အမျိုးသမီးများဆန္ဒ အမှတ်တရ အကောင်းဆုံးအချိန် သင်သိပြီလား
လိင်မှုဆိုင်ရာအသိရှိခြင်းနှင့်
လိင်ဆက်ဆံခြင်း သည် အရွယ်ရောက်အမျိုးသားအမျိုးသမီးများအား လုံးအတွက်
ကျန်းမာရေးနည်းလမ်းကောင်းတစ်ရပ် ဖြစ်သည်ကို လိင်မှုဆိုင်ရာသုတေသီ ပါမောက္ခ Juliet
Richers (Sex Researcher) က အမြဲ အကြံပြုနေသည်။ လိင်ဆက်ဆံခြင်းကို
မကောင်းမှု အဖြစ် အမြင်ရှိနေသူများနှင့် မသိယောင်ဆောင်၍
ဟန်ဆောင်နေသူများအတွက် တစ်ချိန်ချိန်၌ လိင်မှု ကိစ္စ အဆင်မပြေခြင်းအပေါ်
မည်သို့ ကုသ(သို့) ပြုမူဆောင်ရွက်သင့်သည်ကို
မသိသောကြောင့် ရောဂါရလာတတ်သည်။ အိမ်ထောင်ရေးအဆင်မ ပြေသူများ ဖြစ်လာ တတ်ခြင်း၊HIV ကူးစက်ခံရခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာကူးစက်ရောဂါများ ရရှိလာ စေခြင်းအထိ ဆိုးကျိုးနောက်ဆက်တွဲများရှိလာ သည်။
မသိသောကြောင့် ရောဂါရလာတတ်သည်။ အိမ်ထောင်ရေးအဆင်မ ပြေသူများ ဖြစ်လာ တတ်ခြင်း၊HIV ကူးစက်ခံရခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာကူးစက်ရောဂါများ ရရှိလာ စေခြင်းအထိ ဆိုးကျိုးနောက်ဆက်တွဲများရှိလာ သည်။
ထို့ကြောင့် Sex Researcher များ၏ အကြံပြုချက်များ၊
လေ့လာတွေ့ရှိချက်နောက်ဆုံး ပေါ် သတင်းအချက်အလက်များသည် အိမ်ထောင် သည်နှင့်
အရွယ်ရောက်ချစ်သူများအတွက် လိင် ကျန်း
မာရေးပညာပေးခြင်းများဖြစ်သည်။နောက်ဆုံးလိင်ဆက်ဆံမှုပြုခဲ့ချိန်သည်အမှတ်တရအကောင်းဆုံးဖြစ်သည်
နှ နှစ်ပေါင်း ၂ဝ ခန့်အထိ လိင်မှုကိစ္စဆိုင်ရာနှင့် သုတေသနပြုလုပ်ခဲ့သော
အမေရိကန်နိုင်ငံ အင်ဒီး ယားနားတက္ကသိုလ်အဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်မှာ
အထူးပင်စိတ်ဝင်စားစရာကောင်းလှသည်။ လိင် ဆက်ဆံရာ၌
နောက်ဆုံးဆက်ဆံခဲ့ဖူးသည့်အချိန် သည် အကောင်းဆုံး အမှတ်ရနေသည်ဟု အမျိုး သား
၈ဝ ရာခိုင်နှုန်းက သဘောတူခဲ့ကြပြီး အမျိုး သမီးများတွင် ၆၄ ရာခိုင်နှုန်းက
လက်ခံအ တည်ပြု ခဲ့ကြသော အဆိုဖြစ်သည်။ ¤င်းကဲ့သို့ အမှတ်ရစရာ များကို
အမျိုးသမီးများ ဆန္ဒထုတ်ဖော်မှုများကို အမျိုးသားများသိရှိထားရန်
အောက်ပါအချက်များ အား သတိပြုရမည်ဖြစ်သည်။
(၁) မှန်ကန်သော အနေအထားဖြင့်သာ ဆက်ဆံ ခြင်း
အချို့သော လိင်ဆက်ဆံခြင်းတွင် ညစ်ညမ်း ယုတ်ညံ့လှသောဆက်ဆံမှုပုံစံများကို
အသုံးပြု တတ်ကြသည်။ သို့ရာတွင် အများအားဖြင့် အမျိုး သမီးများ၏
တုံ့ပြန်ချက်အရ နောက်ဆုံးအကြိမ် လိင်ကိစ္စပြုခြင်းကို
အစပျိုးခဲ့သည့်အကြောင်းများကို အမှတ်မိဆုံးဖြစ်ပြီး၎င်းအချိန်တွင်
သူမဝတ်စားခဲ့ သည့် အဝတ်အစား၊ အသုံးပြုခဲ့သည့် ရေမွှေးအပြင်
မိမိအဖော်အမျိုးသားက သူမကို ချစ်ခင်နှစ်သက် ဖွယ်ဖြစ်အောင်
မည်သို့ပြုလုပ်ပေးခဲ့သည်ဆိုသည့် အကြောင်းပင်ဖြစ်သည်ဟု ဖော်ပြထားသည်။
(၂) ရေချိုးခန်းထဲမှ ထွက်လာသောအချိန်အကောင်း ဆုံး
အမျိုးသမီးများ ရေချိုးခန်းအတွင်း ရေချိုးနေ စဉ်အတွင်းတွင် ၄င်းတို့၏
စိတ်ထဲတွင် ဝန်ထုတ်ဝန် ပိုးပိသလို ခံစားနေရတတ်သည်ဟု သိရှိရသည်။
ရေချိုးပြီးစီးသွားသည့်အချိန်မှာ ကိုယ်လက်ပေါ့ပါး သွားတတ်ကြသည်။ ထိုအချိန်၌
မိမိချစ်ခင်နှစ်သက် သူအဖော်မွန်က နံရံကိုမှီ၍ မွှေးမွှေးပေးခြင်းသည်
လိင်ဆက်ဆံမှုအတွက် အလိုချင်ဆုံးအချိန်ဟု သု တေသီများက ဖော်ထုတ်ထားကြသည်။
(၃) လက်ဖြင့်နိုးဆွစေခြင်း
အမျိုးသမီး ၇၅ ရာခိုင်နှုန်းက လိင်စိတ်နိုးဆွ စေခြင်းမှာ ၄င်းတို့၏
ကိုယ်အင်္ဂါကို ပွတ်သပ်နိုးဆွ စေခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု တုံ့ပြန်ထား
ကြသည်။ ထို့ကြောင့် အမျိုးသားတစ်ဦး၏ လက် ချောင်းလေးများသည် အလွန်ပင်
အသုံးဝင်ကြောင်း သတိပေးထားသည်။
(၄) ငြိမ့်ညောင်းသောတေးဂီတသံ
လိင်ဆက်ဆံမှုအတွက် အမျိုးသမီးများ ပိုစွဲ လမ်းစေရသည့်အကြောင်းတစ်ချက်အဖြစ်
¤င်းတို့ ၏ နှစ်သက်သော ငြိမ့်ညောင်းတေးသံများက အ
ထူးပင်အစွမ်းရှိလှကြောင်းကို ပုရိသများ သတိထား အပ်သည်။
(၅) သူမအတွက် သတိရဖွယ်ရာတစ်ခုကို ထားခဲ့ ပါ
လိင်ဆက်ဆံမှုကြောင့် ပျော်ရွှင်နှစ်သက်စွဲလမ်း
ဖွယ်ရာတစ်ခုဖြစ်စေနိုင်ရန်အတွက် လိင်ဆက်ဆံ ရာတွင်
ကောင်းမွန်သောရေမွှေးဆွတ်ဖြန်းစေခြင်း၊ အထူးသဖြင့်
အိပ်ာခင်းခေါင်းအုံးတို့ဖြစ်သည်။
(၆) နောက်ထပ်တစ်ကြိမ်တောင်းဆိုပါ
လိင်ဆက်ဆံမှုပြီး သင့်ဇနီး(သို့) အဖော်သည် ပျော်ရွှင်မှုကို ရရှိစေလျှင်
သူမအား နောက်ထပ်မံ၍ တစ်ကြိမ် တောင်းဆိုမှုကိုပြုလုပ်လျှင် အမျိုးသမီး
များအတွက် အကောင်းဆုံးနှစ်သက်အားရပြီး ဂုဏ်
ယူတတ်ကြောင်းသတိပြုရန်လိုသည်။မိမိ၏ အဖော်(သို့) ဇနီး၏ စိတ်ဆန္ဒကို သိ
ထားခြင်းဖြင့် လိင်မှုကိစ္စကို အပြည့်အဝခံစားရရှိ နိုင်ပြီး
ကျန်းမာသန်စွမ်းသောယောက်ျားကောင်း များ ဖြစ်လာမည် သာ။
လင်းမာန်အောင်
Comments
Post a Comment