မိန်းမအချင်းချင်း နမ်းရတာကို ကြိုက်ပြန်တဲ့ မိုင်လီဆိုင်းရပ်စ်


Saturday, March 1, 2014

ပြီးခဲ့သည့် စနေနေ့ညက လော့စ် အိန်ဂျလိစ်မြို့ရှိ စတေပယ် စင်တာ တွင် ပြုလုပ်ခဲ့သည့် မိုင်လီ၏ ဖျော်ဖြေပွဲတွင် ပွဲလာကြည့်သော ကေတီပယ်ရီ ကို နမ်းလိုက် သဖြင့် ရွှေပွဲ လာပရိသတ်များက ဖုန်းများဖြင့် အမိအရ ဓာတ်ပုံရိုက်ခဲ့ကြ သည်။

”မိန်းကလေးတစ်ယောက်ကို နမ်း လိုက်မိရုံပါပဲ။ ဒါပေမဲ့ ဒီခံစားမှုကို ကျွန် မ တကယ် အများကြီးနှစ်သက်မိတယ်”ဟု မိုင်လီက စမတ်ဖုန်းဖြင့် ဓာတ်ပုံ ရိုက် နေကြသော ပရိသတ် ဆီသို့ ပြောကြား ခဲ့သည်။

အဆိုပါ မိုင်လီ၏ ဖျော်ဖြေပွဲသို့ ဟောလီးဝုဒ် အကျော်အမော်များ ဖြစ် သော ကိုးလ်ကာဒါရှိန်း၊ ဟီလာရီ ဒပ်ဖ်၊ နီးကိုးလ်ရစ်ချီ၊ ခရစ္စတီးနား အဂွီလီ ရာတို့ တက်ရောက် ခဲ့ကြပြီး ကေတီ သည် ရှေ့ဆုံးတန်းတွင်
ကြည့်ရှုအား ပေးနေ ခဲ့ခြင်းဖြစ်သည်။

လာရောက် ကြည့်ရှုကြသော ပရိ သတ်ထောင်သောင်း များစွာ၏ ရှေ့ မှောက် တွင် ဤကဲ့သို့ အပြုအမူမျိုးကို ပြုလုပ်လိုက်မိသည့် အတွက် မိုင်လီမှာ အနည်းငယ်မျှ ရှက်ရွံ့ မိခြင်း၊ စိတ်ပျက် ခြင်းမရှိကြောင်း ပြန် လည်ပြောကြားခဲ့ သည်။

ထို့အပြင် ကေတီကလည်း သူမ ၏ တွစ်တာ စာမျက်နှာပေါ်တွင် ”နမ်း ပြီးသွားတော့မှ ငါနင့်ကိုပိုချစ်လာတယ်”ဟု ရေးသားသွားခဲ့သည်။

KTZO
Ref : Yahoo

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)