အနှိပ်ခန်းနှင့် ကာရာအိုကေများ၌ တရားမဝင် ပြည့်တန်ဆာလုပ်ငန်း တရားဝင်ကဲ့သို့ အသက်ဝင်နေ
တရားဝင်ခွင့်ပြုထားခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင် အနှိပ်ခန်းများ၊ ကာရာအိုကေများ၌ ပြည့်တန်ဆာလုပ်ငန်းသည်
အလွယ်တကူအခြေအနေ ဖြင့်လုပ်ကိုင်ေ နခြင်းများရှိကြောင်း သိရသည်။ အထူးသဖြင့် နယ်မြို့များတွင်
ထိုလုပ်ငန်းလုပ်ကိုင်မှုမှာ ပိုမိုများ ပြားပြီး အဆောက်အဦကြီးများ ဖြင့် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိ ကြောင်း သိရသည်။
”တရားဝင်မဝင်တော့ မသိ ဘူး။ အဆောက်အဦနဲ့ လုပ်နေတဲ့ နေရာတွေတော့ အများကြီးပဲ၊ ယာဉ်ဝင်းဟောင်းအနီးနဲ့
ဘူတာ နားမှာဆို ၆ ခုလောက်ရှိတယ်”ဟု ပဲခူးမြို့ခံ ဆိုင်ကယ်ကယ်ရီ သမား တစ်ဦးဖြစ်သူ ကိုသားငယ်က ပြော
သည်။ထိုနည်းတူ ရန်ကုန်မြို့ မြို့ လယ်၌ပင် အနှိပ်ခန်းသဖွယ်ဖွင့်လှစ် ထားပြီးပြည့်တန်ဆာလုပ်ငန်း လုပ်
ကိုင်နေသူများရှိေ ကြာင်း ယင်းနေ ရာများသို့ သွားရောက်ခဲ့ဖူးသူများ ထံမှသိရသည်။ထိုသို့သော တရားမဝင်ဖွင့်လှစ်
လုပ်ကိုင်နေသည့် ပြည့်တန်ဆာလုပ် ငန်းများကြောင့် မိမိသားသမီး များ အတွက် စိုးရိမ်သည့်မိဘများလည်း ရှိပြီး
ယင်းတို့အပေါ် တာဝန်ရှိသူများ မှ အရေးယူဆောင်ရွက်မှု အားနည်း သည့်အပေါ် ဘဝင်မကျမှုများလည်းရှိကြောင်း သိရ
သည်။
”ဖွင့်ထားတဲ့တစ်နေရာဆို ရဲစ ခန်းထိပ်တည့်တည့်
လမ်ပြတ်ပဲခြား တယ်။ ဖုန်းဆက်ပြီး တိုင်ရင်လည်း
ကြိုပြီးအကြောင်းကြားထားလား မသိဘူး။
တစ်ယောက်မှ မရှိတော့ ဘူး။ ပြီးရင်ပြန်ဖွင့်တာပဲ။ အဲဒီနေရာ တွေရှိတဲ့အတွက်
အိမ်ကသမီးပျို
တွေကိုညဆိုအပြင်မထွက်ခိုင်းဘူး” ဟု ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက် ကြီး ၁၃ တွင် နေ
ထိုင်သူတစ်ဦးက ပြောသည်။ယင်းနှင့်ပတ်သက်၍ HIV& YOUTH အဖွဲ့မှ လက်ထောက် အရာရှိဒေါက်တာနေဝင်းက
”ဈေး ဝယ်သူရှိနေရင် ဈေးရောင်းသူ ရှိ မှာပဲ။ ပပျောက်ရေးစီမံကိန်းက တစ်ဖက်တည်းလုပ်လို့ရမှာ
အဆင် မပြေဘူး”
ဟု ပြောသည်။လက်ရှိတွင်ထိုသို့သော အနှိပ် ခန်း၊ ကာရာအိုကေဟန်ဖြင့်ဖွင့်လှစ်
ထားသည့်ပြည့် တန်ဆာ လုပ်ငန်း
များတွင် လုပ်ကိုင်နေရသည့် မိန်း ကလေးများအနေဖြင့် ခေါင်းပုံဖြတ်ခံ
ရခြင်း ၊ နှိပ်စက်ခံရခြင်း၊ အနိုင်ကျင့်
ခံရခြင်းအခြေအနေများ ကြုံတွေ့ရမှု ရှိခြင်းကြောင့်
ထိုကိစ္စရပ်များ အ တွက်ဆောင်ရွက်ရန် မြန်မာလိင် အလုပ်သမများ
ကွန်ရက်တစ်ခုကို မကြာမီက
ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။”ဒီလိုသာ တရားဝင်ပေါ် လာ မယ်ဆိုရင် ပိုက်ဆံရဖို့ အလွယ်
လမ်းလိုက်ချင်တဲ့
မိန်းကလေးတွေ အတွက် ပိုပြီးအကျိုးမဲ့စေနိုင်တယ်”ဟု PSI တွင် တာဝန်ထမ်းဆောင် နေသည့်
စာရေးဆရာမ မြနှောင်းညို ကပြောသည်။ အနှိပ်ခန်း၊ ကာရာအို ကေအမည်ခံကာ ပြည့်တန်ဆာ
လုပ်ငန်းလုပ်ကိုင်နေသည့်
နေရာ များသည် ရန်ကုန်မြိ့၌များစွာရှိပြီး လူသိများသည့်ေ ဒသများမှာ ပဲခူး၊
မန္တလေးမြို့နှင့်နယ်စပ်မြို့များ
ဖြစ် ကြောင်း သိရသည်။
စင်္ကာပူဖီး
Comments
Post a Comment