အပျိုမလေးတွေ မငိုရလေအောင်



ဆရာ အတ္တကျော်ရဲ့ စာစုလေးတွေ ကို မိန်းကလေးများ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။


ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။


လူမှုရေးကိစ္စတွေစေတနာ့ဝန်ထမ်းနား ထောင်ပေး၊ကူတွေးပေးတဲ့ အလုပ်ကလေးလုပ်နေတာ
တစ်နှစ် ကျော်၊ နှစ်နှစ် နီးခဲ့ပြီ ဆိုတော့လည်း ကျွန်တော့်ဆီကိုရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့်
အများစုကတော့အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။

အမျိုးသားတွေထဲကလည်း အခုနောက်ပိုင်းမှာတော့ အမျိုးသမီး အရေအတွက်လောက် မများဦးတောင် တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။

လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။

သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ ယောက်ျားတွေရဲ့အချစ်ကိုအကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့ အတွက် လည်း ကျေနပ်ကြည်နူးမိသွားရတယ်။


 
(တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို ချီးမွမ်းခြေကျောက် လုပ်ကြတယ်။
ဘာလို့ ဖွင့်ချရတာတုန်းတဲ့ ဗျား။)

သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကိုဆိတ်ကွယ်ရာသွားဖို့ မရမကခေါ်နေသတဲ့။ ကလေးမလေးက လည်း ငြင်းတယ်။ ကလေးမလေးရဲ့စကားက ရှင်းပါတယ်။

“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း ဘာဆိုဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်”




သိပ်ကောင်းတဲ့ စကားလေး။

Credit to ဇော်သိင်္ခ ..

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်