စည်းလုံး ရိုင်းပင်းကြဖို့ ဒေါ်စု ပြောသော်လည်း ပြည်ပရောက်မြန်မာများ အချင်းချင်းယုတ်မာနေကြဆဲ
လူထုခေါင်းဆောင် ခေါ်
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက်
အိပ်ဖွင့်ပေးစာ ပေးပြီး ၅ ရက်အကြာမှာ KIA က လက်နက်ငယ်များနဲ့ လူ ၇ ယောက်ကို
ပစ်သက်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို KIA က
ေ-ာက်ပေါကြီးဖြစ်အောင်လုပ်နေတယ် လို့ ဝေဖန်သူတွေအများအပြားရှိခဲ့ပါတယ်။
ဝေဖန်သူတွေထဲမှာ ပြည်ပရောက်မြန်မာတွေက အများဆုံးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ပရောက်မြန်မာတွေအတွက် အချင်းချင်းစည်းလုံးကြဖို့၊ ရိုင်းပင်းကြဖို
့ အမြဲပြောဆိုတတ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်လိုပြောတတ်ပါတယ်။ ဒါပေမယ့်လည်း ပြည်ပရောက်မြန်မာတွေကလည်း KIA လိုပဲ ဒေါ်အောင်ဆန်းစုကြည်စကားကို
နားမထောင်ပဲေ-ာက်ပေါလုပ်တတ်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား ချစ်ကြည်ရင်းနီးဖို့ပြောပြီးမှ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ရန်ဖြစ်နေပြန်၊ အပြန်အလှန်တရားစွဲဆိုနေပြန်တော့ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုသလို ဖြစ်နေပါတယ်။ အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားပြီး မြန်မာနိုင်ငံမှာ အနှစ် ၃၀ ကျော် မနေခဲ့တော့ ယနေ့နောက်လူတွေကို ”စောင့်လေမျိုးနွယ်” ဆိုတဲ့အတိုင်း အမျိုးဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ မဆုံးမနိုင်သလို၊ နိုင်ငံအတွက် အလုပ်အကျွေးပြုဖို့ ပြန်လာရန်မပြောနိုင်ပြန်ပါဘူး။ မြန်မာအချင်းချင်း စည်းလုံးကြဖို့သာ ပြောနိုင်ပေမယ့်လည်း အပြောပဲအဖတ်တင်ပါတယ်။ လောလောဆယ် အဖွဲ့ပေါင်းများစွာကွဲနေတဲ့ အတိုက်အခံ အဖွဲ့တွေတောင်အချင်းချင်းမတည့်ကြပြန်ပါဘူး။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေတင်ပြီး အမေစု အမေစု အမြဲခေါ်တဲ့ သားများ သမီးများက အင်တာနက်ပေါ်မှာ ရည်းစားတွေထားကြ၊ အပြင်ထိ လိုက်တွေ့ကြ၊ အင်တာနက်ပေါ်မှာ ပြချင်တာပြကြ၊ အပြင်ထိလိုက်ပြီး အတူနေကြ လုပ်နေကြတဲ့အပြင် မိန်းခလေးများကလည်း အရှက်မရှိ ပြောင်ပြောင်တင်းတင်းလုပ်နေကြသလို
ယောက်ျားလေးများကလည်း ပြောင်ပြောင်တင်းတင်း ယုတ်မာနေကြပါတယ်။
ဒီမိုကရေစီဘက်တော်သားတွေဟာ အထူးသဖြင့် လိင်မှုကိစ္စတွေမှာ အမြဲ ရှုတ်နေတတ်ကြပါတယ်။ မဗေဒါ (ခေါ်) မအေးအေးခိုင် ဆိုရင်လည်း ဦးတင်စိုး နဲ့ ဦးစိန်ဝင်း ဆိုပြီး ယောက်ျားနှစ်ယောက်၊ မငယ်နိုင်ဆိုရင်လည်း ဦးကျော်နိုင်အပြင် မိုးသွေးငယ်နဲ့ နောက်မီးလင်းပြန် ၊ RFA က အင်ကြင်းနိုင်ဆိုရင်လည်း VOA က သားညွန့်ဦးအပြင် စိုင်းသိန်းဝင်း နဲ့ မောင်တွေ မ တွေ ဖြစ်ရ၊ RFA က မဆုမွန်ဆိုရင်လည်း ဘုန်းကြီးကိုတောင် အလွတ်မပေးပဲ အွန်လိုင်းမှာ ရည်းစားလုပ်နဲ့ ဒီ ကာမဂုဏ်လေးအတွက်နဲ့ အလုပ်များကာ သတင်းဆိုးနဲ့ ကျော်ကြားနေကြပါတယ်။
အခုနောက်ဆုံး စင်္ကာပူကပေးစာ တစ်စောင်ကို ပြပါအုံးမယ်။ စင်္ကာပူက မိန်းကလေး တစ်ယောက်က
မြန်မာအချင်းချင်း အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခံရတော့မယ့် အခြေအနေမှ လွတ်မြောက်လာကာ စင်္ကာပူက မြန်မာအမျိုးသားများရဲ့ အကျင့်ယုတ်မာပုံကို ပြောထားပါတယ်။
စင်္ကာပူမှာ ဒီလိုကိစ္စတွေ အမြဲလိုလိုဖြစ်နေတတ်ပါတယ်။ စင်္ကာပူက မြန်မယ ယောင်္ကျားလေးများက နိုင်ငံခြားယောက်မြန်မာ ယောင်္ကျားလေး များထဲမှာ မလေးရှားပြီးရင် စည်းကမ်းမရှိဆုံးလို့
ပြောလို့ရပါတယ်။ စင်္ကာပူက မြန်မ ယောင်္ကျားလေး တစ်ယောက်က အတူနေပြီးမှ လက်မထပ်လို့ ဆိုပြီး တိုက်ပေါ်မှ ခုန်ချခဲ့ရတဲ့ မြန်မာအမျိုးသမီးတစ်ဦး စင်္ကာပူမှာ ရှိခဲ့ဖူးပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ရေသိုလှောင်ရေး ကန်တွေကြားမှာလဲ မြန်မာတွေ လိင်ဆက်ဆံကြလို့စင်္ကာပူ
အာဏာပိုင်တွေဆီကို အရေးယူဖို့ ဒေသခံတွေက တိုင်ကြားခဲ့ဖူးပါတယ်။
စင်္ကာပူက မြန်မာအမျိုးသမီးအများစုကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အဝတ်အစားတွေကို အမြဲဝတ်တတ်ကြပြီး စကားပြောရင်လည်း တရှစ်ရှစ် (shit) တဖက်ဖက် (fuck) နဲ့ ပါးစပ်က မချတတ်ကြပါဘူး။ ယောက်ျားလေးများနဲ့ ပြောင်ပြောင် တင်းတင်းလက်မထပ်ပဲ အတူနေကြတဲ့အပြင် ညအချိန်မှာ ကလပ်တွေသွားတာ၊ ဖဲရိုက်ကြတာ၊ ဘီယာ အရက် သောက်ကြတာတွေကို လူ့အခွင့်အရေးအပြည့်အဝ ရသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ သောက်စား ပျော်ပါးတတ်ကြပါတယ်။
ဒီစာကတော့ စင်္ကာပူောက် အမျိုးသမီး တစ်ယောက်ရဲ့ ရင်ဖွင့်စာပါ။
" ဇော်ဇော်အောင် ကျမ chat box ထဲကို ပို့ လာတဲ့ စာပါရှင် .။ မိန်းခလေးတို့ ရေ..သူပြောသလိုပဲ စလုံးမှာ ရှိတဲ့ မိန်းကလေးတွေဟာ သူလူပျိုပါလို့ လိမ်လည်လှည့်ဖျားတာခံရလောက်အောင် မအပါဘူးဆိုတာ ကျမအတွေ့ အကြုံနဲ့ ဆိုရင်မှန်နိုင်ပါတယ်.။ ကျမ မအခဲ့လို့ ၊ သူ့ စိတ်ဓာတ် မကောင်းမှန်းသိလို့ ၊ သူမြူဆွယ်ဖျားယောင်းပီး မူးယစ်စေတဲ့ ဘီယာအရက်လိုမျိုးတွေကို မသောက်ခဲ့လို့  သူ့ စော်ကားတာ မခံခဲ့ရတာပါ.။ ကျမသူနဲ့ သာမာန်ပဲ သိတာပါ..။ အဲ့ဒီလို စင်ကပူ ရောက်ခါစ မိန်းကလေးတယောက်ကို ညီမလေး ညီမလေး နဲ့ အတင်းဆက်သွယ်ပီး တညကျတော့ သူ့ ဆိုင်ကို လိုက်ပြမယ်ဆိုပီး အိမ်ကို လာခေါ်ပါတယ်..။ သူ့ ကို ကျမမိန်းမရှိမှန်းမသိခင်တဲက ရွံရှာစက်ဆုပ်ပါတယ်.။ အဲ့ဒါကြောင့် သူကျမကို ခြေတော်တင်ဘို့ ကြံစည် ကြိုးပမ်းနေမှန်း သိလို့  သူ့ အကြံအစည်မှန်သမျှကိုလဲ သိချင်လို့ တမင်လိုက်သွားလိုက်ပါတယ်.။ လမ်းမှာ သူတိုက်သမျှ ဘယ်အရာမှ မသောက်ပါဘူး.။ ပထမဦးဆုံး လမ်းလျှောက်ရအောင်လို့ ပြောပီးခေါ်တဲ့ သူက ကလပ် ( Club ) ကို အတင်း ခေါ်ဘို့ ကြိုးစားပါတယ်.။ ကျမမလိုက်ပါဘူး.။ နောက်တော့ သူက

ကျမကို သူ့ ဆိုင်ကို ခေါ်ပါတယ်.။
ကျမသူ့ ဆိုင်နားရောက်တဲ့ အချိန်မှာ သူ့ ဆိုင်ရှေ့ကဆိုင်မှာ လူတွေရှိနေတာကိုလဲ ကျမလုံခြုံရေးအရ
ကြိုတင် အကဲခတ်ထားခဲ့ပါတယ်..။ သတင်းစာတွေကပ်ထားပီး မီးပိတ်ထားတဲ့ အခန်းကို " ညီမလေး
ခဏဝင်နားပါလား " ဆိုပီး အတင်းခေါ်ပါတယ်..။ ကျမအေးဆေးစွာ ငြင်းပယ်ပါတယ်.။ မရပါဘူး..။
နောက်ဆုံး အတင်းခေါ်တော့ ကျမ သူ့ ကို ပိုးစိုးပက်စက် ပြောပီး ပြန်လာခဲ့ပါတယ်.။ သူနဲ
့မပတ်သတ်ချင်လို့ သူ့ ကို ကျမဆီကို ဖုန်းဆက်သွယ်ခြင်း မပြုလုပ်ဘို့ ပြောတဲ့ အချိန်မှာ
သူ့ မိန်းမ ဖုန်းကိုင်လို့  သူ့ မိန်းမ နဲ့တောင် စကားပြောခဲ့ရပါသေးတယ်။ သူ့ မိန်းမကလဲ
သူမိန်းကလေးမှန်သမျှကို ခြေတော်တင်နေမှန်းသိပါတယ်.။ သူ့ မိန်းမက ဒီမုဒိန်းကောင်ရဲ့
ယုတ်မာတဲ့ အကျင့်တွေကို ပြောင်းလဲလို့ မရခဲ့ပါဘူး..။ သူ့မိန်းမကိုယ်တိုင် ကျမကိုပြောပါတယ်.။
သူ့ ကြောင့် ဗိုက်ကြီးသွားတဲ့ မိန်းကလေးတွေ အများကြီးဆိုတဲ့ အကြောင်း ၊ ဖခင်မပေါ်ဘဲ
မွေးလိုက်ရတဲ့ ကလေးတွေလဲ ရှိကြောင်း ပြောပြပါတယ်..။ သူ့ မိန်းမက အေးဆေးသိမ်မွေ့ ပါတယ်.။
နောက်ပိုင်းထပ် သိရတာက သူကမိန်းကလေးတွေ ၊ အပျို ၊ အအို မရွေး ခြေတော်တင်နေတယ်

ဆိုတာပါဘဲ.။
ကျမနဲ့ သိတဲ့ အိမ်ထောင်ရှိတဲ့ အမတောင် သူခြေတော်တင်ခဲ့ပါသေးတယ်.။ အဲ့ဒီလိုပဲ ဘီယာတိုက်ပီးတော့မူးနေတဲ့
အချိန်မှာပါ။
ကျမပြောချင်တာက သူက မိန်းကလေးတွေကို အလိုမတူရင် ဘာမှလုပ်မရဘူးဆိုပေမဲ့ သူက အရက်ကဲ့ သို့ သော မူးယစ်စေတတ်တဲ့ အရာတွေကို သူငယ်ချင်း မိတ်ဆွေလိုမျိုး အရင်တိုက်တာပါ.။ စင်ကပူမှာ ရှိနေတဲ့ မိန်းကလေးတွေကလဲ ဘီယာလောက်ကို သောက်ဘို့ သိပ်ဝန်မလေးကြပါဘူး.။ အဲ့ဒီမှာ သူက စပီး ဘီယာ တခွက်လောက်တိုက်ပီးမှ နောက်ထပ် ဆက်ခါ ဆက်ခါ တိုက်ပီး ခြေတော်တင်တာပါ..။ မိန်းကလေးတွေက စော်ကားခံလိုက်ရပေမဲ့ သူ့ ကို လူပျိုဆိုပီး တခြားနိုင်ငံမှာ ဘာမှ မလုပ်တတ်လို့ 

သည်းခံလိုက်ကြတယ်.။ ဒါပေမဲ့ သူက အိမ်ထောင်ရှိမှန်းလဲ သိရော တော်တော်စိတ်မကောင်း
ဖြစ်ကြမယ်ဆိုတာ
ကျမကဲ့သို့ သူ့ ထောင်ခြောက်ကို ဝင်မသွားခဲ့တဲ့သူတောင် စာနာ နားလည်နိုင်ပါတယ်.။ ဒါ့ကြောင့်
မိန်းကလေးများ သတိပြုဆင်ခြင်ကြပါ.။ အဲ့ဒီလို မုဒိန်းကောင်ကို တတ်နိုင်သမျှ
ရှောင်ရှားကြပါလို
့ သတိပေး နိုးစော်ချင်ပါတယ်။ သူ့ ဆိုင်က printing and internet ဆိုင်မို့ လို့  ဝင်ထွက်သွားလာနေကြတဲ့
မိန်းကလေးများလဲ သတိထားကြပါလို့ . ။ သူပြောသလိုပဲ သူ့ ပတ်ဝန်းကျင်မှာ သူ့ အကြောင်း
မေးလို့ ရတယ်လို့ ပြောထားတဲ့ အတွက် ကျမကလဲ ပြန်ပြောချင်ပါတယ်။ သူ့ ပတ်ဝန်းကျင်မပြောနဲ့
ပင်နီစူလာ ရောက်လို့ အောက်ထပ်မှာမေးလိုက်ရင်တောင် အပျို အအိုမရွေး ခြေတော်တင်တဲ့ သူ
့အကြောင်းကို ပြောပြကြပါလိမ့်မယ်.။ မိန်းကလေးများ ခံလိုက်ရမှာစိုးလို
့ သတိပေးတာပါ.။"
မိန်းခလေးရဲ့ သိက္ခာအတွက် အမည်မဖော်ပြပေးနိုင်တာကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ နိုင်ငံခြားရောက်မြန်မာများအားလုံး ဆွေဂုဏ်မျိုးဂုဏ်စောင့်ထိန်းနိုင်ပြီး၊ မြန်မာ့ယဉ်ကျေးမှုအတိုင်း ဝတ်စားဆင်ရင် နေထိုင်ပြောဆိုကာ၊ အချင်းချင်း လူလည်ကျ ဖျံကြနေတာတွေ ရှောင်ရှားနိုင်ကြပါစေ....။

Comments
Post a Comment