ဒေါသ၀င်လာရင်ဖြေဖျောက်နည်း ( ၁၁ ) နည်း


(1)မေတ္တာပွား၍ဖျောက်ခြင်း
(2)မြတ်စွာဘုရား၏ အဆုံးအမ သြ၀ါဒကို ဆင်ခြင်၍ဖျောက်ခြင်း
(3)ရန်သူ၏ကောင်းကွက်ကိုရှာ၍ဖျောက်ခြင်း
(4)သနား၍ဖျောက်ခြင်း
(5)မိမိကိုယ်ကိုဆုံးမ၍ဖျောက်ခြင်း
(6)ကမ္မဿ ကတာဉာဏ်ဖြင့်ဖျောက်ခြင်း (ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့သိတဲ့ဉာဏ်)
(7)သည်းခံပုံဇာတ်တော်လာများဖြင့် ဖျောက်ခြင်း
(8)သံသရာတလျှောက်၌ ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ဖျောက်ခြင်း
(9)မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း


(10)ဓာတ်ခွဲ၍ဖျောက်ခြင်း
(11)ဥစ္စာပေး၍ဖျောက်ခြင်း
 
နံပါတ်(1)ကတော့ ထုံးစံအတိုင်းမေတ္တာသုတ်ရွတ်တာတို့၊မေတ္တာပို့တာတို့ကိုဆိုလိုပါတယ်
 

နံပါတ်(2)ကတော့ ဘုရားဟောတွေကိုဆင်ခြင်သုံးသပ် သံဝေဂရပြီးဖြေဖျောက်တာကိုဆိုလိုပါတယ်
 

နံပါတ်(3)ကတော့ ကိုယ်ဒေါသထွက်သူရဲ့ကောင်းကွက်လေးတွေကို စဉ်းစားပြီးဖြေလျှော့တာကိုပြောတာပါ
 

နံပါတ်(4)ကတော့ သူ့ရဲ့သနားစရာအဖြစ်အပျက်တွေကိုေေ တွေး၍ဖျောက်ခြင်းကို ဆိုလိုပါတယ်
 

နံပါတ်(5)ကတော့ ကိုယ့်ကိုကိုယ် ငါဒီလိုဒေါသမထွက်သင့်ဘူး စသည်ဖြင့်ဆုံးမပြီး
ဖြေဖျောက်တာကိုပြောတာပါ
 

နံပါတ်(6)ကတော့ ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ ဆင်ခြင်ပြီးဖြေဖျောက်တာပါတဲ့
 

နံပါတ်(7)ကတော့ ဘုရားလောင်းရဲ့ ဇာတ်တော်တွေထဲကသည်းခံပုံတွေကို 
ပမာပြုပြီးမိမိကိုယ်ကိုဆုံးမခြင်ပြီးဖြေလျှော့တာပါ
 

နံပါတ်(8)ကတော့ ကိုယ်နဲ့သူသံသရာတစ်ကွေ့ ဘ၀တစ်ခုခုမှာ ဆွေမျိုးတော်ချင်တော်နေမှာ၊ 
သူဟာကိုယ့်မိဘ၊ မောင်နှမစသည်ဖြင့်  တော်ချင်တော်ခဲ့မှာ ဆိုပြီးဖြေဖျောက်တာပါ
 

နံပါတ်(9)ကတော့ မေတ္တာပွားခြင်းအကျိုးတွေကိုဆင်ခြင်ပြီးဖြေဖျောက်တာပါ
 

နံပါတ်(10)ကတော့ ပြဿ နာကို အစိတ်စိတ်ပိုင်းပြီး သေချာဆင်ခြင်၍ အကြောင်းရင်းရှာပြီး ဖြေရှင်းတာကိုပြောတာပါ
 

နံပါတ်(11)ကတော့ ရန်ငြိုးပြေလိုပြေငြား သူကြိုတ်တတ်တဲ့ ပစ္စည်းပေးပြီး
 ဖြေဖျောက်တာပါ (ကိုယ်ကစလျှော့တာပေါ့)
 

ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ မေတ္တာအတွေးများ စာအုပ်ထဲမှကောက်နှုတ်ဖော်ပြပါသည်။

စိတ်ကူးပျော်ရာ

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)