ဘ၀ နဲ့  အချစ်က ကွဲပြားတယ် ( ကဗျာ )
စိတ်ကူးယဉ်ဆန်ဆန်
အလွမ်းတွေ က ဆယ်ကျော်သက်မှာ
ချန်ခဲ့ပြီးသား
တည်မြဲတဲ့ ဘ၀အတွက် ကိုယ်ရွေးတဲ့ လမ်းက
ချောမွှေ့  နေမလား
အနေ ချမ်းသာဖို့ ထက် စိတ်ချမ်းသားအောင်
လက်တွဲ မယ့် သူကို စစ်မှန်တဲ့
မေတ္တာ တုန့် ပြန်ပေးလိုက်တာ ကိုယ့်အတွက့်
ကျေနပ်စရာလို့  တွေးတတ်လာရင်
ကိုယ်လျှောက်မယ့် လမ်းက ဖြောင့်ဖြူးနေမှာပါ
၁၅၀၀ အချစ် နဲ့  ၅၂၈ မေတ္တာ
ခွဲခြားမတတ် သမျှ
ပူလောင်တဲ့ မီးနဲ့  တူတဲ့
အချစ်နွံ့  ဗွက့်အိုင်က ရုန်းမထွက်နိုင်ဘူး
လက်တွေ့ နဲ့  ဘဝ
တစ်ထပ် ထဲ မကျတာ နားလည်တတ်ရင်
အရာရာ က ကျေနပ်စရာ
နဲ့ 
နေတတ်လာမှာပါ
ဘ၀ ဆိုတာ ပင်လယ်လိုပါပဲ
မာယာအရမ်းများတယ်
Comments
Post a Comment