ သုံးစားလုပ်နေကြတယ်လို့ သိရပါ တယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သော အမျိုးသားရာခိုင်နှုန်း ( Source – ကမ္ဘာ့ကုလသမဂ္ဂ)
- ပါပူးအာနယူးဂီနီနိုင်ငံ -၆၂%
- အင်ဒိုနီးရှားနိုင်ငံ၊ ပါပူးအာဒေသ – ၄၈.၆ %
- အင်ဒိုနီးရှားမြို့ပြ – ၂၆.၂%
- တရုတ်နိုင်ငံ – ၂၂.၂%
- ကမ္ဘောဒီးယား – ၂၀.၄%
- သီရိလင်္ကာ – ၁၄.၅%
- ဘင်္ဂလားဒေ့ရှ် – ၁၄.၁%
ဖြစ်ပွားမှုနောက်ခံ အချက် အလက်များ
၁။ အမျိုးသားတွေဟာ အဖော်အမျိုး သမီးရဲ့သဘောထားကို မမေးဘဲ ဆက်ဆံနိုင်ခွင့်ရှိတယ်လို့ ယုံကြည်ကြ ပါတယ်။
၂။ အသိဉာဏ်နိမ့်ပါးသူတွေဟာ လိင်အကြမ်းဖက်မှုကို ပျော်ရွင်စရာ ဖျော်ဖြေမှုလို့ ယူဆကြပြီး ပျင်းရိတဲ့ အခါ ကျူးလွန်ကြပါတယ်။
၃။ ကလေးဘ၀က လိင်အကြမ်းဖက် မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုး သားတွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်သူဖြစ်လာနိုင်ချေများပါတယ် ။
၎။ ဒေါသနဲ့ ယမကာကြောင့် ဖြစ် ပွားမှုကတော့ ရာခိုင်နှုန်းနည်းပါးပါတယ်။
ဒီလေ့လာမှုစာတမ်းကို The Lancet Global Health မှာ ဖော်ပြထားပါတယ်။
သက်ကို
Ref: Lancet
                                                          Health Updates

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)