ဝတ်လစ်စားလစ် ဂီတဗီဒီယိုများကြောင့် လူပြောများနေချိန်တွင် ဘဝအပေါ် ဂျူးလူမျိုး လူအိုကြီးများက လွှမ်းမိုးနေကြောင်းထုတ်ဖော်ပြောဆိုလိုက်တဲ့ မိုင်လီ
မိုင်လီက "ဒီအခြေအနေက အသက်(၇၀)လောက် ဂျူးအဖိုးကြီးတစ်ယောက်က သူ့ရုံးခန်း စားပွဲမှာ မထတမ်း ထိုင်နေပြီး ကျွန်မရဲ့ အနုပညာသည် ဘဝမှာ ဘယ်သူက ဘာလုပ်စေချင်တယ် ဆိုတာကို အထက်စီးက ပြောနေတာမျိုးနဲ့တော့ မတူဘူးပေါ့။ ကျွန်မအနေနဲ့ အပြင်ထွက်လည်ရင် လည်မယ်။ ကလပ်တွေထဲ သွားရင်သွားမယ်။ ကပွဲကြမ်းပြင်က လူတွေအကြောင်းကို ကျွန်မသိတယ်။ သူတို့ဘာပြောလဲ ကျွန်မနားထောင်တယ်။ ဒီခံစားချက်ကို ဘာက မောင်းနှင်တယ် ဆိုတာကို ကျွန်မသိတယ်။ အသက်(၂၀)အရွယ်တွေရဲ့ လှုပ်ရှားတက်ကြွမှုကို သူတို့နားလည်ဖို့ ခက်ခဲလိမ့်မယ်"ဟုလည်း ဝေဖန်ခဲ့သေးသည်။
သူမက Wrecking Ball ဗီဒီယိုတွင် သူမ၏ ပုံရိပ်နှင့် ပတ်သက်၍ လူအများက ဝေဖန်နေခြင်းအပေါ် အံ့ဩမိကြောင်းလည်း ဆိုသည်။ "လူတွေက ဒါကို လှုပ်လှုပ်ရှားရှား ဖြစ်နေသေးတာ မြင်ရတော့ ကျွန်မ အံ့ဩမိတယ်။ ကျွန်မရဲ့ ဗီဒီယိုအပေါ် လူတွေက စိတ်ဝင်စားနေတယ် ဆိုတဲ့အတွက်တော့ ဝမ်းသာပါတယ်။ တကယ်ဆို ကျွန်မက အဲဒီလောက် လူပြောများမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"ဟု မိုင်လီက ပြောဆိုသွားသည်။
By Planet
Comments
Post a Comment