ဟောင်ကောင်စတိုင် ဘဲကင်


ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဘဲ [duck]                            ♦ ၁ကောင်( ၅-၆ပေါင် )
  • ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း
  • ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် [rice wine]            ♦ စားပွဲတင်ဇွန်း ၂ဇွန်း (CityMart တွင် ဆန်ဝိုင်ကို ၀ယ်ယူနိုင်ပါသည်)
  • တရုတ်ဟင်းခတ် [chinese five-spice ] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား [salt]                           ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • ဆီ [vegetable oil]           ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ [garlic]        ♦ ၁မွှာ (မညက်မညက်ထောင်းပါ)
  • ဂျင်း [ginger]                     ♦ လက်တဆစ် (မညက်မညက် ထောင်းပါ)
  • ကြက်သွန်မြိတ်                    ♦ ၁ခု
  • နတ်နတ်ပွင့် [star anise] ♦ ၂ခု
ဘဲကင်နည်း [Grill Recipes]
၁။ အရင်ဆုံး ဘဲသားကို အတွင်း၊အပြင် သေချာ သန့်စင်ပေးပါ။
၂။ ပြီမှ ဘဲတောင်ပံ၊ ခေါင်း၊ လည်ပင်းတို့ကို လှီးထုတ်လိုက်ပါ။
၃။ ထို့နောက် သန့်စင်ပြီသား ဘဲသားကို ခြောက်သွေ့အောင် အ၀တ်သန့်ဖြင့် သုတ်ပေးပါ။
၎။ ပြီနောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို ကြက်သားအတွင်းပိုင်းထဲ ထည့်ပေးပါ။



၅။ အရသာ အတွက် ဘဲသားကို ဆားများဖြင့် သမအောင် ဘဲအတွင်း၊ အပြင် နုယ်ပေးထားပါ။
၆။ ဘဲကင်တွင် လိုအပ်သော ဆော့ရည်အတွက် (ပျားရည်၊ ရှာလကာရည်၊ ဆန်ဝိုင်၊ တရုတ်ဟင်းခတ်၊ ဆီ၊ နတ်နတ်ပွင့်) တို့ကို ခွက်တစ်ခုထဲသို့ ထည့်ပြီ ရောမွှေလိုက်ပါ။
၇။ ထိုဆော့ရည် စားပွဲတင်ဇွန်း၁ဇွန်းကို ဘဲသားအတွင်း ပိုင်းထဲသို့ ထည့်ပြီ နှီ(သို့) ကြိုးဖြင့် ပုံတွင် ပါသည့်အတိုင်း ဘဲဘင်ပိုင်းကိုလုံအောင် ချည်ပြီ ဘဲပေါင်နှစ်ခုဖြင့် ရောချည်ထားလိုက်ပါ။
၈။ ပြီလျှင် ကျန်ဆော့ရည်များကို ဘဲတစ်ကောင်လုံး ပေါ်သို့ လောင်းချပြီ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄နာရီခန့် အဖုံးအုပ်ပြီ နှပ်ထားပေးပါ။



၉။ ဘဲကင်ကို စကင်လို့ရပါပြီ။ ကင်မည်ဆိုလျှင် ဘဲတစ်ကောင်လုံး အောက်မှာ သတ္တုပြား(Aluminum Foil) ခံပြီမှ ကင်ပေးပါ။
၁၀။ Ovenနဲ့ ကင်မည်ဆိုလျှင် ၂၀၀ဒီဂရီ ထားပြီ နှပ်ထားသော ဘဲကို တဖက် နာရီဝက်နှုန်းဖြင့် ၁နာရီခွဲမှ ၂နာရီခန့် ဘဲအရေခွံကြွပ်သည် အထိ ကင်ပေးပါ။



၁၁။ ကင်နေစဉ် အတွင်း နာရီဝက်တခြား ဘဲအပေါ်မှ ဆီများသုတ်ပေးပါ။
၁၂။ ဟောင်ကောင် ဘဲကင်ရပြီ ဆိုလျှင် ကြိုက်နှစ်သက်ရာ ဆော့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။



Tips: ဘဲကင်ကို ဆော့ရည်များ နှပ်ပြီ တညသိပ်က ပိုမိုကောင်းမွန်ပါသည်။
ကြက်ကောင်လုံးကင်

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)