ယောက်ျားတို့ပြောတဲ့ မိန်းမတို့အကြောင်း
မိန်းမတို့၏အလှ ပဉ္စလက်ဆန်ပါဘိ
(၁)
တစ်ခါတစ်ရံ ပလာဇာများသို့ ရောက်သွား သည့်အခါ အိတ်တွေ အထပ်လိုက်ဆွဲပြီး ထွက လာသော ချာတိတ်မ တချို့၏ မျက်နှာကို သေသေချာချာ ကြည့်ခဲ့ဖူးသည်။ ဝယ်ချင်တာ တော်တော်များများကို စိတ်လွတ် ကိုယ်လွတ်အိတ် ကဒ်ကို ငဲ့ကြည့်စရာ မလိုဘဲ၊ ဝယ်ခဲ့သည်မျက်နှာ။ အပြုံးများ၊ ယုံကြည်မှုများဖြင့် တက်ကြွနေသော မျက်နှာ။ တစ်ခါတစ်ရံ ကျတော့လည်း ပလာဇာများ ပေါ် ဟိုပစ္စည်းငေး၊ ဒီပစ္စည်းငေး။ ပစ္စည်းများ ကို ကိုင်ကြည့်လိုက်၊ အင်္ကျီဆို သူ့ခန္ဓာကိုယ်နဲ့ ကပ်ကြည့်လိုက်၊ ပြီးတော့ မျက်နှာက တွေတွေ ငေးငေး။ မျက်လုံးက တက်မက်ခြင်းနှင့် စိတ်ပျက်လက်ပျက် ရောယှက်လို့။ ကျွန်တော်မြင်ခဲ့ ဖူးသလောက်၊ အလှအပ ဆိုင်ရာ ပစ္စည်းများနှင့် ပတ်သက်လာလျှင် အမျိုးသမီး အများစု၏ မျက်လုံးများမှာ အတူတူ ပင်ဖြစ်သည်။ အလှအပဟူသည့် ဝေါဟာရကို သူတို့က သိမ်းပိုက်ထားပုံရသည်။
အလှအပ ဆိုလျှင် သူတို့မှသူတို့။ ရှေ့ဆုံးက။ မိန်းကလေးတို့၏
သဘာဝ၊ လှချင်ပချင် ကြသည်မှာ အဆန်းတော့မဟုတ်ပါ။ ထို့ကြောင့်
ဈေးဝယ်စင်တာများကို နတ်သမီးတို့စံရာဟု ပြောရလောက်အောင်ပင်။ သူတို့၏
ခြေရာများသာ။ ဝယ်စရာရှိမှ သွားတာမျိုး မဟုတ်။ လမ်း ကြုံလျှင်လည်း ဝင်သည်။
အပျင်းပြေအဖြစ် လည်းသွားသည်။ အဖော်အဖြစ်လည်း လိုက် သည်။ မိန်းကလေးများကြား
ပလာဇာသွားမည် ဆိုလျှင် ငြင်းလိုသူ ခပ်ရှားရှား။ ချာတိတ်မတစ်ယောက်က
ပြောပြဖူးသည်။ ”အရမ်းပူတဲ့အချိန်မှာ ပလာဇာတွေနား ရောက်သွားရင်
အအေးခံဖို့အတွက် ဝင်လိုက်တာပဲ။ ပလာဇာထဲမှာ အေးကအေး၊ ပစ္စည်း တွေကိုလည်း
ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်နဲ့ စိတ်ချမ်းသာ သွားရော” ဟု သူပြောပုံ အရ
ပစ္စည်းများ လျှောက်ကြည့် ရတာကိုပင် စိတ်ချမ်းသာစရာ။ သူတို့လို ချာတိတ်မများ
မပြောနဲ့။ ကလေး ၃၊ ၄ ယောက်မွေးပြီး ဗိုက်ခေါက်တွေ အတင်း စူထွက်နေသော၊
မိန်းမကြီးများ သည် လည်း အလှအပကြိုက်သည်ပင်။ ကျွန်တော့်အမေဆို မဆုံးခင်
အချိန်အထိ ကျန်းမာရေး မကောင်းတာ တောင် လူမမာနဲ့ မတူအောင် သပ်ရပ်မြဲဖြစ်သည်။
သို့သော် အမျိုးသမီးများမှာ အလှအပ ကြိုက်သလောက် သူတို့၏ အလှအပမှာ၊
တည်မြဲမှုမရှိသည်ကို စိတ်မကောင်းကြီးစွာတွေ့ရ သည်။ ငယ်ငယ် တုန်းက
သေအောင်လှခဲ့သဖြင့် ကြီးလာလျှင်လည်း လှနေမည်ဟု ပြော၍မရ။ ဘယ်လို အမျိုးသမီးက
ကြီးလာလည်း အလှမ ပျက်ဟု ကံသေကံမမည်သူမျှ မပြောနိုင်။ ကျွန်တော်က
အမျိုးသမီးတို့၏ အလှကို ပဉ္စလက် ဆန်သည်ဟုထင်၏။(၁)
တစ်ခါတစ်ရံ ပလာဇာများသို့ ရောက်သွား သည့်အခါ အိတ်တွေ အထပ်လိုက်ဆွဲပြီး ထွက လာသော ချာတိတ်မ တချို့၏ မျက်နှာကို သေသေချာချာ ကြည့်ခဲ့ဖူးသည်။ ဝယ်ချင်တာ တော်တော်များများကို စိတ်လွတ် ကိုယ်လွတ်အိတ် ကဒ်ကို ငဲ့ကြည့်စရာ မလိုဘဲ၊ ဝယ်ခဲ့သည်မျက်နှာ။ အပြုံးများ၊ ယုံကြည်မှုများဖြင့် တက်ကြွနေသော မျက်နှာ။ တစ်ခါတစ်ရံ ကျတော့လည်း ပလာဇာများ ပေါ် ဟိုပစ္စည်းငေး၊ ဒီပစ္စည်းငေး။ ပစ္စည်းများ ကို ကိုင်ကြည့်လိုက်၊ အင်္ကျီဆို သူ့ခန္ဓာကိုယ်နဲ့ ကပ်ကြည့်လိုက်၊ ပြီးတော့ မျက်နှာက တွေတွေ ငေးငေး။ မျက်လုံးက တက်မက်ခြင်းနှင့် စိတ်ပျက်လက်ပျက် ရောယှက်လို့။ ကျွန်တော်မြင်ခဲ့ ဖူးသလောက်၊ အလှအပ ဆိုင်ရာ ပစ္စည်းများနှင့် ပတ်သက်လာလျှင် အမျိုးသမီး အများစု၏ မျက်လုံးများမှာ အတူတူ ပင်ဖြစ်သည်။ အလှအပဟူသည့် ဝေါဟာရကို သူတို့က သိမ်းပိုက်ထားပုံရသည်။
ကျွန်တော့်မှာ ငယ်သူငယ်ချင်းမ တစ်ယောက်ရှိသည်။ ၈ တန်းနှစ်ကတည်းက
မိဘချင်းပါ ရင်းနှီးသည့် သူငယ်ချင်း။ လှလိုက်တာမှ ရုပ်ရောခန္ဓာကိုယ်ပါ
အပြစ်ရှာလို့မရအောင် အထိ။ သူ၏ ကျောင်းသွားကျောင်းပြန် တိုင်း တွင်
သူ့အနောက်မှ တစ်ယောက်မဟုတ်တစ် ယောက်ကပ်ပါမြဲ။ သူကလည်း ပလီတတ်။ ရည်းစားကလည်း
ခပ်များများ။ သူ့ရဲ့ အပျိုစင် ဘဝမှ အသက် ၃ဝ လောက်အထိက ‘ကံ
ကောင်းလွန်းလှတဲ့ ကလေးမ’ ပေါ့။ နောက်ပိုင်း ကျွန်တော်နဲ့ ဝေးသွားပြီး
တစ်ခါတစ်ရံ ပြန်တွေ့သည်။ အရင်အတိုင်း အလှမပျက်။ သူမအသက် ၃၃
နှစ်သို့ရောက်သည့် အချိန်တွင် လမ်းမှာ ဖျတ်ခနဲတွေ့တော့ ကျွန်တော်မမှတ်မိ။
သူမက အတင်း လိုက်ခေါ် မှ မှတ်မိတော့သည်။ မှတ်မိစရာ အကြောင်း လည်းမရှိ။ အရင်က
အလှအပများကို လုံးဝရှာမ တွေ့တော့သည် အထိ ဝဖြိုး၍နေသည်။ အိမ်ထောင်လည်းမကျ။
အပျိုကြီး ဘဝနှင့်ပင် ဖြစ်ချင်တိုင်း ဖြစ်သွား သော သူမအလှ။ အိမ်ထောင်
သားမွေးကိစ္စအပေါ် စိတ်လျှော့လိုက်လို့များ လားဟု ကျွန်တော် တွေးမိသည်။
ထိုအချိန်က မိန်းမတို့၏အလှ ပဉ္စလက် ဆန်လှသည်ဟု ကျွန်တော် မတွေးမိသေး။
အံ့သြတကြီးတော့ ဖြစ်မိသည်။ သို့သော် နားမလည်။ နောက်တစ်ယောက်
တွေ့ပြီးနောက်မှာတော့ ကျွန်တော် နားလည်သွားသည်။ လွန်ခဲ့သည့် ၁ဝနှစ်ခန့်က
ကျွန်တော်တို့ တိုက်ခန်းများတွင် သူမ၏ အလှမှာ ထင်းခနဲဖြစ်သည်။ မင်းသမီး
တစ်ယောက်လို လှပခြင်းမျိုး။ ခန္ဓာကိုယ် အချိုးအဆစ်ကလည်း ရွှေဘိုမင်းများ
အကြိုက်။ သူမကိုမြင်သော ယောက်ျား အများစုမှာ နောက်ပြန်တစ်ချက်တော့
လှည့်ကြည့်ကြစမြဲ။ ထိုသို့လှလွန်းသော မိန်းမ။ ကျွန်တော်တို့ ၏ ရှုစားမှု
တစ်နှစ်ကျော်လောက်တွင် အိမ်ထောင်ပြုသွားသည်။ ကျွန်တော်တို့စိတ်ထဲမှာ သူမနဲ့
ရသည့် ယောက်ျားအလှပဂေးကို ပိုင်ဆိုင် ရသည်မို့ ကံကောင်းလှသည်ပေါ့။
အိမ်ထောင်ပြုပြီးနောက် ကျွန်တော်တို့ တိုက်ခန်းများမှ သူမ ပြောင်းသွားသည်။
ဘယ်ရောက်သွားမှန်း မသိ။ နောက် ၃နှစ်ခန့်ကြာ တော့ ကလေးတစ်ယောက်
မွေးပြီးနောက် ကျွန်တော်တို့ တိုက်ခန်းဆီသို့ ပြန်ရောက် လာသည်။ တခြား
အမျိုးသားတွေတော့ မသိ။ ကျွန်တော့်မှာ စုတ်တသပ်သပ်။ ဘာမှ မကြာသေးသော
နှစ်အတွင်း ပုံပျက်ပန်းပျက် ဝဖြိုးသွားသည်ဟု ကြောက်မက်ဖွယ်ရာ။
သြော်..မိန်းမတို့၏ အလှမှာ ပဉ္စလက်ဆန် လှချည့်လားဟု ကျွန်တော်သံဝေဂရမိသည်။
ထိုအခါက ကျွန်တော်လည်း အိမ်ထောင် မကျသေး။ ရည်းစားတွေ ထားကောင်းတုန်း။
ကိုယ့်စိတ္တဇနဲ့ ကိုယ့်ရည်းစား တစ်ယောက်ထားတိုင်း ယောက်ျားရပြီးရင်ဝ မဝ။
ကိုယ့် ဘာသာ တိုင်းထွာကြည့်မိသည်။ မှန်မယ်လို့တော့ ထင်မထား။
ယောက်ျားတို့အတွက်မူ ကံတရားဟု ကျွန်တော်ထင်၏။ တချို့အမျိုးသမီးများဆို၊
အပျိုဘဝတုန်း က ပိန်ပိန်ပါးပါး။ အရိုးစူးမယ်ဆိုသည့် အစားမျိုး။
ဟော..ယောက်ျားရပြီး သိပ်မကြာ။ ပြည့် ပြည့်ဖြိုးဖြိုးနဲ့ အရင်နဲ့မတူ။
လှလို့။ ထို့ကြောင့် မိန်းမယူခါနီး သူငယ်ချင်းများကို ကျွန်တော်က
ကိုယ့်မိန်းမ၏ ရှေ့ရေးမှာ ကိုယ့်ရဲ့ ကံတရားသာ လျှင် ဖြစ်သည်ဟု
ကျွန်တော်ပြော လေ့ ရှိသည်။ အမှန်တကယ်ပင် တကယ့်ကို ကံတရား။
နိုဝင်ဘာလအတွင်း စတိတ်ကျောင်းမှ သူငယ်ချင်းများ ပြန်ဆုံ ကြတော့။
ငယ်ငယ်တုန်းက ပိန်ပိန်ပါးပါး လှတပတ။ သူငယ်ချင်းမက ပြဲကားနေ လိုက်တာပြော
မနေနဲ့။ မတွေ့ကြတာ ၁၅နှစ် ကျော်ပြီမို့၊ တခြားသူငယ်ချင်းများက အံ့သြကြ သည်။
သူမနဲ့ သူငယ်ချင်း အချင်းချင်း ဟိုလိုလို ဒီလိုလိုဖြစ်ခဲ့ဖူးပြီး ယနေ့အထိ
လူပျိုကြီးဖြစ်နေ သေးသည့်ကောင်က ”အံမလေး၊ ငါ အင် မတန် ကံကောင်းတယ်” ဟု
ဆိုကာ၊ ရင်တမမ။ ကျွန်တော်ကတော့ မိန်းမတို့၏အလှ ပဉ္စလက်ဆန်သည်ကို သိသမို့
မအံ့သြ။
သူငယ်ချင်းမက ”ငါငယ်ငယ်က ဓာတ်ပုံတွေ ပြန်ကြည့်ရင်၊ စိတ်မကောင်းတောင်
ဖြစ်မိတယ်” ဟုဆိုသည်။ သူတို့လည်း ဒီလို ပုံဆိုးပန်းဆိုးတော့
ဘယ်ဖြစ်ချင်ပါ့မလဲ။ သို့သော် သူတို့ မတတ်နိုင်။ သားရေး သမီးရေး လင့်အရေး၊
စီးပွား ရေးတွေကြား၊ အကျလွယ်သော မိန်းမတို့၏ အလှအပများ။ မလှပတော့သည့်
ကြားပိုဆိုးသော အမျိုးသမီး အချို့ကိုလည်း တွေ့ရသည်။ အသက်က ၄ဝ ကျော်။
ခန္ဓာကိုယ်က ပုံပန်းမကျ။ ဒီကြားထဲ ယောက်ျားနဲ့ လမ်းအတူထွက်ပြီ ဆို၊
အဝတ်အစား သည်လည်း ရဲရဲတောက်။ နှုတ်ခမ်းနီ၊ ပါးနီသည်လည်း ရဲရဲတောက်။ နံဘေးမှ
ယောက်ျားလုပ်သူက သူနဲ့ဘာမှ မဆိုင်သလို၊ သူ့မိန်းမ မဟုတ်သလိုလို။
ပို၍ဆိုးသော မိန်းမများက လူထူလာလျှင် ယောက်ျားလက် ဖမ်းချိတ်။
တချို့ကျပြန်တော့ လူရှေ့မှာတင် ဗျစ်တောက် ဗျစ်တောက်။ ယောက်ျားတို့သည်လည်း
မတတ်နိုင်။ ယခုမိန်းမတို့၏ အလှအပအကြောင်းကို ရေးတော့၊ မတွေ့ရသည်မှာ ၁၅
နှစ်ခန့်ကြာပြီ ဖြစ်သော ကျွန်တော့်၏ ငယ်ချစ်ဦးကို သတိရမိ သည်။ အခုဆို
သူမသည်လည်း ကလေး ၃၊ ၄ ယောက်တော့ရပြီ။ ယခင်က ပြေပြစ်ခဲ့သော အလှများ
ပျောက်ဆုံးသွားပြီလား။ တစ်သွေးပေါ် တစ်သားလှတိုး တိုးပြီး လှနေသလား။ သူမ၏
ယနေ့ပုံပန်း သဏ္ဌာန်ကို ကျွန်တော်ပြန် တွေ့ချင်မိသည်။ ယနေ့ သူမ၏
ပုံသဏ္ဌာန်ကို ကျွန်တော် မှန်းမရ။ စိတ်ကူးထဲ တစ်ခါတစ်ရံ ရောက်လာသည့်အခါ၊
သူမ၏ နုပျိုမှုကိုသာ တွေ့နေရသည်။ ကျွန်တော့် ငယ်ချစ်ဦး၏ ယောက်ျား
ကံကောင်းသလား၊ မကောင်းသလား တော့မသိ။ ကျွန်တော်တွေ့ဖူး သလောက်၊ တစ်သွေး
ပေါ်တစ်သားလှ မိန်းမမှာ အင်မတန်ရှားလှ သည်။ ကျွန်တော့် မိန်းမသည်လည်း
တစ်သွေးပေါ် တစ်သားလှတော့မဟုတ်။ သို့သော် ဝမလာ၊ ပုံပျက်မသွားသဖြင့်
အထိုက်အလျောက် ကံကောင်းသည့် အထဲတွင် ကျွန်တော်ပါသည်ဟု ယူဆမိသည်။
မိန်းမတို့၏ အလှ၊ သူတို့၏ အနာဂတ်နဲ့ ပတ်သက်၍ ကံသေကံမ မပြောနိုင်သော်ငြား၊
တစ်ခုတော့ ရှိသည်၊ သမီးကို မယူမီ အမေကို အရင်ကြည့်မိကြဖို့လိုသည်။ သမီးက
လှနေသော်လည်း အမေက ဝတုတ်ပြဲကြီး ဆိုလျှင် အင်မတန် စွန့်စားရမည့်ကိစ္စဟု
ပြောရပေမည်။ ကျွန်တော်ကတော့ ထိုနည်းအတိုင်း သမီးကို မယူမီ
အမေကိုကြည့်ခဲ့သည်။ အမေနဲ့သမီးမှာ အချိုးအဆစ်ထုဆစ်ပုံ တူညီတတ်သည်ဟုထင် ၏။
ဘယ်လောက်ထိ မှန်မမှန်တော့မသိ။ မိန်းမ တို့၏ အလှမှာ ပဉ္စလက်ဆန်သည် မဟုတ် လား။
ရှင်းသန့်လင်း
ရှင်းသန့်လင်း
Comments
Post a Comment