အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton


ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

သူမရဲ့ မွေးနေ့ ပါတီကို West Hollywood ရဲ့ Greystone Manor ကလပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပန်းရောင်တောက်တောက်ဝတ်စုံနဲ မွေးနေ့ ပါတီကို တက်ရောက်လာခဲ့တာပါ။ အစ္စရေးလူမျိုး ဒီဇိုင်နာ Alon Livne ရဲ့ ၀တ်စုံဟာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို လှပပေါ်လွင်စေခဲ့ပါတယ်။ အနီရောင်ကော်ဇော်လျှောက်လမ်း မှာ ဓာတ်ပုံဆရာတွေက တဖျပ်ဖျပ်ရိုက်ကျတဲ့အခါမှာ Paris Hilton ဟာ သူမရဲ့ စကတ်ကို ခဏခဏ ဖြန့် ပြီး ရှည်သွယ်တဲ့ ခြေထောက်အလှနဲ့ နေလောင်ခံထားတဲ့ ဘီကီနီဝတ်စုံအရာ လေးကိုပါ လှစ်ဟပြနေခဲ့တာပါ။ ဒါပေမယ့် ဆိုးရွားတာတစ်ခုကတော့ Paris Hilton ဟာ အတွင်းခံဘောင်းဘီ ၀တ်ဆင်လာခြင်းမရှိဘဲ သူမခန္ဓာကိုယ်အောက်ပိုင်းအတွင်းသားတွေကို ပေါ်ပေါ်ထင်ထင် လှစ်ဟပြခဲ့တာပါ။

သူမဖက်ရှင်ကို သူမကိုယ်တိုင်သဘောကျနေတဲ့ Hilton ကတော့ “ ဒီဝတ်စုံက The Runaway ဖက်ရှင်ရှိုးက ဂါဝန်ဝတ်စုံလေးပါ။ ဒီဝတ်စုံလေးကို ကျွန်မမွေးနေ့ မှာ ၀တ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီဝတ်စုံက ဘာဘီမင်းသမီးဝတ်စုံလေးကျနေတာပါပဲ” လို့ US Weekly သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟောလီးဝုဒ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Paris Hilton ဟာ ဒီဇိုင်နာ Livne ကို Instagram က တစ်ဆင့် ချီးကျုးစကားဆိုခဲ့ပါသေးတယ်။

Ref: upi.com

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)