ငြိမ်း အေး ချင် လိုက် တာ
လူတိုင်းရဲ့ရင် ထဲမှာဆန္ဒတစ်ခုအဖြစ် ရှိနေ တတ်တဲ့စကားလေးတစ်ခွန်းပါဘဲ။သူ့ရဲ့အဓိပ္ပါယ် ကလဲအလွန်ကျယ်ဝန်းနက်နဲလှပါတယ်။ လူ့လောကထဲမှာငြိမ်းအေးတာ အသိဥာဏ် ရှိလို့ငြိမ်းအေးတာ လွတ်မြောက်သွားလို့လွတ်လပ်မှုနဲ့ငြိမ်းအေးတာ စသဖြင့် အဓိပ္ပါယ်အမျိးမျိုးရှိနိုင် ပါတယ်။
အသိဥာဏ် ရှိလို့ ဝိပဿနာဥာဏ်နဲ့ငြိမ်း အေးတာနဲ့ လွတ်လပ်မှုနဲ့သန္တိသုခနိဗ္ဗာန်ချမ်း သာနဲ့ငြိမ်းအေးတာတွေကိုတော့မိမိထက် သီလ သမာဓိ ပညာ အားကောင်းတဲ့ ဆရာတော်
ကြီးတွေ လူပုဂ္ဂိုလ် တွေရဲ့တရားတော်တွေ မှာနာယူလို့ရနိုင် ပါတယ်။မိမိအ ဖို့ အဲဒီ နယ်ပယ်ကိုကျွမ်းကျင် မှုအားနည်းပါတယ်။ မိမိအ နေနဲ့က တော့ကိုယ်အနည်းငယ် လက်လှမ်းမှီတဲ့ ဘဝထဲမှာငြိမ်းအေး စွာနေတဲ့သ ဘောတွေကိုသာဆွေးနွေး သွားချင် ပါတယ်။
လူ့ဘဝထဲမှာစိတ်ချမ်းသာစွာနဲ့ငြိမ်းအေးစွာ နေနိုင် တဲ့ life style ကိုမိမိ အလွန်တန်ဖိုး ထားပါတယ်။မိမိလိုဘဲတန်ဖိုးထားတဲ့သူတွေ များစွာရှိနိုင် ပါတယ်။အားလုံးပြောပြောနေတဲ့
"လူမချမ်းသာချင်နေ
စိတ်ချမ်းသာဖို့အ ရေးကြီးတယ်" ဆိုတဲ့စကားဟာဘဝထဲမှာ အလွန်အသုံးတွင်
ကျယ်လှတာမို့ လူတွေ ဘယ်လောက်စိတ်ချမ်းသာချင် တယ် ငြိမ်း အေး ချင် လှ
တယ်ဆိုတာအင် မတန်ထင် ရှားလှပါတယ်။ ဒါပေမဲ့ပေါ့နော် ……………
တကယ်တန်းကျတော့မိမိတို့တစ်တွေငြိမ်း အေးစွာမ နေနိုင် ခဲ့တာတွေ
ုငြိမ်းအေးစွာနေလို့မရနိုင် ခဲ့တာတွေ မငြိမ်းအေးမှန်းသိရက်နှဲ့ကိုတမင်
မငြိမ်းအေးအောင် မိုက်မဲစွာပြုခဲ့ပြောခဲ့ကြံခဲ့တာ တွေ
ဘဝထဲမှာများစွာ
ရှိခဲ့ပါတယ်။ "ငြိမ်းအေးချင် လိုက်တာ" လို့ဘယ်လိုဘဲပါးစပ် က
ပြောနေ ပေမဲ့တကယ့်ငြိမ်းအေးမှုကိုမိမိ တို့မရခဲ့ပါဘူး။ဒီနေရာမှာ
ဘဝထဲမှာငြိမ်း အေးစွာတကယ် နေနိုင် သွားတဲ့သူတွေ ကိုမဆိုလိုပါဘူး။
မိမိလိုဘဲ ငြိမ်းအေးလိုတဲ့ဆန္ဒရှိပေမဲ့မငြိမ်း အေးနိုင် သေးတဲ့သူတွေကိုသာအ ဖေါ်ညှိလိုပါ တယ်။
တကယ်တန်းကျတော့မိမိတို့ဘဝထဲမှာနေထိုင် အသက် ရှင် ရင်း ငြိမ်းအေးချင် ပါတယ်လို့ဘယ်လောက်
မိမိလိုဘဲ ငြိမ်းအေးလိုတဲ့ဆန္ဒရှိပေမဲ့မငြိမ်း အေးနိုင် သေးတဲ့သူတွေကိုသာအ ဖေါ်ညှိလိုပါ တယ်။
တကယ်တန်းကျတော့မိမိတို့ဘဝထဲမှာနေထိုင် အသက် ရှင် ရင်း ငြိမ်းအေးချင် ပါတယ်လို့ဘယ်လောက်
ပြောပြော အခုအခုအချိန်
အထိ မငြိမ်းအေးနိုင်သေးတာဟာ မိမိတို့ကိုယ်တိုင် မငြိမ်းအေးစေတဲ့ အလုပ်တွေ အ
ပြောတွေ အကြံတွေကို လုပ်နေ ပြောနေ ကြံနေလို့ပါဘဲ။မငြိမ်းအေးစေတဲ့ကိလေ သာတွေအားကောင်းနေလို့ပါဘဲ။ ငြိမ်းအေးစေတဲ့သတိ ဥာဏ်တွေ သူတော်ကောင်းတွေရဲ့စိတ်ထားတွေ
မိမိတို့ သဏ္ဌန်မှာအားနည်းနေ သေးလို့ပါဘဲ။
ယျေဘူယျ အ နေနဲ့ပြောရရင်တော့ မေတ္တာအားနည်းပါးသူဟာဒေါသ တွေကြီးပြီး အရာရာတိုင်းကိုအပြစ်မြင် တတ်တဲ့စိတ်တွေနဲ့လုပ် နေ ပြောနေ ကြံနေတတ်ပါတယ်။ ကရုဏာအားနည်းသူတွေဟာ သူတပါးကို ထိခိုက်နစ်နာအောင် လုပ်တတ်တဲ့သူတပါးကို

နှိပ်စက်ညှင်းပန်းတတ်တဲ့စိတ်တွေအားကောင်း နေတတ်ပါတယ်။ မုဒိတာအားချို့တဲ့သူတွေကကျတော့မနာလို
ဣိသာစိတ်တွေ သာ သူကိုလွှမ်းမိုး နေတတ် ပါတယ်။
ဥပေက္ခာအားနည်းသူတွေကျတော့လဲ ဟိုထဲပါ ဒီထဲပါ ဟိုဟာဘက်လိုက် ဒီဟာ ဘက်လိုက်
နဲ့မတည်မငြိမ်အမြဲဖြစ်နေတတ် ပါတယ်။
ခံစား
လွယ်တဲ့စိတ်နဲ့ကြိုက်စွဲမကြိုက်စွဲတွေအားကောင်း နေတတ်ပါတယ်။
အဲဒီလိုပါဘဲ။လောဘ အားကြီးသူဟာအကုန် လိုချင်တော့တာပါဘဲ။ ဒေါသအားကြီးသူဟာမြင်မြင် သမျှအလိုမကျ မ ကျေနပ်ဖြစ်နေ တော့တာပါဘဲ။ မောဟကြီးသူကျတော့လဲ မသိတာတွေများ
အဲဒီလိုပါဘဲ။လောဘ အားကြီးသူဟာအကုန် လိုချင်တော့တာပါဘဲ။ ဒေါသအားကြီးသူဟာမြင်မြင် သမျှအလိုမကျ မ ကျေနပ်ဖြစ်နေ တော့တာပါဘဲ။ မောဟကြီးသူကျတော့လဲ မသိတာတွေများ
ပြီးဇ ဝေဇဝါနဲ့ ပြောသမျှယုံ ရင်း ထင် ချင် သလိုထင် လုပ်ချင် သလိုလုပ်
ပြောချင် သလိုပြောနေတတ်ပါတယ်။ မာနကြီးသူတွေကျတော့လဲမောက်မာတဲ့စိတ်ထားနဲ့
နေရာတကာပြိုင် ရင်းကို်ယ့်ကိုယ်ကို အထင်ကြီးလွန်း နေတတ်ပါတယ်။
လိုရင်းက တော့မ ကောင်းတဲ့စိတ်တွေအား ကောင်းလေ လေ မ ကောင်းတဲ့ကာယကံ ဝစီကံ မ နောကံတွေဖြစ်ပြီးမငြိမ်းအေးလေ လေပါဘဲ။ တဖက်က ကောင်းတဲ့စိတ်တွေအားကောင်း လေ လေ ကောင်းတဲ့ကာယကံ ဝစီကံ မ နောကံတွေဖြစ်ပြီး
လိုရင်းက တော့မ ကောင်းတဲ့စိတ်တွေအား ကောင်းလေ လေ မ ကောင်းတဲ့ကာယကံ ဝစီကံ မ နောကံတွေဖြစ်ပြီးမငြိမ်းအေးလေ လေပါဘဲ။ တဖက်က ကောင်းတဲ့စိတ်တွေအားကောင်း လေ လေ ကောင်းတဲ့ကာယကံ ဝစီကံ မ နောကံတွေဖြစ်ပြီး
ငြိမ်းအေးလေ လေပါဘဲ။ ဒီတော့အ
ဖြေကရှင်းလာပါပြီ။ငြိမ်းအေးချင် ပါတယ်ဆိုရင် ကိုယ်စိတ်မှာကောင်းတဲ့စိတ်
ဓာတ်တွေများသည် ထက်များအောင် အားကောင်း သည်ထက်အားကောင်းအောင်
ကြိုးစားလေ့ကျင့်ဖို့တစ်ခုသာရှိပါတော့တယ်။
မနက်လင်းကထဲက လေ့ကျင့်စေချင် ပါတယ်။"ငြိမ်းအေးချင် လိုက်တာ"ဆိုတဲ့နှလုံး သွင်းလေးကိုကိုယ့်စိတ်ထဲမှာခိုင်မြဲနေ အောင် အထပ်ထပ်နှလုံးသွင်းထားစေချင် ပါတယ်။
ငြိမ်းအေးချင် လိုက်တာဆိုတဲံ့စိတ်နဲံ့ငါအရာရာ ကိုငြိမ်းအေးအောင် ဆက်ဆံမယ်ဆိုပြီး

ကိုယ့် ကိုယ်ကိုသတိပေးထားစေလိုပါတယ်။ မိမိ ရဲ့မိသားစု။မိမိ
ပါတ်ဝန်းကျင် ။နောက်ဆုံးတစ်လောကလုံးနဲ့ ဆက်ဆံရာမှာလဲငြိမ်းအေးလိုတဲ့ကာယကံ
ဝစီကံ မ နောကံတွေနဲ့သာဆက်ဆံသွားစေလို ပါတယ်။ မိမိသ ဘောမညီနိုင် တာတွေရှိရင်
လဲငြိမ်း အေးလိုတဲ့စိတ်နဲ့သာအ ကျေအလည် ပြောဆို ပါမယ်။လက်မခံနိုင်
တာတွေရှိရင် လဲကိုယ့်စိတ်မှာမပူလောင် ဘဲလက်မခံဘဲ နေလို့ရတာပါဘဲ။
ဘယ်လိုမှညှိနှိုင်းလိုမရနိုင် ရင် လဲကိုယ့်ဖက်ကသာ ငြိမ်းအေးလိုတဲ့စိတ်နဲ့နောက်ဆုတ်ပေး ရမှာပါ။ အာရုံက တော့ငြိမ်းအေးချင် မှငြိမ်းအေးပါ လိမ့်မယ်။ကိုယ့်ဖက်ကသာငြိမ်းအေးချင် တဲ့ စိတ်နဲ့တုံ့ပြန် ရမှာပါ။ပူလောင် စွာတုံ့ပြန် ရင် လဲနှစ်ဦးနှစ်ဖက်ပူလောင်ကြဖို့သာရှိပါတယ်။ ကိုယ်ဖက်ကသာငြိမ်းအေးလိုတဲ့စိတ်နဲ့ငြိမ်းအေး စွာတုံ့ပြန်ခဲ့ရင် အနည်းဆုံးကိုယ့်တစ်ဖက်

တော့ငြိမ်းအေးနိုင် ပါလိမ့်မယ်။ ငြိမ်းအေးချင်
တဲ့ဆန္ဒရှိသူဟာဒီလောက်တော့ သည်းခံနိုင် ဖို့လိုပါတယ်။ဒီလောက်တော့ကြိုး
စားလေ့ကျင့်ဖို့လိုပါတယ်။
"ငြိမ်းအေးချင် လိုက်တာ" ဆိုတဲ့နှလုံးသွင်းကို မိမိသဏ္လန်မှာမ ပျောက်ပျက်အောင်ကြိုးစား ရင်းနဲ့ မိမိရဲ့ပြုပြုသမျှသောကာယကံအမှု ဟူသမျှဟာငြိမ်းအေးဖို့ကိုသာညွတ်သင့်ပါတယ်။ မိမိရဲ့ဝစီကံမှုဟူသမျှဟာလည်းဘဲငြိမ်း အေးမှုကိုသာညွတ်စေ ချင် ပါတယ်။ မိမိရဲ့မ နောကံမှုဟူသမျှက တော့အ ရေးအ ကြီးဆုံးဘဲပေါ့။မ နောကံဟူသမျှသာငြိမ်းအေး လိုတဲ့စိတ်နဲ့ ငြိမ်းအေးမှုကိုသာညွတ်နေမယ် ဆိုရင်တော့ အရာရာငြိမ်းအေးနေပါပြီ။
ဒီလိုသာမိမိစိတ်ကိုဂရုစိုက် ရင်းငြိမ်းအေးချင် တဲ့စေတနာနဲ့အတူသတိ ဝိရိယပါတွဲပြီး ငြိမ်းအေး

အောင်ဆောင် ရွက် သွားနိုင်
မယ်ဆို ရင် တော့မိမိရဲ့ကာယကံ ဝစီကံ မ နောကံ
တွေဟူသမျှအကုသိုလ်မဖြစ်ဘဲ
ကုသိုလ်ဖြစ်နေပါ တော့မှာပါ။ တကယ်တော့ဒါဟာ ဘဝထဲမှာ ဘုရားဟောသလို
အကုသိုလ်မဖြစ် ကုသိုလ်ဖြစ် အောင်လေ့ ကျင့်နေတာပါဘဲ။
သမ္မပ္ပဓာန်အကျင့်ကိုဘဝထဲမှာကြိုးစားလေ့ ကျင့်နေတာပါဘဲ။
သူတော်ကောင်းတွေသာဓုခေါ်တဲ့မြင့်မြတ်တဲ့အကျင့် မို့ ကျင့်ရကျိုး လဲနပ်လှပါတယ်။
တကယ်တန်းပြောရ ရင် မိမိလဲငြိမ်းအေးချင် လှပါတယ်။
သမ္မပ္ပဓာန်အကျင့်ကိုဘဝထဲမှာကြိုးစားလေ့ ကျင့်နေတာပါဘဲ။
သူတော်ကောင်းတွေသာဓုခေါ်တဲ့မြင့်မြတ်တဲ့အကျင့် မို့ ကျင့်ရကျိုး လဲနပ်လှပါတယ်။
တကယ်တန်းပြောရ ရင် မိမိလဲငြိမ်းအေးချင် လှပါတယ်။
တခြားသူတွေကိုလည်းငြိမ်းအေးစေချင် ပါတယ်။
မိသားစုတွေအချင်းချင်းလည်းငြိမ်းအေးစေ ချင် ပါတယ်။ ရဟန်းအဖွဲ့အစည်း
လူအဖွဲ့အစည်းအား လုံးကိုလည်းငြိမ်းအေးစေချင် ပါတယ်။
မိမိတန်ဖိုးထားရတဲ့သာသနာတော်ကြီးမှာ လည်းငြိမ်းအေးမှုတွေသာလွှမ်းမိုးစေချင် ပါတယ်။ တနိုင် ငံလုံး တစ်လောကလုံးသာငြိမ်းအေးနေမယ်ဆိုရင် တော့ဒီ့ထက်ဝမ်းမြောက်ဖို့ကောင်းတာ မရှိ နိုင်တော့ပါဘူး။
မဖြစ်နိုင် တာတွေပြောနေတယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင် သ လောက်နီးစပ် ရာတွေမှာ ငြိမ်းအေးတဲ့ ပါတ်ဝန်းကျင် တခု ဖြစ်အောင် ကြိုးစားတည်ဆောက်ကြဖို့

အားလုံးမှာတာဝန်
ရှိပါတယ်။ အဲဒီလိုမှမဟုတ် ရင်တော့ တချိန်မှာငြိမ်းအေးချင် လိုက်တာ
ဆိုတဲ့လူသားတွေရဲ့ဆန္ဒမွန် တခုလောကထဲ က နေပြီးလုံးဝ ပျောက်ကွယ်သွားတော့
မှာသေချာလှပါတယ်။
အခုတောင် ဒီစကားလုံးလေးတွေဟာနေရ ကွက်ပြီး မှိန်မှိန်က လေးလင်းနေရရှာတာပါ။ အဲဒီအဖြစ်ဟာအလွန်ဝမ်းနည်းဖို့ကောင်းလှပါတယ်
အခုတောင် ဒီစကားလုံးလေးတွေဟာနေရ ကွက်ပြီး မှိန်မှိန်က လေးလင်းနေရရှာတာပါ။ အဲဒီအဖြစ်ဟာအလွန်ဝမ်းနည်းဖို့ကောင်းလှပါတယ်
မေတ္တာဖြင့် Pe Thet Tun
Comments
Post a Comment