သင့်ချစ်သူကို မနမ်းခင် ဒါတွေကို မဖြစ်မနေ သိထားပေးပါ(+18)
အနမ်း နဲ့ ကျန်းမာရေး
မေး။ လူတယောက်နဲ့ တယောက် mouth to
mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။
ဖြေ။
mouth to mouthဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ်
ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။
နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။ တရားဝင် ခေါ်ကြတာက French
kiss ဖြစ်ပါတယ်။
လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို
Light Kissing ခေါ်တယ်။ ပေါ့ပေါ့ပါးပါးသဘော။ French Kissing ကို Deep Kissing
သတ်မှတ်တယ်။ အထဲထိ နက်တယ်။ French kiss နမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့
နောက်တယောက်ရဲ့ လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။
Slow passionate တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ Intimate
သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖြစ်ရတယ်၊ Erotic or sexual
လိင်စိတ်တွေ ဖြစ်ပေါ်လာစေမယ်။
ပြင်သစ်လို Baiser amoureux (Love
kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့
နမ်းတယ်လို့ ခေါ်တယ်။ အရင်တုံးက Florentine kiss လို့လဲ ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့
Ice skating shoe (Galoche) လို့ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။
Erotic kiss လိင်စိတ်-အနမ်းသဘော
သက်ရောက်တာက အဖ်ါရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့
ဖြစ်တယ်။ Oral zone ပါးစပ်ဝန်းကျင်ဟာ Principal erogenous zone ကိုယ်ခန္ဓာရဲ့
လိင်စိတ် နှိုးထစေတဲ့ ပင်မနေရာ ဖြစ်ပြီး လျှာက အထွတ်အထိပ်ကျတယ်။
Steps ဘယ်လို နမ်းကြသလဲ -
၁။ Moisten your lips အရင်ဆုံး
နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။
၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။
နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။
၃။ Close your eyes နမ်းခါနီးတုံးက
တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ်
လိုက်ပြီးမှ ပြန်ဖွင့်တယ်။
၎။ Start with a gentle and soft
closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။
၅။ Go Dutch on the decision to
French Kissing တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။
၆။ Explore with your tongue
လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို
သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။
၇။ Go slow စိတ်ရှည် ဖြေးလေး
အချိန်ပေးပါ။
၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။
၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ
ရောနှောသွားကြပါစေ။
၁ဝ။ Use your hands အစမှာ
ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ် လို့ရပါပြီ။
၁၁။ Read your partner's body
language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့ စိတ်ကို သဘောပေါက်ပါ။ Good
kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ)
ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။
လက်တွေ့ ရှိထားသူတွေကနေ (ရှယ်)
ကြတာတွေ ရှိပါတယ်-
- နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။
သူ့ဖါသာ နားလည်လာကြတာပါ။
- Don't saliva too much သွားရည်
သိပ်မများအောင် ဂရုစိုက်ပါ။
- Just massage her tongue with yours
လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။
- Follow her lead if she wants to
မိန်းကလေးကို ရှေ့ကပြေးပါစေ။
- My boyfriend likes it when I move
my tounge in a circular motion ကျမရည်းစားက ကျမလျှာ ကို စက်ဝိုင်းလည်သလို
လုပ်ပေးတာကို သိပ်သဘောကျတယ်ရှင့်။
တာဝန်အရ သတိပေးပါရစေ -
• Light kissing ပေါ့ပေါ့ပါးပါး
နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာ
(ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊
အအေးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။
• Ugly, dripping, oozing, puss-filled
sores မြင်သာတဲ့ မန်းရည်လို၊ ပြည်လို အနာရှိနေသူကို သွားမနမ်းပါနဲ့။
အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။
• Sexually transmitted diseases
လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား
(၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ
ကူးနိုင်တယ်။
• အဖေါ်အကြောင်း ကောင်းကောင်း မသိရင်
အန္ကရာယ်နဲ့ မကစားတာ ကောင်းတယ်။
နောက်တခုလဲ သတိပေးအုံးမယ်။
ငယ်တုံးရွယ်တုံးမှာ French kissing ကို အဖေါ်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly
increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရစေဘို့ ပိုပြီးနီး
စပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။
DR TINT SWE
Singapore Feel
Comments
Post a Comment