ဆယ်ကျော်သက် မိန်းကလေး ၁၀ ယောက်မှာ ၄ ယောက်ဟာ အင်တာနက်ကို စွဲနေ

ဆယ်ကျော်သက် မိန်းကလေး ၁၀ ယောက်မှာ ၄ ယောက်ဟာ အင်တာနက်ကို စွဲနေကြောင်းနဲ့ ဆယ်ကျော်သက် ယောက်ျားလေးတွေ အပေါ်သက်ရောက်မှုရှိတာထက် ပိုကြောင်း ဆန်းစစ်လေ့လာချက် တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ tablet နဲ့ smartphone တွေကို အိပ်ရာထဲယူသုံးတဲ့အထိ မသုံးရမနေနိုင်အောင်တဲ့ လက္ခဏာပြတာတွေ များလာပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အိပ်ရာထဲမှာ ဖုန်းကို သုံးနေတာတွေ အစား သူတို့အတွက် မိဘတွေက နှိုးစက်နာရီဝယ်ပေးတာမျိုးတွေ လုပ်ပြီး ကျန်းမာရေးအတွက် ဖုန်းတွေ၊ tablet သုံးတာတွေကို အကန့်အသတ်ထားပြီး တားမြစ်ဖို့ လိုပါတယ်။ လေ့လာဆန်းစစ်မှုမှာ အသက် ၁၁ ကနေ ၁၇ နှစ်ထိ အရွယ်ရှိတဲ့ ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသားတွေကို မေးခွန်းတွေ မေးခဲ့ပါတယ်။ အဲ့ဒီ့အနက်က ၃၉ ရာခိုင်နှုန်းဟာ အင်တာနက်သုံးတာကို စွဲနေကြတယ်လို့ ယုံကြည်ရကြောင်း အဖြေထွက်ခဲ့ပါတယ်။ ယောကျာ်းလေး ၃၆ရာခိုင်နှုန်းဟာ အင်တာနက်စွဲနေတယ်လို့ ထင်ရတဲ့အချိန်မှာ မိန်းကလေး ၄၆ရာခိုင်နှုန်းက စွဲနေပါတယ်။ စစ်တမ်းကောက်ယူချက်အရ ယောကျာ်းလေးတွေဟာ ဗီဒီယိုဂိမ်းထဲ နစ်မြှုပ်နေချိန် မိန်းကလေးတွေကတော့ လူမှုကွန်ယက်တွေပေါ်မှာ သူငယ်ချင်းတွေနဲ့ ချက်ပြီး အချိန်ကုန်နေတယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)