ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)
အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာအတွက် အင်မတန်ကောင်းတဲ့ ဥပမာတခု ရလာပါတယ်။ ပညာပေးချင်တဲ့ ဆရာဝန် အတွက်တော့ ကောင်းတယ်ဆိုရပေမဲ့ ခံစားနေရသူမှာတော့ ဘဝတခုလုံးအတွက် သင်္ခန်းစာ အဆိုးကြီးတခု ရနေတာပါ။
အမည် (့)၊ အသက်။ ၂၈ နှစ်၊ အလုပ်အကိုင် (့)၊ နေရပ်လိပ်စာ (့)။ အခုဖြစ်နေတဲ့ ရောဂါကို ကျွန်တော် တစ်ယောက်တည်း ကျိတ်မှိတ်နေရပါတယ်။ အပြင်ဆေးခန်းတွေ သွားမပြရဲဘူး။ ကိုယ်သွားပြ လိုက်တဲ့ ဆေးခန်းက ဆရာလား ဆရာမလား မသိဘဲဖြစ်လို့ ဝင်မစစ်ဆေးရဲပါ။ ဆေးခန်း အပေါက်ဝက Nurse တွေက ဘာဖြစ်တာလဲ
ဘာရောဂါလဲ မေးရင်လဲ အဖြေရခက်တော့ ဘယ်လို ဝင်ပြရဲတော့မလဲ။ လူပျိုဘဝမှာ အာသာဖြေဖျောက်မှု့ကို ၇ ရက် တစ်ကြိမ်သာ ပြုလုပ်ပါတယ်။ အဲဒီ အတွက်ကြောင့်လား မသိဘူး ကျွန်တော့် လိင်တံဟာ သူများတွေထက် ပိန်လွန်းပါတယ်။ အဲဒီလို ပိန်တာကို ကျွန်တော် ကိုယ်တိုင် ကျေနပ်မှု မရှိတော့ ကြီးတဲ့ စက်ဆိုတဲ့ လိင်တံကို လေစုတ်ပြွန်နဲ့ လုပ်တဲ့စက်ကို ဝယ်ပြီး သုံးဖူးပါတယ်။ လပိုင်းလောက်တော့ ကြာတယ်။ ကြီးတော့ မလာခဲ့ပါဘူး။ တကယ်တော့ တုတ်မလာပဲ လိင်တံက အရေပြားကို ရှည်ထွက်လာစေပြီး လိင်တံပဲ ရှည်လာပါတယ်။ ကုလားရှင်ပြုခြင်း ခေါ်တဲ့ အရေပြား ထိပ်ဖြတ်ထားတာ မလုပ်ထားပါဘူး။ သူငယ်ချင်း တစ်ယောက်ဆီမှာ ပြောဖြစ်မိကြတယ်။ အဲဒီမှာ အဲဒီကောင်က သူဆေးထိုးထားတယ်။ အဆင်ပြေတယ်၊ မိုက်တယ်ဆိုတာနဲ့ ဒီကောင်ထိုးတဲ့လူဆီမအပ်ပဲ ရှက်လည်းရှက်တော့ ဘယ်သူမှမပြောပဲ မိမိဘာသာ လမ်းဘေးက ဆိုင်တွေမှာ ကိုယ့်ဘာသာ ဆေးထိုးအပ်သွားဝယ်ပြီး လမ်းဘေးဆိုင်က ငနဲတွေထိုးပေးတယ်ဆိုလို့ သွားထိုးလိုက်မိတယ်။ ကြားမိတာတော့ အဲဒီဆေးကို နည်းနည်းချင်း ထိုးရတယ် လို့တော့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆိုင်က ငနဲက ကျွန်တော့်ဟာက တအားသေးတော့ ၂ ကြိမ်တောင် ထိုးပေးခဲ့ပါတယ်။ အဲဒီဆေးထိုးပြီးရင် လိမ့်ချေပေးရတယ်လို့ ပြောပါတယ်။ အဲဒီလိုမချေပေးရင် ဆေးတွေဟာ တစ်နေရာထဲကို ခဲသွားတယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ လိမ့်ပြီးချေနေပါတယ်။ မိဘတွေ မောင်နှမတွေနဲ့နေတာဆိုတော့ မလွတ်လပ်ဘူးပေါ့။ အဲဒီတော့ ချေပေးတဲ့အခါ လိုအပ်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး ဆေးထိုးလည်း များသွားပုံရတယ်။ ဆေးတွေက တစ်ဖြည်းဖြည်း များသလိုပဲ ဖီးကြမ်းငှက်ပျောသီးထက် ပိုကြီးလာပါတယ်။ ဆေးတွေက တပြင်လုံးအပြင် လိင်တံ အရှေ့က အရည်ပြားထဲအထိ ဝင်လာပြီး လိင်တံရဲ့ ထိပ်ကို ဖွင့်လို့မရတော့ဘူး။ နောက်ဆုံး တဖြည်းဖြည်း သေးပေါက်တဲ့ အပေါက်ကို တော်တော်နဲ့ ဖွင့်မရတော့ဘူး ဖြစ်လာတယ်။ အဲဒါနဲ့ ကြောက်ပြီး ဆရာဝန်ဆီသွားပြ ဆေးခန်းတစ်ခုမှာ ခွဲဖို့ ပြင်လိုက်ပါတော့တယ်။ တစ်ဖြည်းဖြည်း ခဲခဲလာတတ် ပါတယ်။ ဆေးတွေထုတ်တဲ့ရက်က ဆေးထိုးပြီး ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီမှာ ဆရာဝန်က ထုံဆေးပေးပြီး ဆေးတွေကို ထုတ်ပေးပါတယ်။ ဒါပေမယ့် တစ်ချို့တွေ ကျန်လိမ့်မယ်လို့လည်း ပြောပါတယ်။ အဲဒီမှာ ခွဲစိတ်နေတုန်း ကျွန်တော့ ထုံဆေးက ပြေချင်လာပါတယ်။ အဲဒီတော့ ဆရာဝန်က အမြန်အမြန်ချုပ်လိုက်ပုံ ရပါတယ်။ ကျွန်တော့်လိင်တံဟာ ပုံထဲကအတိုင်းကို ဖြစ်သွားပါတော့တယ်။ အခု အဲဒီလိုဖြစ်တဲ့နောက်ပိုင်း အိမ်က မသိအောင် ဆေးရုံမှာမနေပဲ ခွဲပြီးပြီးချင်း အိမ်ပဲပြန်ခဲ့ပါတယ်။ ညှော်တော့ မိကောင်းမိခဲ့မယ် ထင်ပါတယ်။ အခု ကျွန်တော် အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့် ကျွန်တော့် လိင်တံဒဏ်ကို မိန်းမက မခံစားနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လိင်ဆက်ဆံပြီးတိုင်း ဖြစ်ဖြစ် မဆက်ဆံပဲ ထားတဲ့ အခါဖြစ်ဖြစ် တစ်ချက်တစ်ချက် ဆေးခဲနေတဲ့ နေရာတွေက ကိုက်သလိုလို နာသလိုလိုလေး ခံစားမှု အသေးလေးတွေ ခံစားလာမိပါတယ်။ အဲဒီလို ကိုက်သလိုလို ဖြစ်လာတာက ဒဏ်ရာကျက်ပြီး ၁ နှစ်ကြာပြီးမှ ခံစားလာရတယ်လို့ ခံစားမိပါတယ်။ အဲဒါ ကင်ဆာ ဖြစ်နိုင်သလား သိချင်လို့ပါ။ နောက်ပြီး လိင်တံတင်မကဘူးဆေးတွေက ဆီးပုန်း အထိကော ကပ်ပယ်အိတ် (ခေါ်) ဝှေးစေ့ အိတ်ထဲမှာပါ ပြန့်ပြီး ခဲနေပါတယ်။ Picture (C) မှာဖော်ပြတဲ့ အတိုင်း ဆေးတွေရောက်နေတယ်။ အဲဒီလို ဖြစ်ခြင်းအားဖြင့် ကလေးကော ရနိုင်ပါ့မလားလို့လည်း သိချင်ပါတယ်။ နောက်ပြီး အဲဒီအထဲက ဆေးခဲတွေကို ခွဲစိတ်မှု ပြုလုပ်ပြီး ဖယ်ထုတ်လို့ကော ရနိုင်ပါ့မလား။ နောက်ပြီး Picture (B) မှာပြထားတဲ့အတိုင်း ပိုထွက်နေတဲ့ နေရာက ကျွန်တော့် အတွက်ကော ဇနီးသည် အတွက်ပါ တအားအခက်ခဲဖြစ်နေလို့ အဲဒီနေရာကို ပလပ်စတစ် ဆာဂျရီ လုပ်လို့ ရနိုင်ပါ့မလား။ အဲဒီမှာ အမျှင်ကလည်း တစ်ခါတစ်လေ အတွင်းခံဝတ်တဲ့အခါ ဆွဲထားသလိုဖြစ်ပြီး နာနာနေတယ်။ အဲဒီအမျှင်လေးကို ဖြတ်ထုတ်လို့ကော ရနိုင်ပါ့မလား။ အကယ်၍ ဖြတ်ထုတ်လို့ရပါက ကလေးယူလို့ဖြစ်နိုင်ပါ့မလား။ Picture (D) က အမျှင်ကလေးကို ပြောတာပါ။ ဘယ်ဆရာဝန်နဲ့ ဘယ်လို ပြောပြရမလဲဆိုတာရယ် သိလို့ရနိုင်မလား။ ပလပ်စတစ်ဆာဂျရီ လုပ်လို့ရနိုင်ပါမလား။ ရနိုင်တယ်ဆိုရင် ဆေးရုံဖြစ်ဖြစ် ကောင်းမယ် ထင်တဲ့ဆေးရုံကို လမ်းညွှန်ပေးစေလိုပါတယ်။ ခွဲစိတ်တုန်းက ရရှိခဲ့တဲ့ ဆေးစာအုပ်ထဲက စာရွက်များကို scan ဖတ် ပြီး ဆရာ့ဆီပေးလိုက်ပါ့မယ်။ မေးတဲ့သူပို့တဲ့ပုံတွေဟာ ဆေးပညာ စာတမ်းလုပ်လို့ရအောင် ပြည့်စုံတယ်။ (ပို့တဲ့ပုံတွေ မတင်ပါ။) အကြမ်းပြောရရင် ထိပ်ကကြည့်ကြည့်၊ ဘေးက ကြည့်ကြည့်၊ ပုံပျက်၊ “ပန်းပျက်” ဆိုတာ အဲဒါမျိုးဘဲ။ ကာယကံရှင်ရော သူ့ဇနီးအတွက်ပါ အဆင်မပြေကြမှာ သေခြာပါတယ်။ (ဆောရီး)။ အဲလိုဖြစ်တဲ့သူတွေရှိတယ်။ နောင်တာရတာကို တပိုင်းထားပြီး (၁) ဘယ်လို အကောင်းဆုံး လုပ်နိုင်လဲ နဲ့ (၂) သူများတွေမှာ ကိုယ်လို လာမဖြစ်အောင် နုတ်၏စောင်မခြင်း လုပ်သင့်ပါတယ်။ ထိုးတဲ့ဆေး အမျိုးအစား မသိပါ၊ အခုလိုဖြစ်သူတွေကို သုတေသနလုပ်ထားတာမျိုးကလည်း မများလို့ ရာခိုင်နှုန်းတွေ ဖြစ်နိုင်ခြေတွေပြောရတာ မရေရာပါ။ ဒါပေမဲ့ ကင်ဆာ မဖြစ်လောက်ဘူးလို့ ယူဆပါတယ်။ ကလေးရလမ်းကို မထိခိုက်ဘို့ များပါတယ်။ သုက်ပိုးထုတ်တာ၊ ထွက်တာကို မသက်ရောက်လောက်ဘူး ယူဆလို့ပါ။ ပလစ်ပစတစ် ခွဲစိတ်နည်း လုပ်နိုင်ပါတယ်။ အထူးကုလိုင်းကတော့ ဆီးလမ်းကြောင်းဖြစ်ပါတယ်။ တခါတည်းမရပါ။ ခွဲစိတ်ပြုပြင်တာဘဲ လုပ်ရပါတယ်။ မြားနဲ့ညွန်တဲ့နေရာတွေကို ပြုပြင်လို့ ပိုကောင်းလာစရာရှိပါတယ်။ သူများနိုင်ငံတွေမှာ အကုန်အကျလဲများမယ်။ ဆရာဝန်နဲ့ ဆွေးနွေးဘို့လဲ ခက်နိုင်တယ်။ အရင်ကုသမှု ခံယူသလို မြန်မာပြည်မှာ ပိုသင့်တော်မလားလို့ ထင်ပါတယ်။ မှတ်တမ်းတွေ အဲလို သိမ်းဆည်းထားတာ ကောင်းတယ်။ နောက်ဆက်ကုသတဲ့အခါ အများကြီး အထောက်အကူ ရစေပါမယ်။ နှစ်ခါနဲ့ မရသေးလဲ စိတ်မပျက်ပါနဲ့။ ပုံပန်းရော သူ့အလုပ်လုပ်နိုင်ဘို့ပါ တိုးတက်လာဘို့ ရည်မှန်းချက် ထားရမယ်။ ဆရာဝန်ကိုယ်တိုင်လဲ စဉ်းစားကြံဆပြီး တဆင့်ချင်း ကောင်းလာအောင် လုပ်ပေးရလိမ့်မယ်။ စိတ်ရှည်ပါ။ ရှည်ချင်၊ ကြီးချင်သူများအတွက် (နောက်ဆက်တွဲ) Jan 8, 2011 at 7:08 PM ကျွန်နော့် အသက်က ၂၄ နစ် ရှိပါပြီ။ မိန်းကလေးနဲ့ ၂-၃ ကြိမ် ဆက်ဆံဖူးပါတယ်။ မိန်းကလေးကပြောတယ် ကျွန်နော့်ရဲ့ ကျားအင်္ဂါဟာ သူတွေ့ဖူးသမျှ လူတွေထဲမှာ အသေးဆုံးတဲ့ သေးတာက သာမန်လူတွေထက် ပိုသေးနေတာတဲ့။ မိန်းကလေး တစ်ယောက် နောက်တစ်ကြိမ် ဆက်ဆံဖို့ ဆွဲဆောင်နိုင်မှု အားနည်းမယ်တဲ့။ မိန်းမရရင်တောင် နင့်မိန်းမက အရင် တစ်ယောက်ယောက်နဲ့ ဆက်ဆံဖူးတာဖြစ်ဖြစ် အခွေကြည့်ဖူး တာဖြစ်ဖြစ် နင့်ဟာကိုသိသွားပြီး စွဲလမ်းမှု နည်းမယ်တဲ့။ ပြဿာနာ ရှိနိုင်တယ်တဲ့။ အဲ့ဒီတော့ လိင်တံကြီးမဲ့ ရှည်မဲ့ နည်းလမ်း (သို့မဟုတ်) ဆေးညွှန်းလေးတွေရှိရင် ပြောပြပေး စေချင်ပါတယ်။ အားငယ် စရာ ဖြစ်နေလို့ပါ။ ပုံမှန် လိင်အဂ်ါမထခင်မှာဆို ပိုသိသာတယ်။ သေးပြီး တိုနေတယ်။ စိတ်ကြွ နေရင်တော့ နည်းနည်းလေး ပိုကြီးလာတယ်။ ဒါကလည်း သာမန် ယောက်ျားလေးတွေ ဟာတွေထက်တော့ သေးနေလွန်း လို့ပါ။ လက်ရှိနေတာက ပြည်ပမှာဖြစ်ပါတယ်။ • Penis enlargement ကျားအင်္ဂါ ကြီးစေခြင်းတွေကို ဖတ်ပြီးပြီလား။ ဖတ်ပါ၊ လုပ်လို့ရတာ လုပ်ပါ။ အတုအပတွေ၊ မသေခြာတဲ့နည်းတွေ အားမကိုးပါနဲ့၊ လက်တည့်မစမ်းပါနဲ့။ • အဲဒါထဲမှာ မပါသေးတာ ရေးပါအုံးမယ်။ ပဌမအချက် စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ရတယ်။ • ဆက်ဆံရာမှာ အရွယ်အစား မကြီးသေးဘူးဆိုရင် တခြားနည်းနာနဲ့ ပိုအဆင်ပြေမှာ လုပ်ရမယ်။ • ငွေနဲ့ ဆက်ဆံရတဲ့ မိန်းမတွေဟာ တခြားမိန်းကလေးတွေနဲ့ မတူပါ။ အပျော်မိန်းမတွေကို ထားလိုက်ပါ။ တခြားမိန်းကလေးနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ • ကိုယ့်မှာ မရွယ်အစား သေးတယ်ဘဲ ထားပါ၊ တခြားအရာမှာ သူများထက် သာအောင်လုပ်ဘို့ ကြိုးစားနိုင်ပါတယ်။ သိတဲ့အတိုင်း မျက်စိမမြင်သူဟာ နားအကြား ပိုနိုင်တယ်။ • ဘာတွေ သာစေရမလဲ။ အများကြီးပါ။ အဖေါ်မိန်းကလေးကို သာယာ-ကျေနပ်စေမှာ ရွေးတတ်ရမယ်။ • သူဘာကြိုက်သလဲ သိအောင် ကြိုးစားပါ။ • ဇနီး-ချစ်သူ မပေါ်မှာ လိင်ဆက်ဆံတာ တခုထဲကိုသာ မစဉ်းစားပါနဲ့။ ကာမဆက်ဆံတယ်ဆိုတာ ချစ်ခြင်းရဲ့ အဆုံးစွန် တနေရာကို သယ်ပို့တာ ဖြစ်တယ်။ ပိုချစ်တတ်အောင်လုပ်ဘို့ လိုပါမယ်။ • လိင်ဆက်ဆံတာကို ပြောရအောင်။ မဆက်ဆံမီ၊ ဆက်ဆံဆဲ နဲ့ အပြီး သုံးပိုင်းရှိတယ်။ သုံးပိုင်းလုံးမှာ အကောင်းဆုံး ဖြစ်ပါစေ။ • Foreplay အကောင်းဆုံးလုပ်ပါ။ သူကြိုက်မှာ ရွေးတတ်ပါစေ။ မတူကြပါ။ အချိန်ပေးပါ။ • အင်္ဂါအရွယ်အစားဟာ ဒုတိယပိုင်းမှာသာ နေရာရှိပါတယ်။ • တကယ့်အဆင့် - - (အိုရယ်လ်) နည်းလဲသုံးပါ။ တချို့မိန်းကလေးကို ဒီနည်းတခုထဲနဲ့ (အော်ဂဇင်) ရအောင်လုပ်နိုင်တယ်။ တခါတလေ ဖြစ်ဖြစ် ရစေပေါ့။ (အိုရယ်လ်) ကလဲ အပြန်-အလှန်ပေါ့။ - (အေနယ်လ်) နည်းလဲ သဘောဘဲ။ သူက မကြီးရင်လဲ ဖြစ်တယ်။ - မိန်းကလေးတွေကို ထိမိစတဲ့နေရာဆိုတာ ရေးထားသလို နေရာတွေကို အသုံးပြုပါလေ။ - ကိုယ်ကပေးနိုင်တဲ့ အချိန် ပိုနိုင်အောင် ကြိုးစားပါ။ ကြာကြာ ဆက်ဆံနိုင်ပါစေ။ - (ပိုဇေရှင်) အပြောင်းအလဲ၊ အရှိန် အပြောင်းအလဲ၊ နေရာထိုင်ခင်း အပြောင်းအလဲ။ - သူလိုခြင်တဲ့ အရာရှာပါ။ ဖြည့်ဆီးပါ။ - သူ (အော်ဂဇင်) ရအောင် ကြိုးစားပါ။ စောစောပိုင် မရသေးလဲ လုံးဝ စိတ်ပျက်ပါနဲ့။ • လိုအပ်လာရင် Virgra ဆေး သုံးပါ။ • ကိုယ်က အဆင်သင့် မရှိရင် သူစိတ်မလာစေအောင် ကြံဆောင်ပါ။ • တခါပြီး နောက်တခါ ဆက်ဆံနိုင်ပါစေ။ • တချို့မိန်းမတွေ နာတာ မကြိုက်ပါ။ အရွယ်အစားကြောင့် နာစေတတ်တယ်။ • ဖူးဇာပါရင် ငယ်ရွယ်သူကို ယူပါ။ • တခါမှ မဆက်ဆံဘူးသူကို ရွေးနိုင်ရင် ရွေးပါ။ • စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ ရတယ်။ • ထပ်ရေးပါရစေ။ စိတ်အား တင်းပါလေ။ ကိုယ်လိုလူတွေ တလှေကြီးပါ။ Small is beauty! Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲ ထိုးနည်းမှာ ကောင်းတာရော ဆိုးတာပါ ရှိတယ်။ လုံးပါတ် သိသိသာသာ တိုးလာမယ် မရှည်စေပါ။ ၉ ဆအထိ ကြီးစေနိုင်တယ်။ ဆေးထိုးလိုက်လို့ အနားက တစ်ရှူး (သွေးကြော၊ အာရုံကြော) တွေထိခိုက်နိုင်ပြီး ထုံလာတတ်တယ်။ အမာရွတ်လိုဖြစ်တတ်တယ်။ အဆင်မသင့်ရင် လိင်ဆက်ဆံတာမှာ ပြောင်းပြန် အကျိုး ဖြစ်စေနိုင်တယ်။ FDA ကအသိအမှတ် မပြုသေးဘူး။ လူ ၅၈ ယောက်ကို စစ်တမ်းထုတ်တော့ ဒီလိုတွေ့လာရတယ်။ • အရှည် Length = YES 276; NO 690 • အတုတ် Thickness = YES 483; NO 414 • အချိုးအစား Proportion = YES 328; NO 483 • ပုံသဏ္ဌာန် Asthetics = YES 172; NO 776 • အလုပ် Function = YES 621; NO 224 Internet ကနေ Pills (Penis enlargement pills, penis patches or ointments) ကြော်ညာတာတွေ မကောင်းပါ။ Flora Research of California and by the University of Maryland က အဲဒီဆေးတွေထဲမှာ မှို၊ ဗက်တီးရီးယားတွေ ပါတယ်လို့ ပြောတယ်။ Stretching ၂ဝဝ၂ မှာ International Journal of Impotence Research ပြောတာက ကောင်းတယ်တဲ့။ ၂ဝဝ၉ မှာ University of Turin ကလဲ ကောင်းတယ် ပြောတယ်။ ပလပ်စတစ်ကွင်း နဲ့ Dynamic metallic rods ၂ ခု ပါတယ်။ ဆွဲဆန့် ပေးနေမယ်။ တနေ့မှာ ၄ နာရီ၊ ၆ လ လုပ်ရင် အရှည် ၂-၃ စင်တီမီတာ တိုးလာတယ်။ မေးခွန်းကို ဖြေဘို့ ချုပ်လို့ ရပါပြီ။ လူတယောက်နဲ့ တယောက် အခြေခံ မတူကြပါ။ သူတို့အဖေါ်တွေလဲ ကွဲလွဲကြမယ်။ (ဗိုင်ယာဂရာ) ဆေးက တချို့အတွဲတွေအတွက် အလွန်မတန်ကောင်းပြီး တချို့မှာ အသင့်အတင့် ကောင်းပါမယ်။ Penile Injection Therapy ကျားလိင်အင်္ဂါ ဆေးထိုးခြင်းဆိုတာက ပန်းသေ-ပန်းညှိုး ဖြစ်နေသူအတွက်သာ သုံးပါတယ်။ ဒေါက်တာတင့်ဆွေ

Comments
Post a Comment